Friday, May 2, 2014
ဆေးဝါးဓါတ်စာလက်ဆောင်မွန်
ဆေးဝါးဓါတ်စာလက်ဆောင်မွန်
ခရမ်းချဉ်သီး Tomato
            နိုင်ငံတကာ သုတေသနစာတမ်း(57)စောင်တွင် တင်ပြချက်များအရ ခရမ်းချဉ်သီးစားသုံးမှု (သို့မဟုတ်) သွေးတွင်း Lycopene ရှိမှုနှင့် မြစ်ပွားနာCancer တို့ ဆက်နွယ်မှု ပြောင်းပြန်အချိုးရှိကြောင်း ခိုင်ခိုင်လုံလုံ သိရှိခဲ့ကြ ပါသည်။ Lycopene  ၏ Antioxidant အာနိသင်နှင့် Cell များကို ဟန့်တားနိုင်သည့် အာနိသင်များကြောင့် Cancerရောဂါ ဖြစ်ပွားနိုင်ခြင်းကို လျော့နည်းစေပါသည်။
            ခန္ဓာကိုယ်၏ ခုခံအားစနစ်ကောင်းမွန်စေရန် Carotenoid မှာမရှိမဖြစ်လိုအပ်ပါသည်။ ပြင်သစ်နိုင်ငံရှိ Purpan ဆေးရုံကြီးတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါဝေဒနာရှင်များအား Lycopene အပါအ၀င် အာဟာရဒြပ်ပေါင်းများ တိုင်းထွာ၍ AIDSရောဂါနှင့် ဆက်နွယ်မှုရှိပုံကို သုတေသနပြုခဲ့ကြပါသည်။ သွေးတွင်း Lycopene ပါဝင်မှုမြင့်မားလျှင် AIDS ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သုတေတနစမ်းသပ်တွေ့ရှိခဲ့ကြပါသည်။  (ခရမ်းချဉ်သီးအဆီအနှစ် 500mg တွင် Lycopene 10mg ပါဝင်သည်။)
            Lycopene နှင့် beta-carotene တို့သည် လူခန္ဓာကိုယ်အရေပြားတွင်ရှိသည့် Carotenoid ဒြပ်ပေါင်းများ ဖြစ်ပါသည်။ Free Radicals များနှင့် ပုံမှန်ဇီဝဖြစ်စဉ်များမှ ရရှိသည့် အောက်စီဂျင်တစ်လုံးချင်းတို့ကို ပူးပေါင်းနိုင်ခြင်းကြောင့် Lycopene(လိုက်ကိုပင်း)သည် အစွမ်းထက်သော antioxidant ဖြစ်လာရပေသည်။ သို့ဖြစ်၍ ခရမ်းချဉ်သီး(အစေ့မပါ)သည် အရေပြားအပိန့်ထွက်ခြင်း၊ နေလောင်ခြင်း၊ အရေပြားပြောင်းလဲခြင်း၊ အရေပြားအရောင်ပြောင်းလဲခြင်းနှင့် အရေပြားမြစ်ပွားနာ ဖြစ်ခြင်းစသည်တို့မှ ကာကွယ်ပေးနိုင်ပါသည်။ ခရမ်းချဉ်သီးကို ရေနွေး၊ လက်ဖက်ရည်ပူပူ နွေးနွေးတို့နှင့် တွဲဖက်စားသုံးလျှင် ပိုသင့်လျှော်ပါသည်။
(မှတ်ချက်။          ။ ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်(သို့မဟုတ်) ထမင်းကြော် စသည်ဖြင့် စားသုံးနိုင်ပါသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သောဓါတ်သည် အပူပေးလျှင် အစွမ်းပိုထက်သောကြောင့် ဖြစ်ပါသည်။ ခရမ်းချဉ်သီးအစေ့သည် အစာမကြေခြင်၊ အခန့်မသင့်လျှင် အူအတက်ပေါက်ခြင်း ဖြစ်နိုင်သောကြောင့် ဖယ်ရှားရပါမည်။)
FAME မှ ထုတ်လုပ်သော  Completec(ဆယ်ပင်အားဆေး)၊ Tomatec (ခရမ်းချဉ်သီးဆေး) စသည်တို့တွင်  ခရမ်းချဉ်သီးကို ထည့်သွင်းဖော်စပ်ထား ပါသည်။
Nature C
သဘာဝဗီတာမင်စီ
FAME Nature C ဆေးတစ်ပြားတွင် ဆီးဖြူသီးမှုန့် (500)မီလီဂရမ် မှ ထုတ်ယူထားသော သဘာဝဗီတာမင်စီ 17.4 မီလီဂရမ်ပါဝင်ပါသည်။ (ဓါတုနည်းဖြင့်ထုတ်လုပ်ထားသော ဗီတာမင်စီ 200 မီလီဂရမ်နှင့် အာနိသင်ညီမျှသည်။)
