Thursday, May 15, 2014

ပါချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာဘိဝံသ သြဝါဒများ





ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာနန္ဒမာလာ ဘိဝံသ တရားတော်များ




ဘ၀ ရိက္ခာ
ဘ၀ရိက္ခာဆိုတာ ကုသိုလ်ပဲဖြစ်တယ်
ဒါနကောင်းမှုလုပ်တယ် သီလစောင့်တည်တယ် သမ္မထ ၀ိပဿနာ ဘာဝနာ ကမ္မဌာန်းကို အားထုတ်တယ်ဆိုတာ ရိက္ခာစုဆောင်းခြင်းပဲဖြစ်တယ်
ကိုယ်သွားတဲ့ ဘ၀မှာ ဒါနကောင်းမှုလုပ်သွားလို့ ဒါနကုသိုလ်ဆိုတဲ့ ရိက္ခာပါလို့ရှိရင် ဘ၀ရောက်ရောက် စားရာမဲ့သောက်ရာမဲ့နဲ့
ဆင်းဆင်းရဲရဲ နေရတဲ့ ဘ၀မျိုးမဖြစ်ဘူး အိုတာတော့အိုမယ် သေတာတော့သေမယ် မအိုမနာမသေခင်မှာ ချမ်းသာသုခတွေ ရနိုင်သေးတယ်
ဘ၀ခရီးမှာ အခက်အခဲတွေသက်သာသွားမယ်
http://www.drnandamalabhivamsa.com.mm/audio/1270


ဒုစရိုက်အကျိုး အဆိုးပုံရိပ်များ
တနေ့တာမှာ ငါ့တွေးတာဟာ အပြစ်မကင်းတဲ့ အကုသိုလ်ကံတွေ တွေးတာရှိသလား
ပြောနေတဲ့စကားတွေဟာ အကုသိုလ်ကံတွေ ပါနေသလား
လုပ်နေတဲ့ အလုပ်တွေရော အကုသိုလ်ကံတွေဖြစ်နေသလား
ကိုယ်တိုင်ဆန်းစစ်ကြည့်ပြီး ကိုယ်တိုင်ပြုပြင်ရမယ်လို့ မြတ်စွာဘုရားကဟောကြားတော်မူတယ်...

https://www.youtube.com/watch?v=UoFJohPLV7Y&feature=youtu.be

လူစိတ်ကင်းမဲ့တဲ့ လူ

လူ့စိတ်ဆိုတာ အင်မတန်မှ မြင့်မြတ်တဲ့စိတ်
လူ့ဘ၀ရတဲ့ အခိုက်လေးမှာ လူ့စိတ်ရှိဖို့ အရေးကြီးဆုံးပဲ
လူ့စိတ်ဆိုသည်မှာ မေတ္တာတို့ ကရုဏာတို့ မုဒိတာတို့ မြင့်မြတ်တဲ့ ဥပေက္ခာတို့ဆိုတာနဲ့
လူ့ဘ၀မှာ အားလုံးနဲ့ဆက်ဆံ ပြောဆို နေထိုင်သွားရဖို့

ကိုယ့်သန္တာန်မှာ လူ့စိတ် အပြည့်အ၀ရှိမရှိ ကိုယ်တိုင်သိအောင်လုပ်ပြီးကြိုးစားအားထုတ်နေထိုင်ကြရမယ်.

http://www.drnandamalabhivamsa.com.mm/audio/1259


လိုချင်နေသမျှ ဘ၀မဆုံးနိုင်

သုခ ဒုက္ခ အမျိုးစုံတဲ့ ဘ၀မှာ လိုချင်မှုဆိုတာက ဦးဆောင်ပြီး ဖန်တီးနေသည့် အတွက်ကြောင့်
ချမ်းသာသုခတွေနဲ့ ပြည့်နှက်နေသော်လဲ နောက်ဆုံးမှာ ဆင်းရဲ ဒုက္ခနဲ့ အဆုံးသတ်ရတဲ့ ဘ၀..
အဲဒီ့ ဆင်းရဲဒုက္ခနဲ့ မကင်းနိုင်တဲ့ ဘ၀တွေကို အဆုံးသတ်ဖို့အတွက် လိုချင်မှုဆိုတဲ့ တဏှာကို ဖယ်ရှားနိုင်မှဖြစ်တယ်
လိုချင်နေသမျှတော့ လုပ်နေကြအုံးမှာပဲ လုပ်နေရင်လဲ ရနေအုံးမှာပဲ ရနေပြီးရင်လဲ ထပ်မံလိုချင်နေအုံးမှာပဲ
မဆုံးနိုင်တဲ့ သံသရာခရီးကို လျှောက်လှမ်းမှု ဖြစ်ပေါ်စေတာကတော့ တဏှာပဲ
http://www.drnandamalabhivamsa.com.mm/audio/1252

ဘုံဘ၀မှာ ဆုံမိကြခြင်း

လူတွေတစ်ဦးနဲ့ တစ်ဦးဆုံမိကြတယ် တစ်နေရာမှာ ဆုံမိကြတယ် တွေ့ကြတယ်ဆိုတာ အကြောင်းမဲ့ဆုံကြရတာမဟုတ်ဘူး
စိတ်ဓာတ်ခြင်း အတွင်းခံသဘာဝခြင်း တူညီတဲ့ ပုဂ္ဂိုလ်တွေဆုံကြတာ တူညီမှုကို အကြောင်းပြုပြီးဆုံကြတာ...
ဘုံဘ၀မှာ ဆုံမိကြတဲ့နေရာမှာ ကောင်းတဲ့ဆုံခြင်းလား မကောင်းတဲ့ဆုံခြင်းလား အကျိုးရှိသောဆုံခြင်းလား မကျိုးမရှိသောဆုံခြင်းလားဆိုတာ
ရွေးချယ်ကြရမှာဖြစ်တယ်

http://www.drnandamalabhivamsa.com.mm/audio/1250

ဒုလ္လဘဆိုတာ
ခေတ္တ ခဏ၀တ်လို့ ဒုလ္လဘလို့ခေါ်ဆိုတာမဟုတ်ဘူး
အလွန်ရခဲတဲ့ ရဟန်းဘ၀မို့ ဒုလ္လဘရဟန်းလို့ ခေါ်တွင်တယ်
ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံတွေ့ပြီး လူ့ဘ၀ရရှိလို့ သဒ္ဒါတရားနဲ့ ပြည့်စုံမှာသာ ရဟန်းဘ၀ဆိုတာ ရနိုင်တယ်
သဒ္ဒါတရားနဲ့ ပြည့်စုံရင်တောင် ရဟန်းဘ၀ရဖို့ ဆိုတာ အလွန်ခက်ခဲတယ်...

http://www.drnandamalabhivamsa.com.mm/audio/1248

စကားအရာ အင်္ဂါ(၅)ချက်
စကားပြောဆိုရာ၌ လိုက်နာရမည့်အချက်များ_
(၁) ပြောသင့်တဲ့အချိန်မှာ ပြောမယ်။ မပြောသင့်တဲ့အချိန်မှာ မပြောဘူး။
(၂) မှန်တာကိုပဲပြောမယ်။ မမှန်တာကို မပြောဘူး
(၃) ပြောမယ်ဆိုရင်လည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေးနဲ့ သိမ်သိမ်မွေ့ မွေ့ ပြောမယ်။ ရိုင်းရိုင်းစိုင်းစိုင်းမပြောဘူး။
(၄) ပြောတဲ့အခါ အကျိုးရှိတဲ့စကားကိုသာပြောမယ်။ အကျိုးမရှိတာကို မပြောဘူး။
(၅) ပြောတဲ့အခါ မေတ္တာနဲ့ ပြောမယ်။ ဒေါသနဲ့ မပြောဘူး။

တရားကျင့်တယ်ဆိုတာ
တရားကျင့်တယ်ဆိုတာ ကိုယ့်သန္တာန်မှာရှိတဲ့ သဘာဝ တစ်ခုနှင့်တစ်ခု ပြန်ချေဖျက်တဲ့ နည်းစနစ်ပဲ။ မုန်းတီးတဲ့ နှလုံးသားပေါ်လာလျှင် မေတ္တာနှလုံးသားနှင့် အစားထိုးလိုက်တယ်။ လောဘဖြစ်လာလျှင် အလောဘနှင့် အစားထိုးတယ်။ မောဟဖြစ်လာလျှင် အမောဘနှင့် အစားထိုးတယ်။
အဲဒီ့ အစားထိုးနေတာသည်ပင်လျှင် ...တရားကျင့်နေတာပါပဲု။

အတွယ်ရှိသမျှ စိတ်သောက မုချ ရှိလိမ့်မည်။
တွယ်တာကင်းမှ စိတ်သောက လုံးဝကင်းနိုင်မည်။
သောကမလွမ်း စိတ်ငြိမ်းချမ်း တက်လှမ်းနိဗ္ဗာန်ပြည်။

သူတော်ကောင်းတွေဟာ ပစ္စည်းဥစ္စာလည်း ကုန်ချင်ကုန်ပါစေ။
ကိုယ်အင်္ဂါတွေလည်း ပျက်စီးချင် ပျက်စီးပါစေ။ အသက်ပါ သေချင်သေပါစေ။
" တရား " ကိုတော့ အပျက်မခံဘူး။ ကိုယ်ကျင့်တရားကိုတော့ စွန့် လွှတ်မှာ မဟုတ်ဘူး။

ပါမောက္ခချုပ်ဆရာတော်ဧ။်မြန်မာ့ နှစ်သစ်ကူးသြဝါဒ

နှစ်ဟောင်းတစ်ခုမှနှစ်သစ် တစ်ခုသို့ ကူး ပြောင်းခြင်းကို ”သင်္ကြန် “ ဟုခေါ်ဧ။်။
နှစ်ဟောင်း နှစ်သစ်ကူးပြောင်းမှုကား အချိန်ကာလ တစ်ခုမျှသာ ဖြစ်၍
ကောင်းကျိုး ဆိုးကျိုးနှင့် ပတ်သက်မှု မရှိနိုင်။

နှစ်သစ် ကူး ချိန် နှင့် တပြေးညီစွာလိုက်နာ ကျင့်သုံးကြရမည်မှာ-

(၁) အဓမ္မ မှ ဓမ္မ သို့ ကူးပြောင်း နိုင် အောင် ကြိုးစားကြရမည်။

(၂) မှားယွင်းသော အတွေးအကြံ၊ အပြောအဆို၊ လုပ်ရပ်များမှ မှန်ကန်သော အတွေး အကြံ၊ အပြောအဆို၊ လုပ်ရပ်များသို့  ကူးပြောင်းနိုင် အာင် ကြိုးစားကြရမည်။

(၃) မနာလိုဝန်တိုခြင်း စိတ်ယုတ်များမှ ကြည်ဖြူ ဝမ်းသာမုဒိတာ စိတ်ထားသို့ ကူးပြောင်းနိုင် အောင်ကြိုးစားရမည်။

မေတ္တာဆိုတဲ့ သဘောထားဟာ လူတွေရဲ့ နှလုံးသားထားမှာ အခြေခံအားဖြင့် ပါရှိနေသော်လဲ တိုးတက်လာအောင်မလုပ်ဘူးဆိုရင်
မေတ္တာနှလုံးသားတိုးပွားလာမှာမဟုတ်ဘူး လေ့ကျင့်ပြီးတော့ မေတ္တာနှလုံးသားရင်ထဲမှာ ပြန့်ပွားလာအောင်လုပ်ဆောင်ကြရမယ်.....
မြတ်စွာဘုရားရှင်က ကာယကံ မေတ္တာ ၀စီကံမေတ္တာ မနောကံမေတ္တာ ဆိုပြီး မေတ္တာကို ၃ ပိုင်းခွဲခြားဟောကြားထားပေးတယ်......

https://www.youtube.com/watch?v=Oy6-v9rEPWE


လောကမှာရှိတဲ့ သတ္တ၀ါတွေဟာ သံသရာထဲမှာ ခရီးသွားနေရလို့ သံသရာခရီးသွားတွေပဲ..တိုတောင်းတဲ့ ခရီးကို သွားနေကြတာ မဟုတ်ဘူး မဆုံးနိုင်တဲ့ခရီးကိုသွားနေကြတာ..
ဘ၀ခရီးဆိုတာ ဘယ်တော့မှအဆုံးသတ်မှာဆိုတာမသိနိုင်ကြဘူးပေါ့
မဆုံးနိုင်တဲ့ ခရီးကို သွားနေကြရတာ ဘာကြောင့်လဲဆိုတော့ အရိယသူတော်စင်တွေ သိမြင်တဲ့ အမှန်တရားကို မသိကြလို့ သံသရာထဲမှာ ခရီးသွားနေကြရတာ..
သံသရာခရီးကြီးကို ရပ်တန့်ပစ်ချင်တယ်ဆို သစ္စာလေးပါးကို သိအောင်လုပ်ရမယ်....
https://www.youtube.com/watch?v=4O3Oxq6A4Cs

မြတ်ဗုဒ္ဓဟောကြားထားတဲ့ ယဉ်ကျေးမှုဆိုတာ
ဝတ်စားဆင်ယင်မှုနဲ့လဲ မပတ်သက်ဘူး နေထိုင်စားသောက်မှုနဲ့လဲ မပတ်သက်ဘူး ပြောဆိုဆက်ဆံရေးနဲ့လဲ မပတ်သက်ဘူး
လူတွေရဲ့ စိတ်ဓာတ်နဲ့ပဲ ပတ်သက်တယ် စိတ်ဓာတ်ယဉ်ကျေးမှ ယဉ်ကျေးမှုအပြည့်အ၀ရှိတယ်
စိတ်ဓာတ်ယဉ်ကျေးမှုဟာ စံထားရမဲ့ ယဉ်ကျေးမှုပဲ
https://www.youtube.com/watch?v=iuOF4tjVk5A


ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်ဆိုတာ
ကရုဏာရှိရမယ် ပညာလဲရှိရတယ်
ကရုဏာရှိမှ ဆင်းရဲဒုက္ခက လွတ်မြောက်ဖို့ ကြိုးစားပေးမှာဖြစ်တယ်
ပညာရှိမှ မှန်ကန်တဲ့ နည်းလမ်းကို ဟောပြောဆုံးမပေးမှာဖြစ်တယ်

https://www.youtube.com/watch?v=vxUOvgZujBc&feature=youtu.be

လောကမှာနေထိုင်ကြတဲ့အခါမှာ တစ်ဦးတစ်ယောက်တည်းနေထိုင်တာမဟုတ်တဲ့အတွက်ကြောင့် သည်းခံခြင်းဆိုတာ အများနဲ့ ဆက်ဆံတဲ့အခါမှာ အရးကြီးဆုံးဂုဏ်ရည်ပဲဖြစ်တယ်
ခန္တီ ဆိုတာ စိတ်နဲ့ ပတ်သက်တဲ့အရည်အချင်းတစ်ခု ပင်ကိုစိတ်အခြေအနေကိုထိန်းထားနိုင်တဲ့ အရည်အချင်းတစ်ခု
သည်းခံတယ်ဆိုတာ ကိုယ်မနိုင်လို့ အရှူံးပေးလိုက်တာမဟုတ်ဘူး အပြုံးမပျက် ပင်ကိုစိတ်အနေမထားမပျက်နေနိုင်တယ်ဆိုတာပဲ...


http://www.youtube.com/watch?v=yfj5xhucD6w&feature=youtu.be

www.drnandamalabhivamsa.com.mm ရှိ အမေးအဖြေကဏ္ဍ မှ တဆင့် ဆရာတော်ဘုရားကြီးထံသို့ လျှောက်ထားမေးမြန်းခြင်းများ ပေးပို့နိုင်ပါသည်။

www.drnandamalabhivamsa.com.mm/


အမေး(၁၀) မောင်သူရ (thura.civil8@gmail.com)

အရှင်သူမြတ်ဘုရား
ဘုရားတပည့်တော် ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား
အလှူဒါနပြုကြရာတွင် မည်သို့ပြုသည်ဖြစ်ပါမှ လက်ရှိဘဝတွင်ပါ မျက်မှောက် လက်ငင်း ခံစားရခြင်းသည်
ဖြစ်ပါမည်လဲ အရှင်ဘုရား။ များသောအားဖြင့်တပည့်တော်တို့ သိမှတ် ရသည်မှာ နောက်နောက်
ဘဝများမှ သာလျှင် ခံစားရသည်ဟုသာ ကြားနာမိ ပါသည်။ အမြတ် ဆုံးဖြစ်သော ရတနာသုံးပါးကို ယုံကြည် ကိုးကွယ်ဆည်းကပ်ကြသော ဥပါသကာတို့တွင် ပို၍ပင် အကျိုးပေး သင့်သည် မဟုတ် ပါလား ဘုရား။မေတ္တာရှေ့ထားဖြေကြားတော်မူပါဘုရား။

(၁၀) မောင်သူရ၏မေးခွန်းကိုဖြေဆိုခြင်း

မည်သည့်ကောင်းမှုပဲဖြစ်စေ လက်ရှိဘ၀၌ အကျိုးပေးနိုင်တဲ့စေတနာပါရှိသလို နောက်ဘ၀များတွင်မှ အကျိုးပေးမည့်
စေတနာများလည်းပါရှိသည်။ အလှူဒါနပြုကြရာ တွင် စေတနာမှန်ကန်ဖို့လိုပါသည်။ မလှူမီ၊ လှူဆဲ၊ လှူပြီးနောက်
ဝမ်းမြောက် ၀မ်းသာ ဖြစ်ရပါမည်။ကွဲပြားခြားနားမှုမရှိစေရပါ။ အလှူခံပုဂ္ဂိုလ် အလိုက် အကျိုးပေးမှုသည်
ကွာခြားတတ်သည်။
ကိုယ်ကျိုးအတွက် မငဲ့ကွက်သော ပါရမီဒါနမျိုးကပို၍ အကျိုးဖြစ်ထွန်း စေပါသည်။


အမေး (၄) မောင်နောက်တိုး၏ မေးခွန်းကိုဖြေဆိုခြင်း

ရိုသေလေးစားစွာ လျှောက်ထားမေးမြန်းအပ်ပါတယ်ဘုရား။
အနတ္တသဘောအရ လူဟာ ကိုယ့်ကိုယ်ကို အစိုးမရဘူးဆိုရင် ကုသိုလ်ကိုပြုရန် အကုသိုလ်ကိုမပြုရန် လုံ့လဥဿဟကို ဘယ်လိုဖြစ်နိုင်ပါတော့မလဲ။ တပည့်တော်အနေနဲ့ လူဟာ မိမိကိုယ်ကို
အများအားဖြင့် အစိုးမရသော်လည်း အနည်းငယ် တစ်စိတ် တစ်ပိုင်းအားဖြင့်တော့ အစိုးရနေတယ်လို့ ထင်မြင်နေမိပါတယ်ဘုရား။ မိမိကိုယ်မိမိ မအိုမနာမသေအောင် အာဏာမထားနိုင်သော်လည်း
ကြွရန် လှမ်းရန်ချရန် လက်မြှောက်လက်ချရန် စသည်တို့မှာတော့ အာဏာထားနိုင်တယ်လို့ ထင်နေမိပါတယ်ဘုရား။ တပည့်တော်ရဲ့ သံသယကို သနားသဖြင့် ပယ်ဖျောက်ပေးပါရန် လျှောက်ထားတောင်းပန်အပ်ပါတယ်ဘုရား။
(၄) မောင်နောက်တိုး၏မေးခွန်းကိုဖြေဆိုခြင်း
အနတ္တဆိုတာ ကိုယ်လုပ်ချင်တာလုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး၊ ဖြစ်ပျက်မှုနှင့် အစဉ်ပြောင်း နေတဲ့သဘောကိုပြောတာ၊ အနတ္တလက္ခဏသုတ်ကို ဖတ်ကြည့်၊ လူတွေ အပေါ်ယံကိစ္စ ပြောင်းလွဲ လုပ်ကိုင်နိုင် သော်လည်း အို၊နာ၊သေ သဘောကို မချုပ်ကိုင်နိုင်ပါဘူး၊ ဒါအနတ္တပေါ့၊ အကြောင်းတရား ညီညွတ်ခြင်းကြောင့် ဖြစ်နေသည်ကို ကိုယ့်ရဲ့ ဆန္ဒအရ ဖြစ်ပေါ်သည်ဟုထင်တာပါ၊ အကြောင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားတာနဲ့ တပြိုင်နက် ဘာမှလုပ်မရဘူးဆိုတာ ထင်ရှားတယ်၊ လေဖြတ်ခံထားရသူကိုပဲကြည့်ပေါ့၊ တကယ်တော့ ကိုယ်ဖြစ် ချင်တိုင်းဖြစ်နေတယ်ဆိုတာ ဆိုင်ရာအကြောင်းတွေရှိလို့ဖြစ်တာပါ၊ အရက် အကျန်အကြွင်းလေးကို သောက်ပြီး မူးယစ်နေတဲ့ နောက်ချေးပိုးထိုးတစ်ကောင်ဟာ နွားချေးပုံ အစိုပေါ်တက် လိုက်တဲ့အခါမှာ ငါ့ကိုယ်ရဲ့ အလေးချိန် ကြောင့် နွားချေးပုံကြီးအိသွားတယ်လို့ အထင်ရောက်ဘူးတယ်၊မူးမူးရူးရူးနဲ့သူ့ကိုယ်သူ အထင်ကြီးပြီး အနားက ဖြတ်သွားတဲ့ တောဆင်ရိုင်းကိုစိန်ခေါ်လိုက်တယ်၊ ဆင်ကြီးက နွားချေးပိုးကောင်ရဲ့ စိန်ခေါ်မှုကို သူ့အပေါ် မစင် စွန့်ချခြင်းဖြင့်ဖြေရှင်းပေးလိုက်တယ်။(ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ကိုကြည့်)၊ဂူထပါဏဇာတ် (ဇာတ်နံပါတ်-၂၂၇)။

အမေး(၃) တပည့်တော်စိုးမင်းနိုင် (soeminnaing@gmail.com)


အရှင်ဘုရား
မြင့်မိုရ်တောင် ဘယ်မှာ ရှိလဲ ဘုရား..တစ်ယူဇနာက ဘယ်လောက် ရှိလဲ၊ကမ္ဘာကနေ နေဆီအကွာအဝေး လဆီအကွာအဝေး က တစ်ခါက တပည့်တော်တွက်ကြည့်တာမကိုက်ဘူး ဘုရား! ဘုရားကိုတော့ ယုံတယ် ဘုရား မှတ်တမ်းတွေကများ လွဲလို့လား ဘုရား. Mm နှင့် mm လို ဘုရား...

ကိုစိုးမင်းနိုင်၏မေးခွန်းကိုဖြေဆိုခြင်း
မြင့်မိုရ်တောင်ဘယ်နားရှိလဲဆိုတာကို…ကိုယ်တိုင်သိချင်နေတာကြာပြီ၊ တကယ်တော့ လူသားတွေ ကိုယ်တိုင်မြင့်မိုရ်တောင်၏ပတ်ဝန်းကျင်တွင်နေထိုင်လျက်ရှိသည်ဟုသတိပြုသင့်သည်။စာပေကျမ်းဂန်၌ မြင့်မိုရ် တောင်ထိပ်၌ တာဝတိံသာနတ်ပြည်ရှိသည်။အောက်ခြေ၌ အသူရာပြည်ရှိသည်။ အလယ်တွင် ကျွန်းကြီး လေးကျွန်းပါဝင်သော လူ့ဘုံရှိသည်။ကမ္ဘာလုံးကြီးကိုကြည့် မြောက်ဝင်ရိုးစွန်းထိပ်သည် မြင့်မိုရ်တောင်ထိပ်၊ တောင်ဝင်ရိုးစွန်းအခြေသည် အသူရာနတ်ပြည်၊ အလယ်မှာလေးကျွန်းဖြင့် ဖွဲ့စည်းထားသော လူ့ဘုံရှိသည်။ ဤသို့ပင်ထင်မြင်ယူဆပါသည်။ ယူဇနာဆိုသည်မှာ (Measurement) တစ်ခုသာဖြစ်သည်။ အတိုင်းအတာ ဆိုသည်မှာကွာခြားနိုင်သည်။ အနေအထား ဆိုသည်မှာပြောင်းလဲနိုင်သည်။ပဲခူးမြို့တည်ရာမြေသည် ရှေးယခင်ကရေအောက်တွင်ရှိပြီး ဟင်္သင်္င်္င်္ာ ငှက် (၁)‌ကောင်နားယုံသာ ကုန်းပေါ်သည်ဟုဆိုသည်။ အဲ့ဒါကို ယခုလူတွေ ယုံနိုင်ပါ့မလား၊ တကယ်တော့ ပြောင်းလဲမှုနိယာမ၏ ဖြစ်စဉ်မျှသာဖြစ်သည်။ မနေ့က အခြေအနေနှင့် ယနေ့ မတူဘူးဆိုတာ ထင်ရှား၏။ ပြောင်းလဲမှု၏ သဘာဝအတိုင်းမှတ်ရမည်သာ ဖြစ်သည်။ငြင်းဆိုဖွယ်မရှိ။

