Showing posts with label မြင်းခွာရွက်အစွမ်းအံ့မခန်း. Show all posts
Showing posts with label မြင်းခွာရွက်အစွမ်းအံ့မခန်း. Show all posts

Sunday, March 16, 2014

အဆိပ်ဖြေပေးတဲ့ မြင်းခွာရွက် (မြင်းခွာရွက်အစွမ်း အံ့မခန်း)

တစ်ခါတုန်းကလို့ပဲ ဆိုပါတော့။ အိမ်က ကြောင်မည်းလေး အစာအဆိပ်သင့်တာလားတော့ မသိဘူး။ အန်တယ်။ တံတွေးတွေ တမြားမြားနဲ့။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ သေတော့မယ် ထင်ပါတယ်။ ညင်ညင်သာသာသေနိုင်အောင်လို့ အဆိပ်ပြေစေတဲ့ ကန်စွန်းရွက်ကို ထောင်းတိုက်မယ်လုပ်ပြန်တော့လည်း ကန်စွမ်းရွက်က မရှိပြန်ဘူး။ အဲဒါနဲ့ နိုင်ငံခြားမြင်းခွာရွက် (၅) ရွက်လောက်ကို ထောင်းပြီး အရည်လေးတွေကို အတင်းခွံ့တိုက်ရတယ်။ သေကံမရောက်သေးလို့လား၊ မြင်းခွာရွက်ကပဲ စွမ်းလို့လား မသိပါဘူး။ ကြောင်နက်လေး အသက်ရှင်ခဲ့ပါတယ်။

အဲဒီတုန်းက မြင်းခွာရွက်က မြန်မာမြင်းခွာရွက်မဟုတ်ပါဘူး။ နိုင်ငံခြားမြင်းခွာတဲ့။ အရွက်ဖားဖား၊ အရိုးရှည်ရှည်ဖြူဖြူ၊ အရမ်းခါးတယ်။ မြန်မာမြင်းခွာရွက်ထက် အနံ့လည်း ပိုပြင်းတယ်။ ရေပါဝင်မှုနှုန်း ပိုများတယ်။ ရေကြိုက်တဲ့အပင်ပါပဲ။ မျိုးပွားလွယ်တယ်။ အသက်ပြင်းတယ်။ တစ်ချို့က ဆေးမြင်းခွာ တဲ့၊ တစ်ချို့က နိုင်ငံခြားမြင်းခွာတဲ့။ တစ်ချို့က ထိုင်ဝမ်မြင်းခွာတဲ့။ ဘာမြင်းခွာပင်လဲဆိုတာ တိတိကျကျ မသိရပါဘူး။

အစွမ်းထက်တဲ့ အဲဒီမြင်းခွာပင်အကြောင်းကို စာအုပ်တွေထဲမှာလည်း ရှာကြည့်တာ မတွေ့ပါဘူး။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့ပါဘူး။ အဲဒီမြင်းခွာရွက်အကြောင်းနဲ့ အစွမ်းထက်ပုံများကို သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ဖြေကြားပေးပါလို့***