FAME ဆေးဝါးရေးထုတ်လုပ်ရေးမျ သဘာဝဗီတာမင်စီဖြစ်သည့် Nature-C (သဘာဝ-စီ)ဖြည့်စွက်ဆေးတစ်မျိုးကို ဆီးဖြူသီးမှ ထုတ်လုပ်လိုက်ပါသည်။      ဆီးဖြူသီးမှရသော သဘာဝဗီတာမင်စီသည် tannin ဓါတ်များနှင့်ပူးပေါင်းနေသဖြင့် အစာအိမ်ကို ထိခိုက်စေခြင်းမရှိပါ။ ထို့အပြင် ဓါတုနည်းဖြင့်ထုတ်လုပ်ထားသောဗီတာမင်စီ (synthetic vitamin C)ထက် ခန္ဓာကိုယ်တွင်း၌ နှစ်ဆမှသုံးဆပို၍ တည်ရှိ နိုင်ပါသည်။ Natural Vitamin C သည်ကျောက်ကပ်အတွင်းမှ ဖြည်းဖြည်းခြင်း ပြန်လည်စွန့်ထုတ်သည့်အတွက် ဆီးလမ်းကြောင်း ရှိPH မပြောင်းလဲ သဖြင့် ကျောက်တည်ခြင်းကိုလည်း မဖြစ်စေပါ။
သဘာဝဗီတာမင်စီ (Nature Vitamin C)၏ အကျိုးအာနိသင်များ
အအေးမိရောဂါတိုက်ဖျက်ချေမှုန်းခြင်း။            ။ လေ့လာတွေ့ရှိချက်များအရ ဗီတာမင်စီသည် အအေးမိရောဂါကို ကာကွယ် နိုင်ခြင်း၊  ကုသခြင်းမလုပ်နိုင်သော်လည်း အအေးမိရောဂါဖြစ်ပွားချိန်ကို လျော့နည်းစေပါသည်။ သို့ဖြစ်၍ ဗီတာမင်စီကို စားသုံးခြင်းဖြင့် အအေးမိရောဂါကို ပိုမိုလျင်မြန်စွာ ဖယ်ရှားနိုင်ပါသည်။
အင်တီအောက်စီဒင့်။          ။ ဗီတာမင်စီသည် Network antioxidant အုပ်စုတွင်ပါဝင်ပြီး ကလပ်စည်းcellအတွင်း လုံလောက်သော ပမာဏရှိနေပါက တိုက်ခိုက်လာမည့် free redicalများ၏ရန်မှ ကာကွယ်ပေးကြပါသည်။ ထို့အပြင် ခန္ဓာကိုယ်တွင် ဗီတာမင်အီး(E) များ ကြာရှည်အလုပ်လုပ်နိုင်ရန် ဗီတာမင်စီမှ သွယ်ဝိုက်သောနည်းလမ်းဖြင့် ထောက်ကူပေးပါသည်။
တစ်ရှူးဖြစ်စဉ်။     ။ ဗီတာမင်စီသည် အရပြားအပြင်လွှာကို ပံ့ပိုးထားသောတစ်ရှူး tissueကို ဖြစ်စေသည့် collagen ထုတ်လုပ်ရေးတွင် မရှိမဖြစ်လိုအပ်သည်။
နှလုံးရောဂါ။         ။ ဗီတာမင်စီသည် သွေးလွှတ်ကြောအတွင်းနံရံ ပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် သွေးလှည့်ပတ် စီးဆင်းမှုကို ပိုမိုကောင်းမွန်လာစေပါသည်။ superoxide redicalများ သွေးလွှတ်ကြောအတွင်း လျော့နည်းစေခြင်းဖြင့် သွေးကြောမာကျွတ် စေသည့် ဆိုးဝါးသောအဆီဖြစ်ပေါ်ခြင်း:Lipid peroxidationကိုလည်း လျော့နည်းစေပါသည်။ ဤနည်းဖြင့် သွေးကြောမာကျွတ် သည့်အခြေအနေကိုလည်း သွယ်ဝိုက်သောနည်းဖြင့် ဗီတာမင်စီက ကာကွယ်ပေး ပါသည်။
မြစ်ပွားနာနှင့်ဆက်စပ်မှု။      ။ လေ့လာတွေ့ရှိချက်များအရ အစားအသောက်များတွင် ပါဝင်သော မြစ်ပွားနာCancerဖြစ်စေသည့် nitrosaminesများရန်မှ ကာကွယ်ပေးသဖြင့်  ဗီတာမင်စီသည် ခတွင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတလျှောက်တွင် ဖြစ်ပေါ်သည့် မြစ်ပွားနာများကို ကာကွယ်ပေးပါသည်။
            ထို့ကြောင့်ဗီတာမင်စီပါဝင်သောအစားအစာများကို ဗီတာမင်စီချို့တဲ့ရောဂါ၊ အအေးမိရောဂါ၊ အင်တီအောက်စီဒင့် antioxidant ဖြည့်စွက်စာ (သက်ရှည်ကျန်းမာနုပျိုဆေး)၊ ခုခံအားစနစ်ပိုမိုကောင်းမွန်စေရန်၊ အရေပြားပျက်စီးမှုနှေးကွေးစေရန်၊ အနာကျက်မြန်စေရန်၊ မြစ်ပွားနာနှင့်နှလုံးရောဂါများမှ ကာကွယ်ရန် အသုံးပြုနိုင် ပါသည်။
