Wednesday, March 8, 2017

ဓမ္မပဒအဖော်မွန် ၁၆

ဓမ္မပဒအဖော်မွန် - ၁၆
၁၆။ ပီယဝဂ္ဂ၊ အချစ်

လုပ်သင့်တာမလုပ်ရင် လိုအင်ဆန္ဒ မပြည့်ဝနိုင်ပါ။ ( ဓ- ၂၀၉)
မိမိကိုယ်ကို အားမထုတ်သင့်တာမှာ အားထုတ်သူ၊
အားထုတ်သင့်တာမှာ အားမထုတ်သူ၊
ကိုယ်အကျိုးစီးပွားကို ရှောင်ဖယ်စွန့်ခွာပြီး
ကာမဂုဏ်အာရုံမှာ ချစ်ခင်စွဲလမ်းနေသူဟာ
ကိုယ်တိုင်အားထုတ်သူတွေရဲ့ အကျိုးစီးပွားကို
(အချောင်အလကား) လိုလားတောင့်တပါတယ်။

၁၆. ပိယဝဂ္ဂေါ
၂၀၉.  တယောဇနပဗ္ဗဇိတဝတ္ထု (၂၀၉၊ ၂၁ဝ၊ ၂၁၁)
အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

16. Piyavagga: Affection
209. Giving himself to things to be shunned andnot exerting where exertion is needed,
a seeker after pleasures, having given up his true welfare,
envies those intent upon theirs.

တစ်ယောက်ထဲနေ၊ တစ်စိတ်ထဲထား၊ တစ်ဖြောင့်တည်းသွား ( ဓ - ၂၁၀၊ ၂၁၁ )
ချစ်ခင်သူတွေနဲ့လည်း (ကပ်ငြိတွယ်တာ) မပေါင်းဖော်ပါနဲ့။
မချစ်ခင်သူတွေနဲ့လည်း ဘယ်တော့မှ မပေါင်းဖော်ပါနဲ့။
ချစ်ခင်သူတွေကို မမြင်တွေ့ရတာကလည်း ဆင်းရဲပါပဲ။
မချစ်ခင်သူတွေကို မြင်တွေ့ရတာကလည်း ဆင်းရဲပါပဲ။
ဒါ့ကြောင့် (လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာကိုပဲဖြစ်ဖြစ်)
ချစ်ခင်စွဲလမ်းတာ မလုပ်ပါနဲ့။
ချစ်ခင်ရသူနဲ့ ကွဲကွာရတာ မကောင်းပါဘူး။
ချစ်ခြင်း မုန်းခြင်း မရှိသူမှာ ရစ်ပတ်နှောင်ဖွဲ့တာတွေ မရှိပါဘူး။

၂၁၀. မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
၂၁၁. တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

210. Seek no intimacy with the beloved and also not with the unloved, for not to see the beloved
and to see the unloved, both are painful.
211. Therefore hold nothing dear, for separation from the dear is painful.
There are no bonds for those who have nothing beloved or unloved.

အချစ်သင့် အပြစ်ဖြစ် ( ဓ - ၂၁၂ )
ချစ်ခင်စွဲလမ်းတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ချစ်ခင်စွဲလမ်းတာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ချစ်ခင်စွဲလမ်းတာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၂. အညတရကုဋမ္ဗိကဝတ္ထု (၂၁၂)
ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

212. From endearment springs grief, from endearment springs fear.
For one who is wholly free from endearment, there is no grief, whence then fear?

အချစ်ဘေးဒုက္ခသည် ( ဓ - ၂၁၃ )
ချစ်မြတ်နိုးတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ချစ်မြတ်နိုးတာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ချစ်မြတ်နိုးတာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၃. ဝိသာခါဝတ္ထု (၂၁၃)
ပေမတော  ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

213. From affection springs grief, from affection springs fear.
For one who is wholly free from affection, there is no grief, whence then fear?

အပျော် - အပျက် ( ဓ - ၂၁၄ )
အပျော်အပါး တပ်မက်နှစ်သက်ခြင်းကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
အပျော်အပါး တပ်မက်နှစ်သက်ခြင်းကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
အပျော်အပါးက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၄. လိစ္ဆဝီဝတ္ထု (၂၁၄)
ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

214. From attachment springs grief, from attachment springs fear.
For one who is wholly free from attachment, there is no grief, whence then fear?