အမေး (၄) မောင်နောက်တိုး၏ မေးခွန်းကိုဖြေဆိုခြင်း

ရိုသေလေးစားစွာ လျှောက်ထားမေးမြန်းအပ်ပါတယ်ဘုရား။
အနတ္တသဘောအရ လူဟာ ကိုယ့်ကိုယ်ကို အစိုးမရဘူးဆိုရင် ကုသိုလ်ကိုပြုရန် အကုသိုလ်ကိုမပြုရန် လုံ့လဥဿဟကို ဘယ်လိုဖြစ်နိုင်ပါတော့မလဲ။ တပည့်တော်အနေနဲ့ လူဟာ မိမိကိုယ်ကို
အများအားဖြင့် အစိုးမရသော်လည်း အနည်းငယ် တစ်စိတ် တစ်ပိုင်းအားဖြင့်တော့ အစိုးရနေတယ်လို့ ထင်မြင်နေမိပါတယ်ဘုရား။ မိမိကိုယ်မိမိ မအိုမနာမသေအောင် အာဏာမထားနိုင်သော်လည်း
ကြွရန် လှမ်းရန်ချရန် လက်မြှောက်လက်ချရန် စသည်တို့မှာတော့ အာဏာထားနိုင်တယ်လို့ ထင်နေမိပါတယ်ဘုရား။ တပည့်တော်ရဲ့ သံသယကို သနားသဖြင့် ပယ်ဖျောက်ပေးပါရန် လျှောက်ထားတောင်းပန်အပ်ပါတယ်ဘုရား။
(၄) မောင်နောက်တိုး၏မေးခွန်းကိုဖြေဆိုခြင်း
အနတ္တဆိုတာ ကိုယ်လုပ်ချင်တာလုပ်လို့မရဘူးလို့ ပြောတာမဟုတ်ဘူး၊ ဖြစ်ပျက်မှုနှင့် အစဉ်ပြောင်း နေတဲ့သဘောကိုပြောတာ၊ အနတ္တလက္ခဏသုတ်ကို ဖတ်ကြည့်၊ လူတွေ အပေါ်ယံကိစ္စ ပြောင်းလွဲ လုပ်ကိုင်နိုင် သော်လည်း အို၊နာ၊သေ သဘောကို မချုပ်ကိုင်နိုင်ပါဘူး၊ ဒါအနတ္တပေါ့၊ အကြောင်းတရား ညီညွတ်ခြင်းကြောင့် ဖြစ်နေသည်ကို ကိုယ့်ရဲ့ ဆန္ဒအရ ဖြစ်ပေါ်သည်ဟုထင်တာပါ၊ အကြောင်းတစ်ခုခု ချို့ယွင်းပျက်စီးသွားတာနဲ့ တပြိုင်နက် ဘာမှလုပ်မရဘူးဆိုတာ ထင်ရှားတယ်၊ လေဖြတ်ခံထားရသူကိုပဲကြည့်ပေါ့၊ တကယ်တော့ ကိုယ်ဖြစ် ချင်တိုင်းဖြစ်နေတယ်ဆိုတာ ဆိုင်ရာအကြောင်းတွေရှိလို့ဖြစ်တာပါ၊ အရက် အကျန်အကြွင်းလေးကို သောက်ပြီး မူးယစ်နေတဲ့ နောက်ချေးပိုးထိုးတစ်ကောင်ဟာ နွားချေးပုံ အစိုပေါ်တက် လိုက်တဲ့အခါမှာ ငါ့ကိုယ်ရဲ့ အလေးချိန် ကြောင့် နွားချေးပုံကြီးအိသွားတယ်လို့ အထင်ရောက်ဘူးတယ်၊မူးမူးရူးရူးနဲ့သူ့ကိုယ်သူ အထင်ကြီးပြီး အနားက ဖြတ်သွားတဲ့ တောဆင်ရိုင်းကိုစိန်ခေါ်လိုက်တယ်၊ ဆင်ကြီးက နွားချေးပိုးကောင်ရဲ့ စိန်ခေါ်မှုကို သူ့အပေါ် မစင် စွန့်ချခြင်းဖြင့်ဖြေရှင်းပေးလိုက်တယ်။(ငါးရာ့ငါးဆယ်ဇာတ်နိပါတ်ကိုကြည့်)၊ဂူထပါဏဇာတ် (ဇာတ်နံပါတ်-၂၂၇)။


အမေး (၆၄) မောင်ကျော်သူအောင် (ygn.sayarkyaw@gmail.com)

ဆရာတော်ဘုရား တပည့်တော်မေးချင်တာလေးကို လျှောက်ထားပါရစေဘုရား။ တပည့်တော်တို့ လူ တွေမှာ စိတ်ကို အဓိကထိန်းချုပ်ထားတာဟာ အနောက်တိုင်းပညာရှင်တွေပြောတော့ ဦးနှောက်က အဓိကလို့ ပြောပါတယ်ဘုရား။တပည့်တော်တို့ဘုရားကကျတော့ ဟဒယနှလုံးလို့ သိပါတယ်ဘုရား။ တပည့်တော် သိထား တာကတော့ ဟဒယဆိုတာ မြတ်စွာဘုရားက တစ်ကိုယ်လုံးမှာရှိတယ်လို့ သိရပါတယ်ဘုရား။ အဲဒီလိုမျိုး နှစ်ခု ဟာ တပည့်တော်ကို ၀ိစိကိစ္ဆာဖြစ်ပါတယ်ဘုရား။ တပည့်တော်ကို သနားသောအားဖြင့် နားလည်အောင်ရှင်း ပြပါဘုရား။


(၆၄) ‌မောင်ကျော်သူအောင်၏မေးခွန်းကိုဖြေဆိုခြင်း


“စိတ်ကိုအဓိကထိန်းချုပ်တာဟာ အနောက်တိုင်းပညာရှင်တွေပြောတော့ ဦးနှောက်ကအဓိကလို့ပြောပါ တယ်”စတဲ့မေးခွန်းမှာ စိတ်ဖြစ်မှုကို မေးခြင်းဟုထင်သည်။သို့မဟုတ်လျှင် စိတ်ကို အဓိကထိန်းချုပ်တာဟာ “သတိ”လို့သာဟုဖြေရမည်။

စိတ်၏မှီရာနှင့် ပတ်သက်၍ ဦးနှောက်နှင့် နှလုံးသားကို ကွဲပြားစွာ သိလိုသည်ဟု ထင်သည်။ ဗုဒ္ဓအဘိဓမ္မာ ဓမ္မင်္သဏီကျမ်း၌ “ဟဒယ၀တ္ထုရုပ်”အကြောင်းမပါပါ။ သို့သော် ပဌာန်းကျမ်း၌မူ “ယံရူပံ”(အကြင်ရုပ်)ဟု၎င်း ၀တ္ထုခန္ဓာနံ- ၌ “၀တ္ထု (မှီရာရုပ်)” ဟု၎င်း ညွန်းဆိုထားသည်။ ၀ိသုဒ္ဓိမဂ်မဂ်အ|ကထာ နောက်ပေါ်ကျမ်းများ၌မူ “ဟဒယ၀တ္ထုရုပ်”ကို တိုက်ရိုက်ဖော်ပြကြ၏။

ဟဒယ၀တ္ထုရုပ်သည် လူ့ခန္ဓာတွင် မည်သည့်နေရာမှာရှိသနည်း? နှလုံးသားအတွင်း တစ်လက်ဖက်ခန့်ရှိ သွေး၌ တည်ရှိသည်ဟုဆို၏။ နှလုံးသားကို ဟဒယ၀တ္ထုရုပ်ခေါ်သည်မဟုတ်၊ နှလုံးသည် ခန္ဓာကိုယ်တွင်း သွေး လည်ပတ်မှု ဖြစ်စေသည့် အင်္ဂါရပ်ဖြစ်၏။

စိတ်ဖြစ်မှုအတွက် အကြောင်းများစွာရှိသည့်အနက် ဦးနှောက်အဓိကလား နှလုံးအဓိကလားဟု စဉ်းစားကြ၏။ ဦးနှောက် ၊ နှလုံး ၂ ခုလုံးကောင်းမှဟန်ချက်ညီညီ အလုပ်လုပ်မှ စိတ်ပီပြင်စွာဖြစ်မည်။

မြတ်ဗုဒ္ဓအလို ဦး‌နှောက်ဟုလည်းမပြော၊ နှလုံးဟုလည်းမပြော ၊ ဓာတ်၏မှီရာရုပ် (၀တ္ထု) ဟုသာပြော သဖြင့် ၂ခုလုံးကို ရည်ညွှန်းသည်ဟုဆိုနိုင်၏။ ဘုန်းကြီးတို့ဟောထားသည့် “အဘိဓမ္မာ မြတ်ဒေသနာ”မှ ဟဒယ ၀တ္ထအကြောင်းကိုဖတ်ပါ။


အမေး (၆၁) ဦးကြည်ဇင်

ဝိနည်းတော်နဲ့ညီ/မညီ၊ ရဟန်းသံဃာတော်များသည် ဘုရားရှင်အား ရည်စူး၍ အာရုံဆွမ်း (သို့) နေ့ဆွမ်း အတွက် ကိုယ်တိုင် ဆွမ်းချက်(ပေါင်းအိုးဖြင့် ထမင်းချက်ခြင်း)ခွင့်ရှိပါသလား။

(၆၁) ဦးကြည်ဇင် ၏မေးခွန်းကိုဖြေဆိုခြင်း

အစားအစာ ကိုယ်တိုင်ချက်ခြင်းကို သာမံပက္ကဟုခေါ်သည်။ အခြေအနေ အချိန်အခါကိုကြည့်၍ မြတ်စွာ ဘုရားက ကိုယ်တိုင်မချက်ရဟု ပညတ်သည်။ ရံခါ ကိုယ်တိုင်ချက်နိုင်သည်ဟုခွင့်ပြုသည်။ ဆွမ်းခံစား၍ရနိုင် သောနေရာတွင် ကိုယ်တိုင်မချက်ရ။ ယုံကြည်စိတ်ချရသော ကပ္ပိယရှိလျှင် ကိုယ်တိုင်မချက်ရ။ ဆွမ်း၊ ဆန် မရ သည့် နေရာဒေသမျိုးမှာ ကပ္ပိယမရှိလျှင် ကိုယ်တိုင်ချက်ခွင့်ရှိသည်။ အခြေအနေအရဟု မှတ်သားသင့်သည်။ ဘုရားရှင်အား ရည်စူး၍ ကိုယ်တိုင်ဆွမ်းချက်ကပ်လျှင် ဆွမ်းခံရသောနေရာ ကပ္ပိယ ရရှိသောနေရာဖြစ်ပါလျှင် ဘုရားပညတ်ချက်ကို ချိုးဖောက်ရာရောက်သည်။ ဘုရားရှင်အား ရည်စူးတာ ကုသိုလ်ဖြစ်သော်လည်း တဖက်က ဘုရားစကားကို နားမထောင်ရာ ရောက်သည်။ ဆွမ်းခံ၍ရသော ဆွမ်းကို ဘုရားအားလှူဒါန်းသင့်သည်။

အမေး (၆၆) ဦးဝင်းမြတ် (wynnmyat12@gmail.com)

အရှင်ဘုရား
တပည့်တော်သည် တိုင်းရင်းဆေးဆရာဖြစ်ပါသည်ဘုရား။ ဓာတ်လေးပါးတို့ကို ဆက်စပ်မှုတွင် အာကာသဓာတ် အရေးပါပုံကို သိလိုပါသည်ဘုရား။ လူခန္ဓာကိုယ်တွင် ဓာတ်လေးပါး ဖောက်ပြန်ခြင်းသည် စာအရ သဘောတရားမျှ ဖြစ်ပါသလား ? နူးညံ့သိမ်မွေ့သော ဓာတ်လေးပါးဖြစ်ခြင်း ထင်ပါသောကြောင့် western medicine အရ ခန္ဓာဖောက်ပြန်ခြင်းကို ဒေသနာအရ သမုဒ်ဌာန်းလေးပါးနှင့် ဓာတ်လေးပါးကြားတွင် အာကာသဓာတ်က အရင်ဖောက်ပြန်ပြီးမှ အခြားဓာတ်လေးပါး ပျက်စီးတတ်ပါသလားကို ခြေတော်ဦးခိုက် လျှောက်ထား အပ်ပါသည်ဘုရား။

(၆၆) ဦးဝင်းမြတ် ၏မေးခွန်းကိုဖြေဆိုခြင်း
အာယုဗ္ဗေဒနှင့် ဗိန္ဓောဆေးကျမ်းများကို မလေ့လာဘူး၍ ဆေးပညာအရ အာကာသဓာတ်အကြောင်း မသိပါ။ ဗုဒ္ဓအဘိဓမ္မာအရ အာကာသဓာတ်ဆိုသည်မှာ ရုပ်ကလာပ် ၂ခု ကို အပိုင်းအခြားပြုသော အရာကို (ပရိစ္ဆေဒရုပ်)ခေါ်သည်။ ရုပ်ကလာပ်များနှင့် ဆက်စပ်နေသောကြောင့်သာ “ရုပ်”ဟုခေါ်ခြင်းဖြစ်၏။ ရုပ်အစစ် မဟုတ်။ ဓမ္မသင်္ဂဏီပါဠိ ရူပကဏ္ဍ၌ “အာကာသဓာတ်ရုပ်ဆိုသည်မှာ မဟာဘုတ် ၄ ပါးတို့နှင့် ထိစပ်မှုမရှိခြင်း သဘာဝပင်ဖြစ်သည်”ဟုဆိုသည်။ သို့ဖြစ်၍ အာကာသဓာတ်သည် ရုပ်ကလာပ်တို့၏ အပိုင်းအခြားမျှသာဖြစ်၏။ သည်ထက်ပို၍ အရေး မပါ။ ဓာတ်လေးပါးဖောက်ပြန်သည်ဆိုခြင်းမှာ သဘာဝချင်းမတူသည့် ဓာတ်၎ပါးတို့၏ အချိုးအစားမညီဘဲ လွန်ကဲခြင်း ယုတ်လျော့ခြင်းကို ဆိုလိုသည်။ ခန္ဓာကိုယ်၌ ပထဝီဓာတ်ပျက်လျှင် က|မုခမြွေအကိုက်ခံရသူလို တကိုယ်လုံးတောင့်တင်းနေတတ်သည်။ အာပေါဓာတ်ပျက်လျှင် ပူတိမုခမြွေ အကိုက်ခံရသူလို တကိုယ်လုံးပုတ်၏ တေဇောဓာတ်ပျက်လျှင် အဂ္ဂိမုခမြွေအကိုက်ခံရသူလို တကိုယ်လုံး ပူ လောင်၏။ ဝါယောဓာတ်ပျက်လျှင် သတ္တမုခမြွေ အကိုက်ခံရသူလို တကိုယ်လုံး အရုပ်ကြိုးပြတ်ဖြစ်၏ဟု အ|သာလိနိမှာဆိုသည်။ အချုပ်မှာ အာကာသဓာတ်ဖောက်ပြန်ပြီးမှ ဓာတ်၎ပါးဖောက်ပြန်သည်မဟုတ်၊ ဓာတ် ၄ ပါး ကသာ မူရင်းဖြစ်သည်ဟု မှတ်သင့်၏။

အမေး (၆၅) သက်ဝေဇော် (thetwz81@gmail.com)

