Thursday, May 1, 2014

သြဝါဒတော်များ


·         ရောဂါကြောင့်သာ၊ ဆေးဆရာ၊ စွမ်းတာသိနိုင်သည်။
·         ကိလေသာဟူ အပူကြောင့်သာ၊ ကောင်းစွာကျင့်တတ်၊ သူတော်မြတ်၏၊
မြင့်မြတ်ထူးဆန်း၊ လူ့အစွမ်း၊ ဖြစ်ထွန်းပေါ်လာသည်။
·         ရောဂါအများ၊ ရှိနေငြား၍၊ ဆေးဝါးစွမ်းအင်၊ အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
·         ကိလေသာဟူ အပူအများ ရှိနေငြား၍ ၊ တရားစွမ်းအင် အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
(ယောဆရာတော်ကြီး)

ရတနာသုံးပါးကို သွားတဲ့အခါ၊ စားတဲ့အခါ မမေ့နဲ့။ စီးပွားရှာလည်း မမေ့နဲ့။
အကုန်လုံးပြည့်စုံနိုင်တဲ့ ရတနာသုံးပါးပါ။
(သာမညတောင်ဆရာတော်ကြီး)


အလုပ်ပေး ၀ိပဿနာ အမေးအဖြေများမေတ္တာရှင်(ရွှေပြည်သာ)


ဒီကပေးလိုက်တဲ့နည်းကို တစ်နှစ်ပတ်လုံး ကျင့်သုံးဖို့တော့ လိုပါတယ်။ ရှင်းရှင်းလေးပဲ။
အများကြီး မပြောဘူး။ နှစ်ခုပဲမှာလိုက်မယ်။
လောဘနဲ့ ဒေါသအကြောင်းမတွေးဘဲနဲ့
အလောဘနဲ့ အဒေါသအကြောင်းပဲတွေးပါ။ အဲဒါတရားပဲနော်၊
လိုချင်စရာနဲ့ သူတပါးအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ မတွေးနဲ့တော့။ တွေးခွင့်မပေးနဲ့တော့။ အလောဘဆိုတဲ့ သူတပါးကို ပေးဖို့တော့ တွေးပါ။ အဲဒီတော့စိတ်က ဖြူစင်နေတယ်။ ငါစီးပွားရေးတက်လာရင် ဘယ်သူ့ကို ဘယ်လို ထောက်ပံ့ရမလဲဆိုတဲ့ အဲဒါမျိုးတွေ တွေးပါ။
အဲဒီလိုဆိုရင် ယောဂီတို့ စိတ်လေးတွေဟာ အမြဲတမ်း ဖြူစင်နေပါလိမ့်မယ်။ အဲဒီလို ကောင်းတာကို တွေးတာကိုက တရားကျင့်တဲ့ သဘောလည်း ပါသွားပါလိမ့်မယ်။
နှာ - ၂၁

          ဒီရိပ်သာမှာနေတဲ့အချိန်တင်မဟုတ်ဘူးလေ။ ကိုယ့်အိမ်ကိုရောက်တဲ့အထိ ကျင့်နိုင်အောင် နည်းပေးနေတာပါ။ မကောင်းတဲ့စိတ် မ၀င်အောင်နေပေါ့။ ထိုင်လို့ မကောင်းတဲ့စိတ်မ၀င်ရင် ထိုင်ပြီးတ၇ားကျင့်တာပေါ့။ သွားနေတဲ့အချိန်မှာ မ၀င်ရင် သွားနေရင်း တရားကျင့်တာပဲ။ အဲဒါ အဓိကပါပဲ။
နှာ- ၇၇

          သိပြီးရင် ကျင့်ရမှာလေ။
မကျင့်ရင်တော့ ဘယ်တရားရမှာတုန်း။ သိအောင် ဟောနေတယ်။ ဟောပြီးလို့ သိရင်တော့ ကျင့်ရမှာပေါ့။ ကျင့်တယ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ကျင့်ရမှာလေ။ အလောဘ၊ အဒေါသ၊ အမောဟတွေ များလာအောင် ကျင့်ရမှာပေါ့။ မြန်မာလိုပြောရင် လိုချင်တဲ့စိတ်တွေ နည်းအောင်ကျင့်၊ စိတ်ဆိုးတဲ့စိတ်တွေ နည်းအောင်ကျင့်၊ ပေးချင်ကမ်းချင်တဲ့စိတ်တွေ များအောင်ကျင့်၊ သူတစ်ပါးအကျိုး ဆောင်ရွက် ချင်တဲ့စိတ်တွေ များအောင်ကျင့်ရမယ်။ အဲဒါပဲ။ ဒါက ကျင့်တာပဲပေါ့။
နှာ - ၁၃၆
          ချက်ချင်းရှုရမှာပေါ့။ ကြားသိစိတ် အနိစ္စဆိုပြီးတော့ပေါ့။ ကြားတဲ့အပေါ်မျာ မနှစ်သက်တဲ့ ဒေါသ၊ နှစ်သက်တဲ့ လောဘ မပေါ်အောင် နေရမှာပေါ့။ အဲဒါ သုဒ္ဓ၀ိပဿနာပဲ။
နှာ - ၁၄၈

မေး။    ။ ၀ိပဿနာတရားကို တရားထိုင်၍ ရှုမှတ်ခြင်းမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟ ကင်းအောင်နေခြင်းဖြင့် ၀ိပဿနာတရား အားထုတ်ရာရော ရောက်ပါသလား။
ဖြေ။     ။ ရောက်ပါတယ်။ လုပ်ကြည့်ဦးပေါ့နော်၊ လုပ်မကြည့်ဘဲနဲ့ မမေးပါနဲ့။ ဆရာတော်တို့ ကိုယ်တိုင် လုပ်ကြည့်ပြီးမှ၊ ၀ိပဿနာတရား ၁၀ နှစ်လောက် အားထုတ်ပြီးမှ အချမ်းသာဆုံး၊ အလွယ်ကူဆုံးကို ပြသခြင်းဖြစ်တယ်။ တစ်ခဏတည်းနဲ့တော့ အကုန် မသိနိုင်ပါဘူး။ အခုယောဂီတို့ကို ထိုင်တဲ့နည်းတောင် မကဘူး။ လက်တွေ့ ကိလေသာပယ်သတ်နည်းကိုပါပေးခဲ့ပြီလေ။ အတ္တမဆန်ဖို့၊ အသာမစံဖို့နဲ့ အနာခံဖို့ကြုံရင် အနာခံဖို့၊ အဲဒါတွေက လက်တွေ့ တရားကျင့်နည်းတွေလေ။


အိုဘယ့် ခရီးသည်---
ဒါန မရှိလျှင် ရိက္ခာမပါသော ခရီးသည်နှင့် အလားတူ၏။
ဒါန နည်းလျှင် ရိက္ခာမလောက်ငှသော ခရီးသည်နှင့် အလားတူ၏။

သီလ မရှိလျှင် ခြေကျိုးသော ခရီးသည်နှင့် အလားတူ၏။
သီလ နည်းလျှင် ခြေမသန်သော ခရီးသည်နှင့် အလားတူ၏။

ဘာဝနာ မရှိလျှင် မျက်စိမမြင်သော ခရီးသည်နှင့် အလားတူ၏။
ဘာဝနာ နည်းလျှင် မျက်စိမွဲသော ခရီးသည်နှင့် အလားတူ၏။


မနာလိုတာ၊ ဝန်တို ကြောက်စရာ၊ ရွံစရာ စိတ်ဓာတ်ပါ။
ကင်ဆာ၊ အေအိုင်ဒီအက်(စ်)ရောဂါတို့သည်
ယခုတစ်ဘ၀သာ နှိပ်စက်နိုင်၏။
ဣဿာ၊ မစ္ဆရိယ ဆိုတဲ့ စိတ်ဓာတ်ခုခံအားကျရောဂါတို့သည်
သံသရာအဆက်ဆက် နှိပ်စက်နိုင်၏။



ဗုဒ္ဓ၀ါဒသည် ကြိုးစားက ဘုရားဖြစ်နိုင်၏ဟု
ဘုရားဖြစ်ခွင့်ပင်ရှိသည့် ထူးခြားသည့်လူ့အခွင့်အရေးကို အပြည့်အ၀ပေးထားသည့်
တစ်ခုတည်းသော ဘာသာတရားဖြစ်သည်။
ဘဒ္ဒန္တနိမ္မလ(စိတ္တသုခစာသင်တိုက်)




ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်
“စိတ်ကောင်းမှ ကံကောင်းတယ်။ ကံကောင်းမှ အကျိုးပေးကောင်းတယ်”
ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် လုပ်နေတာပါ။

နံသာဖြင့်ထုံမွှမ်းအပ်သော (စိတ်ဓါတ်)---
ယောနိသော မနသိကာရ ဆိုတဲ့
စိတ်ထားကောင်းလေးနဲ့သာ
စိတ်ကောင်းလေး ထားနိုင်မယ်ဆိုရင်
ဘယ်အာရုံနဲ့ ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ ကြုံကြုံ
စိတ်လည်း ချမ်းသာပါတယ်။
ကုသိုလ်တရားလည်း တိုးပွားပါတယ်။
အလုပ်တိုင်းမှာ အနှစ်ပါဖို့
မေတ္တာဟာလည်း မရှိမဖြစ်ပါ။
ဘာအလုပ်ပဲလုပ်လုပ်
မေတ္တာထုံမွမ်းပြီးလုပ်ရင်
လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။
(အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)


ကောင်းရာရောက်ရန် လမ်းအမှန်(ယောဆရာတော်ကြီး)

ကောင်းစွာသိမြင်၊ ကြံစည်လျှင်၊ စွမ်းအင်မြတ်ပညာ။
·         ကောင်းစွာပြောမှု၊ ကောင်းစွာပြုပေး၊ သက်မွေးမှန်ကန် ဤ ၃ တန် ကျင့်ရန်သီလသာ။
·         ကောင်းစွာကြိုးစား၊ သတိထား၍၊ ကောင်းငြားတည်ကြည်၊ ဤ ၃ လီသိ၊ သမာဓိ၊ ကျင့်ဘိမြတ်သိက္ခာ။
·         သိက္ခာ ၃ ရပ်၊ အကျင့်မြတ်၊ မပြတ်ဖြည့်စရာ။
နိဗ္ဗာန်ရောက်ကြောင်း၊ တရားကောင်း၊ ကြာညောင်းသော်လည်း မဟောင်းပါ။
ကောင်းရာရောက်ရန်၊ လမ်းအမှန်၊ ဧကန်တိကျပါ။
ကိုယ့်လမ်းကိုယ်လျှောက်၊ ကောင်းရာရောက်၊ မကြောက်ရအောင် ကြိုးစားရာ

No comments:

Post a Comment