Friday, May 2, 2014

အနာအတွက် ဒန်းကြီးရွက်

          “ဟိုတစ်လောကပေါ့ လက်ကိုတူနဲ့ထုမိတာအသားကြေသွားတာပေါ့။ တခြားထွေထွထူးထူးလုပ်မနေပါဘူး။ ဒန်းကြီးရွက်ကြိတ်အုံလိုက်တာပဲ။ တစ်ရက်နှစ်ရက်ရှိ လုံးဝပျောက်သွားတာပဲ။” ဟုစက်ရုံအလုပ်သမားတစ်ဦးကဆေးနည်းတိုထွာလေးပြော၍ မှတ်ရဖူးပါသည်။ ထိုအလုပ်သမားပြီးသည်လး ကျွန်တော့်ဆရာပါ။
          ဘ၀ပေးအသိပညာသည် ကျောင်းကလေးသောပညာထက် လေးနက်တန်ဖိုးရှိသည် ဟူသောဆိုရိုးစကားနှင့်အညီ ပြည်သူများ၏ ကိုယ့်တွေ့ အတွေ့အကြုံ၊ ၇ိုးရာကိုယ်တွေ့ဆေးနည်းများသညိတန်ဖိုးရှိလေစွ။
          ထို့ကြောင့် ပြည်သူကြား ကျွန်တော်ဝင်ပါသည်။ “တစ်ဦးခေါင်းတစ်ပညာ” ဆိုသလိုမိမိတို့၏ ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်းသယ်ဆောင်လာကြသောအစွမ်းထက်လှသည့် ဆေးနည်းကလေးများ ကျွန်တော့်လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပါသည်။ ပြည်သူကိုဆရာတင်၍ ပြည်သူကြားမှာလေ့လာခဲ့သောကိုယ်တွေ့ ဆေးနည်းများကိုကိုယ်တော့်ကိုယ်ကျိုးမသုံပါ။ “ပြည်သူ့ထံမှ ပြည်သူ့ထံသို့” ဟူသောဆောင်ပုဒ်အတိုင်း ကျွန်တော်ပြန်၍ ဖောက်သည်ချရပါသတည်း။
မကွေးဝင်းမြင့် ၏ “အသက်ရှည်ရာအနာမဲ့ကြောင်းနည်းလမ်းကောင်းများ” မှ


အမာရွတ်အတွက် ကြိတ်မှန်ရွက်
          ကျွန်တော့်အဖွား လက်မှာဆီပူလောင်သွားတာ အမာရွတ်ကျန်ခဲ့ပါတယ်။ လက်ဆိုတော့ မြင်လွယ်တဲ့နေရာပဲပေါ့။ အဲဒါနဲ့ နေ့တိုင်း ကြိတ်မှန်ရွက်တွေကို ခြေပြီး အမာရွတ်ကို ပွတ်ပါတယ်။
သိပ်မကြာပါဘူး။ အမာရွတ်ပျောက်သွားပါတယ်။ မူလအသားအရေအတိုင်း ပြန်ဖြစ်သွားပါတယ်။ မီးပူကြောင့်ဖြစ်တဲ့အမာရွတ်သာမက အခြားထိခိုက်ရှနာအမာရွတ်တွေ အတွက်လည်း ကြိတ်မှန်ရွက်က အစွမ်းထက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ အမာရွတ်အတွက်ဆိုရင် ကြိတ်မှန်ရွက်ဟာ အကောင်းဆုံးပါပဲ။ မယုံပါနဲ့ဦး။ စမ်းကြည့်ပါ။

မှတ်ချက်။  ။ ကျွန်တော်၏ မိခင်သည် မကြာခဏခြေစွယ်၊ လက်စွယ် ငုပ်တတ်ပါသည်။ ထိုအခါ ဒန်းကြီးရွက် ကိုထောင်း၍ အရည်ကိုအနားပေါ်သို့ သုတ်လိမ်းပေးသောအခါ သက်သာပါသည်။ ကျွန်တော်ကိုယ်တိုင်လည်းလက်စွယ်ငုပ်သောအခါ၊ အနာဖြစ်သောအခါ ဒန်းကြီးရွက်ကိုထောင်း၍ အရည်ကိုအနာကိုလိမ်းသောအခါ ပျောက်ကင်းသက်သာခဲ့ပါသည်။ ဒန်းကြီးရွက်ကိုထောင်းလိုက်လျှင် အရောင်မှာနီညိုလိုလို၊ အရည်များထွက်လာပါသည်။  betadineအနာကျက်ဆေးရည် အရောင်နှင့် လွန်စွာတူလှပါသည်။ (အရောင်စွန်းနိုင်သောကြောင့် အ၀တ်အထည်နှင့် မထိစေအောင် သတိပြုရပါမည်)  FAMEမှ ထုတ်လုပ်သောအနာကျက်သောက်ဆေး(wound healer)တွင် ဒန်းကြီးကိုထည့်သွင်းဖော်စပ်ထားပါသည်။
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)

No comments:

Post a Comment