သွေးလှူခြင်းရဲ့ အကျိုးကျေးဇူးလေးသိပါရစေဘုရား။

(၆၅) သက်ဝေဇော် ၏မေးခွန်းကိုဖြေဆိုခြင်း
ဟဒယဝတ္ထုရုပ်သည် နှလုံးသွေး၌တည်၏။ ဟဒယဝတ္ထုရုပ်ကို မှီ၍ အရေးကြီးသောစိတ်များ (မနောဓာတ်,မနောဝိညာဏဓာတ်) ဖြစ်ကြရ၏။ သွေးသည် ရုပ်နာမ်တွေ အသက်ရှင်ဖို့ အရေးကြီးသော အရာ ဖြစ်၏။ သွေးလှူခြင်းသည် အသက်ကိုပေးလှူခြင်းဖြစ်၍ ကြီးမားသော အာယုဒါန (ဇီဝိတဒါန)ဖြစ်၏။ Reaction အရ ဖြစ်လေရာရာဘဝမှာ ကျန်းမာခြင်း၊ အသက်ရှည်ခြင်း အကျိုးကို ရနိုင်သည်ဟု မှတ်သင့်၏။

“ကောင်းကျိုးချမ်းသာတွေရဲ့ ၀င်ပေါက်တံခါးကြီးတွေ” – Gate to prosperity ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီး၆ ခု”

တကယ်စစ်မှန်တဲ့နည်းနဲ့ လူ့ဘ၀တစ်ခုမှာပြည့်စုံ တိုးတက်ပြီးတော့ ကောင်းကျိုးချမ်းသာတွေရဖို့၊ ခိုင်မာဖို့ ဆိုတာကျတော့ ဘာလိုအပ်သလဲဆိုတာကိုမြတ်စွာဘုရား ဟောထားတာရှိတယ်၊ စဉ်းစား ကြည့်မယ်ဆိုရင် အင်မတန်မှမှန်ကန်တယ်၊ အဲဒါကို “အတ္တဒွါရ” လို့ သုံးထားတယ်၊ “ကောင်းကျိုးချမ်းသာတွေရဲ့ ၀င်ပေါက်တံခါးကြီးတွေ” – Gate to prosperity ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေပေါ့၊ ကြီးပွားတိုးတတ်နိုင်တယ်၊ လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်နိုင်တယ်၊ လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခုရှိတယ်၊ ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုးရှိတယ်တဲ့၊ ကိုယ့်ဟာကိုယ်လည်း စဉ်းစားကြည့်ပေါ့၊ ဒီ ၆ မျိုးကိုရ အောင်ဖန်တီးရမယ်။

နံပါတ် (၁) က “အာရောဂျံ” ကျန်းမာခြင်းတဲ့၊

ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊ ကျန်းမာတယ်ဆိုတာ နှစ်ခုရှိတယ်၊ ကာယကျန်းမာရေးနဲ့ စိတ္တကျန်းမာရေး၊ လူ့ဘ၀ရောက်ပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင် လုပ်ရမယ်၊ ကံမကောင်းအကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီးတော့ကုလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေရှိတာပဲ၊ အနေအထိုင်အစားအသောက်မတတ်လို့ ကျန်းမာရေးချို့တဲ့သွားတဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီးရှိတယ်၊ ပင်ကိုယ်က ကျန်းမာလျက်သားနဲ့ အနေ အထိုင် အစားအသောက်မတတ်လို့ မကျန်းမမာဖြစ်သွားတာ။
မကျန်းမမာဖြစ်သွားရင် အားလုံးဆုံးရှုံးသွားပြီလို့သာမှတ်ပေတော့၊ တချို့က ပိုက်ဆံရှိရင် ဆေးကုလို့ရတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ကုမရတဲ့ အနေအထားမျိုး incurable တွေရှိတယ်၊ အဲဒါကြောင့် နံပါတ်(၁) အရေးကြီးဆုံးက ကိုယ့်ကိုယ်ကို ကျန်းမာရေး ဂရုစိုက်ရမှာပဲ၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်။
ကိုယ်ကျန်းမာဖို့အတွက်ကျတော့ physical exercise လုပ်တာတို့၊ ကိုယ်နဲံမတည့်တဲ့အစာ မစားတာတို့၊ ကိုယ်နဲံသင့်မြတ်တဲ့ အစားအစာ စားတယ်၊ မလော်လီဘူး၊ ကိုယ့်စိတ်ကို ထိန်းချုပ်တယ်၊ ကျန်းမာအောင်နေတယ်၊ ကျန်းမာအောင်ဝတ်တယ်၊ ကျန်းမာအောင်စားတယ်၊ ဒါတွေက ကာယကျန်းမာရေး အတွက်အထောက်အကူဖြစ်တယ်၊ ဒါကျန်းမာရေးလိုက်စားတဲ့ ပုဂ္ဂိုလ်တိုင်း သိတယ်၊ ဘုရားဟောတာလည်း ဒါပဲဟောတာပဲ။
စိတ်ကျန်းမာဖို့ကျတော့ ဘာလုပ်ဖို့လိုလဲဆိုတော့ လောကလူတွေဟာ ဘာကြောင့် စိတ်မကျန်းမမာဖြစ်သလဲဆိုတော့ လောဘတွေ လွှမ်းမိုးမယ်၊ ဒေါသတွေလွှမ်းမိုးမယ်၊ မောဟတွေ လွှမ်းမိုး မယ်ဆိုရင် စိတ်မကျန်းမမာဖြစ်လာတတ်တယ်၊ ဒါ့ကြောင့် ကိုယ့်သန္တာန်မှာ လောဘတွေကို များများ အဖြစ်မခံရဘူး၊ ဖြစ်လာလို့ရှိရင် ဒါတွေက စိတ်ကျန်းမာရေးထိခိုက်တဲ့အရာတွေပဲ ဆိုပြီးတော့ စိတ်ကျန်းမာ အောင်နေတယ်၊ စိုးရိမ်သောကတွေကို တရားဓမ္မကိုနှလုံးသွင်းခြင်းဖြင့် လျှော့ချလို့ရတယ်၊ အဲဒီလိုနည်းဖြင့် ကိုယ်ကျန်းမာအောင်၊ စိတ်ကျန်းမာအောင်နေရမယ်တဲ့။
ခုခေတ် စိတ်မကျန်းမာဘူး၊ စိတ်ရောဂါတို့ဆိုတာက တစ်မျိုး၊ အခုပြောတဲ့စိတ်ရောဂါဆိုတာ လောဘ၊ ဒေါသ၊မောဟ ဒါတွေကို လျှော့ချဖို့ပြောတာ။
အဲဒီတော့ စိတ်ကျန်းမာသွားပြီ၊ ကျန်းမာရေးကောင်းတာဟာ အားလုံးအတွက် အခွင့်အလမ်း တစ်ခုပဲ၊ ကိုယ်ကျန်းမာတယ်ဆိုရင် အားလုံးအတွက် အခွင့်အလမ်းချည်းပဲ၊ စီးပွားလုပ်မလား၊ ပညာရှာ မလား၊ တရားကျင့်မလား၊ ဘယ်ဟာအတွက်ဖြစ်ဖြစ် အကုန်လုံး အဆင်သင့်ဖြစ်တယ်၊ မကျန်းမာဘူးဆိုရင် အဲဒီအရာတွေ ဆုံးရှုံးသွားမယ်၊ ဘာတစ်ခုမှ လုပ်လို့မရတဲ့အခြေအနေမျိုးကို ရောက်သွားနိုင်တယ်၊ ဒါကြောင့်မို့ နံပါတ်တစ်ကြီးပွားတိုး တက်ဖို့ရာအတွက် ကောင်းကျိုးချမ်းသာတွေ ရဖို့ရာအတွက် အရေးကြီးတဲ့ ဂိတ်ဝကြီးတစ်ခုဟာ “ ကျန်းမာမှု” ပဲ။ ဒါကြောင့်မြတ်စွာဘုရား ဟောထားတာရှိတယ်။ “အာရောဂျံ ပရမာလာဘာ” ဆိုတာ လောကမှာ စိန်တွေ၊ ရွှေတွေ၊ ငွေတွေရတယ်၊ စီးပွားပစ္စည်းတွေရတယ်၊ ဘာတွေရရ ကျန်းမာမှုရတဲ့ပုဂ္ဂိုလ်ကသာ ခံစားနိုင်တာ၊ မကျန်းမာတဲ့ပုဂ္ဂိုလ်က မခံစားနိုင်ဘူး၊ ကျန်းမာမှ ဒါတွေက အဓိပ္ပာယ်ရှိတယ်၊ အိမ်ပေါ်ကမှ မဆင်းနိုင်အောင် ရောဂါရနေရင် မော်ဒယ်မြင့်ကားကြီးသူ့ရှိ လည်း သူစီးရမှာမှ မဟုတ်တာ၊ ဘာတွေလာခဲ့လာခဲ့ မကျန်းမာလို့ သူသုံးလို့မှမရတာ၊ ဒါကြောင့် ကျန်းမာ မှုဟာ နံပါတ် (၁) အရေးကြီးဆုံးပဲတဲ့။

နံပါတ် (၂) ဘာလုပ်ရမလဲဆိုတော့ “ကိုယ်ကျင့်တရားကောင်းဖို့” လိုတယ်။

ကိုယ်ကျင့်တရားကို လျှော့ပြီးတော့ မတွက်ရဘူး။ ကိုယ်ကျင့်တရားကောင်းမွန်ခြင်းသည် ကျန်းမာရေးအတွက်လည်း အထောက် အကူဖြစ်တယ်။ နောက်ဘ၀ဆက်တိုင်းမှာ လည်းကောင်းကျိုးချမ်းသာတွေ ရဖို့အတွက် အထောက် အကူဖြစ်တယ်၊ နှစ်ဖက်စလုံး အကျိုးရှိတယ်။
ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကိုမလုပ်ဖို့၊ လုပ်သင့်တာကိုလုပ်ဖို့- ဒါကိုယ် ကျင့်တရားပဲ၊ စာရိတ္တသီလနဲံ ၀ါရိတ္တသီလလို့နှစ်မျိုးရှိတယ်။
“၀ါရိတ္တသီလ”ဆိုတာ မလုပ်ရဘူးလို့သတ်မှတ်ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ်သူက မီးနဲ့တူတယ်၊ မီးကိုမကိုင်ရဘူးလို့အားလုံးသိကြတယ်။ ကိုင်ရင်ဘာဖြစ်တုန်းဆို - ကိုင်ရင်ပူမှာလောင်မှာပေါ့၊ မလုပ်ရဘူးဆိုတာ လုပ်ရင်ကိုယ့်မှာ ထိခိုက်မှာပဲ၊ လျှစ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊ ကိုင်လို့ရှိရင် ဓာတ်လိုက် မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ၀ါရိတ္တသီလဆိုတာ ဒါမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ်ရဘူး လို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူး၊ ဒါလုပ်ရင် တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။
ငါးပါးသီလဆိုတာမြတ်စွာဘုရားက laid down လုပ်ထားတာမဟုတ်ဘူး၊ ဘုရားရဲ့ ပညတ်ချက် မဘုတ်ဘူး။အခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ရေးထားတယ်လေ၊ အန္တရာယ်လို့ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ၀ါရိတ္တသီလရဲ့ အဓိပ္ပာယ်က Dangerous လို့ပြောတဲ့ အဓိပ္ပာယ်ပဲ။ ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယဆိုတာ ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်လို့ ဒီလိုပြောတာနော်၊ တချို့က "ငါးပါးသီလ ဘုရားမဟောပါဘူး" လို့ ဒီလိုပြောတဲ့လူလည်းရှိတာပဲ။ "ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်"တို့ - ဘယ်ဟာမှ နားမယောင်လေနဲ့၊ဒီဟာတွေက Dangerous ပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထားတဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုံ့ပြန်မှာနော်။
"စာရိတ္တသီလ" ဆိုတာကျတော့ လုပ်သင့်လုပ်ထိုက်တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်မယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်မယ်၊ မိတ်တွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။
ဒါကြောင့် ၀ါရိတ္တသီလလည်း ရှိရမယ်။ စာရိတ္တသီလလည်း ရှိရမယ်။ အဲဒီလို ကိုယ်ကျင့်တရားကောင်းမွန်အောင် ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်ရမယ်။

နောက် နံပါတ်(၃)က “ဆုံးမသြ၀ါဒ” -

ကြီးပွားတိုးတက်ရေးအတွက် ဘာလိုတုန်းဆိုတော့ လောက လူ့အသိုင်းအ၀ိုင်းထဲမှာ ဦးဆောင်တဲ့ပညာရှိတွေဆိုတာရှိတယ်၊ လူကြီးသူမတွေရှိတယ်။ မိသားစုထဲမှာဆိုရင် အတွေ့အကြုံရင့်ကျက်တဲ့ အမေတို့၊ အဖေတို့၊ အဖိုးတို့၊ အဖွားတို့ဆိုတာတွေရှိတယ်၊ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အဆုံးအမတွေကို မှတ်သားနာယူသင့်တယ်၊ ဆုံးမသြ၀ါဒ Instruction ဆိုတာ ဘယ်နေရာမဆိုရှိတာချည်းပဲ။ Instruction မရှိဘဲနဲ့ အလုပ်လုပ်ရင် အကုန်လွဲချော်နိုင်တာပေါ့။
အမေက ဆုံးမတာပဲဖြစ်ဖြစ်၊ အဖေကဆုံးမတာပဲ ဖြစ်ဖြစ်၊ ပညာရှိတွေက ဆုံးမတာပဲဖြစ်ဖြစ်၊ စာပေကရတဲ့ ဆုံးမသြ၀ါဒပဲဖြစ်ဖြစ်၊ ဘယ်ဆုံးမသြ၀ါဒမဆို လူတွေက ကျယ်ကျယ်ပြန့်ပြန့် နာယူကြရတယ်လေ၊ မြင်ဆရာတဲ့၊ ကြားဆရာတဲ့၊ ကိုယ်မြင်တဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ ကြားတဲ့အပေါ်မှာ သင်ခန်းစာယူမယ်၊ လောကမှာ ကြီးပွားတိုးတက်ဖို့အတွက် အဲဒီလိုဆုံးမသြ၀ါဒတွေကလည်း လိုအပ်တယ်တဲ့။