Wednesday, December 12, 2012

မြင်းခွာရွက်မျက်စဉ်း


  • မြင်းခွာရွက်မျက်စဉ်း


  • ကျွန်တော်(၈)တန်းလောက်တုန်းက မျက်စိယားတဲ့ဝေဒနာခံစားရပါတယ်။ မျက်စိယားလို့ ပွတ်လိုက်ရင် မျက်စိနာလာပါတယ်။ အဲဒါနဲ့ မျက်စိအထူးကုနဲ့ပြတော့ မျက်စဉ်းပေးလိုက်ပါတယ်။ မျက်စဉ်းကလည်း ဈေးကြီးလိုက်တာ။ မျက်စဉ်းခတ်တုန်း သက်သာပေမယ့် မျက်စဉ်းကုန်သွားရင် ထပ်ယားတာပါပဲ။ မျက်မှန် တပ်ရတော့မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် စာများများဖတ်ပြီးတဲ့အချိန်တွေမှာ ယားပါတယ်။ မျက်စိအားကောင်းအောင် စပီရူလိုင်းနား(စိမ်းပြာရေညို)ကနေထုတ်ထားတဲ့ ပရိုဗီမင်သောက်ပါတယ်။စားများများဖတ်တဲ့အချိန်ဆို ပိုသောက်ပါတယ်။ စပီရူလိုင်နားက ဘီတာကာရိုတင်းအများကြီးပါတယ်လေ။ ပြီးတော့ မြင်းခွာရွက်များများစားတယ်။(မြင်းခွာရွက်က မျက်စိအားကောင်းစေတာကို လူတော်တော်များများ ကြားဖူးနားဝရှိပြီးသားပါ။အထူးသဖြင့် တိုင်းရင်းဆေးလေ့လာသူတွေ အားလုံးလိုလို သိကြပါတယ်။) မျက်စိအယား သက်သာသွားပါတယ်။ ဒါပေမယ့် စိမ်းပြာရေညှိဆေးကုန်သွားလို့ မသောက်မိတဲ့နေ့တွေ၊ မြင်းခွာရွက် မအားလို့ မစားဖြစ်တဲနေ့တွေမှာ ပြန်ယားတာပါပဲ။ အဲဒါကြောင့် အမြဲတမ်း မြင်းခွာရွက်နဲ့ စိမ်းပြာရေညိုကို စွဲစားနေရ ပါတယ်။
  • အကြောင်းကြောင်းကြောင့် မျက်စိယားတာပဲဖြစ်ဖြစ်၊ မျက်စိနီတာပဲဖြစ်ဖြစ် အလွယ်တကူသုံးနိုင်တဲ့ မျက်စဉ်းလေးကိုလည်း မျှဝေလိုက်ပါတယ်။ ဒီနည်းလေးက မြင်းခွာရွက်အကြောင်းရေးထားတဲ့ စာအုပ်တော်တော် များများမှာပါတဲ့အတွက်  ကျွန်တော်လည်းစမ်းသုံးကြည့်တာပါ။  အရမ်းအစွမ်းထက်တဲ့အတွက် ကျွန်တော် အရမ်းကြိုက်တဲ့မျက်စဉ်းလေးပါ။
  • (အရိုးပါတဲ့) မြင်းခွာရွက်တစ်ရွက်ကို ရေစင်စင်ဆေးလိုက်ပါ။ ပြီးရင် အရိုးလေးကိုခွေပြီး အကြမ်းပန်းကန်လေးထဲထည့်လိုက်ပါ။ မြင်းခွာရွက်နဲ့အရိုးကို ရေနွေးပူပူဖျောလိုက်ပါ။ အပူရှိန်ကြောင့်မြင်းခွာဆေးရည်လေးတွေဟာ ရေနွေးထဲကို ပျော်ဝင်လာပါလိမ့်မယ်။ ရေနွေးကို လုံးဝအေးတဲ့အထိထားရပါမယ်။ အေးသွားတဲ့အခါမှ မြင်းခွာရွက်လေးကိုဖယ်ပြီး မျက်စဉ်းခတ်လို့ရပါပြီ။ အဲဒီမြင်းခွာမျက်စဉ်းလေးခတ်ပြီးရင် မျက်စိပိုကြည်လာသလိုခံစာရပါတယ်။ မျက်စိယားတာတွေ၊ နီတာတွေဖြစ်နေရင်လည်း နှစ်ခါလောက်ခတ်လိုက်ရုံနဲ့ ပျောက်သွားတတ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့။ မျက်စိအားနည်းရင်တော့ စိမ်းပြာရေညှိတို့၊ မြင်းခွာရွက်တို့ကိုလည်း စွဲစားပေးရမှာပါ။ အဲဒါမှာမျက်စိအားရှိပြီး ကြည့်လို့ကောင်းမှာပါ။
  • ဒီမျက်စဉ်းလေးကို ကြိုက်လွန်းလို့ “ရွှေမြင်းခွာမျက်စဉ်း” ဆိုပြီး ဗူးလှလှလေးတွေနဲ့ ထုတ်လုပ်ရောင်းချပြီး တစ်နိုင်ငံလုံးကို ဖြန့်မယ်လို့ စိတ်ကူးယဉ်ခဲ့မိတဲ့အထိပါပဲ။ တိုင်းရင်းဆေးပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေကို မြန်မာမှာသာမက ကမ္ဘာအထိပါပျံ့နှံ့အောင် လုပ်ဆောင်သင့်ပါတယ်။
  • ဒီဆေးနည်းလေးကလည်း ကျွန်တော့် ခန္ဓာကိုယ်နဲ့ ရင်းပြီးမှ ရတဲ့ဆေးနည်းလေးမို့ လျှို့ဝှက်ထားမလို့ပါပဲ။ဒါမေမယ့် အခုအချိန်မှာ ကျွန်တော့သဘောထားတွေပြောင်းလဲသွားတဲ့အတွက် ဒီဆေးနည်းလေးကို မျှဝေလိုက်ပါပြီ။ လုပ်တတ်သူတွေ ဆက်လုပ်ကြပေါ့။
  •  ဥာဏ်ဖြိုးမြင့်