ဆီးဖြူသီး၊ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ စပျစ်သီး စသည့် ချဉ်သောသစ်သီးများတွင် ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သည်။ ဆီးဖြူသီးသည် ကမ္ဘာပေါ်တွင် Vitamin C အကြွယ်ဝဆုံးသော အစားအစာဖြစ်သည်။ Vitamin C သည် ကိုယ်ခံစွမ်းအားကို တက်စေပြီး၊ အခြားအာဟာရများကို အူမှ ခြေဖျက်စုပ်ယူရာ၌ မရှိမဖြစ် လိုအပ်ပါသည်။ ပါဝင်သော Phyllemblinသည် ခုခံစွမ်းအားကို တက်စေသောကြောင့် အလွန်အသုံးဝင်သောဆေးဖြစ်ပါသည်။ သုတေတနလေ့လာ တွေ့ရှိချက်များအရ ဆီးဖြူသီးတွင်ပါဝင်သော သဘာဝဗီတာမင်စီ ၈.၇ မီလီဂရမ် သည် လူတို့ဖန်တီးပြုလုပ်မှုမှရရှိသော ဗီတာမင်စီ(Synthetic Vitamin C) ၁၀၀ မီလီဂရမ်နှင့်ညီမျှသည်ကို တွေ့ရှိရပါသည်။
နေ့စဉ်ဆေးတစ်ပြား အစာစားပြီးသောက်ပါ။ လိုအပ်လျှင် တစ်နေ့နှစ်ကြိမ်အထိ သောက်နိုင်သည်။
FAME မှ ထုတ်လုပ်သော  Completec(ဆယ်ပင်အားဆေး)၊ Nature-C (သဘာဝစီ)၊ SpiruEmblica(သဘာဝအားဆး) Immunoplex Et (သဘာဝ ကိုယ်ခံစွမ်းအားတိုးဆေး) Wound Healer(အနာကျက်သောက်ဆေး)၊ စသည်တို့တွင် ဆီးဖြူသီးကို ထည့်သွင်း ဖော်စပ်ထားပါသည်။
ဆီးဖြူသီး
          မြွေပေါသောအရပ်၌ ဆီးဖြူသီးဖြန့်ကျဲထားလျှင် မြွေမလာဟုဆိုကြသည်။ ထို့ပြင်ပြီးဆေးမြွေဆေးထိုးထားသူများအားဆီးဖြူသီးစားငြ်း (သို့မဟုတ်) ဆီးဖြူပင်အောက်သို့ သွားခြင်းမျိုးကိုလည်းမပြုလုပ်ရန် တားမြစ်ကြသည်။ ဆီးဖြူသားသည် အစွမ်းသတ္တိတစ်မျိုးရှိသောအသားဖြစ်၏။ မီးသွေးဖုတ်သည့်အခါ အခြားအသားများနှင့်အတူဆီးဖြူသားရောနှောပါသွားသော် ထိုဖုတ်သောမီးသွေးမှာမီးသွေးမဖြစ်တော့ပေ။ လူသေကိုမီးသဂြိုလ်ရာ၌လည်းဆီးဖြူသားပါသွားသော် ထိုလူသေမှာမီးမစွဲတော့ပေ။ ကောက်ညှင်းပေါင်းသည့်အခါ ၄င်းအိုးကို ဆီးဖြူသားဖြင့် မီးထိုးလျှင်လည်းကောက်ညှင်းမနပ်တော့ပေ။  ဆီးဖြူသားကိုထွင်း၍ ပြဒါးသွင်းပြီးလျှင် ဆီးဖြူသားတစ်ခုခြင့် ပြန်ပိတ်ကာ ၄င်းကို မီးနု၊ မီးလတ်၊ မီးရင့် သုံးမျိုးထည့်ဖုတ်သော် ပြဒါးအတုံးအခဲရနိုင်သည်ဟုလည်းဆိုကြပါသည်။
          ငါးရိုးစူးသော် ဆီးဖြူသီးကိုစားလျှင် ပြေပျောက်နိုင်သည်။
          ဒူလာသွေးဝမ်းကျရောဂါအတွက် ဆီးဖြူသီးခြောက်ကိုငါးရှဥ့်သားနှင့် ချက်စားနိုင်သည်။
          သွေးလွန်(ရာသီလွန်)သော် ဆီးဖြူသီးကိုစားနိုင်သည်။
          ဆီးအောင့်သူများဆီးဖြူသီးတစ်ကျပ်ရှစ်ပဲသားကိုဖာလာမှုန့်အနည်းငယ်နှင့်စပ်၍ သောက်နိုင်သည်။
          ဆီးပုပ်ရောဂါဖြစ်သူများဆီးဖြူသီးခြောက်မှုန့်ကိုထန့်လျှက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားနိုင်သည်။
          ဆီးလွန်နာအတွက် ဆီးဖြူသီးသတ္တုရည်၊ ငှက်ပျောသီးမှည့်၊ ပျားရည်၊ သကြားတို့ကိုရောစပ် လျက်နိုင်သည်။
          ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်ပေါက်သူများဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍ သံပရာရည်အနည်းငယ်နှင့် ရောစပ်ကာလိမ်းလျှင် သက်သာပျောက်ကင်းနိုင်သည်။
          လျှာကွဲ၊ ပါးစပ်ကွဲ၊ ပေါက်ဖြင်း၊ ရေစီးကမ်းပြိုနာတို့အတွက် ဆီးဖြူရွက်ကိုသုံးခွက်တစ်ခွက်တင်ကျို၍ ၄င်းအရည်ဖြင့် ပလုတ်ကျင်းပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