နောက် နံပါတ်(၄)ကျတော့ “သုတ”၊

ခုနက ပညာရှိတွေရဲ့ အဆုံးအမ၊ သုတဆိုတာ မိမိကိုယ်တိုင် အကြားအမြင် ဗဟုသုတတွေကို ဆည်းပူးအားထုတ်ရမယ်၊ လောကမှာ အကျိုးရှိအောင် အောက်ထစ်ဆုံး ဈေးအရောင်းအ၀ယ်လုပ်တာတို့၊ Managing လုပ်တဲ့ ပညာတို့၊ ဘာပဲဖြစ်ဖြစ်ပေါ့၊ business နဲ့ ပတ်သက်တဲ့ ပညာတို့၊ Computer ပညာတို့ စသဖြင့်ပေါ့၊ ဗဟုသုတ ဆိုတာ အကုန်လုံး ဆည်းပူးအားထုတ်ရတယ်တဲ့၊ ဒါလည်းပဲ ကြီးပွားတိုးတက်ခြင်း အကြောင်းတစ်ခုပဲ။

နောက် နံပါတ်(၅)က “ဓမ္မကို ကျင့်သုံးရမယ်”

ဒါကတော့ လက်တွေ့လုပ်ဖို့လိုတယ်၊ ဓမ္မကို ကျင့်သုံးတယ်ဆိုတာ သုစရိုက်တရားတွေကို ဆောင်ရွက်ပြီး ဒုစရိုက်တရားတွေကို ရှောင်တာပဲ။
လောကလူတွေ ကိုယ့်ဟာကိုယ် ကျင့်သုံးလို့ရတာ ဘာတုန်းဆိုရင် စိတ်အတွေးနဲ့ ပတ်သက်ပြီးတော့- သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့ အတွေးမျိုးတွေ မတွေးရဘူး၊ သူများကို ပျက်စီးပါစေ၊ ဒီလူဟာ ဆုတ်ယုတ်နစ်နာသွားပါစေ၊ ဒုက္ခရောက်သွားပါစေဆိုတဲ့ ဒေါသနဲ့ အတွေးမျိုးတွေ မတွေးရဘူး။ ကံ၊ ကံ၏အကျိုးကို ငြင်းပယ်တဲ့အမြင်တွေ မမြင်ရဘူး။ အဲဒါတွေဟာ မှန်ကန်တဲ့အတွေး မနောကံဆိုင်ရာ သုစရိုက်တရားလို့ ခေါ်တယ်။
နှုတ်နဲ့ ပတ်သက်လာလို့ရှိရင်လည်း လိမ်မပြောရဘူး၊ မှန်တာပဲပြောရမယ်၊ တချို့က မှန်တာပြောတာကို ၀န်လေးတတ်တယ်၊ မှန်တာပြောတယ်ဆိုတဲ့ နေရာမှာ ပိုပြီးအရေးကြီးတာက လူတစ်ဖက်သားဒုက္ခရောက်အောင် ရုံးပြင်ကန္နားတက်ပြီး ဒီလူမဟုတ်တာကို အဟုတ်၊ ဟုတ်တာကို မဟုတ်ဘူးလို့ သက်သေလိုက်တာမျိုးကို ဆိုလိုတယ်၊ ကြောက်လို့ လှီးလွှဲပြောတဲ့ မုသာဝါဒမျိုးကို ပြောတာမဟုတ်ဘူး၊ အပြစ်ကြီးတဲ့ မုသာဝါဒဆိုတာ လူတစ်ယောက်ကို ဒုက္ခရောက်အောင် မဟုတ်တမ်းတရားတွေကို လိမ်လည်ပြီးတော့ ပြောတာမျိုး၊ ထွက်ဆိုတာမျိုး၊ အဲ့ဒါမျိုး မလုပ်ဘဲနဲ့ မှန်တာကိုပြောရမယ်။
နောက်ပြီးတော့ လူသားအချင်းချင်း၊ ကိုယ့်ပတ်ဝန်းကျင်အချင်းချင်း၊ မိတ်တေ သင်္ဂဟအချင်းချင်းမှာ တစ်ဦးနဲ့ တစ်ဦး မတည့်အောင်မလုပ်ရဘူး၊ တည့်အောင်သာ ပြောရမယ်။ ဒါလည်း အရပ်ထဲမှာတို့၊ မိသားစုထဲမှာတို့ အလွန်အရေးကြီးတာ။
နောက်တစ်ခုက ရိုင်းပြတဲ့စကားကို မသုံးရဘူး၊ ယဉ်ကျေးတဲ့ စကားအပြောမျိုးကို ပြောရတယ်။ နောက်တစ်ခုက အကျိုးမရှိတဲ့ စကားရပ်တွေကို ပြောပြီးတော့ အချိန်ဖြုန်းတာမျိုးမလုပ်ရဘူး၊ ဒါ နှုတ်နဲ့ပတ်သက်တဲ့ ကောင်းတဲ့အလုပ်တွေပေါ့၊ အသိဥာဏ်နဲ့ ပြောတဲ့ စကားမျိုးပဲ ပြောရမယ်။
နောက် ကာယကံနဲ့ ပတ်သက်လာတဲ့ အခါကျတော့ သူများအသက်ကိုမသတ်ဘူး၊ သူ့ဥစ္စာမခိုးဘူး၊ နောက်ကာမကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စည်းကမ်းပျက်တဲ့ ကိစ္စတွေကို မလုပ်ဘူး၊ မှားယွင်းတဲ့ အလုပ်တွေကို မလုပ်ဘူး၊ လူ့သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရတယ်၊ ဒါတွေဟာ ကြီးပွားတိုးတက်ခြင်းအကြောင်းပဲ၊ တစ်ခုခုလုပ်လို့ရှိ့ရင် လူသိရင်လည်း ရှုံ့ချခံရမယ်၊ မသိရင်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာ ပျက်ပြားတယ်၊ လူမသိတာက အကဲ့ရဲ့မခံရရုံပဲ ရှိတယ်နော်၊ ပျက်စီးမှုကတော့ ရှိတာပဲ၊ ဒါ့ကြောင့် “ဓမ္မာနုဝတ္တိ”လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးတော့ လိုက်နာကျင့်သုံးရမယ်။

နောက်တစ်ခု နံပါတ်(၆) က “စိတ်ဓာတ်ဟာ ကောင်းတာလုပ်တဲ့အပေါ်မှာ အမြဲတမ်း တက်ကြွနေဖို့ လိုတယ်”ပေါ့၊

စိတ်မပါတာမျိုး မဖြစ်စေရဘူး၊ ကိုယ့်စိတ်ကိုပြင်ပေးရတယ်၊ ဥပမာမယ်- တရားနှလုံးသွင်းဖို့တို့၊ တရားနာဖို့တို့ တရားအသိတွေရအောင်တို့ဆိုရင် စိတ်ဓာတ်ဆုတ်နစ်တာမျိုး မရှိရဘူးတဲ့၊ အမြဲတမ်း စိတ်ဓာတ်ဟာလန်းဆန်းတက်ကြွပြီးတော့ “ဒါ လုပ်သင့် လုပ်ထိုက်တဲ့ဟာ” လို့ ဆုံးဖြတ်ပြီးတော့ လုပ်ရမယ်။

အဲဒီလို ကိုယ့်မှာ ကောင်းကျိုးချမ်းသာတွေရဲ့ မုခ်ကြီးသဖွယ် ဒီ ၆ ခုဟာရှိမယ်ဆိုရင် ဒီဘ၀မှာလည်းကောင်းကျိုးချမ်းသာတွေ ၀င်လာမှာပဲ၊ နောင်ဘ၀ရောက်ရင်လည်း ဒီအတိုင်း ကောင်းကျိုးချမ်းသာတွေဝင်လာမှာပဲ၊ ဘ၀ဆက်တိုင်း ရေရှည်ကောင်းဖို့ အမှုမဲ့အမှတ်မဲ့ နေမယ်ဆိုရင် ဒါတွေ ကိုယ့်သန္တာန်မှာရှိတာလည်းမသိဘူး၊ မရှိတာလည်းမသိဘူး၊ ဒါကြောင့် အမှုမဲ့အမှတ်မဲ့ မနေသင့်ဘူး၊ ရှိသင့်ရှိထိုက်တဲ့ဟာတွေ ကိုယ့်သန္တန်မှာရှိအောင် ကြိုးစားကြရမှာ။
ပစ္စည်းဆိုတာ တစ်ခုနဲ့တစ်ခု အသုံးဝင်တာချင်းမတူတတ်ဘူးပေါ့၊ လူတွေရဲ့ အရည်အချင်း တွေမှာလည်းပဲ တစ်ခုနဲံတစ်ခု အသုံးဝင်တာချင်း မတူဘူး၊ ဒါကြောင့်မို့လို့ အသုံးဝင်မှု ပြည့်စုံ စေတတ်တဲ့ ဒီတရားတွေနဲ့ ပတ်သက်ပြီးတော့ စုံအောင်ရှိရမယ်လို့ မြတ်စွာဘုရားက ဒီလိုဟောတာ။
ကဲ၊ လောကမှာ စိတ်နေစိတ်ထားနဲ့ ပတ်သက်ပြီးတော့ နောက်သုတ္တန်တစ်ခုကို ကြည့်ကြရအောင်။ မြတ်စွာဘုရားက လူ့ဘ၀ရလာလို့ရှိရင်တဲ့ ခုနက အန္ဓသုတ္တန်မှာ ဟောထားတဲ့ မျက်စိအမြင်နှစ်မျိုးရှိရမယ် ဆိုတာနဲ့သွားပြီးတော့ နီးစပ်တယ်၊ လူတွေအတွက်ကောင်းဖို့အချက်လေးချက်၊ ဒါက လက်တွေ့ လိုက်နာ သုံးသပ်ဖို့ ၊ အဲဒီလေးချက်က ဘာတုန်းဆိုတော့ (၁) ဒက္ခံ ဂဟပတံ သာဓု- အိမ်ရာတည်ထောင် လူ့ဘောင်ဘ၀မှာ နေလို့ရှိရင် စီးပွားရေးနဲ့ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်တဲ့၊ မလုပ်တတ် မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေဖြစ်တယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်းကျွမ်းကျင် မှုက အင်မတန်မှ အရေးကြီးတယ်၊ ကြည့်လေ- ကိုယ့်အနီးက နိုင်ငံတွေပဲကြည့်၊ တစ်ခါတစ်ခါ မြန်မာလူမျိုး တွေနဲ့ နှိုင်းယှဉ်ပြီးတော့ကြည့်၊ လုပ်ငန်းကျွမ်းကျင်တဲ့ လူဟာအသာရနေတယ်၊ နည်းပညာကောင်းတဲ့ လူဟာအသာရနေတယ်၊ နည်းပညာ ညံ့နေပြီဆိုရင် အကုန်ညံ့သွားတာပဲ၊ နည်းပညာကောင်းအောင် လုပ်ငန်းကျွမ်းကျင်မှုရှိအောင် လေ့ကျင့်မွေးမြူနေကြရတာ၊ အဲဒီတော့ နည်းပညာလည်းသာတယ်၊ လုပ်ငန်းကျွမ်းကျင်လည်းသာတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရှေ့ရောက်သွားတာပဲ၊ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့လူဟာ နောက်ရောက်ကျန်ရစ်တာပဲ၊ ဒါထုံးစံပဲ။

