Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၂

ဓမ္မပဒအတွေးအမြင် - ၂၂

#လူယုတ်မာတွေဟာ
ယုတ်မာတဲ့ အကုသိုလ် မကောင်းမှုကံတွေကြောင့်
ငရဲကို ကျရောက်ရပါတယ်။

#တိုင်းပြည်အစွန်အဖျားမြို့ကို
အတွင်းအပြင် လုံခြုံစေသလို -
မိမိကိုယ်ကို စောင့်ရှောက်ပါ။
(ဘုရားပွင့်ခြင်း စတဲ့)
အခွင့်အခါကောင်းကို မလွန်ပါစေနဲ့။
ဟုတ်ပါတယ်။
အခွင့်အခါကောင်းကို ကျော်လွန်သွားသူတွေဟာ
ငရဲ ဆင်းရဲ ခံရပြီး စိုးရိမ်ကြရပါတယ်။

ခွင့်သာခိုက်မှ မလိုက်ချင်ရင် လူမိုက်၊
ခွင့်သာတုန်းမှ မရုန်းချင်ရင် လူဖြစ်ရှုံးပြီ ။

အယူမှန်မှ အရှက်မှန်ပါတယ်။
အမြင်မှန်မှ အကြောက်မှန်ပါတယ်။

အယူမှားက အပြစ်များကြ၊ ဆင်းရဲရပါတယ်။
အယူမှန်မှ အပြစ်ကင်းပ ချမ်းသာရပါတယ်။

#အပြစ်ကို အပြစ်၊
အပြစ်မဟုတ်တာကို အပြစ်မဟုတ်လို့
သိမြင်တဲ့အတွက်
မှန်ကန်ကောင်းမွန်တဲ့ အယူအမြင်ရှိသူတွေဟာ
သုဂတိချမ်းသာဘဝကို ရောက်ကြရပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ နိရယဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment