Saturday, June 13, 2015

ပါရမီ ၆ ပါး


အပိုင်း -၂ >> ပါရမီ ၆ မျိုး
******************************

နောက် ဒုတိယပါရမီဘာလဲ? သီလပါရမီပါဘုရား။ သီလဆိုလိုက်လို့ရှိရင် ပါဏာတိပါတာ ဝေရာမဏိ- ငါးပါး၊ ရှစ်ပါး၊ ကိုးပါး ရွတ်တာကို အားလုံး စိတ်က ရောက်သွားလိမ့်မယ်၊ မှန်ပါတယ်။ ဒါပေမယ့် အဲဒီလောက်တင် မစဉ်းစားပဲနဲ့၊ အတိုချုပ်ကတော့ ဘုန်းကြီး စာလေးတစ်ကြောင်း ဖတ်ပြပါမယ်။
Not to generate any evil deeds- မကောင်းတဲ့ အမူအရာကို ဘာမှ မလုပ်ပါနဲ့။
Not to generate any evil speeches- မကောင်းသောစကားဘာမှ မပြောပါနဲ့။ ဒါ သီလပဲ။
Every leader-ခေါင်းဆောင်တွေအားလုံး၊ should value-တန်ဖိုး ထားကြပါ။ the life-ဘ၀ကို တန်ဖိုးထားကြပါ။ Practicing of morality-ကိုယ်ကျင့်တရားကို ထိမ်းသိမ်းခြင်းဖြင့် အားလုံးတန်ဖိုးထားကြစမ်းပါ။ So, guard your morality- ကိုယ်ကျင့်တရားကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်ဟာ။ Become good leader- ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်လာမှာပါ။
Foreign policies of nations are-ကမ္ဘာအရပ်ရပ်က ပြည်ပရေးရာ ၀ါဒတွေမှာ။ Mostly based on selfish- တကိုယ်ကောင်းဆန်တဲ့ အပေါ်မှာ အခြေခံတတ်ကြတယ်။ And interests lacking moral dimension- ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေ လျော့ပါးနေတယ်။ Morality serves- ကိုယ်ကျင့်တရားက အားလုံးကို လုပ်ကျွေးပြုစုမယ်။ As the foundation for the development of meritorious deeds- ဘ၀ရဲ့ ကောင်းကျိုးတရားတွေ ဖြစ်ပွားဖို့ရန်အတွက် သီလတရားဟာ အားလုံးရဲ့ အခြေခံ ဖြစ်ပါလိမ့်မယ်။


နောက်တတိယတစ်ခုက ဘာလဲ? နေက္ခမ္မပါဘုရား။ နေက္ခမ္မ-ဆိုတာ ဘယ်လို translate (ဘာသာသာပြန်)လုပ်ချင်လဲ? တောထွက်တာလား? တောထဲမှာ အခုလူတွေ အများကြီးပဲ။ ဘုန်းကြီးတွေရော၊ ကလေးတွေရော၊ ကျောင်းသား တွေရော၊ စစ်သားတွေရော၊ ကချင်တွေရော၊ ကရင်တွေရော အများကြီးပဲ။ ဒါ…တောထွက်တာလား?။ အဲဒါနေက္ခမ္မဆိုတဲ့ စာလုံးကို ဘုန်းကြီးတို့က တောထွက်တာလို့ မဆိုချင်ဘူး။ Renounce-စွန့်လွှတ်တာ။ ဘာလုပ်တာလဲ? စွန့်လွှတ်တာပါဘုရား။ အားလုံးစွန့်လွှတ် နိုင်မှ။ သိဒ္ဓတ္ထက ထိပ်တန်းကနော်။ ဟို…သမ္မာသမ္ဗုဒ္ဓကိုမပြောပဲ စကားလုံးတစ်လုံး ပြောပါ့မယ်။ Most perfect one- လောကမှာ အပြည့်စုံဆုံး ပုဂ္ဂိုလ် တစ်ယောက်၊ လောကရဲ့ အထိပ်တန်း အပြည့်စုံဆုံးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ရန်အတွက် သူဘာလုပ်ရတာလဲ?။ ယသောဓရာနဲ့ (၁၃)နှစ်လောက် ကာမဂုဏ်စည်းစိမ်ခံစားနေပေမယ့် အဲဒါကို ဘာလုပ် ပစ်ရလဲ?။ စွန့်ပစ်ရပါတယ်ဘုရား။ စွန့်ပစ်ရတယ်… renounce-ဆိုတာ ဒါကို ပြောတာ။ တောထဲသွားနေကို ပြောတာမဟုတ်ဘူး။ renounce- စွန့်ကြ။ ဒီစည်း စိမ်းချမ်းသာလေးကို မစွန့်လွှတ်နိုင်ရင်, မက်မောနေရင်, သာယာမှုလေးတွေကို မစွန့်လွှတ်နိုင်ရင် လောကမှာ ဘယ်တော့မှ ရှေ့တန်းမရောက်ဘူး၊ ထိပ်တန်း မရောက်ဘူး။ renounce-ဆိုတာ စွန့်လွှတ်တာ။ နန်းတော်ကြီးလည်း စွန့်ရတယ်၊ မကြာခင်မှာ သုဒ္ဓေါဒနက သူ့ကို ဘာလုပ်တော့မှာလဲ?။ နန်းလွှဲတော့မယ်၊ ဘုရင် လွှဲတော့မယ်။ အဲဒီတော့ မင်းစည်းစိမ်ပါ ဘာလုပ်ရလဲ? အဲဒီတော့ ဒီလိုပြောရင် စိတ်မဆိုးနဲ့။ Renounce the power-သူရမည့် အာဏာပါဝါတွေကို သူဘာလုပ်သွားလဲ?။ စွန့်တာ။ အဲလိုစွန့်တဲ့အတွက်ကြောင့် သူဘာဖြစ်သွားလဲ? ဗုဒ္ဓဖြစ်တာ။ အဲဒါကြောင့် ခန္ဓာကိုယ်ရဲ့ သက်သာမှုကလေးတွေ မစွန့်လွှတ် နိုင်သေးသမျှ, မက်မောစရာလေးတွေကို မစွန့်လွှတ်နိုင်သေးသမျှ ဘာဖြစ်လဲ? ဘယ်တော့မှ ထိပ်တန်းတစ်နေရာကို မရဘူး။ စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်ကို အားလုံးမွေးကြ။ Renounce-ဆိုတာ အဲဒါပါပဲ။
We should sacrifice and renounce our time. အချိန်၊ ကျုပ်မအားဘူး၊ ကျုပ်အချိန်၊ ကျုပ်အတွက် အလုပ် လုပ်ရအုန်းမယ်။ သူများအတွက် အချိန်မပေးနိုင်ဘူး၊ တိုင်းပြည်အတွက် အချိန်မပေးနိုင်ဘူး၊ လူသားတွေ အတွက် အချိန်မပေးနိုင်ဘူး၊ လုပ်သမျှ ကိုယ့်အတွက်ကိုချည်း အချိန်ကို အသုံးချတာ။ အချိန်ကိုလည်း မစွန့်လွှတ်နိုင်ဘူး။ နောက်တစ်ခုက as long as we should not renounce money- ပိုက်ဆံငွေကြေးလည်း အဆုံးရှုံးမခံနိုင်ဘူး၊ Power-ကိုယ့်ရဲ့ တန်ခိုးသြဇာ ပါဝါကိုလည်း မစွန့်လွှတ်နိုင်ဘူး။ Sensual pleasure-စည်းစိမ်ခံစားရတာ တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး၊ for the welfare of the nations- သူတပါးတို့ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ အချိန်၊ ကိုယ့်ရဲ့ စီးပွားဥစ္စာ၊ ကိုယ့်ရဲ့ သက်သာမှုတွေကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောစရာလေးတွေကို မစွန့်လွှတ် နိုင်သေးသမျှ ဘယ်တော့မှ ထိပ်တန်းကို မရောက်ပါဘူး။ အဲဒါကြောင့် renounce-ဆိုတဲ့ နေက္ခမ္မပါရမီဟာ ကိုယ့်ရဲ့ possession, ကိုယ့်ရဲ့ power, ကိုယ့်ရဲ့ ပိုင်ဆိုင်မှု, ကိုယ့်ရဲ့အချိန်, ကိုယ့်ရဲ့ သက်သာမှုတွေကို ဘာလုပ်တာလဲ? သူတပါးတို့ အတွက် များများကြီး စွန့်လွှတ် နိုင်အောင် ကြိုးစားကြပါလို့ ဒီအချက်တော့ ဒါပြောသွားတာ။ We would never minister the services to the nations as long as we could not renounce- မစွန့်လွှတ်နိုင်သေးသမျှ။ We would never minister the services to the nations-လူတွေရဲ့ အကျိုးစီးပွားကို တို့မလုပ်နိုင်ဘူး။