ဘုန်းကြီးတို့ တစ်ခါတလေ စဉ်းစားကြည့်မိတယ်၊ ဒါတော့စီးပွားရေး တကယ်လုပ်နေတဲ့ ဒကာ၊ ဒကာမတွေ ဘုန်းကြီးတို့ထက်ပိုမြင်ပါလိမ့်မယ်၊ တို့နိုင်ငံက လူတွေက ဘာနဲ့တူနေလဲဆိုတော့ တချို့ကြီးပွားတိုးတက်နေတဲ့ နိုင်ငံတွေနဲ့ယှဉ်လိုက်ရင် တောကတောင်သူလယ်သမားတွေနဲ့ သွားတူ နေတယ်၊ ဘယ်လိုဖြစ်တာတုန်းဆိုတော့ တောင်သူလယ်သမားတွေဆိုတာဟာ တစ်နေကုန် နေပူထဲမှာ ချွေးဒီးဒီးကျအောင် အလုပ်လုပ်ရတယ်၊ အသီးအနှံလေးတွေရလာတယ်၊ မြို့ကပွဲစားဆီပို့တယ်၊ ပွဲစား ကဖြတ်ပေးတဲ့ ဈေးကလေးနဲ့ပဲ သူပြန်သွားရတယ်၊ ဒီထက်မရဘူး၊ ပွဲစားကနေပူထဲထွက်စရာမလိုဘူး၊ ဒီပစ္စည်းတွေသူယူထားလိုက်တယ်၊ ဈေးကောင်းပြီဆိုတော့ သူကထုတ်ရောင်းလိုက်တာ ၄-၅-၁၀ ဆမြတ် တယ်၊ ကဲဟိုမှာ နေပူထဲမှာ ကျောကုန်းမှာ ဆားပွင့်လောက်အောင်၊ လူရုပ်မပီအောင်၊ မွဲခြောက်နေအောင် အလုပ်လုပ်ရတဲ့လူ ကျတော့ အဲဒီလောက် အမြတ်မရဘူး၊ ပွဲစားကတော့ သူလုပ်ထားတဲ့ အသီးအနှံ တွေပေါ်က ရလိုက်တဲ့ အမြတ်က နည်းတာမဟုတ်ဘူး။
အဲဒီလိုပဲ မြန်မာပြည်မှာလည်းပဲ ကြည့်- သယံဇာတပစ္စည်းတွေကို နိုင်ငံခြား တိုင်းပြည်တွေ ဒီတိုင်းပဲ ရောင်းလိုက်မယ်ဆိုရင် ဟိုကလူတွေက ၁၀- ဆမက မြတ်သွားတယ်၊ ဒီကလူတွေက လုပ်လိုက်ရတာ၊ ကိုယ့်ဆီကပစ္စည်းတွေ တန်ဖိုးကျတော့ နည်းနည်းလေးပဲရတယ်၊ အဲဒီတော့ ခုနက တစ်နှစ်ပတ်လုံး နေပူထဲ ရုန်းကန်လုပ်ရတဲ့ပုဂ္ဂိုလ်က တစ်သိန်းရတယ်ဆိုရင် ပွဲစားက ၁၀ သိန်းလောက်လည်းရချင်ရသွားမယ်၊ အဆချင်းမတူဘူး၊ တစ်သိန်းကနေ ၂ သိန်း ရတယ်ဆိုရင် ၂ ဆ ရတယ်ပေါ့။
အဲဒါကြောင့် နည်းပညာတို့၊ လိမ္မာကျွမ်းကျင်မှုတို့ဆိုတာ အရေးကြီးတယ်၊ မြတ်စွာဘုရား ကိုယ်တိုင်ကဟောထားတယ်၊ စီးပွားဖြစ်ဖို့ရာအတွက် ဥဌာနသမ္ပဒါနဲ့ပြည့်စုံရမယ်၊ ဥဌာန သမ္ပဒါဆိုတာ တက်တက်ကြွကြွကြိုးစားအားထုတ်တာ၊ လူတွေက စောလွန်းနေသေးတယ်၊ မိုးချုပ်သွားပြီ စသဖြင့် ဒီအတွေးလေးတွေရှိတယ်၊ ရာသီဥတုက အေးလွန်းနေသေးတယ်၊ ပူလွန်းနေတယ်ဆိုတဲ့ အကြောင်းတွေနဲ့ ပျင်းတတ်ကြတယ်။
သိဂါင်္လောဝါဒသုတ်မှာ အဲဒါတွေက ပျင်းရိခြင်းရဲ့ အကြောင်းပြလေးတွေ- စောလွန်းအားကြီးလို့၊ စောလို့မထသေးဘူး၊ နောက်ကျသွားရင်လည်း နောက်ကျသွားပြီ၊ မိုးချုပ်လွန်းသွားပြီ၊ အေးလို့ရှိရင်လည်း အေးလွန်းနေသေးလို့၊ ပူလို့ရှိရင်လည်း ပူလွန်းနေသေးလို့ဆိုတာတွေနဲ့ လောကကြီးမှာ ဒီလိုနေကြတာ၊ အဲဒီလိုနေပြီးတော့ ဆာတော့ ထမင်းမစားရသေးလို့၊ စားပြီးတဲ့အခါကျတော့လည်း ဗိုက်လေးသေးလို့ဆိုတဲ့ အကြောင်းပြ ၆ မျိုးက ပျင်းရိခြင်းရဲ့ အကြောင်းတရား ၆ မျိုးလို့ခေါ်တယ်။ အဲဒါမျိုးကြောင့်မို့လို့ အလုပ်တွေ မအောင်မြင်ဘဲနဲ့ ဖြစ်တတ်တယ်တဲ့။
တစ်ခါတုန်းက ကြားဖူးတယ်။ အလှူကဖိတ်လို့ မဟုတ်ဘူး၊ ကြုံလို့ရောက်လာတဲ့ လူတစ်ယောက်က အလှူပွဲကြီး ကျင်းပနေတာ သူလည်း ကုသိုလ်ရချင်တယ်၊ ဝေယျာဝစ္စ ၀ိုင်းပြီးတော့ လုပ်ချင်လိုက်တာ ဘာလုပ်ရလုပ်ရပေါ့။ အိုးဆေးရဆေးရ၊ ခွက်ဆေးရ ဆေးရ၊ လုပ်စရာရှိတာတွေ သူလုပ်ပါ့မယ်ပေါ့။ လုပ်ချင်တယ်၊ ဒါပင်မယ့်လို့ ထမင်းမစားရသေးလို့ ဗိုက်က တအားဆာနေတယ်ဆိုတော့ ဒီလူ သဒ္စါတရား ကောင်းပုံရတယ်ဆိုပြီးတော့ ထမင်းကျွေးလိုက်တယ်၊ ကျွေးလိုက်တော့ သူအားရပါးရ စားပြီးတော့ ပြောပြန်တယ်တဲ့- ကျုပ်လုပ်ချင်လိုက်တာဗျာ၊ ခုနကဆာလို့ မလုပ်နိုင်ဘူး ခုတော့ ဗိုက်လေး သွားလို့ မလုပ်နိုင်သေးဘူးတဲ့ နောက်ဆုံးမှာ မလုပ်တာချင်းအတူတူပဲ စောစောတုန်းက ထမင်းဆာ လို့မလုပ်နိုင်တာ၊ ခုတော့ ဗိုက်လေးလို့ဆိုပြီးတော့ ဒီအကြောင်းပြနဲ့ပဲ အလှူပွဲသာပြီးသွားတယ်။ သူဘာတစ်ခုမှ ၀င်မလုပ်လိုက်ရဘူး။
အဲဒါမျိုးလိုပဲ တကယ်ကြိုးစားအားထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောထားတဲ့တရား ထဲမှာ “ ယောစသီတဉ္စ ဥဏှဉ္စ ၊ တိဏာဘိယျောနမညတိ” - အပူတွေ၊ အအေးတွေ ခုနက အခက်အခဲတွေကို မြက်ကလေးတစ်ပင်လောက်တောင်သူက ဂရုမစိုက်ဘူးပေါ့၊ ဒါတွေကို ထည့် မစဉ်းစား ဘူး၊ လုပ်စရာရှိတာကိုလုပ်မယ်၊ အဲဒီလိုစိတ်ဓာတ်ကို ထားရမယ်၊ အဲဒီလိုထားမှ လောကကြီးမှာ ကြီးပွားချမ်းသာမယ်တဲ့၊ အကြောင်းပြပြီးတော့ ရေသာခိုတာမျိုး ဘယ်ကိစ္စမှာမှမလုပ်ရဘူး၊ ကြိုးစား အားထုတ်ရမယ်။
အဲဒီ ကောင်းခြင်းလေးဖြာထဲမှာ နံပါတ်တစ် ဥဌာနသမ္ပဒါ၊ မြတ်စွာဘုရားက လုံ့လ၀ီရိယရှိ တယ်ဆိုတဲ့ နေရာမှာ မှတ်သားထားဖို့ရာက လုပ်တိုင်းဖြစ်တာတော့မဟုတ်ဘူးတဲ့ လုပ်တာ တော့လုပ်ရမယ်၊ အဲဒီထဲမှာမှ ဒက္ခ= လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ ဇွဲကောင်းရမယ်၊ ဥပါယ၀ီမံသ- နည်းပညာ ကောင်းရမယ်တဲ့၊ အဲဒါမှ လောကကြီးဟာ မှန်ကန်တယ်တဲ့။
လှိမ့်မရတဲ့ ကျောက်တုံးကြီးကို လာပြီးတော့တွန်းနေလို့ကတော့ အချိန်သာကုန်သွားမယ်၊ ရွေ့မှာ မဟုတ်ဘူးလေ၊ အဲဒါ အလုပ်လို့ မသတ်မှတ်ဘူး၊ အကျိုးမထွက်ရင် အလုပ်လို့မသတ်မှတ်ဘူး၊ လုပ်ကတည်းက အကျိုးထွက်တဲ့အလုပ်ပဲ လုပ်ရမယ်တဲ့။
အဲဒါကြောင့် အိမ်ယာတည်ထောင်လူ့ဘောင်ဘ၀မှာနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ လိမ္မာကျွမ်းကျင်မှုရှိမှ ကောင်းတယ်၊ ဒါကတော့ အားလုံးလည်း သိပြီးသားပဲနော်တစ်ခု။
နောက်တစ်ခု နံပါတ် (၂) က “ သံဝိဘဇ္ဇဉ္စဘောဇနံ” ကိုယ်ရှာဖွေလို့ရလာတဲ့ပစ္စည်းကို ကိုယ့်မိသားစု၊ ကိုယ့်မိဘဆွေမျိုးအားလုံးနျဲ့မေန လုပ်ပြီးသုံးပါတဲ့ ကိုယ်တစ်ယောက်တည်းမသုံးပါနဲ့တဲ့၊ ဒါမှ အားလုံးရဲ့ မေတ္တာရမှာ၊ ကိုယ်ရတာ ကိုယ်စားတဲ့လူ တစ်ယောက်ဟာကျန်တဲ့လူကလည်း သူ့အပေါ် မေတ္တာမထားဘူး၊ ကိုယ်ရလာ ကိုယ်ဝတ်လာတဲ့ပစ္စည်းလေးအားလုံး မိသားစုမှာ share လုပ်ပြီးတော့ စားတယ်၊ ခွဲခြားဝေဖန်ပြီးတော့မှသုံးတယ်ဆိုတာ ဒါလူ့လောကမှာ ရှိသင့်ရှိထိုက်တဲ့ကိစ္စတဲ့။
ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားရှာပြီးတော့ဘယ်လိုသုံးရမယ်ဆိုတာ ဟောထားတာရှိတယ်၊ စီးပွားရှာထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာအတွက်ရှာရမယ်ဆိုပြီးတော့လည်းမြတ်စွာဘုရားက ဟောထားတာရှိတယ်၊ စီးပွားရလာလို့ရှိရင်တဲ့ “အတ္တာနံသုခေတိ ပိဏေတိ”- ကိုယ့်ကိုယ်ကို ၀ဖြိုးအောင်၊ ချမ်းသာအောင် အသုံးပြုတယ်။ ဒါက ပထမ၊ “မာတာပိတရော သုခေတိပိဏေတိ” - ကိုယ်ပြီးရင် ကိုယ့်အဖေ၊ အမေတွေ ချမ်းသာအောင်ထား၊ နောက်သား၊မယား၊ မိတ်ဆွေ သင်္ဂဟတွေကို ချမ်းသာအောင်ထား၊ နောက်ပြီး စတုတ္ထကျတော့မှ ကုသိုလ်လုပ်လို့ပြောတာ၊ ဒီတော့ရလာတဲ့ စီးပွားဥစ္စာဟာ အဲဒါအတွက်ပဲ။
ဆိုလိုတာက ပစ္စည်းဆိုတာ သိမ်းထားဖို့ မဟုတ်ဘူး၊ သုံးဖို့၊ တချို့ကျတော့ ပစ္စည်းကိုနှမြောလို့ အလှကြည့်ပြီး သိမ်းထားတယ်၊ ကိုယ်လည်းမသုံးလိုက်ရဘူး၊ သူခိုးခိုးရင်လည်း ပါသွားမယ်၊ မီးလောင်တဲံအထဲပါသွားမယ်၊ အဲဒါကြောင့် ပစ္စည်းဆိုတာသုံးဖို့ ၊ သိမ်းဖို့မဟုတ်ဘူးတဲ့၊ ကားလေးတစ်စီး ၀ယ်ထားပြီးတော့ မစီးရက်ဘဲ ဂိုဒေါင်ထဲထားကြည့်ပါလား၊ သူ့ဖာသာသူ ပျက်သွားမှာပဲ၊ မသုံးရင်ပျက်သွားမှာပဲ၊ "သံဝိဘဇ္ဇဉ္စဘောဇနံ”- ကိုယ်ရလာတဲ့ ပစ္စည်းဥစ္စာကို ခွဲဝေပြီး သုံးဆောင်ပါတဲ့၊ ဒါဒုတိယ လိုက်နာရမယ့် ကိစ္စတစ်ခုတဲ့။

