Friday, May 2, 2014

သဘာဝဓာတ်စာနှင့် ကျန်းမာရေး


ချင်း

          ချင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကပင် တရုတ်ပြည်နှင့် အိန္ဒိယတို့၌ ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးစွဲခဲ့သည်။ မြန်မာဆေးမြီးတိုများ၌လည်း ချင်းအသုံးက မဆုံးနိုင်အောင် များပြားလှသည်။
·         ခေါင်းကိုက်သူများ ချင်းစိမ်းကို ပါးပါးလှီး၍ နားထင်၌ကပ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
·         သွားနာ၊ သွားကိုက် ရောဂါခံစားနေရသူများ ချင်းစိမ်းကို ၀ါးစား၍ ကိုက်သောသွားနေရာ၌ ချင်းစိမ်းကပ်ထားလျှင် သက်သာပျောက်ကင်းနိုင်သည်။
·         ချောင်းဆိုးသူများ ချင်းစိမ်းကို ဆားနှင့်တို့၍ စားနိုင်သည်။
·         မျက်စိနာလျှင် ချင်းရည်ကို မြင်းခွာရွက်ရည်နှင့် ရောစပ်၍ သောက်သုံးနိုင်သည်။
·         ဖျားနာသူများ ချင်းတက်ကို ပါးပါးလှီး၍ ထန်းလျက်သုံးလုံးနှင့် ကွမ်းရွက်နှစ်ရွက်ထည့်ပြီး သုံးခွက်တစ်ခွက်တင် ကျိုသောက်နိုင်သည်။
·         အမျိုးသမီးများ သွေးသားစင်ကြယ်ရန်အတွက် ဓမ္မတာလာခါနီးရက်နှင့် ဓမ္မတာလာချိန်၌ ချင်းနှင့်ထန်းလျက် ရောစပ်၍ သောက်နိုင်သည်။

·         ဇက်ကြောတက်သူများ ချင်းကိုပါးပါးလှီး၍ မီးအနည်းငယ်ပြကာ ဇက်ကြောတက်သည့်နေရာ၌ကပ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
·         လေချဉ်မကြာခဏတက်သူ၊ လေပွသူများ ချင်းတက်ကို နုပ်နုပ်စဉ်း၍ ရေနွေးစိမ်ကာ အစာစားပြီးတိုင်း သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
·         ချင်းသည် မူးဝေအော့အန်တတ်သူများ အတွက်လည်း အားထားရသည့် ဆေးတစ်ပါးဖြစ်သည်။
·         အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်၏ ချင်းသုံးပုံသုံးနည်းမှာလည်း အတုယူဖွယ်ကောင်းလှသည်။ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ သည် မိမိကျောင်းတိုက်ရှိ သံဃာတော်များအား မိုးရာသီ၌ ထန်းလျက်ရည်၊ ဆောင်းရာသီပ၌ ထန်းလျက်ရည်ထဲ ချင်းထည့်၍ တိုက်တော်မူသည်။ အမြော်အမြင် ကြီးမားသည့် ဆရာတော်ကြီးသည် အေးသောရာသီ၌ ထန်းလျက်ထဲချင်းထည့်၍ တိုက်ခြင်းမှာ ကျန်းမာရေးရှုထောင့်မှကြည့်ကာ အခိုးပွင့်စေရန် ရည်ရွယ်ခြင်းဖြစ်ပေမည်။
·          
·         စေတနာလှိုင်(ရေစကြို) ပြုစုသော ကျန်းမာသက်ရှည်ရေးဆေးနည်းဆေးပင်များ(ဒုတိယတွဲ)


ကျောက်ဖရုံ

·         ကျောက်ဖရုံသီးအားဆေး
§  ကျောက်ဖရုံ                  ပိဿာ
§  သကြား                       ပိဿာ
§  ထောပတ်             ၉၀      ကျပ်သား
§  ပိတ်ချင်းမှုန့်                           ကျပ်သား
§  ချင်းခြောက်မှုန့်              ကျပ်သား
§  ဇီရာမှုန့်                       ကျပ်သား
§  နံနံစေ့                         ပဲသား
§  ကရဝေးမှုန့်                  ပဲသား
§  ဖာလာမှုန့်                    ပဲသား
§  ငရုတ်ကောင်းမှုန့်            ပဲသား
§  သစ်ကြံပိုးမှုန့်                ပဲသား
§  ပျားရည်                       ကျပ်သား

