Thursday, October 6, 2016

ဓမ္မပဒအတွေးအမြင် ၈

ဓမ္မပဒအတွေးအမြင် ၈

အကျိုးမရှိတဲ့ စာပုဒ်တစ်ထောင်ဖတ်ရတာထက်
ကောင်းမွန်မှန်ကန်အကျိုးရှိတဲ့ စာတစ်ပုဒ်ဖတ်ရတာက
ထူခြားမြင့်မြတ်ပါတယ်။

မြတ်ဗုဒ္ဓရဲ့ စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း ငြိမ်းအေးချမ်းသာမှုကို
ဖြစ်ပေါ်စေနိုင်ပါတယ်။

အကျိုးမဲ့အတွေးတစ်ထောင်ထက်
အကျိုးရှိအတွေးတစ်ခုက
ပိုမြတ်ပါတယ်။

လူတစ်သန်းကို အောင်နိုင်တာထက်
ကိလေသာမာရ် ကိုယ်တွင်းရန်ကို
အောင်နိုင်တာက ပိုမြတ်ပါတယ်။

ကိုယ့်ကိုယ်ကို အောင်နိုင်သူသာ
အောင်နိုင်သူအစစ်ပါ။
ကိုယ်တွင်းပူဆာ ကိလေသာကို အောင်နိုင်ပြီးသူ ပြန်ရှုံးသွားအောင်
ဘယ်တန်ခိုးရှင်ကမှ မတတ်နိုင်လို့ပါပဲ။

ဘယ်လောက် အသက်ရှည်သလဲ ဆိုတာထက်
ဘယ်လို အသက်ရှင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

သီလ သမာဓိ ပညာ သတိ ဝီရိယ မရှိသူရဲ့
အနှစ်တစ်ရာ အသက်ရှင်ရတာက မမြတ်ပါဘူး။
သီလ သမာဓိ ပညာ သတိ ဝီရိယ ရှိသူရဲ့
တစ်ရက်တစ်မနက် အသက်ရှင်ရတာက သိပ်ထူးမြတ်ပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊သဟဿဝဂ္ဂ)

#အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်။

No comments:

Post a Comment