Saturday, April 19, 2014

ဂုဏ်တော် မေတ္တာ စိတ်ချမ်းသာ



ဗုဒ္ဓါနုဿတိ+မေတ္တာ



အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသသိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
(သောက၊ မာန၊ နောင်တ၊---)




စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်အပူအလောင်ကင်းစင်၊ သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။

စိတ်အညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်အညစ်အကြေးကင်းစင်၊ သူတပါးကိုလည်း စိတ်အညစ်အကြေးကင်းစင်အောင်
ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။

စိတ်အရှုပ်အထွေးအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်အရှုပ်အထွေးကင်းစင်တော်မူ၊ သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။

စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။


စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း ၊ သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင်
ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။

စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
          မြတ်စွာဘုရားရှင်၏ အတုမရှိသော မေတ္တာ၊ ကရုဏာဓါတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။ (တပည့်တော်အား သည်းခံခြင်းစွမ်းအားများ ပေးသနားတော်မူပါ)




မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။
မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။
မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး။
(စံကင်းဆရာတော်ကြီး)

မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှကူညီဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။
(သာမညတောင်ဆရာတော်ကြီး)

စာဖတ်ပရိသတ်များအား ကိုယ်တွေ့နှင့်ယှဉ်၍ အကြံဉာဏ်တစ်ခု ပေးလိုပါသေးသည်။ မေတ္တာနှင့်လိုက်ဖက်မည့် ဘုရားဂုဏ်တော်ကို ရှေးဦးစွာ ပွားများစေလိုပါသည်။ ဘုရားဂုဏ်တော်ကို ပွားများပြီးမှဆက်၍ မေတ္တာဘာဝနာပွားစေလိုပါသည်။

ဤသို့ ဘုရားဂုဏ်တော်ပွားများပြီးမှ မေတ္တာဘာဝနာပွားများလျှင် အကြည်ဓာတ်များ လျှင်မြန်စွာရ၍ အချိန်ကာလမကြာမြင့်မီမှာပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို မုချရပါလိမ့်မည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မယုံကြည်ဖွယ် လျင်မြန်စွာ ပြောင်းလဲလာပြီး တွေ့ကြုံဆက်ဆံ ပေါင်းသင်းရသောသူများက ချစ်ခင်လာမည်။ အကူအညီပေးလာမည်။ ဆန့်ကျင်ဘက် အတိုက်အခံမလုပ်ဘဲ ငြိမ်းချမ်းရေးရလာမည်။ အတိုက်အခံလုပ်ခြင်းထက် တူညီလက်တွဲ ဆောင်ရွက်ချင်လာမည်။

တစ်ခုသတိပြုသင့်သည်က မိမိပို့လွှတ်သော မေတ္တာသည် စစ်မှန်သော မေတ္တာပို့နည်း၊ သူတစ်ပါးအကျိုးစီးပွားကို အမှန်တကယ်လိုလားသော စိတ်စေတနာမှန်များ ရှိဖို့တော့လိုပါသည်။ မေတ္တာပို့ပုံနည်းလမ်းမကျ၊ မေတ္တာစစ်၊ မေတ္တာမှန်မဟုတ်ပါက အကျိုးပေးမှု ထိရောက်မည်မဟုတ်ပေ။

(ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရာဘိဝံသ)
( ဝေမိုး(ကျွန်းလှ)၏ မေတ္တာစကား စာအုပ်မှ )

ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာသည်၊ မေတ္တာအကျိုး ဆယ့်တစ်မျိုး။ ။
အင်္ဂုတ္တရ၊ ဧကာဒသကနိပါတ်၊ မေတ္တသုတ် (ရွှေဟင်္သာစံကျောင်း ဆရာတော်ကြီး)

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊
မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊
မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
နိဒါန၀ဂ္ဂသံယုတ်၊ သြက္ခာသုတ် (မဟာစည်ဆရာတော်ကြီး)

မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။
မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။
မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ ရွှင်လန်းစိတ်နှလုံး။
(စံကင်းဆရာတော်ကြီး)

မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး
တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှကူညီဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင်
ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။
အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။
(သာမညတောင်ဆရာတော်ကြီး)



*သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။
မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။
မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။
မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။
မေတ္တာကြီးကျယ် အံ့သြဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။ 
ယောဆရာတော်ကြီးအား ဦးတင်လျှက် အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)




  • ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက
  • နောက်ဆုံးအထိပါရမီ
  • လူနတ်များစွာ ချမ်းသာရေးမို့
  • အသက်ပေးလို့ ဖြည့်ခဲ့သည် -
  • ဗုဒ္ဓမြတ်စွာသာသနာတွက်မို့
  • ငါပါ အသက်ဆုံးစေမည် -
  • နောက်မဆုတ်ပေါင် ခုလိုတွေးလို့
  • ကုသိုလ်ရေးမို့ ကြိုးစားမည် -
  •             (မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

  • စိတ်အစဉ်တွင် လောဘ၀င်က၊
  • ၀င်လာလောဘ ထွက်ပြေးရအောင်-
  • လောဘကင်းစင် ဘုရားရှင်ကို
  • ကြည်လင်မြတ်နိုး ရှိခိုးပါ၏။

  • စိတ်အစဉ်တွင် ဒေါသ၀င်က၊
  • ၀င်လာဒေါသ ထွက်ပြေးရအောင်-
  • ဒေါသကင်းစင် ဘုရားရှင်ကို
  • ကြည်လင်မြတ်နိုး ရှိခိုးပါ၏။
  • စိတ်အစဉ်တွင် မောဟ၀င်က၊
  • ၀င်လာမောဟ ထွက်ပြေးရအောင်-
  • မောဟကင်းစင် ဘုရားရှင်ကို
  • ကြည်လင်မြတ်နိုး ရှိခိုးပါ၏။



  • ယောနိသော မနသိကာရဆိုတဲ့
  • စိတ်ထားကောင်းလေးနဲ့သာ
  • စိတ်ကောင်းထားနိုင်မယ်ဆိုရင်
  • ဘယ်အာရုံနဲ့ဆုံဆုံ
  • ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ
  • စိတ်လည်း ချမ်းသာပါတယ်။
  • ကုသိုလ်တရားလည်း တိုးပွားပါတယ်။
  • အလုပ်တိုင်းမှာ အနှစ်ပါဖို့
  • မေတ္တာဟာလည်း မရှိမဖြစ်ပါ။
  • ဘာအလုပ်ပဲလုပ်လုပ်
  • မေတ္တာထုံမွှမ်းပြီးလုပ်ရင်
  • လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။
  •             (ရွှေပါရမီဘုန်းဘုန်းအရှင်ဆန္ဒာဓိက ၏ နံ့သာဖြင့်ထုံမွှန်းအပ်သော မှ)

  • တစ်ကမ္ဘာလုံးမှာ(တစ်လောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • ၀ဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
  • အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။

  • (ဦး)မြသန်းစံ ၏ ဥပေက္ခာအ၀န်းအ၀ိုင်းစာအုပ်မှ


1 comment:

  1. အခုလိုဗဟုသုတရအောင်တင်ပေးတာကိုကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete