Friday, May 2, 2014

သွေးကင်ဆာအတွက် ကြိတ်မှန်ရွက်/ထန်းလျက်

          “မှန်တယ် ဒကာလေး၊ သွေးကင်ဆာ က အဖြစ်နည်းတယ်။ အဲ ဖြစ်လိုက်ရင်လည်း ဆေးကုလို့ မလွယ်လှဘူး။ ဒါပေမယ့် ဘုန်းကြီးမှာတော့ ကုသိုလ်ကံကြောင့် ဆေးကောင်း ၀ါးကောင်းလေးနဲ့ လာကြုံတယ်။ ခု အဲဒီဆေးပေးခဲ့မယ်။ လိုက်မှတ်ကြပေတော့ ”
          ကျွန်တော်က မှတ်စုစာအုပ် ဖွင့်လိုက်၏။
          “ဒီလို ဒကာလေးရဲ့၊ တစ်နေ့တော့ ကျုပ် အပြင်းဖျားပါရောလား။ အပြင်းဖျားရာက သွေးကင်ဆာဖြစ်ရော။ သွေးသွင်းပြီးကုရတာပဲ။ သွေးသွင်းလိုက်ရတာ ခဏခဏ၊ မရဘူး။ နောက်ဆုံး သေလုမြောပါးဖြစ်နေတုန်း ကျုံဒိုးက ကျုပ်ဒကာတစ်ယောက် ရောက်လာတယ်။ သူက ကျုပ်ရောဂါကို ကုတာပဲ။ ဆေးနည်းက လွယ်လွယ်လေးပါ။ ကြိတ်မှန်ရွက်ကို ထောင်း၊ ထောင်းရတဲ့ ကြိတ်မှန်ရွက် သတ္တုရည်က တစ်ပိဿာတိတိ၊ ထန်းလျက်  ၂၅ ကျပ်သား ၊ စမုန်မျိုးငါးပါး က တစ်ပဲသားပေါ့။ အားလုံးပေါင်းပြီး မီးအေးအေးလေးနဲ့  ၂၅ သား ကျန်တဲ့အထိ ကျိုချက်ရတယ်။ အဲဒါကို အအေးခံပြီး ကြွေဇွန်းကြီး တစ်ဇွန်းခန့် နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ရတယ်။ ကျုပ် တစ်လလောက်သောက်တာ ပျောက်ရော”
          ကျွန်တော် အံ့သြတုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၀မ်းသာအားရ တလေးတစား တေးမှတ်ထားလိုက်ပါ၏။

သွေးကင်ဆာအတွက် ကြိတ်မှန်ရွက်/ထန်းလျက်

မကွေးဝင်းမြင့်၏ လူထုထဲက ဆေးပညာ စာအုပ်မှ

အမာရွတ်အတွက် ကြိတ်မှန်ရွက်
          ကျွန်တော့်အဖွား လက်မှာဆီပူလောင်သွားတာ အမာရွတ်ကျန်ခဲ့ပါတယ်။ လက်ဆိုတော့ မြင်လွယ်တဲ့နေရာပဲပေါ့။ အဲဒါနဲ့ နေ့တိုင်း ကြိတ်မှန်ရွက်တွေကို ခြေပြီး အမာရွတ်ကို ပွတ်ပါတယ်။
သိပ်မကြာပါဘူး။ အမာရွတ်ပျောက်သွားပါတယ်။ မူလအသားအရေအတိုင်း ပြန်ဖြစ်သွားပါတယ်။ မီးပူကြောင့်ဖြစ်တဲ့အမာရွတ်သာမက အခြားထိခိုက်ရှနာအမာရွတ်တွေ အတွက်လည်း ကြိတ်မှန်ရွက်က အစွမ်းထက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ အမာရွတ်အတွက်ဆိုရင် ကြိတ်မှန်ရွက်ဟာ အကောင်းဆုံးပါပဲ။ မယုံပါနဲ့ဦး။ စမ်းကြည့်ပါ။

ကင်ဆာပျောက်ဖို့ လမ်းစတစ်ခုဖြစ်လာနိုင်မလား။

          တစ်ခါတစ်လေမှာ ၀က်ခြံဖုအကြီးကြီးတွေ၊ အပူဖုတွေ၊ အကျိတ်လိုဟာတွေ ပေါက်တတ်ပါတယ်။ အညော်ဝင်ရင် ပိုဆိုးပါတယ်။ အဲဒီအခါမှာ မောရိယမန်းဆေးကို သောက်ပေး၊ လိမ်းပေးရင် သိသိသာသာပျောက်သွားပါတယ်။ မောရိယမန်းဆေးရဲ့ အစွမ်းထက်ပုံကို လေး၊ ငါးခါလောက်တွေ့မြင်ရတဲ့အခါ စိတ်ဝင်စားလာပါတယ်။ ပါဝင်တဲ့ဆေးပစ္စည်း(၅)မျိုးကတော့ ဆေးတမာ၊ နုနွင်း၊ ရှိန်းခို၊ ပန်းနု၊ လင်းနေ တဲ့။ အနာပေါက်ဝိဇ္ဇာ ဆရာခိုင်ကြီးရဲ့ ဆေးနည်း တဲ့။ ကျွန်တော်စဉ်းစားမိတာက မောရိယမန်ဆေးက အနာတွေ၊ အကျိတ်၊ အဖုတွေကို သက်သာပျောက်ကင်းစေတဲ့အစွမ်းရှိတော့ ကင်ဆာအကျိတ်တွေ ဆိုရင်ရော ***
ဆေးတမာ၊ နုနွင်း၊ ရှိန်းခို၊ ပန်းနု၊ လင်းနေ ဆိုတဲ့ဆေးပစ္စည်း(၅)မျိုးကို အခြေခံပြီး အခြားအစွမ်းထက်တိုင်းရင်ဆေးဝါးတွေနဲ့ ပေါင်းစပ်လိုက်ရင် *** ကျွန်တော်က တိုင်းရင်းဆေးကို ၀ါသနာပါရုံသက်သက်ပါ။ ပညာရှင်တွေ ဆက်လက်သုတေသနပြုနိုင်အောင်၊ လေ့လာစမ်းသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)

No comments:

Post a Comment