နောက် နံပါတ် (၄)ဘာပါလိမ့်? ပညာပါဘုရား။ ပညာ- removing the ignorance-မိမိ နှလုံးသားထဲမှာ ဘာကို ဖယ်နိုင်ဖို့လဲ?၊ အ၀ိဇ္ဇာကို ဖယ်နိုင်ဖို့ လိုတယ်။ The darkness of delusion in life- ဘ၀ရဲ့ အမှောင်တွေကို အကုန်လုံး ဘာလုပ်ရမလဲ? ဖယ်ထား နိုင်ရမယ်။
This is right and this is wrong- မှားလား? မှန်လား? မသိတဲ့ အဲဒီအ၀ိဇ္ဇာတရားကို ဖယ်ပစ်။ Understanding the true and understanding the reality- အရှိတရား အမှန်တရားကို နားလည်အောင် လုပ်ကြ။
Seeing the realistic nature and reviewing the correct vision are very important to make balanced decisions- သိပ်အရေးကြီးတယ်, correct vision။

သမ္မာဒဿနမရှိသေးသမျှ ဘာဖြစ်လဲ? မှန်ကန်သော ဆုံးဖြတ်ချက်ကို မချနိုင်ဘူး။ အသိဉာဏ်က Clear vision-ရှင်းလင်းသော အသိဉာဏ်မရှိသေးသမျှ ဘာဖြစ်လဲ? ဆုံးဖြတ်ချက်တွေ ဘာတွေ ချချ မမှန်နိုင်ဘူး။ မှားတဲ့ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်မိပြီဆိုလို့ရှိရင် အဲဒါကိုလုပ်တဲ့ ပုဂ္ဂိုလ်တွေ အဲဒီဆုံးဖြတ်ချက် နောက်မှာ ခံရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဒုက္ခအစဉ်အဆက်ကြီးကတော့ အဆုံးသတ်ဖို့ မလွယ်ဘူး။ အဲဒါကြောင့် ပညာအရေးကြီးပါတယ်။
ဘုန်းကြီးတို့ မနေ့တစ်နေ့က အမေရိကက ပြန်လာတော့ Barnes and Noble-ဆိုတဲ့ စာအုပ်ဆိုင်ကို သွားပြီးတော့ ဘုန်းကြီးက စာအုပ်တွေကို သွားနေ့ကျဆိုင်မှာ ၀င်ရှာတော့ စာအုပ်ကြီးတစ်အုပ် တွေ့တယ်။ ဗမာလို ပြောမယ် "ကမ္ဘာမှာ အဆိုးဝါးဆုံးသော ဆုံးဖြတ်ချက်ကြီးများရဲ့ သမိုင်း"ဆိုတဲ့ စာအုပ်ကြီး တစ်အုပ်ကိုတွေ့တော့ ဘုန်းကြီးက ပျော်ပျော်ပါးပါးနဲ့ ၀ယ်လာခဲ့တယ်။ ဘယ်ကစဆုံး ဖြတ်ထားသလဲဆိုတော့ အာဒံနဲ့ဧ၀တို့၊ အီဗရာဟင် တို့က စပြီးတော့ သူတို့ဆုံးဖြတ်တွေကို မှားလို့ ဒီကနေ့ ကမ္ဘာကြီးမှာ the passion-ဆိုတဲ့ ရာဂတွေ တိုးပွားနေတယ် ဆိုတဲ့အကြောင်း အဲဒီလူက ရေးထားတယ်။ ခရစ်ယာန်တွေကို သူကရေးထားတယ်။ စာအုပ်ကတော်တော် ကောင်းတယ်။ The history the words dicession of the world- ဆိုတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တစ်ခုချတော့မယ် ဆိုရင် ဘာလိုလဲ?။ ပညာလိုတယ်။ ပညာမပါပဲ ဆုံးဖြတ်ချက်ချတဲ့ ဆုံးဖြတ်ချက်တွေဟာ မှန်ကန်ဖို့ ခက်ခဲတယ်။ အဲဒါကြောင့် ဘုရားလောင်းရဲ့ ပါရမီမှာ ဘာ Quality-လဲ? ပညာပါရမီ။ အားလုံး ဘုရားလောင်းကျင့်စဉ်ကို ကျင့်ကြတဲ့ ဒီအမျိုးကောင်းသားတွေဟာ ပညာကို လေ့လာကြပါ။ အဲတော့ ကျောင်းတက်မှ ပညာရမယ်လို့တော့ တဖက်သတ်ကြီး မမှတ်နဲ့။ ကျောင်းမတက်ဘဲလည်း ပညာတွေ ရနိုင်ပါတယ်။
ဘုန်းကြီးတို့ နီတိမှာ စာတစ်ခုရှိတယ် "လောကော သတ္တာန-မာဆေရော။ The whole world is our teacher. လောကကြီးတစ်ခုလုံးဟာ ကျွန်ုပ်တို့ရဲ့ ဆရာသမား"။ နေ့စဉ် နေ့စဉ်မြင်နေကြတဲ့ အရာအကုန်လုံးက ကျွန်ုပ်တို့ရဲ့ ဆရာသမားတွေ။ အဲဒါတွေ အားလုံးကို ယူသင့်တာ ယူထား၊ ဖယ်သင့်တာကို ဖယ်ထား။ အားလုံးဟာ ပညာပဲ။ Invaluable to decision makers။ Wisdom guided by awareness-သတိနဲ့ ထိန်းချုပ်ထားတဲ့ ပညာ။ is invaluable- အလွန်တရာ တန်ဖိုးကြီးမားတယ်။ ဘာတွေအတွက်လဲ? To decision makers-ဆုံးဖြတ်ချက် တစ်ခုကို ချချပေးမည့် လူတွေအတွက် သတိနဲ့ ထိန်းချုပ်ထားသော ပညာသည် အလွန်တရာ တန်ဖိုး ကြီးပါတယ်။