အဆိပ်ဖြေပေးတဲ့ မြင်းခွာရွက်

တစ်ခါတုန်းကလို့ပဲ ဆိုပါတော့။ အိမ်က ကြောင်မည်းလေး အစာအဆိပ်သင့်တာလားတော့ မသိဘူး။ အန်တယ်။ တံတွေးတွေ တမြားမြားနဲ့။ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့ဘူး။ သေတော့မယ် ထင်ပါတယ်။ ညင်ညင်သာသာသေနိုင်အောင်လို့ အဆိပ်ပြေစေတဲ့ ကန်စွန်းရွက်ကို ထောင်းတိုက်မယ်လုပ်ပြန်တော့လည်း ကန်စွမ်းရွက်က မရှိပြန်ဘူး။ အဲဒါနဲ့ နိုင်ငံခြားမြင်းခွာရွက် (၅) ရွက်လောက်ကို ထောင်းပြီး အရည်လေးတွေကို အတင်းခွံ့တိုက်ရတယ်။ သေကံမရောက်သေးလို့လား၊ မြင်းခွာရွက်ကပဲ စွမ်းလို့လား မသိပါဘူး။ ကြောင်နက်လေး အသက်ရှင်ခဲ့ပါတယ်။      အဲဒီတုန်းက မြင်းခွာရွက်က မြန်မာမြင်းခွာရွက်မဟုတ်ပါဘူး။ နိုင်ငံခြားမြင်းခွာတဲ့။ အရွက်ဖားဖား၊ အရိုးရှည်ရှည်ဖြူဖြူ၊ အရမ်းခါးတယ်။ မြန်မာမြင်းခွာရွက်ထက် အနံ့လည်း ပိုပြင်းတယ်။ ရေပါဝင်မှုနှုန်း ပိုများတယ်။ ရေကြိုက်တဲ့အပင်ပါပဲ။ မျိုးပွားလွယ်တယ်။ အသက်ပြင်းတယ်။ တစ်ချို့က စင်ကာပူမြင်းခွာတဲ့၊ တစ်ချို့က ထိုင်ဝမ်မြင်းခွာတဲ့။ ဘာမြင်းခွာပင်လဲဆိုတာ တိတိကျကျ မသိရပါဘူး။ အစွမ်းထက်တဲ့ အဲဒီမြင်းခွာပင်အကြောင်းကို စာအုပ်တွေထဲမှာလည်း ရှာကြည့်တာ မတွေ့ပါဘူး။ အင်တာနက်မှာ ရှာကြည့်တော့လည်း မတွေ့ပါဘူး။ အဲဒီမြင်းခွာရွက်အကြောင်းနဲ့ အစွမ်းထက်ပုံများကို သိတဲ့သူများရှိရင် ကျေးဇူးပြုပြီး ဖြေကြားပေးပါလို့***

Saturday, September 22, 2012

မြင်းခွာရွက်အစွမ်း အံ့မခန်း(၃)

မြင်းခွာရွက်အစွမ်း အံ့မခန်း(၃)


မြင်းခွာရွက်အာနိသင် 

မြင်းခွါရွက် အမျိုးမျိုး ရှိပါသည်။ မြင်းခွါရွက် ရိုးရိုး၊ အညာမြင်းခွါ၊ ကာလားမြင်းခွါ၊ ဆေးမြင်းခွါ ဟူ၍ မြင်းခွါရွက်မှာ တကယ့်မြင်းခွါ ပုံသဏ္ဍာန်နှင့် တူပါသည်။


ရိုးရိုးမြင်ါးခွါကတော့ တို့စရာဆို၍၄င်း၊ ယင်းရံ၊ ဟင်းခါးဟူ၍၄င်း၊ မြန်မာများ အလွန်နှစ်သက်ပါတယ်။
သုပ်စား ပြုတ်စား အရည်သောက် အစိမ်းတို့စားကြ၏။ အရသာ ခပ်ခါးခါး ခပ်ရှရှ ချို၊ အေး၊ နှုတ်မြိန်၊ အစာကြေစေ၊ ဝမ်းဗိုက်ကိုခြောက်၊ အိပ်ပျော်စားဝင် ဓာတ်လေးပါးမှန်၊ အသိဉာဏ်တိုးပွား၊ ဆီးရွှက်၊ အပူငြိမ်း၊ အအေးကိုပြယ်၊ ရေငတ်ပျောက်၊ သလိပ်ပယ်၊ အသက်ကိုရှည်စေ ဟူ၍ မြန်မာ့ဆေးကျမ်း၊ အိန္ဒိယဆေးကျမ်းများက ဆို၏။
မြင်းခွါသည် အေးမြသောမြေမှာ ပေါက်သောမျိုးဖြစ်၏။ အယဉ်နှင့်အရိုင်း နှစ်မျိုးရှိပါသည်။ အယဉ်မှာ အမွေးမရှိ၊ အရိုင်းမှာ အမွေးပါ၏။ အရိုင်းမှာ အညာဒေသ တောထဲမှာ ပေါက်၏။
အယဉ်က ယခု စားစရာဖြစ်နေ၏။
အကျိုးက ဆီးများ၊ လေသက်၊ ဝမ်းမှန်စေ၏။