·         ဦးစွာ ကျောက်ဖရုံသီးကို အခွံနွာ၍ ရေမထည့်ပဲ နူးအောင်ပေါင်းပါ။ ထို့နောက် ဆေးမှုန့်၊ ထောပတ်၊ ပျားရည်၊ စသည်တို့ထည့်ပြီး မီးနွေးနွေးဖြင့် ချက်ရသည်။ ၄င်းဆေးကို နံနက်အိပ်ရာထနှင့် ညအိပ်ရာဝင်ချိန်၌ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပုံမှန်စားရသည်။ သွေးယို၍ကုန်ခန်းခြင်း၊ အဆစ်အမြစ်နာခြင်း၊ သားသမီးမရသော အိမ်ထောင်သည် အမျိုးသမီးများ သားသမီးထွန်းကားစေခြင်း၊ ကိုယ်ငွေ့မညီ၍ ပူတစ်လှည့်၊ အေးတစ်လှည့်ဖြစ်ခြင်း၊ အပူငုပ်၍ဖျားခြင်းများအတွက် အကျိုးပြုသည်။
·         ကျောက်ဖရုံသီး၏ ထူးခြားသောစွမ်းရည်မှာ အနံ့အသက်ဆိုးများကို စုပ်ယူနိုင်ခြင်းဖြစ်သည်။ အထက်အညာ အချို့ရွာများ ၌ လူတစ်ယောက်သေ၍ သွေးပုပ်အရိအရွဲများကျလျှင် လူသေ၏အောက်၌ ကျောက်ဖရုံသီးခြမ်း ခံထားသည်ကို တွေ့ရဖူးသည်။
·         အခြားအံ့ဖွယ်မှာ ကျောက်ဖရုံသီးကို မိုးကြိုးလွှဲအဖြစ် ဆောင်ကြခြင်းဖြစ်သည်။ ကျောက်ဖရုံသီး၌ မည်သည့်ဓါတ်ပါ၍ မည်သို့ကာကွယ်နိုင်စွမ်းရှိပုံကို လက်တွေ့ ဟုတ်/မဟုတ် မသိရသော်လည်း အချို့အိမ်များ၌ မိုးကြိုးအန္တရာယ်ကာကွယ်ရန်အတွက် ကျောက်ဖရုံသီး ချိတ်ဆွဲထားကြသည်။
·         ကျောက်ကပ်ဖောရောင်ခြင်းနှင့် အသည်းရောင်အသားဝါရောဂါများအတွက် ကျောက်ဖရုံသီးသတ္တုရည်ကို သကြားနှင့် ရောစပ်တိုက်ကျွေးနိုင်သည်။
·         စိတ်ရောဂါအတွက် ကျောက်ဖရုံသီးသတ္တုရည်ကို တိုက်လျှင် စိတ်ငြိမ်သက်၍ အိပ်ပျော်စေနိုင်သည်။
·         ခြေကြားထဲရှိ ၀ဲနာများအတွက် ကျောက်ဖရုံသီးအခွံကို အရည်ကျို၍ ၄င်းအရည်ဖြင့် ဆေးကြောပေးလျှင် ပျောက်ကင်းစေနိုသည်။ ၄င်းအရည်သည် ခြေထောက်မှထွက်သည့် အနံ့ဆိုးများကိုလည်း ကာကွယ်နိုင်သည်။



ရွှေဖရုံသီး

·         ရွှေဖရုံသီးအစေ့သည် ဗီတာမင်အီးအကြွယ်ဝဆုံးအစေ့တစ်ခုဖြစ်၍ ရွှေဖရုံသီးအစေ့လှော်သည် စိတ်ကိုတည်ငြိမ်စေကာ အသားအရေစိုပြေပြီး နုပျိုစေသည်။
·         စိတ်ပျံ့လွင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးနှောက်ခြောက်ခြင်းတို့အတွက် ရွှေဖရုံသီးကို မန်ကျည်းသီးနှင့် သကြားခဲ သင့်ရုံရောစပ်၍ အ၀တ်ဖြင့်စစ်ပြီး ၄င်းအရည်ကို ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။