နောက်တစ်ခုဘာလဲ ပရိသတ်? ၀ီရိယပါဘုရား။ ၀ီရိယ endeavor။ ၀ီရိယဆိုတဲ့ ဥစ္စာဟာ အဓိပ္ပါယ် နှစ်မျိုးပြောလို့ ရပါတယ်။
တစ်မျိုးက ၀ီရ- ရဲရင့်သော စိတ်ထား၊ ရဲရင့်တယ်ဆိုတာ သတ်ဖို့၊ ဖြတ်ဖို့၊ ခိုးဖို့၊ လုယက်ဖို့၊ နှိပ်စက်ဖို့ ရဲရင့်တာကို မဆိုလိုပါဘူး။ ဘာလုပ်ဖို့ ရဲရင့်ရမလဲ? အေးသလား? ဒီလောက် အေးနေတဲ့ အချိန်ကြီးမှာ အလုပ် လုပ်စရာရှိတယ်၊ အဲဒီအေးနေတဲ့ အရာကို ရဲရဲတင်းတင်း ရင်ဆိုင်ပြီး သွားလုပ်ပါ။ သိပ်ပူတယ်၊ ပူနေတုန်းလည်း ပူနေတာကို ရဲရဲတင်းတင်းရင်ဆိုင်ပြီးတော့ လုပ်ရမည့် ကိစ္စကိုလုပ်သာလုပ်။ ပူလို့ နောက်ဆုပ်နေမယ်၊ အေးလို့ နောက်ဆုပ်နေမယ်ဆိုရင် ဘာဖြစ်မလဲ? အကုန်လုံး အခွင့်အရေးတွေ ဆုံးရှုံးမယ်။ အဲဒါကြောင့် ၀ီရဆိုတာ အေးတာတို့, ပူတာတို့, စောခြင်းတို့, နောက်ကျခြင်းတို့, နေကောင်းခြင်းတို့, နေမကောင်းခြင်းတို့, ချစ်သူနဲ့ ခွဲရခြင်းတို့, မုန်းသူနဲ့ တွဲရခြင်းတို့ကို ရင်ဆိုင်ရဲတဲ့ သတ္တိကို ဘာခေါ်သလဲ? ၀ီရလို့ ခေါ်ပါတယ်ဘုရား။ အဲဒီ "၀ီရရှိတဲ့ ပုဂ္ဂိုလ်ကို ၀ီရိယရှိတဲ့ ပုဂ္ဂိုလ်"လို့ ခေါ်တာပါပဲ။
အဲဒီ ၀ီရစိတ်နဲ့ အားထုတ်တဲ့အခါမှာ right endeavour-အရေးကြီးပါတယ်။ Right endeavourer-ဆိုတာက မိမိအတွက်လည်း အကျိုးရှိမယ်၊ သူတပါးလည်း အကျိုး ရှိမယ် နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်ဆိုရင် ဒါ endeavour-ပဲ။ ကိုယ့်အတွက်သာ အကျိုးရှိပြီး သူတပါးအတွက် အကျိုးမရှိဘူးဆိုလို့ရှိရင် အဲဒီကိစ္စကို အားထုတ်ဖို့ အများကြီး ကျိုးစားရမယ်။ လောကရေးရာဆိုရင်တော့ ဒါကို လုပ်ဖို့ စဉ်းစားရမယ်။ ဓမ္မရေးရာမှာ ဆိုရင်တော့ ကိုယ့်အကျိုးစီးပွားအတွက် ဒါကို လုပ်လို့ရပါတယ်။ အဲဒါ Right endeavourer-မှန်ကန်စွာ အားထုတ်ခြင်း။
Striving steadfastly without slacking in efforts and perseverance is the perfection of right endeavor-ဒါဟာ perfection-တစ်ခုပဲ။
ပါရမီကို perfection-လို့ ခေါ်တယ်နော်။ If you want to perfect man, we should follow ten perfections.