စေတနာလှိုင်(ရေစကြို)၏     ကျန်းမာသက်ရှည်ရေးဆေးနည်းဆေးပင်များ မှ
FAME
Spiru-Emblica (သဘာဝအားဆေး)
Natural Anti-oxidant Supplement
စိမ်းပြာရေညှိအခြောက်မှုန့် ------  250 မီလီဂရမ် (Spirulina platensis)
ဆီးဖြူသီးအခြောက်မှုန့် -------  250 မီလီဂရမ် (Emblica officinalis)
၁။         အာဟာရဓါတ်ဖြည့်တင်းပေးခြင်း
စိမ်းပြာရေညှိ (စပီရူလိုင်းနား)သည် လူသားတို့အတွက် နေ့စဉ်လိုအပ်လျှက်ရှိသော ပရိုတင်းဓါတ်၊ ကာဗိုဟိုက်ဒြိုတ်၊ မရှိအဖြစ်လိုအပ်သော အဆီဓါတ်များ (GLA) ဗီတာမင်များနှင့် သတ္တုဓါတ်များ စုံလင်စွာပါဝင်ပါသည်။ ထိုက်အပြင် antioxidant ခေါ် ဓါတ်တိုးဟန့်တားပစ္စည်းများဖြစ်သည့် ဘီတာကာရိုတင်း၊ ဗီတာမင်အီးနှင့် superoxidedismutase (SOD) အင်ဇိုင်းများလည်း ပါရှိပါသည်။ ၄င်းတွင်ပါဝင်သော (GLA) သည် သွေးထဲရှိ ကိုလက်စထရော မြင့်တက်နေခြင်းအား ကျစေပါသည်။ သို့ရာတွင် စိမ်းပြာရေညှိ၌ ဗီတာမင်စီဓါတ်ပါဝင်မှု မရှိကြောင်း သိရှိရပါသည်။
ဆီဖြူသီးသည် ကမ္ဘာပေါ်တွင် သဘာဝီတာမင်စီဓါတ်အကြွယ်ဝဆုံးသော အသီးဖြစ်ပါသည်။ ထို့အပ်ြင Tannins ဓါတ်ပါဝင်သောကြောင့် ဗီတာမင်စီအား ချေဖျက်ခြင်းမှ ကာကွယ်ပေးပြီး ၄င်း၏ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါသည်။ သုတေသန လေ့လာတွေ့ရှိခ်ျကများအရ ဆီးဖြူသီးတွင် ပါဝင်သော သဘာဝဗီတာမင်စီ 8.7 မီလီအရမ်သည် လူတို့ဖန်တီးပြုလုပ်မှုမှရရှိသော ဗီတာမင်စီ 100 မီလီဂရမ်နှင့် ညီမျှသည်ကို တွေ့ရှိရပါသည်။ ဆီးဖြူသီး 1ဂရမ်တွင် SODအင်ဇိုင်း 500 ယူနစ်ပါဝင်ကြောင်းလည်း သိရျိရပါသည်။ ဆီးဖြူသီးသည် အစာအိမ်မှ စိမ်းပြာရေညှိအား စုပ်ယူမှုအားကောင်းစေပြီး ၄င်း၏ လုပ်ငန်းဆောင်တာများကိုလည်း ပို၍ အစွမ်းထက်စေပါသည်။(နေ့စဉ်အတွက် လိုအပ်သော အာဟာရဓါတ်များ ဖြည့်စွက်ရန်အတွက် သဘာဝအားဆေးအဖြစ် သောက်သုံးနိုင်ပါသည်။ အထူးအဖြင့် သက်သတ်လွတ်စားသူများ၊ နာလန်ထလူနာများ၊ အသက်ကြီးသူများအတွက် ပိုမိုသင့်လျော်ပါသည်။)
၂။         ဓါတ်တိုးဟန့်တားသတ္တိရှိခြင်း
Spiru-Emblica တွင် သဘာဝဓါတ်တိုးဟန့်တားခြင်းသတ္တိရှိသော ပစ္စည်းများဖြစ်သည့် ဘီတာကာရိုတင်း၊ သဘာဝဗီတာမင်စီ၊ ဗီတာမင်အီး၊ SODအင်ဇိုင်း၊ ခရိုမီယမ်၊ ဇင့်နှင့် ဆီလီနီယမ် တို့ပါဝင်ပါသည်။ ထို့ကြော်င့ မြစ်ပွားနာရောဂါနှင့် အသက်ကြီးလျှင်ဖြစ်တတ်သော ယိုယွင်းပျက်စီးမှုများ၊ အိုမင်းရင့်ရော်ခြင်းတိုကို ကာကွယ်ပေးနိုင်ပြီး အရွယ်တင်နုပျို အသက်ရှည်စေပါပါသည်။ (အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးသည့်အတွက် အသက်ရှည်၍ အရွယ်တင်နုပျိုစေရန်အတွက် နေ့စဉ်သောက်သုံးသင့်ပါသည်)
၃။         ခန္ဓာကိုယ်ခုခံအားတက်စေဖြင်း