နနွင်း

နနွင်း ဆေးဟာ ကျန်းမာရေးကောင်းအာင်၊ အသက်ရှည်အောင် လုပ်ပေးနိုင်ပုံကို ဆရာစန္ဒြမျက်မြင်ကိုယ်တွေ့ နှစ်ကြိမ်ကြုံခဲ့ ရတယ်။ ပထမအကြိမ်က ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်ရင်းနဲ့ ဆရာစန္ဒြတို့မိသားစုဟာ ပြင်ဦးလွင်နယ်ထဲက ရွာလေးတစ်ရွာကို ရောက်သွားကြတယ်။ သူတို့တည်းတဲ့အိမ်က အမျိုးသမီးကြီးတစ်ယောက်ဟာ မီးဖွားပြီးသုံးရက်ရသေးတယ်။ ထမီရင်ရှားကြီးနဲ့ ချောင်းထဲမှာ ရေဆင်းချိုးရအောင်ဆိုပြီး ထွက်လာတယ်။
          ဒီလို မီးတွင်းပြီးမှာ ဘယ်အမျိုးသမီးမှ ရေမချိုးဘူး။ ချိုးရင်လည်း ဒုက္ခရောက်ကြတာပဲ။ ဒါကြောင့် ဆရာက ရေမချိုးသင့်သေးကြောင်း တားတယ်။ အမျိုးသမီးက သူမီးဖွားတိုင်း ဒီလိုရက်မှာ ချိုးနေကျပါလို့ ပြောပြီးချောင်းထဲမှာ ရေဆင်းကူးတယ်။ “လှံဖျား ပုဇဉ်းနား၊ ကျီးကန်းက ကြောက်ချေးပါ” ဆိုတဲ့ စကားပုံလိုပဲ။ အမျိုးသမီးက သူ့ကိုယ်ကွေ့အား သူယုံကြည့်လို့ အေးအေးဆေးဆေး ရေကူးနေတာကို ကမ်းပေါ်က ဆရာစန္ဒြက တအားစိုးရိမ်နေတယ်။ ဒီအမျိုးသမီးတော့ တစ်ခုခုဖြစ်တော့မှာပဲပေါ့။ ရေချိုးပြီး သုံးရက်လောက်ကြာတဲ့အထိ ဘာမှမဖြစ်တာတွေ့ရမှ ဆရာစန္ဒြ သိပ်အံ့သြသွားပြီး အမျိုးသမီးကြီးကို ကိုယ်ခံအင်အားကောင်းအောင် ဘာဆေးတွေအမြဲစားသလဲလို့ မေးယူရတယ်။
          ဒီတော့မှ အမျိုးသမီးကြီးက နနွင်းလုံးကြီးတစ်လုံးကို လက်ညျှိးထိုးပြလိုက်တယ်။ မနက်တိုင်း နနွင်းလုံးကို လောက်စာလုံးအသေးစားတစ်လုံးစားပြီး ရေသောက်တာပဲတဲ့။ နနွင်းစာ အပူဓါတ်ပါတော့ တေဇောကို အားပေးတယ်။ တေဇောအားကောင်းတဲ့သူတွေစာ အအေးကို မကြောက်ဘူး။ လူတစ်ယောက် အသက်ရှည်မရှည်ကို အအေး ကြောက်၊ မကြောက်ဆိုတာနဲ့ တိုင်းတာလို့ ရတယ်။ အအေးကို ကြောက်ရင် တေဇောဓါတ်နည်းနေပြီ။ တေဇောဓါတ်နည်းတာနဲ့ သေဖို့ရာနီးနေပြီ။ အသက်သိပ်မရှည်တတော့ဘူးလို့ ပြောနိုင်တယ်။
