Saturday, April 19, 2014

ဂုဏ်တော် မေတ္တာ စိတ်ချမ်းသာ



ဗုဒ္ဓါနုဿတိ+မေတ္တာ



အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသသိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား။
သတ္တ၀ါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
(သောက၊ မာန၊ နောင်တ၊---)


အနှိုင်းမဲ့




ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသော မြတ်စွာဘုရား

ဘုရားရှင်ရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊ လုပ်သမျှအမှန်၊ ကြံသမျှအကောင်းချည်းပါပဲ။
ဘုရားရှင်ဟာ တစ်လောကလုံမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားရှင်ဟာ ပရဟိတစိတ်ဓါတ်အရှိဆုံး
မေတ္တာ၊ ကရုဏာရှင်ပါ။
လက်တကမ်းမှာရှိတဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုစွန့်ပြီး
ကမ္ဘာပေါင်း လေးအသင်္ချေနဲ့တစ်သိန်း ကာလပတ်လုံး
ပရဟိတစိတ်ဓါတ်နဲ့ ပါရမီဖြည့်ခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကအကျိုးစီးပွားအတွက် စွမ်းစွမ်တမံဆောင်ရွက်တော်မူပါတယ်။
ပရဟိတစိတ်ဓါတ်ဟာ
သူတော်ကောင်းစိတ်ဓါတ်၊ မြင့်မြတ်သူတို့ရဲ့စိတ်ဓါတ်၊
ဘုရားရှင်ရဲ့စိတ်ဓါတ်ပါပဲ။

ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
ဘုရားရှင်ဟာ ပြည့်စုံတော်မူပါတယ်။      

ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

ဘုရားအလောင်းတော်မြတ်ဟာ
ကမ္ဘာပေါင်း လေးအင်္သချေနှင့်တစ်သိန်းကာလပတ်လုံး
ပါရမီဖြည့်စဉ်မှာ အခက်အခဲအမျိုးမျိုး၊ ဆင်းရဲဒုက္ခအဖုံဖုံနဲ့
တွေ့ကြုံရပေမယ့် နောက်မဆုတ်ခဲ့ပါဘူး။
ဖြစ်သမျှအခြေအနေကို ရဲရင့်စွာရင်ဆိုင်ပြီး

ဂုဏ်တော်ကောင်းကင်ကြီးတွင် ပျံသန်းလွင့်မျောခြင်း

ဂုဏ်တော်ကောင်းကင်ကြီးတွင် ပျံသန်းလွင့်မျောခြင်း

စိတ်အားဖြည့် ဂုဏ်တော်သံစဉ်


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ စိတ်ပူခြင်းကင်းသူ၊ စိတ်ညစ်ခြင်းကင်းသူ၊ စိတ်ရှုပ်ခြင်းကင်းသူပါ။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် အငွေ့အသက်ပါမကျန် ကိလေသာကင်းစင်တော်မူပါတယ်။

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
ဘုရားမဖြစ်ခင် ဒုက္ကရစရိယာ(၆)နှစ်ကျင့်စဉ်ကတည်းက
မကောင်းမှုကို စိတ်နဲ့တောင် ပြုတော်မမူပါဘူး။
ပါရမီဖြည့်ကျင့်စဉ်မှာလည်း မကောင်းမှုကို ရှောင်ကြဉ်ခဲ့ပါတယ်။
မကောင်းမှုကို မပြုခြင်းဟာ
ကောင်းကျိုးချမ်းသာရရှိခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ ဘုရားရှင်ဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော်၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။



ပူဇော်အထူးကို ခံယူတော်မူထိုက်သောဥာဏ်တော်
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ တစ်လောကလုံးမှာ ဥာဏ်ပညာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်
လောကရဲ့အကျိုးစီးပွားကို
ဘယ်လူ၊ ဘယ်နတ်၊ ဘယ်တန်ခိုးရှင်ကမှ မနှိုင်းယှဉ်နိုင်အောင်
အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။


