Thursday, May 1, 2014

အနန္တ ထက် အနန္တ !!!


မေတ္တာကရုဏာအနန္တ မြတ်ဗုဒ္ဓ ၊

ပါရမီတော်အနန္တ မြတ်ဗုဒ္ဓ ၊
ကောင်းမှုအနန္တ မြတ်ဗုဒ္ဓ ၊
ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓ ၊
ဘုန်းကံတော်အနန္တ မြတ်ဗုဒ္ဓ ၊
ဉာဏ်တော်အနန္တ မြတ်ဗုဒ္ဓ ၊
စွမ်းအားအနန္တ မြတ်ဗုဒ္ဓ ၊
နိဗ္ဗာန်လမ်းပြ မြတ်ဗုဒ္ဓ ၊
အနှိုင်းမဲ့စံပြ မြတ်ဗုဒ္ဓ ၊
ကျက်သရေအနန္တ မြတ်ဗုဒ္ဓ ---
ဘုရားရှင်ဂုဏ် သတိရ စိတ်ဓာတ်ကောင်းလှပ၊
ချမ်းသာသုခ စုံပြည့်ဝ၊
သံသရာဝဋ်မှ ကင်းလွတ်ကြ
ကောင်းကျိုးအနန္တ ။  




မြတ်နိုးခြင်း၏ တည်ရာ @@@

စိတ်ပူကင်းစင် ဘုရားရှင်
စိတ်ညစ်ကင်းစင် ဘုရားရှင်
စိတ်ရှုပ်ကင်းစင် ဘုရားရှင်
စိတ်အေးကြည်လင် ဘုရားရှင်
ငြိမ်းအေးသခင် ဘုရားရှင်
လောဘကင်းစင် ဘုရားရှင်
ဒေါသကင်းစင် ဘုရားရှင်
မောဟကင်းစင် ဘုရားရှင်
ကိလေသာကင်းစင် ဘုရားရှင်၊

အလုံးစုံသိမြင် ဘုရားရှင်၊
အသိအကျင့်စုံလင် ဘုရားရှင်၊
ရွှေစကားသခင် ဘုရားရှင်
ရွှေတရားသခင် ဘုရားရှင်
နိဗ္ဗာန်စံဝင် ဘုရားရှင်၊
လောကသိမြင် ဘုရားရှင်၊
ဆုံးမသွန်သင် ဘုရားရှင်၊
လမ်းညွှန်ကယ်တင် ဘုရားရှင်၊
သံသရာကယ်တင် ဘုရားရှင်
သစ္စာသိမြင် ဘုရားရှင်၊

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
စိတ်ဓာတ်ကောင်းတွေ တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။       
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)ပူဇော်ပါသည်။


No comments:

Post a Comment