          တေဇောဓါတ်အားကောင်းနေတယ်။ တေဇောဓါတ်အားကောင်းနေရင် သေဖို့ရာ အဝေးကြီးလိုသေးတယ်။ အသက်ရှည်ဦးမယ်လို့ ပြောနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ဆေးကိုချင့်ချိန်ပြီး စားတတ်ဖို့ပါ။ နနွင်းက အပူဓါတ်ဆိုဆော့ မျက်စီကို အပူငွေ့အနည်းငယ် ရိုက်နိုင်ပါတယ်။ ဒါကြောင့် ဆေးစားပြီးတဲ့အခေါ မျက်စိအပေါ် အကျိုးသက်အေရာက်မှု ဘယ်လိုဆိုတာကိုလည်း သတိထားသင့်ပါတယ်။ မျက်စိမှုန်တာ၊ ၀ါးတာတစ်ခုခုဖြစ်တယ်လို့ထက်ရင် ဆေးကိုလျှော့စားဖို့ပါ။
          ဒီနနွင်းဆေးကြောင့် အသက်ရှည်ကျန်းမာနေတာကို တွေဲရတာက ထန်းတစ်ပင်မြို့နယ်ထဲက ဆရာတော်ကြီး တစ်ပါးပါ။ ဒီဆရတော်ပြီးဟာ သက်တော်စာ (၈၀)ကျော်လာတယ်။ ဆံပင်တစ်ချောင်းမှ မဖြူဘူး။ ကျန်းမာရေးကလည်း ကောင်းလိုက်တာ မပြောနဲ့တော့။ ဘာရောဂါမှ မဖြစ်ဘူး။ တစ်နေ့ကျောင်းအမကြီးတစ်ယောက် ကျောင်းကိုရောက်လာပြီး ဆရာတော်ကြီးလို အသက်ရှည်ကျန်းမာအောင် ဆေးနည်းတောင်းတယ်။ ကျောင်းအမက အသက်လေးဆယ်ကျော်ရှိသေးတယ်။ ခေါင်းကဖြူနေပြီး ချူချာလိုက်တာလည်း လွန်ရောတဲ့။ ဒီတော့မှ ဆ၇ာတော်ကြီးက “တို့စားတဲ့ဆေးက အဖိုးမန်တော့ အထင်သေးပြီး စားမှာမစုတ်ပါဘူး။ ဒါကြောင့် မပေးပါရစေနဲ့” လို့ ပြောသတဲ့။
ကျောင်းအမကလည်း ပေးသာပေးပါ။ တကယ်စားမှာပါလို့ ၀န်ခံတော့မှ ကျက်သရေခန်းထဲက နနွင်းလုံးတစ်ဆုပ်ကို ယူပေးလိုက်သတဲ့။
(မှတ်ချက်။       ။ ဆရာစန္ဒြသည် နာမည်ကျော်လက္ခဏာဆရာကြီးဖြစ်ပါသည်။ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း၏ အတ္ထုပ္ပတိစာအုပ်တွင် ဆရာစန္ဒြအကြောင်းပါသည်။ ၀န်ကြီးချုပ်ဦးနု ၊ ဂျာနယ်ကျော်မမလေး စသောပုဂ္ဂိုလ်များကိုယ်တိုင် ထောက်ခံစာရေးပေးခဲ့ရသူဖြစ်ပါသည်။ ဆရာမကွေးဝင်းမြင့်၏ ကျန်းမာရေးစာအုပ်တစ်အုပ်တွင်လည်း ဆရာန္ဒြပေးပို့သော ဆေးနည်းများပါရှိခဲ့ပါသည်။ ဆရာစန္ဒြသည် နနွင်းသောက်သုံးမှုကြောင့် အသက်ကိုးဆယ်နီးပါးနေခဲ့ရကြောင်း “ဘ၀ခရီးနှင့် အတွေ့အကြုံများ” စာအုပ်တွင် ရေးသားခဲ့ပါသည်။)

ညွှန်း-            မေတ္တာရှင်(ရွှေပြည်သာ) ၏ ဆရာကောင်းကိုရှာဖွေခြင်း ၊ နှာ -182

No comments:

Post a Comment