လေးချက်ဟောထားတဲ့အထဲမှာ နောက်နှစ်ခုကပိုပြီးတော့အရေးကြီးတယ်၊ လူဆိုတာ ကြိုးစားအားထုတ်လို့ စီးပွားတတ်လာတဲ့အခါရှိတယ်၊ ရာထူးတွေမြင့်လာတဲ့အခါရှိတယ်၊ အခြေအနေတွေ ကောင်းလို့တိုးတက်ကြီးပွားလာပြီဆိုရင် ပတ်ဝန်းကျင်၊ အပေါင်းအသင်းတွေပေါ်မှာ မောက်မာလာ တတ်တယ်၊ အဖက်မတန်ဘူးလို့ထင်လာတတ်တယ်၊ အဲဒါဟာ ပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့
ဒါကြောင့်မို့ “အဟာသော အတ္တလာဘေသု” မောက်မာတာမလုပ်နဲ့တဲ့၊ ကြီးပွားတိုးတတ် လာလို့ရှိရင် နဂိုအခြေအနေက မပြောင်းစေနဲ့တဲ့၊ ဆက်ဆံရေးတွေမပြောင်းစေနဲ့၊ ပုံမှန်နေတတ်ရမယ်၊ ဆိုလိုတာကတော့ကြီးပွားတိုးတက်လာတဲ့အခါမှာ ဘ၀င်မမြင့်ရဘူး၊ ဘ၀င်မြင့်ရင် အနည်းဆုံး ပတ်ဝန်းကျင်ကမုန်းသွားလိမ့်မယ်၊ မုန်းရင် မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေပျက်စီးသွားလိမ့်မယ်။ နောက်ဆုံးမှာ မိသားစုထဲတောင်မှပဲ- ကြားဖူးတယ် အမေ၊အဖေက ကိုယ့်သား၊ သမီးကိုပဲပြောလို့ဆိုလို့ မကောင်းဘူး၊ ကြီးပွားတိုးတက်လာတဲ့အခါမာနတွေ တက်လာတယ်၊ မိဘက စပြီးတော့မေတ္တာပျက်လာတယ်၊ မေတ္တာပျက်တယ်ဆိုကတည်းက မကောင်းတော့ဘူးပေါ့၊ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “အဟာသော အတ္တလာဘေသု” ကောင်းကျိုးချမ်းသာတွေရလာပြီဆိုတဲ့အခါမှာ ဘ၀င်မမြင့်နဲ့တဲ့၊ ဘ၀င်မမြင့်အောင် သတိထားတဲ့။
လူဆိုတာ အမြဲတမ်း ကောင်းကျိုးချမ်းသာရတာမဟုတ်ဘူး၊ တစ်ခါတလေ ရာထူးကျသွားတာရှိတယ်၊ စီးပွားဥစ္စာတွေပျက်သွားတာရှိတယ်၊ နောက်ဆုံးမှာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားတာတွေရှိတယ်၊ အဲဒီလိုရှိတဲ့အခါမှာ လူဟာ Depression ၀င်လာတယ်၊ ၀င်လာတဲ့အခါမျိုးမှာ နိုင်ငံခြားတိုင်းပြည်တွေမှာဆို suicide လုပ်ပစ်တာတွေရှိတယ်ပေါ့။
Suicide လုပ်တယ်ဆိုတာ ဒီဘ၀မှာ မှားတဲ့နည်းနဲ့ ထွက်ပေါက်ရှာတာ၊ နောင်ဘ၀မှာ ကောင်းစားသွားမလားဆိုတော့ ဒီထက်ဆိုးတဲ့ဘ၀ရောက်သွားနိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကို သတ်သေတယ်ဆိုတဲ့လူက ဒေါသနဲ့ သတ်သေတာဖြစ်သည့်အတွက်ကြောင့် ဒီ့ထက်ဆိုးတဲ့ ငရဲရောက်သွားနိုင်တယ်၊ အဲဒီ ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုကိုက ငရဲကိုရောက်သွားနိုင်တယ်။ သေခါနီးမှာ စိတ်ကပြောင်းသွားရင်တော့ မပြောနိုင်ဘူးပေါ့၊ များသောအားဖြင့် ကိုယ့်ကိုယ်ကို သတ်သေရင် ဒေါသနဲ့သေတာ၊ ငရဲဘ၀ရောက်တယ်။
အကယ်၍ ဒေါသပြေပြီးတော့ ကုသိုလ်ကောင်းမှုလေးသတိရလို့ မသေခင်လေးမှာ စိတ်ကလေးပြောင်းသွားရင်တော့ လူမသိနိုင်ဘူးပေါ့၊ ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို သတ်သေပြီးတော့ လူပြန်ဖြစ်တယ်ဆိုတာ ခုနကကြားထဲမှာ အပြောင်းအလွဲလေးတွေဖြစ်တတ်တယ်ပေါ့နော်။
အေး၊ အဲဒီလို ပျက်စီးလာပြီဆိုတဲ့အခါ လူမှာ Depression ၀င်လာတတ်တယ်။ အဲဒီလိုလည်းမ၀င်စေနဲ့တဲ့ “ အတ္တဗျာပတ္တိ အဗျထော” ကိုယ့်ကျိုး ကိုယ့်စီးပွားတွေ ပျက်စီးဆုံးရှုံးလာတယ် ဆိုတဲ့အချိန်မှာ မတုန်လှုပ်နဲ့တဲ့၊ ဘာကြောင့်ပျက်စီးတာတုန်းလို့ အကြောင်းတရားကိုရှာ၊ ဘယ်လို ရပ်တည်ရမလဲလို့ အကြောင်းတရားကိုရှာတဲ့။
နိုင်ငံခြားတွေမှာ ကုမ္ပဏီကြီးတွေ စီးပွားပျက်ကပ်နဲ့ကြုံတာရှိတယ်၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အဖြေရှာပြီး သူတို့ကုစားကြတာပဲ၊ ပံ့ပိုးပေးကြတာ၊ Bankcrupt ဖြစ်တော့မယ်ဆိုရင် ၀ိုင်းပြီးတော့ Support လုပ်ကြတာ မဟုတ်လား။
လူတွေလည်းကိုယ့်အချင်းချင်း ပြန်ပြီးတော့ ထိန်းမတ်သွားအောင် ဒီလိုပဲ လမ်းကြောင်းရှာရမယ်၊ စိတ်ပျက်နေလို့က အဖြေမပေါ်ဘူး၊ တစ်စုံတစ်ခုစီးပွားရေးပျက်သွားရင် လမ်းကြောင်းပြောင်းမယ်၊ ကိုယ့်စိတ် သက်သာရာ သက်သာကြောင်း တစ်ခုခုလုပ်မယ်၊ လမ်းမှန်တွေ့အောင်ရှာမယ်၊ အခြေအနေ ကောင်းတွေကို ဖန်တီးမယ်၊ ဒီတစ်နေရာမှာ စီးပွားမဖြစ်လို့ နောက်တစ်နေရာမှာပြောင်းပြီးတော့ လုပ်မယ်၊ ဒီလုပ်ငန်းမကောင်းလို့ နောက်လုပ်ငန်းပြောင်းလုပ်မယ်၊ ဒီလိုပဲလုပ်သင့်တာပဲ၊ ဒါထွက်ပေါက်အစစ်မှန်ပဲ။
အဲဒီလိုမဟုတ်ဘဲနဲ့ စိတ်ဓာတ်တုန်လှုပ်ခြောက်ခြားပြီးတော့ Depression တွေဝင်သွားတာဟာ အဖြေမဟုတ်ဘူးတဲ့။ အဲဒါကြောင့်မြတ်စွာဘုရားးက “အတ္တဗျာပတ္တိ အဗျထော” ရာထူးကျမယ်၊ စည်းစိမ်ဥစ္စာတွေပျက်စီးမယ်ဆိုရင် “အဗျထ” - မတုန်လှုပ်ပါစေနဲ့တဲ့၊စိတ်ဓာတ်တွေ မပျက်ပါစေနဲ့တဲ့၊ ကိုယ့်ဘာသာကိုယ်ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နိုင်အောင် ကြိုးစားပါတဲ့၊ ဒါကလုပ်ရမယ့် ကိစ္စတွေကိုမြတ်စွာ ဘုရားဟောတာ။
အဲဒီတော့ ဒီသုတ္တန်တွေဟာတစ်နေရာတည်းမှာမဟုတ်ဘူး၊ လောကမှာလူတွေလိုက်နာကျင့်သုံးဖို့ ဆိုတာမြတ်စွာဘုရားက စပ်ရာစပ်ရာ ဟိုနားဒီနား ဟောထားတဲ့ သုတ္တန်တွေကို ဘုန်းကြီးတို့ စုပြီးတော့ ဒီနေရာမှာဟောပေးတာနော်။
နောက်တစ်ခါ သတိထားစရာ အချက်ကလေးတစ်ခုရှိတယ်။ မြတ်စွာဘုရားက ဖြေဆိုထားတာ၊ အဖြေထုတ်ထားတာလေး၊ ပစ္စည်းဥစ္စာတွေရဲ့ ယိုကျပျက်စီးသွားတတ်တဲ့ ယိုပေါက်ကြီး ၆ ပေါက်ရှိတယ်။ အဲဒီယိုပေါက်ကြီး ၆ ပေါက်မှာ ကိုယ်ရှာထားတဲ့ ပစ္စည်းဥစ္စာတွေဟာ အကုန်လုံးပျောက်ပြီးတော့ နောက်ဆုံးမှာဆင်းရဲဒုက္ခတွေ ရောက်သွားတယ်၊ ဒါတွေဟာ ပုံပြင်တွေအများကြီးရှိတာပဲ။
အားလုံးသိကြလိမ့်မယ်၊ ရန်ကုန်မှာ ချင်းချောင်းပဲလေ့စ် Chin Chong Palace ဆိုတာရှိတယ်၊ ဘုန်းကြီးတို့ တစ်လောတုန်းက ဂျာနယ်တစ်ခုမှာ ချင်းချောင်း သူဌေးအကြောင်း ဖတ်လိုက်ရတယ်၊ နောက်ဆုံးကျတော့ သူကတကယ့်ကို ဆင်းရဲဒုက္ခရောက်သွားရှာတယ်။ ကုက္ကိုင်းလမ်းဆုံမှာ တကယ့် နန်းတော်ကြီးလိုဆောက်ထားတာပဲ၊ နောက်ဆုံးကျတော့ပျက်စီးဆုံးရှုံးသွာတာ၊ မိဘတွေ လက်ထက်က အင်မတန်ချမ်းသာတာ၊ ပျက်စီးဆုံးရှုံးသွားတာဟာ အကြောင်းမဲ့တော့မဟုတ်ဘူး၊ အကြောင်းတော့ရှိတယ်၊ မကျွမ်းကျင်တာတွေရော၊ မကြိုးစားတာတွေရော အကုန်လုံးပေါ့၊ ဒီလိုဖြစ်တတ်တယ်။
အဲဒီမှာ မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက် ကြီး ၆ ခုဆိုတာ ဘာလဲဆိုတော့ပစ္စည်းဥစ္စဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့ ပြောကြတယ် “လူမိုက်နဲ့ငွေ” အတူမနေဘူးတဲ့၊ ပစ္စည်းဥစ္စာဟာပျောက်သွားတယ်၊ မြတ်စွာဘုရားက ဘာကိုဟောသလဲဆိုရင်
နံပါတ် (၁) က အာလသျ- လူပျင်းနဲ့ဆိုရင်ငွေဟာ အတူမနေဘူးတဲ့၊ပျင်းရိလို့ရှိရင်-ပျင်းတယ်ဆိုတာ ခုနကပြောတဲ့ ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရသေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေတာကို ပျင်းတယ်လို့ ပြောတာနော်၊ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်တစ်ခုပဲတဲ့။

နောက် နံပါတ်(၂)ကတော့ ပမာဒတဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုးချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲတမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်တယ်။

နံပါတ်(၃)က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊ ၀တ်ကျေတမ်းကျေပဲ လုပ်တယ်၊ ဖြေးဖြေးဆေးဆေးပဲ၊ slow ပေါ့၊ သွက်သွက်လက်လက်လုပ်ရမယ့်ဟာကို သွက်သွက်လက်လက်မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစားလုပ်ရမယ်၊ အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ ယိုပေါက်တစ်ခု။

နံပါတ်(၄)က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်းဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုတဲ့။

နံပါတ်(၅)က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း အစောင့်စည်းဘူး၊ ကာယကံဝစီကံကိုလည်း မထိန်းသိမ်း မစောင့်ရှောက်ဘူး၊ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်းမစောင့်ရှောက်ဘူး၊ အဲဒါဟာ စီးပွားရေးယိုပေါက်တစ်ခုပဲ။

