Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

Thursday, September 22, 2016

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ကဗျာ့နန်းတော်

ကဗျာ့နန်းတော်

မဟာဗောဓိမြိုင်ဆရာတော်ကြီး
ကဗျာတော်နော်များများက ဝိပဿနာနဲ့ဆိုင်ပေမယ့်

တချို့က အမျိုးဘာသာသာသနာအတွက်
ဖွဲ့ထားတယ်။

ထူးခြားတာက အာ့အချိန်ဟာ
တောထဲမှာ
ဆရာတော်ကြီး တရားအားထုတ်ရင်းနဲ့ရေးခဲ့တဲ့ကဗျာတွေပါ။

https://drive.google.com/file/d/0B3L-N8QLwIbHMGUwODQ2MWYtYzVhMy00ZWUwLTkxYWItOTViZTdmYWE3ODUx/view?hl=en&pli=1

Sunday, September 11, 2016

တ တစ်

တ တစ်

မြန်မာစာမှာ အရေအတွက်ပြ "တစ်"နဲ့ ပုဒ်ပြောင်းပစ္စည်း "တ"ပြဿနာက နည်းနည်းထွေးတယ်နော်။
တစ် နဲ့ တ အသုံးကွဲဖို့ လေ့လာတုန်းက

"တ" အဘိဓာန်
့
တကူးတက အချိန်ယူပြီးတော့များ
တမင်သက်သက် ပြောရတယ်လို့
တမင်တကာကြီးများ
တလွဲတွေ လုပ်နေရော့သလား
တမြန်မနေ့ ကလဲမဟုတ်
တမြန်မနှစ်ကလည်း မဟုတ်
တမေ့တမြောကြီးကို
တနင့်တပိုးစား
တစွတ်စွတ်စားရင်းကြားက
တများများကျနေဆဲ သွားရည်တွေသာ
တမြမြသောက်ရင်း ဇိမ်ယစ်လိုက်တော့။
တရွတ်တိုက်ဆွဲလာတဲ့ သိက္ခာများ
တလိမ့်ခေါက်ကွေးကျတော့ရော ဆန်းလား။
တယောင်တဆောင်ထားရမည့် ကိုယ်ကျင့်တရား
တရှောင်ရှောင်ဖြစ်နေတာလည်း နာတာရှည်
တလှောင်းလှောင်း ယင်တွေအုံလို့
တထောင်းထောင်းထနေတဲ့ အပုပ်နံ့
တဖျစ်တောက်တောက် ပြောမနေတော့ပါဘူး။
တဖျင့်တစ်ပါး ဖြေရှင်းချက်တွေနဲ့
တသီတတန်း ပြဿနာတွေက
တငွေ့ငွေ့လောင်နေတာ မဟုတ်ဘူး
တဟုန်းဟုန်းတောက်နေတာ။
တစိမ့်စိမ့် တွေးကြည့်မှ အမူအကျင့်တွေက
တထေရာတည်းတူတယ်။
တကယ့်။

"တစ် အဘိဓာန်"
့
တစ်ပင်တိုင်မင်းသားကြီးတွေ
တစ်ကိုယ်ကောင်းစိတ်နဲ့
တစ်ကိုယ်တော် တစ်ဇွတ်ထိုးကနေတဲ့
တစ်ခန်းမှမရပ်တဲ့ ပြဇာတ်အမည်
တစ်နပ်စားဉာဏ် တဲ့။
တစ်သက်လုံးပဲပေါ့
တစ်ယူသန်သမားတွေ
တစ်ယောက်တစ်ပေါက်ပြော
တစ်သိုက်တစ်ဝန်းစုစည်း
တစ်ဖက်စီးနင်းလုပ်ပြီး
တစ်ပတ်လိမ့် တစ်ပတ်ရိုက်
တစ်ပုံတစ်ခေါင်းပြဿနာတွေကို
တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖန်တီး
တစ်စတစ်စ တစ်ရှိန်ထိုး
တစ်မဟုတ်ချင်းတိုးလာတဲ့ စိတ်ပျက်စရာတွေ
တစ်စွန်းတစ်စ ကြားနေရတာပဲ။
တစ်ဖက်လှည့်နဲ့ တစ်ရေခံစီမံကိန်းတွေ
တစ်ချက်လွှတ် ဆုံးဖြတ်နေကြတုန်း။
တစ်မျှော်တစ်ခေါ်အဝေးကြီးက ပန်းတိုင်အကြောင်းမပြောဘဲ
တစ်ခါတစ်လေများ
တစ်အောင့်တစ်နား နားတော်မူကြပါဦး။

တနှင့်တစ် အသုံးမမှားဖို့ပါ။

ကိုရင်သန့်

တစ်​ ကို အ​ရေအတွက်​မှာသုံးတယ်
တ ကို ဆက်​တိုက်​သ​ဘောမှာ သုံးတယ်

တသွားတည်းသွားကြတာ
စကားတ​ပြော​ပြော
ရေတသွင်​သွင်

တစ်​ခါတ​လေ လား တစ်​ခါတစ်​​လေ လား

တစ်​ခါတ​​လေ ဆိုတာ တစ်​ခါတခါ
မကြာခဏ ပါ
ရှေ့  တစ်​ခါ ဆိုတာ လုပ်​တဲ့အကြိမ်​ကိုအထူးပြုထင်​တယ်

နောက်​ က တ​လေ က ​နောက်​ထပ်​​နောက်​ထပ်​ပြုလုပ်​ပုံကိုပြတာ

မြန်​မာသတ်​ပုံကျမ်းမှာ​တောင်​လွဲ​နေတာ​တွေရှိတယ်
ဥပမာ - ကြမ်းတ​ပြေးတည်းကို
ကြမ်းတစ်​​ပြေးတည်း လို့ ​ရေးထားတယ်
ဗိုလ်​တ​ထောင်​ ကျ​တော့ ဗိုလ်​တစ်​​ထောင်​မ​ရေးဘူး
တပင်​​ရွှေထီး ကို တစ်​ပင်​​ရွှေထီးလို့
မ​ရေးပြန်​ဘူး

စဉ်းစားကြည့်​​တော့ မြန်​မာစာ " တ" တစ်​လုံးတည်းရဲ့ အဓိပ္ပါယ်​မှာ
တစ်​ ဆိုတဲ့ အဓိပ္ပါယ်​ မထွက်​ဘူး

က ဆိုရင်​ သူအဓိပ္ပါယ်​ နဲ့သူ
ခ လည်း ခခယယ
င - နာမည်​​ရှေ့ ထား
စ - လာမစ နဲ့
ဆ.- လက်​ဆ ချိန်​တဲ့သ​ဘော
တ - တမ်းတမ်းတတ
အမြဲ သတိရ ဆိုတဲ့ အနက်​ရှိတယ်
တ - အမြဲ ​ဆက်​တိုက်​ သ​ဘောပဲ
တစ်​ နဲ့ သ​ဘောတူ​ကြောင်းမရှိပါ

ရန်လင်းအောင်