နောက်တခုက ဘာတဲ့လဲ ပရိသတ်? ခန္တီပါရမီပါဘုရား။ ခန္တီလည်းပဲ ဘယ်ထဲ ပါသလဲ? ပါရမီထဲပါပါတယ် ဘုရား။ ခန္တီအကြောင်း ပြောပြီးပီ။ မြေကြီးလို ကျင့်ကြ။


နောက်တစ်ခုက ဘာတဲ့လဲ ပရိသတ် ခန္တီပြီးတော့? သစ္စာပါရမီပါဘုရား။ သစ္စာ။ အဲဒါကိုလည်း ရေးထားတဲ့ ဘုန်းကြီးရဲ့ စာတမ်းလေး ဖတ်ပြီးတော့ အပြည့်အစုံ ပြောပြမယ်။
Leaders, any leaders should not utter-မပြောသင့်ဘူး။ Any conscious lies- သိလျက်နဲ့ မဟုတ်တာကို မပြောနဲ့။ For the sake of wealth and power-စီးပွားဥစ္စာနဲ့ ပါဝါအတွက် သိလျက်နဲ့ မဟုတ်တာကို မပြောရဘူး။ They should not be swayed by desire-ရာဂကြောင့်လည်းပဲ လောဘနဲ့ပဲလည်း မဟုတ်တာကို မပြောရဘူး။ ဒေါသကြောင့်လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by fear- ကြောက်လို့လည်းပဲ မဟုတ်တာကို မပြောပါနဲ့။ They should not be swayed by delusion- မသိသဖြင့် မောဟ လွမ်းပြီးတော့လည်း မဟုတ်တာကို မပြောပါနဲ့။ Leaders should constantly establish the Perfection of Truthfulness-မှန်ကန်စွာ ပြောဆိုတဲ့ အလေ့အကျင့်ကို အားလုံး စနစ်တကျ တည်ဆောက်ကြပါ။ Which is speaking only the truth with no duplicity in speech- စကားထဲမှာ နှစ်ခွန်းမရှိပါစေနဲ့၊ နှစ်မျိုးမရှိပါနဲ့။ Planet Venus pursues its own course through all the seasons- Planet Venus- ဘာလဲ? အင်္ဂါဂြိုလ်လား? ကမ္ဘာမြောက်ဝင်ရိုးစွန်းမှာ သွားနေတဲ့ ဓူဝင်ကြယ်၊ ကမ္ဘာကြီးကို ပတ်နေတာ လမ်းကြောင်းလေး ပြောင်းပြီးတော့ ဟိုလမ်းကြောင်း ဒီလမ်းကြောင်းကနေ သွားအုန်းမယ်ဆိုပြီးတော့ ဘယ်တုန်းက သွားဘူးလဲ?။ ကမ္ဘာပတ်နေတဲ့ ကြယ်တာရာတွေ, လတွေ, နေတွေ, ဒီ orbits-တွေ, ဒီ planet-တွေဟာ ဒီ orbit-ကိုသာ ပြောင်းပြီးသွားရင် ကမ္ဘာကြီး ဘာဖြစ်မလဲ? ကမ္ဘာပျက်မယ်။ အဲဒါကို စံနမူနာထားပြီးတော့ မှန်ကန်သော လမ်းကြောင်းက အားလုံး လျှောက်ကြပါ၊ သစ္စာပါရမီ။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

သီတဂူဆရာတော်ဒေါက်တာအရှင်ဉာဏိဿရ

အဂ္ဂမဟာပဏ္ဍိတ၊

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊

အဂ္ဂမဟာဓမ္မကထိက

(Ph.D., D.Litt.)

Dhamma Web မှကူးယူပူဇော်ပါသည်ခင်ဗျာ
သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော် မှုသော ခေါင်းဆောင်တို့ကျင့်စဉ် တရားတော်မှ ပါရမီ ဆယ်ပါးအား ထုတ်နုတ်ပူဇော်ခြင်း )

No comments:

Post a Comment