စိမ်းပြာရေညှိတွင် ပါဝင်သော အပြာရောင်ခြယ်ဒြပ်ပေါင်း (phycocyanin)၊ မရှိမဖြစ် အမိုင်နိုအက်စစ်များနှင့် ဆီးဖြူသီးတ်ွပါဝင်သော Phyllemblin တို့သည် သွေးဖြူဥနှင့် သွေးနီဥပမာဏကို တိုးတက်များပြေားစေခြင်ဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို မြင့်တက်စေပါသည်။ ထို့အပ်ြင Phyllemblin သည် နှလုံးနှင့် ဦးနှောက်ကို အားကောင်းစေပြီး ဘက်တီးရီယား၊ ဗိုင်းရပ်စ်ပိုး၊ မှိုများကို ဖျက်ဆီးနိုင်သော စွမ်းအင်လည်း ရှိပါသည်။ (ခန္ဓာကိုယ်ခုခံအားတက်စေပြီး ရောဂါပိုးမွှားများ ၀င်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။)
တစ်ကြိမ်လျှင် ဆေးတစ်တေယက့် တစ်နေ့နှစ်ကြိမ် အစာစားပြီးသောက်ပါ။
FAME
Spiru-Garlic (အဆီကျရေညှိဆေးတောင့်)
Natural Cholesterol Lowering Agent
ကြက်သွန်ဖြူအခြောက်မှုန့် -------  450 မီလီဂရမ် (Allium sativum powder)
သဘာဝစိမ်းပြာရေညှိ --------  50 မီလီဂရမ် (Spirulina platensis)
ကြက်သွန်ဖြူ သည် လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာကတည်းက ဆေးဖက်ဝင်ကြောင်း သိရှိပါသည်။ ကြက်သွန်ဖြူတွင်ပါရှိသော ဓါတ်ပစ္စည်းများသည် သွေးတွင်းရှိ အဆီဓါတ်ကို ကျစေခြင်း၊ သွေးတိုးရောဂါကို သက်သာစေဖြင်း စသည့် အကျိုးကျေးဇူးများကြောင့် အရွယ်မတိုင်မီ နှလုံးရောဂါနှင့် လေဖြတ်ရောဂါများကြောင့်ေ သေဆုံးခြင်းမျ ကာကွယ်ပေးနိုင်ပါသည်။
စိမ်းပြာရေညှိ သည် လူသားတို့အတွက် နေ့စဉ်လိုအပ်လျက်ရှိသော အဖိုးတန်အာစာရဓါတ်များဖြစ်သည့် ပရိုတင်းဓါတ်၊ ကာဗိုဟိုက်ဒြိတ်၊ မ၇ှိမဖြစ်လိုအပ်သောအဆီဓါတ်များ၊ သတ္တုဓါတ်များ စုံလင်စွာ ပါဝင်ပါသည်။ ၄င်းတွင် ပါဝင်သော GLA သည် သွေးထဲရှိ ကိုလ်ကစထရော မြင့်တက်နေဖြင်းအား ကျစေပါသည်။
Spiru-Garlic သည် ကိုလက်စထရောကို ကျစေခြင်း၊ သွေးခဲပိတ်ဆို့မှုကို လျောံနည်းစေခြင်း၊ သွေးကြောပိတ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိပါသည်။ ထို့ကြောင့် Spiru-Garlic ကို နေ့စဉ်သောက်သုံခြင်းအားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် လေဖြတ်ရောဂါတို့မှ ကင်းဝေးသက်သာစေပါသည်။ သွေးတွင်း၌ ကိုလက်စထရောဓါတ်များနေသူများ၊ သွေးတိုးရောဂါရှိသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များ၊ အ၀လွန်သူများ သုံးစွဲရန်သင့်ပါသည်။
သွေးတွင်းရှိ အဆီဓါတ်သာများပြီး မ၀သူများအတွက် တစ်ကြိမ်လျှင် ဆေးပြားတောင့် တစ်တောင့် တစ်နေ့နှစ်ကြိမ်  အစာမစားမီသောက်ပါ။ အ၀လွန်သူများတွင် တစ်ကြိမ်လျှင် ဆေးပြားတောင့်နှစ်တောင့် တစ်နေ့နှစ်ကြိမ်သောက်နိုင်ပါသည်။
Spiru-Garlic သည် Chitobit နှင့် တွဲသောက်ပါက ပိုမိုထိရောက်မှုရှိကြောင့် တွေ့ရပါသည်။ အခြားသော အနောက်တိုင်းဆေးများဖြစ်သည့် အဆီကျဆေးနှင့် တွဲက်သောက်သုံးပါက ဓါတ်မတည့်သည့် လက္ခဏာမရှိပါ။
FAME
Phototec (မျက်စိဆေး)
(Natutal Antioxidant for eye)
ရွှေဖရုံသီးအဆီအနှစ် ------ 50 မီလီဂရမ် (Pumpkin extract)
ရု့းပတီသီး အဆီအနှစ် ------ 50 မီလီဂရမ် (Okra extract)
မာလကာသီး အဆီအနှစ် ------ 50 မီလီဂရမ်(Guava extract)
မုန်ညှင်းရွက် အဆီအနှစ် ------ 50 မီလီဂရမ် (Mustard extract)
ကြက်ဥအနှစ် -----------------   50 မီလီဂရမ် (Egg Yolk)