မြင်းခွာအသုံးများ(ရိုးရိုးမြင်းခွာရွက်အယဉ်)
ပျောက်ကင်းနိုင်မည့် ရောဂါများ--- ခေါင်းကိုက်၊ အဖျားအမျိုးမျိုး၊ ကြို့ထိုး၊ သွေးရောဂါအမျိုးမျိုး၊ သည်းခြေပျက်၊ အဖျဉ်းကြီး၊ အဆုတ်ပြွန်ရောင်၊ ပန်းနာရင်ကျပ်၊ ကိုယ်ရေဝါ၊ အရေပြား ရောဂါအမျိုးမျိုး၊ ကျောက်၊ ဝက်သက်၊ ယားနာ၊ အဖုအပိမ့်၊ နူနာ၊ ခရုသင်း၊ အနာပေါက်။ အနာမီးလျှံ၊ ဖုတ်ဖမ်းစား ဝေဒနာ (မြေကိုင်) ခြေသေ၊ လက်သေ၊ ခြေလက်အကြောပြတ် ဖော်ပြပါ ရောဂါတွေ ပျောက်အောင်----
 မြင်းခွါရွက်ကို ရေနှင့်စင်အောင်ဆေးပါ၊ နေရိပ်မှာ အခြောက်ခံ၊  ပေါင်ဒါ အသားကျအောင် ထောင်းပါ။ ဆေးအဖြစ် သုံးတဲ့အခါ--- (၁) မြင်းခွါရွက်မှုန့် ၁၀-ကျပ်သား (၂) ငရုတ်ကောင်းမှုန့် ၂-ကျပ်သား (၃) ပျားရည် ၁၂-ကျပ်သား ဤဆေးသုံးမျိုးကို အစေးပေါက်အောင်နယ် နေလှန်း၊ ပျားရည်ခန်းအောင် အခြောက်လှန်း၊ ဆီးကင်းလောက် လုံး၊ ဖန်ဘူးထဲထည့်ပါ။ နံနက် နေ့လယ် ည တလုံးစီစား၊ ပိုစားနိုင်လေ ကောင်းလေ ဘေးမဖြစ်ပါ။ ရောဂါကြီးက တလ၊ နှစ်လ စား၊ ရောဂါငယ်ရင် လဝက် တလ စားပါ၊ ကိုယ်ရေအသား ကောင်းမယ်၊ ရောဂါမရှိလည်း စား၊ ရောဂါဘယ ဝေးမယ်။
မျက်စိနာ--- မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်။
 ဝက်ခြံ--- မြင်းခွါရွက်နဲ့ လူးပါ။ မြွေက်ကိုက်သော်--- မြင်းခွါရွက်ကို သောက်၊ မြွေကိုက်နာကို လူး။ အနာပေါက်--- အရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။ မြေကိုင်--- အရွက်ကို ချင်းရည်နှင့် မီးနွေးနွေး ချက်လိမ်းပါ။ သောက်လည်းသောက်ပါ။ ချိုင်းအောက်နာ (ကိန္နရာ အနာ) အရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။
ငှက်ဖျား--- အရွက်ရည် ငရုတ်ကောင်းနဲ့ အမျှစီကြိတ်သောက်၊
(၉၆)ပါးဆေး၊ မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညဥ့် နံနက် သောက်။ ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊ ခြေက်သေ--- မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့ သုံးခွက်တခွက်တင် ကျိုသောက်ပါ။
မျက်စိနာ--- အရွက်ကို ကင်ပွန်းရွက်နဲ့ ပြုတ်ချိုးပါ။
ခြေလက် အကြောမျက်--- မြင်းခွါရွက်ပြုတ်၊ အကျွမ်းဖုတ်၊ ပြာကို လက်ပြတ်ရာ၊ ခြေပြတ်ရာကို ဖြူးပေး၊ ကျပ်စည်ထား၊ အကြောအရိုး မကြာမီ ဆက်သွားမယ်။
မြင်းခွါရွက် အသက်ရှည်ဆေးကြီး--- မြန်မာ့ဆေးကျမ်းများ၊ သမားတော်များ အဆိုအမိန့်မှာ မြင်းခွါရွက်လေးကျပ်သား၊ ငရုတ်ကောင်း တကျပ်သား၊ အမှုန့်ပြု ပျားရည်နှင့် နယ်စား နံနက် ညဥ့် စားလေ။ သမားတော် ပွဲတွေ့ အလိုအရ တစ်လစား = ကိုယ်တွင်းကိုယ်ပ အနာမရှိ။ နှစ်လစား = ရုပ်ရည်ကာယ အဆင်းလှ။ သုံးလစား = ရောဂါကင်း။ အဆိပ်အတောက်စားမိ၊ မိန်းမတို့ ရာသီမမှန်၊ မောဟိုက်ပန်း၊ ဝမ်းကိုက်၊ ပိတ်ဖြူ၊ ပိတ်နီ၊ ကာလဝမ်း ကျခဲ့ရင် မြင်းခွါရွက် ပိတ်ချင်းသီး အမျှစီ ထောင်း၊ ရေနွေးနဲ့သောက်ပါ။ မြင်းခွါရွက်၊ ဖန်ခါးသီးခြောက်၊ မန်ကျည်းမှည့်နှစ် ဆေးသုံးပါး ကြိတ်စားပါ။ မျက်စိနာ မြင်းခွါရွက်ကို ချင်းရည်နှင့် ဖျော်၊ လျက်ပေးပါ၊ မီးယပ်မမှန် မြင်းခွါရွက် ပိတ်ချင်းသီး အမျှေ၇နွေးနဲပသောက်၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်၊ အရည်ကို သကြားနဲ့ သောက်ပါ။
အသက်ရှည်ဆေးအဖြစ် သုံးခဲ့ရင် မြင်းခွါရွက် ပဉ္စငါးပါး နုပ်နုပ်စဉ်းဖြတ် နေလှန်းအမှုန့်ပြု ဖန်ဘူးထဲထည့် လေလုံပါစေ၊ သုံးရွေးမှ ငါးရွေးသားအထိ ပျားသကာနဲ့ ရက်ရှည်လများသောက် တနေ့သုံးကြိမ် သောက်ပါ။
အနာမရင်း အသားနုတက်စေရန် မြင်းခွါရွက်ကြိတ်အုံ၊ နုရင်ပျောက်၊ ရင့်ရင်ပေါက်၊ အမာရွတ်မကျန်အောင် မြင်းခွါရွက်ရည်ကို လိမ်းကျံပေးပါ။ အမာရွတ်ပါ မကျန်ပါ။ တကိုယ်လုံး ယားယံနေရင် မြင်းခွါရွက် ကိုယ်ဆယ်သားကို ရေတပုံးနှင့်ပြုတ်၊ ရေချိုးပါ။ (၃)ရက်ဆက်တိုက် ချိုးပါ။ ကလေးများ ဝမ်းကိုက် ဗိုက်နာပါက မြင်းခွါရွက် သုံးလေးရွက် သကြားမှုန့်၊ စမုန်နက်ရောပြီး ခွံ့ပေးပါ။ ကြိတ်ဖတ်ကျန်ကို အုံပြီး ပတ်တီးစည်းထားပါ။ ဆွံ့အ စကားထစ- မြင်းခွါရွက် ကျွေးပါ။
မေ့လွယ်သူကို-မြင်းခွါရွက်မှုန့် နွာနို့နှင့် တိုက်ကျွေးပါ။ ဉာဏ်ပွင်လာမည်၊ ဉာဏ်ကောင်းလာမည်။