မတောင့်တ - မကြောင့်ကြ ( ဓ - ၂၁၅ )
ကာမဂုဏ်ကို လိုချင်တောင့်တတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ကာမဂုဏ်ကို လိုချင်တောင့်တတာကြောင့်
ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ကာမဂုဏ်လိုချင်တောင့်တတာက လွတ်မြောက်သူအတွက်
စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၅. အနိတ္ထိဂန္ဓကုမာရဝတ္ထု (၂၁၅)
ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

215. From lust springs grief, from lust springs fear. For one who is wholly free from lust,
there is no grief; whence then fear?

တဏှာမရှိ၊ သောကမရှိ ( ဓ - ၂၁၆ )
တဏှာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
တဏှာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
တဏှာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၆. အညတရဗြာဟ္မဏဝတ္ထု (၂၁၆)
တဏှာယ ဇာယတီ  သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

216. From craving springs grief, from craving springs fear.
For one who is wholly free from craving, there is no grief; whence then fear?
မြတ်နိုးထိုက်သူ ( ဓ - ၂၁၇ )
သီလ ပညာ ပြည့်စုံသူ၊ တရားမှာတည်သူ၊
အမှန်တရား သိမြင်သူ၊ ကိုယ်လုပ်သင့်တဲ့အလုပ် ကိုယ်လုပ်သူကို
လူအပေါင်းက ချစ်ခင်မြတ်နိုးကြပါတယ်။

၂၁၇. ပဉ္စသတဒါရကဝတ္ထု (၂၁၇)
သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

217. People hold dear him who embodies virtue and insight, who is principled,
has realized the truth, and who himself does what he ought to be doing.

နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ဓာတ် ( ဓ - ၂၁၈ )
နိဗ္ဗာန်ကို လိုလား(အားထုတ်ကြိုးစား)လို့ စိတ်နဲ့ထိတွေ့ပြီး၊
ကာမဂုဏ်တွေမှာ မတွယ်တာ၊ မနှောင်ဖွဲ့၊ မကပ်ငြိ၊ မတပ်မက်တဲ့စိတ်ရှိသူကို
ရေညာဆန်တက်သူလို့ ဆိုနိုင်ပါတယ်။

၂၁၈. ဧကအနာဂါမိတ္ထေရဝတ္ထု (၂၁၈)
ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စ ဖုဋော သိယာ။
ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော ၊ ဥဒ္ဓံသောတော တိ ဝုစ္စတိ။

218. One who is intent upon the Ineffable (Nibbāna), dwells with mind inspired
(by supramundane wisdom), and is no more bound by sense pleasures—
such a man is called “One Bound Upstream.”

ကောင်းကျိုးချမ်းသာတွေရဲ့ ချစ်မြတ်နိုးတာကို ခံထိုက်သူ ( ဓ - ၂၁၉၊ ၂၂၀ )
အချိန်အကြာကြီး ကွဲကွာနေရတဲ့၊
ဟိုအဝေးက ချမ်းချမ်းသာသာ ပြန်ရောက်လာသူကို
ဆွေမျိုးမိတ်ဆွေတွေ၊ ချစ်ခင်ကျွမ်းဝင်သူတွေက
(သူ)ပြန်လာပြီလို့ အလွန်အင်မတန် နှစ်သက်ဝမ်းမြောက်ကြပါတယ်။အဲဒီလိုပါပဲ-
ကောင်းမှုကုသိုလ် ပြုလုပ်ထားသူကိုလည်း
ဒီပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝကို ရောက်သွားရင်
ကောင်းမှုတွေက ကြိုဆိုကြပါတယ်။
ချစ်ခင်တဲ့ဆွေမျိုးရောက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလိုပါပဲ။

၂၁၉. နန္ဒိယဝတ္ထု (၂၁၉၊ ၂၂ဝ)
စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။
၂၂၀. တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂဏှန္တိ၊ ပိယံ ဉာတီဝ အာဂတံ။

219. When, after a long absence, a man safely returns from afar, his relatives, friends and well-wishers welcome him home on arrival.
220. As kinsmen welcome a dear one on arrival, even so his own good deeds will welcome the
doer of good who has gone from this world to the next.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.