(FAME Phototec ဆေးတစ်ပြားတွင် အမြင်အာရုံကို ကြည်လင်အားကောင်းစေသော အပင်များမှ ထုတ်ယူရရှိသည့် လူတင်းဓါတ် ၁၀ မီလီဂရမ် နှင့် ဇီဇမ်သင်းဓါတ် ၅ မီလီဂရမ်တို့ပါဝင်ပါသည်။)
Lutein နှင့် ZeaXanthin သည် သဘာဝ oxycarotenoid အမျိုးအစားဒြပ်ပေါင်းများ ဖြစ်ပါသည်။ ထိုဒြပ်ပေါင်းများသည် အဆီတွင် ပျော်ဝင်သော သဘာဝအ၀ါရောင်ခြယ်ပစ္စည်းများဖြစ်သည်။ အထူးသဖြင့် ရွှေဖရုံသီး၊ ရုံးပတီသီး၊ မာလကာသီး၊ မုန်ညှင်းရွက်တို့တွင် ပါဝင်ကြောင်း တွေ့ရှိရသည်။ ကြက်ဥအနှစ်တွင်လည်း များစွာပါဝင်ပါသည်။ Lutein နှင့် ZeaXanthin ဒြပ်ပေါင်းများသည် မျက်စိ၏ ပုံမှန်လုပ်ငန်းစဉ်များအတွက် အထူးအရေးပါသည်။ လူတို့တွက် အန္တရာယ်ဖြစ်စေသော ရောင်ခြယ်များကို ကာကွယ်နိုင်စွမ်းရှိပြီး၊ အမြင်အာရုံကို ထိခိုက်စေသည့် ဓါတ်တိုးပစ္စည်းများကို ချေဖျက်နိုင်စွမ်းရှိပါသည်။
သဘာဝမှရရှိသော Lutein နှင့် ZeaXanthin ဒြပ်ပေါင်းများကို ပုံမှန် မှီဝဲစားသောက်ခြင်းဖြင့် အသက်အရွယ်နှင့် ဆက်စပ်သည့် မျက်ကြည်လွှာပျက်စီးခြင်း၊ မျက်စိအလင်းပိတ်ခြင်းများကို လျော့နည်းသက်သာစေပါသည်။
(FAME Phototec သောက်သုံးခြင်းဖြင့် အမြင်အာရုံအားကောင်းခြင်း၊ ခရမ်းလွန်ရောင်ခြည် အဆိပ်သင့်ခြင်းမှ ကာကွယ်ပေးခြင်း၊ မျက်ကြည်လွှာပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း၊ အတွင်းတိမ်ဖြစ်ပွားမှုကို လျော့နည်းစေခြင်း စသည့်အကျိုးများ ရရှိနိုင်ပါသည်။)
အမြင်အာရုံ အားနည်းချို့ယွင်းခြင်းကို ကာကွယ်ရန်အတွက် တစ်ခါသေက် ဆေးတစ်ပြား တစ်နေ့နှစ်ကြိမ်၊
ကုသရန်အတွက် တစ်ခါသေက် ဆေးတစ်ပြား တစ်နေ့နှစ်ကြိမ် နေ့စဉ်သောက်ပါ။
ဆင်တုံးမနွယ် Tinospora cordifolia
            ဆင်တုံးမနွယ်တွင်ပါဝင်သော Syringin နှင့် Cordiol ဆေးဘက်ဝင်ဒြပ်ပေါင်းများသည် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသော Enzyme များကို ဟန့်တားနိုင်စွမ်းရှိသည့်အတွက် အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေသည်။ အဆုတ်ရောင်ခြင်း၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးပူခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ သွားဖုံး၊ အာသီးရောင်ခြင်း အစရှိသည့် ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းသက်သာစေပါသည်။
            ဆင်တုံးမနွယ်သည် လတ်တလောဖြစ်ပွားသည့် ရောင်ရမ်းခြင်းများကို သိသာစွာပျောက်ကင်း စေသော အစွမ်းရှိပါသည်။ ၄င်း၏အစွမ်းသည် Acetylsalicylic acid ၏ အရောင်လျော့စေသည့်အစွမ်းထက်ပိုပြီး Steriods မဟုတ်သော အဆစ်ရောင် သက်သာစေသည့် အနောက်တိုင်းဆေးများ၏သတ္တိနှင့် တူညီသည်။ သို့သော် ၄င်းတွင် Steriods ၏ ဘေးထွက်ဆိုးကျိုးများ မရှိပေ။ သွေးတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေးသဖြင့် ဆီးချိုရောဂါအတွက်လည်း အသုံးပြုပါသည်။
