Friday, May 2, 2014

နွားကျင်ငယ်ရေဆေးအစွမ်း အံ့မခန်း


ဘုရားရှင်ပေးခဲ့သော ဆေးနည်း

စာရေးသူကျောင်းမှ ကျောင်းသားလေး၏ သွေးကင်ဆာရောဂါသည်လည်း ပျောက်ကင်းခဲ့၏။ စားရေးသူ၏ ကော့သောင်းမြို့မှ ရခဲ့သော ငှက်ဖျားသည်လည်း နွားကျင်ငယ်ရေနှင့်ကျမှ အမြစ်ပြတ်သွားခဲ့၏။ မြိတ်မြို့မှ စိန်မျှားဆေးပေါ့လိပ်ဖြန့်ချိရေး ကိုယ်စားလှယ် ဦးနေ၀င်း၏ သွေးပေါင်ကျရောဂါ၊ အခွန်ဦးစီးဌာနမှ ဗိုလ်ကြီးမျိုးသန့်၏ ဇနီးမသော်တာ၏ လေးဖက်နာရောဂါသည်လည်း နွားကျင်ငယ်ရေနှင့်မှ ပျောက်ကင်းကြ၏။
နွားကျင်ငယ်ရေဆေးဖော်နည်းမှာ - နွားထီးဖြစ်စေ၊ နွားမဖြစ်စေ နံနက်ခင်းပထမဆုံးပေါက်သော သေးကိုယူပါ။ ကောက်ရိုးအနည်းငယ်ထည့်ပြီး မီးနှင့်ကျိုပါ။ ဆယ်မိနစ်ခန့် ဆူအောင်တည်လျှင် လုံလောက်ပါပြီ။ ထို့နောက် ဖန်ခါးသီး၊ ဆီးဖြူသီး၊ သျှိုသျှားသီး သုံးမျိုးလုံးဖြစ်စေ၊ တစ်မျိုးတည်းဖြစ်စေ၊ ရရာကို ရေစင်အောင်ဆေးပြီး အသီးမှာပါသည့်ရေဓာတ် ခန်းခြောက်အောင်နေပြပါ။ ပြီးလျှင် စဥ့်အိုး(သို့မဟုတ် ဖန်ပုလင်း)ထဲသို့ အားလုံးကိုထည့်ပြီး လုံအောင်ပိတ်ထားပါ။ (အေး၍ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့နိုင်သောနေရာတွင်ထားပါ။) သုံးလခန့် ရှိလျှင် သုံးဆောင်နိုင်သော ဘုရားဆေး ဖြစ်ပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် ၏ လူငယ်များအတွက် ဂမ္ဘီရ၀ိဿနာ (၅+၆) မှ ဖြစ်ပါသည်။

၉၆ ပါးမကသော ရောဂါများအတွက် မြင်းခွာရွက်

မြန်မာဆေးကျမ်းများ အလိုအရ မြင်းခွာရွက် သည် အရသာ ခါး သက်သက် ရှိ၏ ၊စပ်ရှားရှား ရှိ၏ ၊ချို၏ ၊ ထက်မြက်၏ ၊ သလိပ်ကို ပယ်တတ်၏ ၊ အရေပြား ရောဂါ ၊ ယားနာ အဖုအပိမ့် များ ၊ အနာပေါက် ရောဂါ ၊ နူနာ တို့ကို ပျောက်ကင်း စေ၏။
အသုံးပြုပုံ-ပဉ္စငါးပါး
၁ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ သကြား ၊ ပျားရည်တို့ နှင့် ရောစပ်ပြီး နေ့စဉ် သောက်ခဲ့သော် သွေးသားသန့်စင်၍ခွန်အား တိုးတက်စေ၏ ။
၂ ။ မြင်းခွာရွက်အမှုန့်ကို အနည်းငယ် ပူအောင်ပြု၍ ရင်ဘတ်၌လိမ်းကျံပေးသော် ကလေးများ ချောင်းဆိုး ၊ အဆုတ်နာရောဂါပျောက် ၃ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ ရေနံဆီ ဖြင့် ဆတူ ရောစပ်ပြီး နှိပ်နယ် လိမ်းကျံပေး ခြင်းဖြင့် အဆစ်အဆက် တို့၌ ဖြစ်သော လေ အဖုအကျိတ်များပျောက်၏။
၎ ။ မြင်းခွာရွက် ကို အရည်ညှစ် ၍ လက်ဖက် ဇွန်းငယ် တစ်ဇွန်း ခန့် တိုက်ပါက ကလေးငယ် များ အအေးမိခြင်း ၊ လေပြွန် ချောင်းပူ ခြင်းပျောက်၏၊ ၀မ်းသက်၍ သလိပ်ကိုလည်းပျောက်၏။
၅ ။ အရေပြား ရောဂါများ အတွက် ၎င်း၏ အရွက် ညှစ်ရည် ဖြင့် လိမ်းကျံ ခြင်း စားသောက် ခြင်းဖြင့် ပျောက်ကင်း စေနိုင်၏ ။
၆ ။ ကိုယ်တွင် ရုတ်တရက် ထိခိုက်ပြီး ရောင်ရမ်း ခြင်း၌ မြင်းခွာရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် လိမ်းကျံပေးက ပျောက်ကင်း၏။
၇ ။ သွေးဝမ်းသွားခြင်း ၊ ဆီးချုပ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း၊ ဆီး၌သွေးပါခြင်းတို့အတွက် မြင်းခွာရွက်ဖျော်ရည်သောက်က ပျောက်၏
၈ ။မြင်းခွာရွက် ကို ငရုတ်ကောင်း ၊ ပျားရည်တို့ နှင့် စပ်၍ သုံးဆောင် က အသက်ရှည် ၏ ။ အနာရောဂါ ကင်း၏ ။
၉။ မြင်းခွာရွက် ကို အားတိုးဆေး ၊ အဆိပ်ပြေဆေး ၊ အနာပေါက် ကုဆေး ၊ မျက်စိနာ ပျောက်ဆေး အဖြစ်လည်း ဖော်စပ် သုံးနိုင်၏။
၁၀။ မြင်းခွာရွက် ကို အခြောက် ပြုလုပ်၍ လက်ဖက်ရည်ခါး သဖွယ် သောက်သုံး ခြင်း ဖြင့် သွေးတိုး ရောဂါ ကို သက်သာ စေ၏ ။ သွေးသားစင်ကြယ်စေ၏။ သွေးဆိပ်ပြေစေ၏။
၁၁ ။ မြင်းခွာရွက်အစိမ်းကို ကြိတ်၍ အ၀တ်ပါးပါး တွင် ထည့်ပြီး မျက်စိပေါ် တွင် အုံပေးခြင်း ၊ သို့မဟုတ် အရည်ညှစ်၍ မျက်စိတွင် ခတ်ပေး ခြင်းဖြင့် ပြင်းထန်စွာ မျက်စိနာ ခြင်း ၊ မျက်စိကျိန်းခြင်းများကို ပျောက်ကင်း စေ၏ ။
၁၂ ။ မြင်းခွာရွက်ကို အရိပ်ထဲတွင် အခြောက်ခံပြီး အမှုန့်ကြိတ်၍ ပျားရည်နှင့် ဆတူစပ်ပြီး ညအိပ်ရာဝင်ချိန်တွင် လျက်သော် နှစ်ခြိုက်စွာ အိပ်ပျော်စေ၏ ။

ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေး

          ကွယ်လွန်သူ သမားတော်ကြီး ဒေါက်တာဘသန်းက ကျွန်တော့်ကို ပြောဖူးသည်။
          “ ခေတ်ပေါ်ဆေးတွေက အစွမ်းထက်လှပါတယ်။ သိုပေမယ့် မလိုလားအပ်တဲ့ အာနိသင်အပိုတွေ ပါလာတတ်တယ်။ ဆရာကိုယ်တိုင် ကိုက်ခဲလို့ ဒယ်လဘင် ဗူဒါဇိုဒင်း ကို သောက်တယ်။ အကိုက်အခဲ ချက်ချင်းပျောက်တယ်။ သို့ပေမယ့် ဗိုက်နာဗိုက်အောင့် ဖြစ်ကျန်ရစ်ခဲ့တယ်။
          ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေးကို နှိုင်းယှဉ်ကြည့်သောအခါ နွားချေးဟူသော သဘာဝမြေသြဇာနှင့် ဓါတုဗေဒဓါတ်မြေသြဇာ ခြားနားပုံကို ကျွန်တော်သတိ၇မိပါသည်။ နွားချေးတွင် သစ်ပင်က အလိုရှိသော မြေသြဇာအာဟာရ အစုံပါသည်။ သုံး၍ လွယ်ကူသည်။ ဟိုဟာပိုသွားသည်။ ဒီဟာလိုသွားသည်ဟု မရှိလှ။ နွားချေးလိုသလောက်ရလျှင် နွားချေးကိုသာ ကျွန်တော်သုံးပေလိမ့်မည်။ ထို့ကြောင့်  အဓိကအားဖြင့် ဆေးဘက်ဝင်ရုက္ခသတ္တုပစ္စည်းများဖြင့် ဖော်စပ်ထားသော ဗိန္ဓောဆေးကို အားကိုးအားထားပြု၍ မှီဝဲရန် ကျွန်တော်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
( ဆရာဦးသိန်းဖေမြင့် ၏ “သူတို့လင်မယား ၃၄ နှစ်” စာအုပ် မှ)

No comments:

Post a Comment