ဆီးဝမ်းချုပ်ပါက-မြင်းခွါရွက်စားပါ။ အနာပေါက်-ညောင်းကျ တကိုယ်လုံးဝါ စားမဝင်-မြင်းခွါရွက် သတ္ထုရည်နှင့် နွားနို့ ရောသောက်ပါ။ ငှက်ဖျား၊ နာတာရှည်-မြင်းခွါရွက် ပင်စိမ်းရွက် ငရုတ်ကောင်းမှုန့် သုံးပါးရောကြိတ် (၃၀ရွေးခန့်လုံး၊ နံနက် ည တလုံစီသောက် ပျောက်၏။ ဝက်ခြံပေါက်လျှင်-မြင်းခွါရွက်ကြိတ်လိမ်းပါ။ မျက်စိနာ-မြင်းခွါရွက်၊ ချင်းစိမ်းနှင့် ရောကြိတ်စား။ အအေးဒဏ် ကာကွယ်ချင်ရင်-မြင်းခွါရွက် (၃)ကျပ်သားမှ (၆)ကျပ်သားအထိ ပျားရည်ထက်ဝက် သို့မဟုတ်-သုံးပုံတပုံ ရောသောက်ပါ။ အားတိုးဆေး-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ သကြားနှင့် ပျားရည် (၃)ကျပ်သားမှ (၆)ပတ်အတွင်း ခွန်အားတိုးမည်။ သူငယ်နာလိမ်းဆေး ချော်ငးဆိုးပျောက်-မြင်းခွါရွက်မှုန့် မီးနှင့်နွေး ရင်ဘတ်ပေါ်အုံလိမ်း ဆီနှင့်ရောပါ။ အဆစ်အမြစ် အရိုးအဆစ် အကျိတ် လိမ်းဆေးအဖြစ်-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ ရေနံဆီ တကျပ်ခွဲ ဖန်ဘူးထဲမှာ ထည့်မွှေ လိမ်းသုတ်နှိပ်ပေးပါ။ အဆစ် အမြစ် အဖု အကျိတ် ပျောက်ပါသည်။
ကလေးများ အအေးမိက လက်ဖက်ရည်ဇွန်းငယ်နှင့် မြင်းခွါရွက် သတ္ထုရည်ကို တိုက်ကျွေးပါ။ ဝမ်းသက်၊ သလိပ်ကျ အဆုတ်အအေးပတ်နာ ပျောက်ပါသည်။ အညာ မြင်းခွါရွက် အဆစ်တဆစ်မှ အရွက်တရွက် ထွက်၏။ ဖန်ခါးသည် ကြေညက်ရင်စပ်၊ အစာကြေလွယ်၊ အေးသောသတ္တိ ရှိ အရွယ်တင်စေ၊ သလိပ်၊ သည်းခြေကို ပယ်၏။ နှလုံးရောဂါ၊ နှုတ်မမြိန်ရောဂါ အဖျားအမျိုးမျိုး၊ သွေးအန် သွေးကျ၊ ပန်းနာ၊ ဆီးရောဂါ၊ နူနာ၊ ချောင်းဆိုးရော၈ါတွေကို နိုင်၏။
မြင်းခွါရွက်၏ အာနိသင်နှင့် တိုင်းရင်းဆေးပညာဖြင့် အသုံးပြုပုံကို ဆေးဆရာများ၊ ပွဲတွေ့၊ လက်တွေ့များမှ သက်ကြီးစကား သက်ငယ်မှာကြားခဲ့သမျှ ရေးသားတင်ပြလိုက်ရပါသတည်း။

 (ကရင်တိုင်းရင်းသားလေးတစ်ဦးမှ တင်ပြပါသည်။)