အသိ/အကျင့်ဘက်စုံမြင့်---
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား
တစ်ချို့က သိတော့သိတယ်၊ မကျင့်ဘူး။
တစ်ချို့က ကျင့်တော့ကျင့်တယ်၊ မသိဘူး။
ဘုရားရှင်က အသိ/အကျင့် ဘက်စုံမြင့်သူပါ။
အတုမရှိသောအသိဥာဏ်ပညာ၊
 အတုမရှိသော အကျင့်တရားကောင်းတို့နဲ့
ပြည့်စုံတော်မူပါတယ်။

အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ရဲ့စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာခြင်းကို ဖြစ်ပေါ်စေတော်မူနိုင်ပါတယ်။
ဘုရားရှင်ရဲ့စကားတော်တွေဟာ

လိုတရနှလုံးသား


မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော
ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ
ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
ဂုဏ်တော်နဲ့ထုံမွှမ်းထားတဲ့နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
စာသံပေသံနဲ့ပြောရင်တော့ “ ဗုဒ္ဓါနုဿတိနှလုံးသား ” ဟာ
လိုတရနုလုံးသား ဖြစ်ပါတယ်။

အနှိုင်းမဲ့ဘာဝနာ

ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို
အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။

အကောင်းမှီရင် အမှီကောင်းတယ်

ဂုဏ်တော်အမြဲပွားသူရဲ့စိတ်ဟာ
ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေတဲ့အတွက်
ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူနေပါတယ်။
“ ရတနာရှိရာ ရတနာလာ ” မြဲထုံးစံအတိုင်း
ဂုဏ်တော်အမြဲပွားနေသူရဲ့ထံမှောက်ကို
ကောင်းကျိုးမျိုးစုံဆိုက်ရောက်လာမှာ အသေအချာမို့
မြတ်စွာဘုရားရှင်က “ ဂုဏ်တော်ပွားရင် လိုတရနိုင်တယ် ” လို့
စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။

ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးမယ်

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နုလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင့်ပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို
ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။

နှလုံးသားဝယ် ဘုရားတည်

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။



ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်

“ စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်။ ” ဆိုတာကို
လုံးဝမမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင်
ပြုပြင်ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓါတ်နဲ့လုပ်ရပ်ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့
အန္တရာယ်ကင်း၊ လာဘ်ရွှင်စတဲ့ ဘေးထွက်အကျိုးတွေကကို
တမင်တောင့်တနေစရာမလိုတော့ပါဘူး။
မလိုချင်အဆုံး ရမှာပါ။

မြင့်မြတ်သူတိုင်း၊ မြင့်မြတ်လိုသူတိုင်း ဖြည့်ကျင့်ရမယ့် ပါရမီတော်ဆယ်ပါး

၁။       စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း       ဒါနပါရမီ
၂။       ကိုယ်၊ နှုတ်လွန်ကျူးမှု စောင့်ထိန်းခြင်း     သီလပါရမီ
၃။       ကာမဂုဏ်အာရုံရှောင်ခွာခြင်း၊ တောထွက်ခြင်း      နေက္ခမ္မပါရမီ
၎။       အတတ်ပညာမျိုးစုံ၊ အသိပညာမျိုးစုံ သိခြင်း၊ သိစေခြင်း     ပညာပါရမီ
၅။       ကုသိုလ်ကိစ္စ၊ အပြစ်မဲ့ကိစ္စတို့ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြိုးပမ်းအားထုတ်ခြင်း ၀ီရိယပါရမီ
၆။       သဘာဝဘေးဒဏ်နှင့် သတ္တ၀ါလုပ်ဘေးဒဏ်တို့ကို သည်းခံခြင်း     ခန္ဓီပါရမီ
၇။       မလိမ်ညာ၊ မလှည့်ပတ်ဘဲ ဖြောင့်မတ်မှန်ကန်စွာ ပြောဆို၊ လုပ်ကိုင်ခြင်း      သစ္စာပါရမီ
၈။       ကုသိုလ်အလုပ်၊ အပြစ်မဲ့အလုပ်တို့ကို ရည်မှန်းချက် မရောက်မချင်း စွဲစွဲမြဲမြဲစိတ်ဇွဲသန် အားမာန်ခိုင်ခန့်စွာ ပြုလုပ်အားထုတ်ခြင်း     အဓိဋ္ဌာန်ပါရမီ
၉။       သတ္တ၀ါအများရဲ့ အကျိုးစီးပွားကို လှိုက်လှဲစွာ လိုလားခြင်း  မေတ္တာပါရမီ
၁၀။     ဆင်းရဲ၊ ချမ်းသာအပေါ်/ ချစ်သူ၊ မုန်းသူအပေါ်/ အကောင်း၊ အဆိုးလောဓံ အပေါ် ချစ်စိတ်၊ မုန်းစိတ်မထားဘဲ တည်တည်တံ့တံ့ ခန့်ခန့်သန့်သန့်နေခြင်း ဥပေက္ခာပါရမီ တို့ပါပဲ။
အလောင်းတော်ဟာ သဗ္ဗညုတဘုရားရှင်ဖြစ်ရန် ပါရမီတော်(၁၀)ပါးကို
စည်းစိမ်ဥစ္စာများစွန့်၍ဖြည့်ကျင့်ခြင်း၊
ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်၍ဖြည့်ကျင့်ခြင်း၊
အသက်ကိုစွန့်၍ ဖြည့်ကျင့်ခြင်း တို့ဖြင့် ကမ္ဘာပေါင်းလေးအင်္သေချေနဲ့တစ်သိန်းကာလပတ်လုံး
ဖြည့်ကျင့်တော်မူခဲ့ပြီး လောကအကျိုးစီးပွားအတွက် ဘုရားဖြစ်တော်မူပါတယ်။



ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                လိုတရနှလုံးသား
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                အနှိုင်းမဲ့ရနံ့
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                နိုးနှစ်လုံးဖိုးလုံးကျေပါတယ်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                ဘ၀အဓိဋ္ဌာန်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                နံ့သာဖြင့် ထုံမွှမ်းအပ်သော
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                စိတ်အားဖြည့်ဓမ္မသံစဉ်




နှလုံးသားပိုလှပလေ အပြုံးပွားလိုတရလေ

“ မကောင်မှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား ” လို့
မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
ကိုယ်ပြုတဲ့ကံကို ကိုယ်ပဲ ပြန်ခံစားရမှာပါ။
သတ္တ၀ါအားလုံးဟာ ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
ဘုရားရှင်အား သတိရခြင်းဖြင့်
စိတ်ထားလှပ၊ ဘ၀လှပကြပါစေ။



လောကကျက်သရေ

နေမင်းသည် နေ့အခါ၌
ထွန်းလင်းတောက်ပစွာ တင့်တယ်ပါပေ၏။
လမင်းသည် ညခင်း၌
အေးမြရွှန်းလဲ့စွာ တင့်တယ်ပါပေ၏။
ရှင်ဘုရင်သည် မင်းဝတ်တန်ဆာပြည့်စုံစွာဆင်ယင်သောအခါ
ဝံ့ဝံ့ကြွားကြွား တင့်တယ်ပါပေ၏။
ရဟန္တာအရှင်မြတ်သည် ဈာန်သမာပတ်ဝင်စားသောအခါ
ကြီးမြင့်ခံထည် တင့်တယ်ပါပေ၏။
ဗုဒ္ဓဘုရားရှင်သာလျှင် နေ့ရောညပါ အခါခပ်သိမ်း
ပါရမီတော်တန်ခိုးဖြင့် အံ့ချီးလောက်ဖွယ်
လောကအလယ် တင့်တယ်တော်မူပါပေ၏။
 (အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း))

 နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မဟာဂန္ဓာရုံဆရာတော်ကြီး၏ နမောတဿ အဖွင့်

သော ဘဂ၀ါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန - တစ်ထောင့်ငါးရာ ကိလေသာမာရ် ကိုယ်တွင်းရန်တို့ ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း၊ လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်၊ အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ - အရဟံ ဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

Friday, April 11, 2014

ရတနာနုလုံးသား (ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း)

ရတနာနုလုံးသား

ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား

စိတ်အပူအလောင်တွေကင်းစင်တဲ့အတွက် စိတ်အေးချမ်း၊ ရုပ်လည်းအေးချမ်းပါတယ်။
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား

စိတ်အညစ်အကြေးတွေကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ ရုပ်လည်းကြည်လင်ပါတယ်။
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား

စိတ်အအရှုပ်အထွေးတွေကင်းစင်တဲ့အတွက် စိတ်ရွှင်လန်း၊ ရုပ်လည်ရွှင်လန်းပါတယ်။
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား



ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဉာဏ်တော်---
 ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား

စိတ်အားဖြည့်ဂုဏ်တော်သံစဉ်(၂)


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော ---
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော ---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား

အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသောမြတ်စွာဘုရား။

ဓမ္မပဒ (သို့မဟုတ်) မြတ်စွာဘုရား၏ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ဟောကြားချက်များ (၃)/(၄) Dhammapada (3)(4)

ဓမ္မပဒ(၃) စိတ် The Mild 

(၃၃)ကာမဂုံအာရုံ၌တုန်လှုပ်တတ်သော၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့်
လျှပ်ပေါ့သော၊ ကာမဂုဏ်အာရုံသို့မသွားအောင် စောင့်စည်းနိုင်ခဲ၊ တားဆီးနိုင်ခဲသော
စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်းဖြောင့်သကဲ့သို့) ပညာရှိသည်
သမထ၊ ၀ိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏။

(33) Just as a fletcher straightens an arrow shaft, even so the discerning
man straightens his mind- so fickle and unsteady, so difficult to guard and control.

(၃၅) နှိမ်နင်းရန်ခဲယဉ်း၊ အဖြစ်အပျက်အလွန်မြန်ဆန်၊ မျိုးနွယ်နိမ့်မြင့် သင့်မသင့်ကိုချင့်တွက်မရှိ တွေ့မိတွေ့ရာ ကာမဂုဏ်၌ကျရောက်လေ့ရှိသော စိတ်ကို ဆုံးမခြင်းသည်အလွန်ကောင်းမြတ်၏၊
ဆုံးမ၍ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်တတ်၏။
(35) Wonderful, indeed, it is to subdue the mind, so difficult to subdue, ever swift, and seizing whatever it desires. A tamed mind brings happiness.

(၃၆) မြင်နိုင်ရန်အလွန်ခဲယဉ်း၊ အလွန်သိမ်မွေ့၍၊ မျိုးနွယ်နိမ့်မြင့်သင့်မသင့်ကို
ချင့်တွက်မရှိ တွေ့မိတွေ့ရာကာမဂုဏ်၌ ကျရောက်လေ့ရှိသောစိတ်ကို ပညာရှိသည်
စောင့်ရှောက်ရာ၏၊ လုံခြုံစွာစောင့်ရှောက်အပ်သော စိတ်သည် ချမ်းသာကိုဆောင်တတ်၏။
(36) Let the discerning man guard the mind, so difficult to detect and extremely subtle, seizing whatever it desires. A guarded mind brings happiness.

(၄၂) ခိုးသူတစ်ယောက်သည် မိမိကိုပြစ်မှားလွန်ကျူးဖူးသော ခိုးသူတစ်ယောက်ကို မြင်သည်ရှိသော်

စိတ်အားဖြည့် ဂုဏ်တော်သံစဉ်


အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ ဘုရားရှင်ဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော်၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
ဘုရားရှင်မှာ စိတ်ပူတွေ ကင်းပါတယ်။ စိတ်ညစ်တွေ စင်ပါတယ်။ စိတ်ပုပ်၊ စိတ်ယုတ်၊ စိတ်ရှုပ်တွေ ကင်းစင်ပါတယ်။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် ကိလေသာ အငွေ့အသက်ပါမကျန် ကင်းစင်တော်မူပါတယ်။

အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
ဘုရားမဖြစ်ခင် ဒုက္ကရစရိယာ(၆)နှစ်ကျင့်စဉ်ကတည်းက
မကောင်းမှုကို စိတ်နဲ့တောင် ပြုတော်မမူပါဘူး။
ပါရမီဖြည့်ကျင့်စဉ်မှာလည်း မကောင်းမှုကို ရှောင်ကြဉ်ခဲ့ပါတယ်။
မကောင်းမှုကို မပြုခြင်းဟာ
ကောင်းကျိုးချမ်းသာရရှိခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။