ဆင်တုံးမနွယ်သည် ခုခံအား၏ အဓိကဖြစ်သော သွေးဖြူဥများ ပုံမှန်ထုတ်လုပ်ခြင်းကို အားပေးသည့်အတွက် ခန္ဓာကိုယ်ခုခံအားကို တက်စေပါသည်။  ဆင်တုံးမနွယ်တွင် ပါဝင်သော Antioxidant များသည် အခြားအရေးပါသော Antioxidant နှစ်မျိုး  ဖြစ်သည့် Glutathione နှင့် Vitamin C တို့ကိုလည်း များပြား လာအောင် ကူညီပေးသည်။ ထို့ပြင် ဆင်တုံးမနွယ်သည် အကောင်းဆုံးသော အသက်ရှည်ကျန်းမာနုပျိုဆေးလည်းဖြစ်ပါသည်။
FAME မှ ထုတ်လုပ်သော  Tinaflam(ဆင်တုံးမနွယ်အရောင်ကျဆေး) Tinospora Honey(ဆင်တုံးမနွယ်ပျားရည်)၊ Hervigesic Cream (ဒဏ်ပြေ အကြောပြေအရောင်ကျလိမ်းဆေး) Herbicough(ချောင်းဆိုးပျောက်ဆေးရည်) စသည်တို့တွင် ဆင်တုံးမနွယ်ကို ထည့်သွင်းဖော်စပ်ထားပါသည်။
တပင်တိုင်မြနန်းဖြည့်စွက်ဆေး Vitis spp. rhizome
            တပင်တိုင်မြနန်းသည် ရှမ်းပြည်နယ်တွင် အများအပြားပေါက်ရောက်လေ့ရှိပါသည်။ နွယ်ပင်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အစိတ်အပိုင်းမှာ အမြစ်ဖြစ်ကာ ယင်း၏အဆီအနှစ်သည် မြစ်ပွာနာများကုသရာတွင် များစွာအထောက် အကူပြုပါသည်။ တပင်တိုင်မြနန်းဆေးပင်တွင် glycosides, flavonoids, 3keto steriods, bergenin, vitisonol B, vitisonol C, vitisonol D, vitisin A, vitisin B, isolarciresinol, 4-O-methyl gallate protocatechuic, gallic acid, pallidol, onocer 7-en-3-a, 21B-diol(I) and onecer 7-en-3a, 21a-diol(II) ဒြပ်ပေါင်းများ ပါဝင်သည့်အတွက် ဇီဝအစွမ်းထက်မြက်ပါသည်။
တပင်တိုင်မြနန်းကို မြစ်ပွားနာအမျိုးမျိုးကုသရာ၌ အသုံပြုနိုင်ပါသည်။ အထူးသဖြင့် အမျိုးသမီးများ မျိုးပွားလမ်းကြောင်းတွင်ဖြစ်ပေါ်တတ်သော မြစ်ပွားနာရောဂါများကုသ ရာတွင် အသုံးပြုနိုင်ပါသည်။
လူနာအချို့တွင် အရေများအနည်းငယ်ယာယံခြင်း ဖြစ်နိုင်သည်မှအပ ဘေးထွက်ဆိုးကျိုး မတွေ့ရပါ။ ယားယံမှု ဖြစ်ပါက ယားယံမှုကို သက်သာစေသည့် ဆေးများနှင့် တွဲ၍အသုံးပြုနိုင်ပါသည်။
(၂)နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတွင် မသုံးရပါ။ သွေးကျဲဆေးများနှင့်လည်း တွဲ၍အသုံးမပြုသင့်ပါ။ (Completec စသော)antioxidant ဆေးများဖြင့်တွဲဖက် သောက်သုံးပါက ပို၍ အာနိသင်ထက်မြက်ပါသည်။
FAME မှ ထုတ်လုပ်သော  Biocrush(တပင်တိုင်မြနန်းဆေး)အညွှန်းမှ ဖြစ်ပါသည်။
ပဲပိစပ် Soybean
          ပဲပိစပ်တွင် Proteinဓာတ်နှင့် Aminoacids(အမိုင်နိုအက်စစ်)ဓါတ်များပါဝင်ပြီး ကိုယ်ခံစွမ်းအားကိုတက်စေ ပါသည်။ ၄င်းတွင်ပါဝင်သော Isoflavones သည် Antioxidant အာနိသင်ရှိသည့်အတွက် ခန္ဓာကိုယ်ရှိဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။
FAME မှ ထုတ်လုပ်သော Soyamin (ပရိုတင်းအားဖြည့်ဆေး)၊ Immunoplex Et (သဘာဝကိုယ်ခံစွမ်းအားတိုးဆေး) စသည်တို့တွင် ပဲပိစပ် ကို ကို ထည့်သွင်းဖော်စပ်ထားပါသည်။
ရဲယို Noni
          ရဲယိုကို ကိုယ်ခံစွမ်းအားတက်စေရန် ရာစုနှစ်ပေါင်းများစွာ သုံးစွဲခဲ့ကြသည်။ ရဲယိုတွင်ပါဝင်သော Xeronine သည် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ခုခံစွမ်းအားကို မြင့်မားစေပါသည်။ ရဲယိုတွင်ပါဝင်သော အာဟာရဓါတ်များ၊ ဗီတာမင်နှင့်သတ္တုဓါတ်များကြောင့် လူနာများ အမြန်ဆုံးအားအင်ပြည့်ဖြိုးစေပါသည်။