(ကွယ်လွန်သူ အဘိုး ပုပ္ပါးဆရာ ဦးဘိုးလှောက်အား ဤဆောင်းပါးဖြင့် ကန်တော့ပါ၏)။

(မှတ်ချက်။       ။ အချို့ဆရာများက မြင်းခွာအရွက်ထက်အရိုး၊ အရိုးထက်အမြစ်က ပိုမိုအစွမ်းထက်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် မြင်းခွာရွက်စားလျှင် အရွက်/အရိုး/အမြစ် စုံအောင်စားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
တစ်နေ့အနည်းဆုံး (၇)ရက်စားရမည်ဟုလည်း မှတ်သားဖူးပါသည်။ ဒေါက်တာတင့်ဆွေကတော့ (၃)ရွက်ဟုဆိုပါသည်။
ပိုစားလည်း ဘာမှမဖြစ်ပါ။ သို့သော် အလွန်အကျွံအစည်းလိုက်စားလျှင်မူ ဆီးများတတ်ပါသည်။ ပျားရည်နှင့်ရောစားပါက ပိုမိုအစွမ်းထက်ပါသည်။ မြင်းခွာရွက်သည် ဆီး၊ မျက်စိ၊ အသားအရည်၊ ဆံပင် စသည်တို့အတွက်ကောင်းသည်ဟု အသိများကြပါသည်။
          မြင်းခွာရွက်ကို (၉၆)ပါးရောဂါ ပျောက်ကင်းသက်သာစေသည်ဟု ရှေးသမားတော်များ ယုံကြည်ကြပါသည်။ သမားဖျင်းလျှင်ပုလင်းများသည် ဟု အဆိုရှိပါသည်။ မြင်းခွာရွက်ကို ရေလဲအမျိုးမျိုးဖြင့် အသုံးပြုကြပါသည်ဟု မှတ်သားဖူးပါသည်။ အလွန် အသုံးများသောဆေးဖြစ်ပါသည်။ အိန္ဒိယဆေးကျမ်းကြီးများတွင်လည်း မြင်းခွာရွက်ကို အမျိုးမျိုးညွှန်းဆိုကြသည်။ ယခုခေတ်မြင်းခွာပင်များထက် ရှေးခေတ်ကမြင်းခွာပင်သည် ပိုမို၍ အစွမ်းထက်မြက်သည်ဟု ယူဆမိပါသည်။
                                                                                                                             ဥာဏ်ဖြိုးမြင့် )

မြင်းခွာရွက်အစွမ်း အံ့မခန်း(၂)

မြင်းခွာရွက်အစွမ်း အံ့မခန်း(၂)


မြင်းခွာပင် Indian pennywort 

မွေးနေ့ ဆုမွန် အမှတ်တရ ( 28.04.2010 )













အသုံးဝင်ပုံ
:
အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။
အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက် စေ၏ ။
၂ ။ မြင်းခွာရွက် အမှုန့် ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ ၊ အဆုတ်နာ ရောဂါ ပျောက်၏။
၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖု အကျိတ်များ ပျောက်၏။
၎ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်း ပျောက်၏ ၊ ၀မ်းသက် ၍ သလိပ် ကို လည်း ပျောက်၏။
၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက် ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်း ခြင်း ၌ ၎င်း၏ အရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံ ပေးက ပျောက်ကင်း၏။
၇ ။ သွေးဝမ်း သွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက် ခဲခြင်း၊ ဆီး၌ သွေးပါခြင်း တို့ အတွက် မြင်းခွာ ရွက် ဖျော်ရည် ပြုလုပ် သောက်က ပျောက်၏ ။
၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည် ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။
၁၁ ။ မြင်းခွာ ရွက် အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ် ၍ မျက်စိ တွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်း ခြင်း များကို ပျောက်ကင်း စေ၏ ။
၁၂ ။ မြင်းခွာရွက် ကို အရိပ်ထဲ တွင် အခြောက်ခံပြီး အမှုန့်ကြိတ် ၍ ပျားရည်နှင့် ဆတူ စပ်ပြီး ညအိပ်ရာ ၀င် ချိန် တွင် လျက်သော် နှစ်ခြိုက် စွာ အိပ်ပျော် စေ၏ ။
မွေးနေ့ ဆုမွန် အမှတ်တရ ( 28.04.2010 )