နံပါတ်(၆)က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ်အိပ်တာပဲ၊ အအိပ်များနေတယ်၊ အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပဲ။
ခုနကပြောခဲ့တဲ့ အာလသျနဲ့ တန္ဒီမှာ - အာလသျပျင်းရိတယ် ဆိုတဲ့နေရာမှာ ဘာအလုပ်မှ မလုပ်ဘဲနေတာမျိုး၊ တန္ဒီကျတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကိုရွှေ့တာ၊ အမြဲတမ်းအချိန်ကိုရွှေ့ချင်တယ်၊ စောသေးတယ်၊ အချိန်ရွှေ့လိုက်တယ်၊ ၈-နာရီလောက် အလုပ်လုပ်ရမှာကို မလုပ်သေးပါဘူး၊ ၉-နာရီမှ လုပ်မယ်၊ ၉-နာရီကျတော့လည်း ၁၀-နာရီကျမှာ သွားတော့မယ်၊ ဒီလိုအချိန်တွေကို ရွှေ့ရွှေ့သွားတာမျိုးကို ဆိုလိုတယ်။
အဲဒီအပေါက် ၆-ပေါက်ကို ပိတ်နိုင်မှတဲ့၊ မပိတ်နိုင်လို့ရှိရင် ပစ္စည်းဥစ္စာဟာ လူတွေနဲ့ အတူ မရှိနိုင်ဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောတယ်၊ အဲဒီလိုဟောတာတွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ ကောင်းကျိုးရနိုင်သလို သံသရာအတွက်လည်း ကောင်းကျိုးရနိုင်တယ်၊ မကောင်းတဲ့ အချက်အလက်တွေကို ရှောင်ပြီးတော့ ကောင်းတဲ့ အချက်အလက်တွေကို ကိုယ့်သန္တာန်မှာ ကျင့်ဆောင်ဖို့အရေးကြီးတယ်။
မြတ်စွာဘုရားက မကောင်ဘူးဆိုတဲ့ အထဲမယ် ထိုမကောင်းတာတွေ အများကြီးထဲက နေပြီးတော့အရေးကြီးတဲ့ မကောင်းတာတွေကိုရှောင်ဖို့ နောက်ဆုံးပိတ်အနေနဲ့ ဒီလိုဟောထားတာလေးက မှတ်သားဖို့ကောင်းတယ်၊ “အလသော ဂီဟိ ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပျင်းရင် ဘယ်တော့မှ မကောင်းဘူး၊ မပျင်းရဘူး၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့ ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းဘူး၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ဘူးလို့ ပြောတာ။
နောက်တစ်ခုကျတော့ “အသညတော ပဗ္ဗဇိတောန သာဓု” - သင်္ကန်းဝတ်ပြီး ဘုန်းကြီးဘ၀နဲ့ နေပြီးတော့ လူလိုနေတယ်၊ မထိန်းသိမ်းဘူး၊ မစောင့်ရှောက်ဘူး၊ ပြောချင်ရာတွေ ပြောတယ်၊ လုပ်ချင်တာတွေ လုပ်တယ်၊ ဘုန်းကြီးက ဘုန်းကြီးလို မနေဘူး၊ လူလိုနေတယ်၊ ပြောတာဆိုတာက စပြီးတော့ ဘုန်းကြီးလိုမနေဘူး၊ စောင့်စည်းမှု မရှိဘူးဆိုရင် မကောင်းဘူးတဲ့၊ အဲဒါလည်း ဘုန်းကြီးတွေလည်း စောင့်စည်းရမယ်လို့ ဒီလိုပြောတယ်။
“ရာဇာ န သာဓု အနိသမ္မတာရီ” - တိုင်းပြည်အုပ်ချုပ်တဲ့မင်း လုပ်နေပြီးတော့ မဆင်မခြင် အရမ်းလုပ်တာမျိုး မလုပ်ရဘူးတဲ့၊ ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ် စဉ်းစဉ်းစားစားပဲ လုပ်သင့်တယ်၊ မစဉ်းမစားနဲ့ အမိန့်တွေ မချမှတ်သင့်ဘူး၊ မထုတ်သင့်ဘူးတဲ့၊ မစဉ်းမစားနဲ့ အမိန့်တွေထုတ်၊ ချမှတ်တယ်ဆိုရင် လမ်းကြောင်းတွေ လွဲပြီးတော့ လူတွေမှာ အကုန် ဒုက္ခရောက်ကြတယ်၊ ဒါကြောင့်မို့ “ရာဇာ န သာဓု အနိသမ္မကာရီ” - မဆင်ခြင် မစဉ်းစားဘဲ အသိဥာဏ်ရှေ့သွားမထားဘဲနဲ့ အလုပ်လုပ်တဲ့မင်းဟာ မကောင်းဘူးလို့ ဒီလို မြတ်စွာဘုရားက ဟောထားတယ်။
နောက်တစ်ခုကျတော့ “ယော ပဏ္ဍိတောကောဓနော တံ န သာဓု” - ပညာရှိလို့ ဆိုပြီးတော့ ဒေါသကြီးရင် မကောင်းဘူးတဲ့၊ ဆိုလိုတာ ပညာရှိအမျက် အပြင်မထွက်ရဘူးတဲ့၊ ပညာရှိဆိုလို့ ပုဂ္ဂိုလ်ဟာ ဘယ်အရာပဲဖြစ်ဖြစ် ဆင်ခြင်စဉ်းစားရမယ်လို့ - ဒီပုဂ္ဂိုလ် ၄-မျိုးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့အချက်အလက်တွေကို မြတ်စွာဘုရားက ဟောကြားထားတယ် - “လူဝတ်ကြောင်ဟာ မပျင်းရဘူး၊ ပျင်းရင် မကောင်းဘူး၊ ရဟန်းဆိုတာ စောင့်စည်းရမယ်၊ မစောင့်စည်းရင် မကောင်းဘူး၊ မင်းဆိုတာ စဉ်းစဉ်းစားစားလုပ်ရမယ်၊ စဉ်းစဉ်းစားစား အမိန့်ထုတ်ရမယ်၊ မစဉ်းမစားလုပ်ရင် မကောင်းဘူး၊ ပညာရှိဆိုတာ စိတ်မဆိုးရဘူး၊ စိတ်ဆိုးရင် အကောင်းဘူး”။
အဲဒီ မကောင်းတဲ့အချက်အလက်တွေကို ရှောင်ပြီးကောင်းတဲ့အချက်အလက်တွေကို ဆောင်မှသာလျှင် ဘ၀သံသရာမှာ အဆင်ပြေလို့၊ ကိုယ်ကျင့်တရားတွေလည်း ကိုယ့်သန္တာန်မှာ ပြည့်စုံလို့ ဘုရားပွင့်ခိုက် ဘုရားဟောတဲ့ အကျင့်သိက္ခာတွေကို ကျင့်ကြံကြိုးကုတ်အားထုတ်လို့ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိပေါ်မှာ အခြေံပြီးတော့ မှန်ကန်တဲ့အတွေး သမ္မာဒိဋ္ဌိသင်္ကပ္ပ၊ မှန်ကန်တဲ့ကြိုးပမ်းအားထုတ်မှု သမ္မာဝါယာမ၊ မှန်မှန်ကန်ကန် အမှတ်ရမှု သမ္မာသတိ၊ မှန်မှန်ကန်ကန် စိတ်တည်ငြိမ်အောင်ထားမှု သမ္မာသမာဓိ ဆိုတာတွေ ကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် လုပ်ရမယ်။
အဲဒီလိုလုပ်ရင် ဘ၀ခရီးဟာ ဘယ်ထိအောင်ဖြောင့်တန်းသလဲဆိုရင် ဒုက္ခတွေ အဆုံးသတ်တဲ့ နိဗ္ဗာန်ထိအောင် ဖြောင့်တန်းပါတယ်တဲ့၊ အဲဒီ လမ်းကြောင်းကြီးပေါ် လျှောက်သွားခြင်းဖြင့် ပစ္စုပ္ပုန်ဘ၀မှာလည်း ချမ်းသာသုခတွေရလို့ နောင်တမလွန် ဘ၀မှာလည်းကောင်းရာ သုဂတိဘုံရောက်လို့ ဒီဘ၀မှာ ကြိုးစားအားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှသဘောကျပြီးတော့ ကျင့်ကြံကြိုးကုန် အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
အခွင့်ကောင်းကို ရအောင်ယူ ဓမ္မစာအုပ်

ကိုယ်ကျင့်တရားဆိုတဲ့နေရာမှာ မလုပ်သင့်တာကိုမလုပ်ဖို့ -ဒါကိုယ်ကျင့်တရားပဲ၊ စာရိတ္တသီလနဲ့ ၀ါရိတ္တသီလ လို့ နှစ်မျိုးရှိတယ်။

"၀ါရိတ္တသီလ"ဆိုတာ မလုပ်ရဘူးလို့ သတ်မှတ်ထားတာ၊ ဘာတွေတုန်းဆို ဥပမာမယ် သူက မီးနဲ့တူတယ်၊ မီးကိုမကိုင်ရဘူးလို့အားလုံးသိကြတယ်။
ကိုင်ရင်ဘာဖြစ်တုန်းဆို - ကိုင်ရင် ပူမှာလောင်မှာပေါ့၊ မလုပ်ရဘူးဆိုတာ လုပ်ရင် ကိုယ့်မှာ ထိခိုက်မှာပဲ၊ လျှပ်စစ်မီးကြိုးကို သွားမကိုင်နဲ့၊
ကိုင်လို့ရှိရင် ဓာတ်လိုက်မယ်၊ ဒုက္ခရောက်မယ်၊ အဲဒါလိုပဲ ၀ါရိတ္တသီလ ဆိုတာ ဒါမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ကိစ္စ၊ မလုပ်ရဘူးလို့ဆိုတာ ပညတ်ချက်ကြီးတစ်ခုလို မဟုတ်ဘူး၊ ဒါလုပ်ရင် တုံ့ပြန်မှုက ဒုက္ခဖြစ်မယ်လို့ ပြောတာ။
ငါးပါးသီလဆိုတာ မြတ်စွာဘုရားက laid down လုပ်ထားတာမဟုတ်ဘူး၊ ဘုရားရဲ့ပညတ်ချက် မဟုတ်၊ လုပ်ရင် ဒီလိုအပြစ်တွေကို ဖြစ်လာနိုင်လို့ သတိပေးတာပဲဖြစ်တယ်၊ အခုခေတ် အန္တရာယ်ရှိတဲ့နေရာမှာ Dangerous လို့ရေးထားတယ်လေ၊ အန္တရာယ်လို့ရေးထားတာကို မရှောင်ဘူးဆိုရင် ခံရမှာပဲလေ၊ ၀ါရိတ္တသီလရဲ့ အဓိပ္ပာယ်က Dangerous လို့ပြောတဲ့ အဓိပ္ပာယ်ပဲ။
ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ုရာမေရယဆိုတာ ဒါတွေကို မလုပ်နဲ့၊ ဒါတွေဟာ Dangerous ပဲ၊ တုံ့ပြန်လာရင် ခံရမယ်လို့ ဒီလိုပြောတာနော်၊ တချို့က "ငါးပါးသီလ ဘုရားမဟောပါဘူး" လို့ ဒီလိုပြောတဲ့လူလည်းရှိတာပဲ။ "ငါးပါးသီလ မလုံလည်း တစ်ပါးလောက်လုံလည်း ရတယ်"တို့ - ဘယ်ဟာမှ နားမယောင်လေနဲ့၊ ဒီဟာတွေက Dangerous ပဲနော်၊ မြတ်စွာဘုရားက Dangerous လို့ စာတန်းထိုးပေးထားတဲ့ သဘောပဲ၊ သဘာဝကိုက အဆိုးနဲ့ တုံ့ပြန်မှာနော်။

"စာရိတ္တသီလ" ဆိုတာကျတော့ လုပ်သင့်လုပ်ထိုက်တာ၊ လောကမှာ လုပ်သင့်လုပ်ထိုက်တယ်ဆိုတာ မိဘတွေကို စောင့်ရှောက်မယ်၊ ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်မယ်၊
မိတ်တွေသင်္ဂဟတွေကို စောင့်ရှောက်ရမယ်၊ လောကမှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကို လုပ်တယ်၊ ဒါက စာရိတ္တသီလ။
ဒါကြောင့် ၀ါရိတ္တသီလလည်း ရှိရမယ်။ စာရိတ္တသီလလည်း ရှိရမယ်။ အဲဒီလို ကိုယ်ကျင့်တရားကောင်းမွန်အောင် ကိုယ့်ကိုယ်ကို
ကြိုးစားအားထုတ်ရမယ်။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ဓမ္မမိတ်ဆွေများသို့***

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားအပ်သော
တရားများကို အသံမှ စာအဖြစ် စေတနာရှင်များကရေးကူးကာ စမူများကို ဆရာတော်ကြီးထံ ပေးပို့ကြပါသည်။
ဆရာတော်ကြီးကိုယ်တိုင် အချိန်ရသမျှ ပြင်ဆင် တည်းဖြတ်ပေးသော စာမူများကို ကုသိုလ်ရှင်များလှူဒါန်းထားသော
ဓမ္မစာပေရန်ပုံငွေများ အသုံးပြုလျက် စာအုပ်ငယ်များ ရိုက်နှိပ်ထုတ်ဝေပါသည်။
တရားစာအုပ်များကို တစ်ဆင့် ဓမ္မဒါနပြုလုပ် ဖြန့်ဝေလှူဒါန်းလိုပါက ဖော်ပြပါဌာနများသို့ ဆက်သွယ်မှာကြားနိုင်ပါသည်။

၁။ အောင်ဇမ္ဗူ ပုံနှိပ်တိုက်
အမှတ်(၁၅၂)၊ (၂၂)လမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၃၈၄၁၉၄၊ ၀၉၅၁-၄၆၀၉၅
၂။ ဦးဘဖိုး+ဒေါ်အုန်းကြည် ပရဆေးဆိုင်
အမှတ်(၄၆၇၊ ၄၆၈)၊ သိမ်ကြီးဈေး(ဒီ)ရုံ၊ မြေအောက်ထပ်။
ဖုန်း ၀၁-၂၄၀၆၀၀(လိုင်းခွဲ) ၄၁၇၄
၃။ ဓမ္မဗျူဟာ သာသနမာမကအဖွဲ့
လူပုဂ္ဂိုလ်များဆိုင်ရာဓမ္မစာပေသင်တန်းကျောင်း
ကြားတောရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၁-၃၈၀၈၈၀
၎။ အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာတက္ကသိုလ်
ကမ္ဘာအေးစေတီဝင်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
ဖုန်း ၀၁-၆၅၅၇၅၆၊ ၀၁-၆၅၁၇၆၉
၅။ ပုရပိုက်ဓမ္မဖြန့်ချိရေး
တိုက်(N.3)၊ အခန်း(၁၀၂)၊ လေးထောင့်ကန်လမ်းမကြီး၊
တာမွေမြို့နယ်။ (ILBC အနီး)
ဖုန်း ၀၁-၅၄၄၇၂၇၊ ၀၉-၇၃၉၀၃၉၇၀

Samatha and Vipassana (New E-Book) ဒေါက်တာနန္ဒမာလာ ဘိဝံသ
http://www.drnandamalabhivamsa.com.mm/book/856

ဒေါက်တာနန္ဒမာလာ ဘိဝံသ Face Book
https://www.facebook.com/pages/Ashin-Dr-Nandam%C3%A3l%C3%A3bhivamsa/109899585853286?ref=profile

No comments:

Post a Comment