          ရဲယိုသီးတွင်ပါဝင်သော proxeronine ဒြပ်ပေါင်းမှာ လူ့ခန္ဓာကိုယ်အတွင်း၌ xeronineဟိုမုန်း အဖြစ်ပြောင်းလဲသွားပါသည်။ ၁၉၇၂ ခုနှစ် ဟာဝိုင်ရီတက္ကသိုလ်တွင် သုတေတနပြုချက်များအရ xeronine ဟိုမုန်းသည် လူ့၏ကလပ်စည်းcellများပေါ်တွင် အကျိုးသက်ရောက်မှုရှိပြီး ခန္ဓာကိုယ်စွမ်းအင်များ တိုးတက်လာကြောင်း စတင်တွေ့ရှိခဲ့ပါသည်။ Xeronine မှ serotonin အဖြစ်သို့ ဇီဝဓါတ်ပြုခြင်းကြောင့် ပြောင်းလဲ လုပ်ဆောင်ပေးပါသည်။
 ရဲယိုသီးတွင် စိတ်ဖီစီးမှုခြင်းနှင့် စိတ်ဓါတ်ကျခြင်းကို ကာကွယ်ပေးခြင်း၊ မြစ်ပွားနာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊ အကိုက်အခဲပျောက်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဟိုမုန်းဓါတ်တိုးပွားစေခြင်း၊ ကိုယ်ခံစွမ်းအား တက်စေခြင်း၊ ခန္ဓာကိုယ်တွင်း သွေးခဲမှုကို ကာကွယ်ပေးခြင်း စသည့် အာနိသင်များရှိပါသည်။
သို့သော် ရဲယိုသီးတွင် potassium ဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက် ကျောက်ကပ်ရောဂါရှိသူအချို့နှင့် မသင့်လျော်ပါ။ အရက်၊ ကော်ဖီတွင် ပါဝင်သောပစ္စည်းသည် ရဲယိုသီးတွင်ပါဝင်သော proxeronine အာနိသင်ကို လျော့ကျစေနိုင်သဖြင့် တွဲဖက်မစားရပါ။
FAME မှ ထုတ်လုပ်သော  Nonicap(ရဲယိုအားဖြည့်ဆေး)၊ NoniHoney(ရဲယိုပျားရည်) Immunoplex Et (သဘာဝကိုယ်ခံစွမ်းအားတိုးဆေး)  စသည်တို့တွင် ရဲယိုသီးကို ထည့်သွင်းဖော်စပ်ထားပါသည်။
ဆင်တုံးမနွယ် Tinospora cordifolia
          ဆင်တုံးမနွယ်တွင်ပါဝင်သော Syringin နှင့် Cordiol ဆေးဘက်ဝင်ဒြပ်ပေါင်းများသည် ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသော Enzyme များကို ဟန့်တားနိုင်စွမ်းရှိသည့်အတွက် အဆစ်အမျက်ရောင် ရောဂါအမျိုးမျိုးကို သက်သာစေသည်။ အဆုတ်လေပြွန်ရောင်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးပူခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ သွားဖုံး၊ အာသီးရောင်ခြင်း အစရှိသည့် ကိုက်ခဲခြင်းနှင့် ရောင်ရမ်းခြင်းများကို လျော့နည်းသက်စာစေပါသည်။ သွေးတွင်းရှိ သကြားဓါတ်ကို ထိန်းညှိပေးသဖြင့် ဆီးချိုရောဂါအတွက်လည်း အသုံးပြုပါသည်။ ဆင်တုံးမနွယ်သည် ခုခံအား၏ အဓိကဖြစ်သော သွေးဖြူဥများ ပုံမှန်ထုတ်လုပ်ခြင်းကို အားပေးသည့်အတွက် ခန္ဓာကိုယ်ခုခံအားကို တက်စေပါသည်။  ဆင်တုံးမနွယ်တွင် ပါဝင်သော Antioxidant များသည် အခြားအရေးပါသော Antioxidant နှစ်မျိုး  ဖြစ်သည့် Glutathione နှင့် Vitamin C တို့ကိုလည်း များပြား လာအောင် ကူညီပေးသည်။ ထို့ပြင် ဆင်တုံးမနွယ်သည် အကောင်းဆုံးအသက်ရှည်နုပျိုဆေးလည်းဖြစ်ပါသည်။
FAME မှ ထုတ်လုပ်သော  Tinaflam(ဆင်တုံးမနွယ်အရောင်ကျဆေး) Tinospora Honeyဆင်တုံးမနွယ်ပျားရည်၊ Hervigesic Cream (ဒဏ်ပြေအကြောပြေ အရောင်ကျလိမ်းဆေး) စသည်တို့တွင် ဆင်တုံးမနွယ်ကို ထည့်သွင်းဖော်စပ်ထားပါသည်။
No comments:
Post a Comment