(မှတ်ချက်။       ။ အချို့ဆရာများက မြင်းခွာအရွက်ထက်အရိုး၊ အရိုးထက်အမြစ်က ပိုမိုအစွမ်းထက်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် မြင်းခွာရွက်စားလျှင် အရွက်/အရိုး/အမြစ် စုံအောင်စားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
တစ်နေ့အနည်းဆုံး (၇)ရက်စားရမည်ဟုလည်း မှတ်သားဖူးပါသည်။ ဒေါက်တာတင့်ဆွေကတော့ (၃)ရွက်ဟုဆိုပါသည်။
ပိုစားလည်း ဘာမှမဖြစ်ပါ။ သို့သော် အလွန်အကျွံအစည်းလိုက်စားလျှင်မူ ဆီးများတတ်ပါသည်။ ပျားရည်နှင့်ရောစားပါက ပိုမိုအစွမ်းထက်ပါသည်။ မြင်းခွာရွက်သည် ဆီး၊ မျက်စိ၊ အသားအရည်၊ ဆံပင် စသည်တို့အတွက်ကောင်းသည်ဟု အသိများကြပါသည်။
          မြင်းခွာရွက်ကို (၉၆)ပါးရောဂါ ပျောက်ကင်းသက်သာစေသည်ဟု ရှေးသမားတော်များ ယုံကြည်ကြပါသည်။ သမားဖျင်းလျှင်ပုလင်းများသည် ဟု အဆိုရှိပါသည်။ မြင်းခွာရွက်ကို ရေလဲအမျိုးမျိုးဖြင့် အသုံးပြုကြပါသည်ဟု မှတ်သားဖူးပါသည်။ အလွန် အသုံးများသောဆေးဖြစ်ပါသည်။ အိန္ဒိယဆေးကျမ်းကြီးများတွင်လည်း မြင်းခွာရွက်ကို အမျိုးမျိုးညွှန်းဆိုကြသည်။ ယခုခေတ်မြင်းခွာပင်များထက် ရှေးခေတ်ကမြင်းခွာပင်သည် ပိုမို၍ အစွမ်းထက်မြက်သည်ဟု ယူဆမိပါသည်။
                                                                                                                             ဥာဏ်ဖြိုးမြင့် )

မြင်းခွာရွက်အစွမ်း အံ့မခန်း



မြင်းခွာရွက်  Asiatic Pennywort


မြင်းခွာရွက်ဟာ စားစရာလဲဟုတ်၊ ဆေးလဲဟုတ်တယ်ဆိုတာ မြန်မာတွေသာမကာ တခြားလူမျိုးတွေကပါ မှတ်ယူကြတယ်။ Sanskrit သင်္သကရိုက်ဘာသာ နဲ့ Mandooka Parni ခေါ်တယ်။
Botanical ရုက္ခဗေဒလို Centella asiatica ခေါ်တယ်။ အင်္ဂလိပ်လို Asiatic pennywort ခေါ်ပြီး၊
စွယ်စုံကျမ်းမှာ Centella asiatica (Gotu Kola) လို့ ပါတယ်။ 

အများဆုံး Indian Pennywort လို့ ခေါ်တယ်။ နာမယ်တော့ India ပေမဲ့၊ လက်တွေ့မှာတော့ တရုပ်ပါ။

မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကနေ ၂ဝဝ၈ အောက်တိုဘာလအတွင်း ဆေးမြင်းခွာ ဝ ဒသမ ၅၅ တန်
တဖက်နိုင်ငံကို တင်ပို့နိုင်ခဲ့တယ်လို့ ဖတ်ရတယ်။

မြန်မာဆေး နားလည်သူတွေက သူ့အစွမ်းတွေကို ရေးကြ-ပြောကြတယ်။
1. အရည်ညှစ်၍ သကြား၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် ခွန်အား တိုးတက်စေ၏။
2. အခြောက်ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံးခြင်းဖြင့် သွေးတိုးရောဂါကို သက်သာစေ၏။
3. ငရုတ်ကောင်း၊ ပျားရည်တို့ နှင့်စပ်၍ သုံးဆောင်က အသက်ရှည်၏။ အနာရောဂါ ကင်း၏။
4. အမှုန့်ကို အနည်းငယ် ပူအောင် ပြု၍ ရင်ဘတ်၌ လိမ်းကျံ ပေးသော် ကလေးများ ချောင်းဆိုး ရောဂါ၊ အဆုတ်နာ ရောဂါ ပျောက်၏။
5. အရည်ညှစ်၍ ရေနံဆီဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေးခြင်းဖြင့် အဆစ်တို့၌ ဖြစ်သော လေအဖု အကျိတ်များ ပျောက်၏။
6. အရည်ညှစ်၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါက ကလေးငယ်များ အအေးမိခြင်း၊ လေပြွန် ချောင်းပူခြင်း ပျောက်၏၊ ဝမ်းသက်၍ သလိပ်ကိုလည်း ပျောက်၏။
7. အရွက်ကို ညှစ်ရည်၍ အရေပြား ရောဂါများအတွက် လိမ်းကျံခြင်း စားသောက်ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏။
8. အရွက်ကို ကြိတ်၍ ရုတ်တရက် ထိခိုက်ရှနာ ဒဏ်ဖြစ်ပြီး ရောင်ရမ်းခြင်းအား လိမ်းကျံပေးက ပျောက်ကင်း၏။
9. ဖျော်ရည် ပြုလုပ်၍ သောက်က သွေးဝမ်းသွားခြင်း၊ ဆီးချုပ်ခြင်း၊ နာကျင်-ကိုက်ခဲခြင်း၊ ဆီး၌ သွေးပါခြင်းတို့ ပျောက်၏။
10. အားတိုးဆေး၊ အဆိပ်ပြေဆေး၊ အနာပေါက်ကုဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။ အရွက်စိမ်းကို ကြိတ်၍ အဝတ်ပါးပါးတွင် ထည့်ပြီး မျက်စိပေါ်တွင် အုံပေးခြင်း၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေးခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာခြင်း၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်းစေ၏။

အရှေ့တိုင်းဆေးနည်း၊ Ayurvedic အာယုဗေဒဆေးနည်းမှာ Vayasthapana သတ္တိ အသက်ရှည်ဆေးအဖြစ် သုံးတယ်။ သုတေသန တစိတ်တပိုင်း ပြောနိုင်တာက ရောဂါပိုးတွေကို နိုင်တယ်၊ အနာကိုနိုင်တယ်၊ သွေး-အာရုံကြော ကောင်းစေတယ်၊ ဆီးရွှင်စေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေ့ခင်း စိတ်တက်ကြွစေတယ်လို့ ယုံကြတယ်။ ၁၉၆၆-၇၉ ထုတ် စာတအုပ်မှာ Youth Vitamin X လို့ ပြောသေးတယ်။ မဟုတ်ပါဘူးလို့ ငြင်းသူက ငြင်းတယ်။

ဆေးပညာခွဲ အစုံပါတဲ့ အိန္ဒိယက Med-India မှာ အာရုံကြောနဲ့ ဦးနှောက်ကို အားပေးတဲ့ Tonic အားဆေး၊ Aphrodisiac လိင်စိတ်ကို အားပေးတဲ့ဆေး၊ Anthelmintic သန်ချဆေး၊ laxative ဝမ်းနုတ်ဆေး၊ Expectorant အသက်ရှူလမ်းက ချွဲထုတ်ဆေး၊ Cooling ကိုယ် အေးစေတဲ့ဆေးအဖြစ် သုံးတယ်လို့ ရေးထားပါတယ်။ ဒါ့ကြောင့် Epilepsy ဝက်ရူးပြန်၊ Nervous debility အာရုံကြော မကောင်းတာ၊ Dyspepsia အစာမကျေတာ၊ Leprosy အနာကြီးရောဂါ၊ Elephantiasis ဆင်ခြေထောက်၊ Syphilis ဆစ်ဖလစ်၊ Ulcers အနာ၊ Abscess ပြည်တည်နာ၊ Carbuncle အနာပဆုပ်၊ Jaundice အသားဝါ၊ Dysentery ဝမ်းကိုက်၊ Eczema နှင်းကူနာ၊ ရောဂါတွေအတွက် ပေးပါသတဲ့။


သိပ္ပံနည်းကျ ဆရာတချို့က တနေ့ ၃ ရွက်သာ စားသုံးပါ နုပျိုစေပါမယ်။ အသက်ရော Sex ရော ကောင်းစေပါသတဲ့။ ဒီစာဖတ်ပြီး မြင်းခွါရွက် ဈေးမတက်ကောင်းပါရဲ့။

Dr. တင့်ဆွေ
၃-၁ဝ-၂ဝ၁ဝ
Posted by Dr. Tint Swe at 2:21 PM

(မှတ်ချက်။       ။ အချို့ဆရာများက မြင်းခွာအရွက်ထက်အရိုး၊ အရိုးထက်အမြစ်က ပိုမိုအစွမ်းထက်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် မြင်းခွာရွက်စားလျှင် အရွက်/အရိုး/အမြစ် စုံအောင်စားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
တစ်နေ့အနည်းဆုံး (၇)ရက်စားရမည်ဟုလည်း မှတ်သားဖူးပါသည်။ ဒေါက်တာတင့်ဆွေကတော့ (၃)ရွက်ဟုဆိုပါသည်။
ပိုစားလည်း ဘာမှမဖြစ်ပါ။ သို့သော် အလွန်အကျွံအစည်းလိုက်စားလျှင်မူ ဆီးများတတ်ပါသည်။ ပျားရည်နှင့်ရောစားပါက ပိုမိုအစွမ်းထက်ပါသည်။ မြင်းခွာရွက်သည် ဆီး၊ မျက်စိ၊ အသားအရည်၊ ဆံပင် စသည်တို့အတွက်ကောင်းသည်ဟု အသိများကြပါသည်။
          မြင်းခွာရွက်ကို (၉၆)ပါးရောဂါ ပျောက်ကင်းသက်သာစေသည်ဟု ရှေးသမားတော်များ ယုံကြည်ကြပါသည်။ သမားဖျင်းလျှင်ပုလင်းများသည် ဟု အဆိုရှိပါသည်။ မြင်းခွာရွက်ကို ရေလဲအမျိုးမျိုးဖြင့် အသုံးပြုကြပါသည်ဟု မှတ်သားဖူးပါသည်။ အလွန် အသုံးများသောဆေးဖြစ်ပါသည်။ အိန္ဒိယဆေးကျမ်းကြီးများတွင်လည်း မြင်းခွာရွက်ကို အမျိုးမျိုးညွှန်းဆိုကြသည်။ ယခုခေတ်မြင်းခွာပင်များထက် ရှေးခေတ်ကမြင်းခွာပင်သည် ပိုမို၍ အစွမ်းထက်မြက်သည်ဟု ယူဆမိပါသည်။
                                                                                                                             ဥာဏ်ဖြိုးမြင့် )