Saturday, April 19, 2014

အနှိုင်းမဲ့




ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသော မြတ်စွာဘုရား

ဘုရားရှင်ရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊ လုပ်သမျှအမှန်၊ ကြံသမျှအကောင်းချည်းပါပဲ။
ဘုရားရှင်ဟာ တစ်လောကလုံမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားရှင်ဟာ ပရဟိတစိတ်ဓါတ်အရှိဆုံး
မေတ္တာ၊ ကရုဏာရှင်ပါ။
လက်တကမ်းမှာရှိတဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုစွန့်ပြီး
ကမ္ဘာပေါင်း လေးအသင်္ချေနဲ့တစ်သိန်း ကာလပတ်လုံး
ပရဟိတစိတ်ဓါတ်နဲ့ ပါရမီဖြည့်ခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကအကျိုးစီးပွားအတွက် စွမ်းစွမ်တမံဆောင်ရွက်တော်မူပါတယ်။
ပရဟိတစိတ်ဓါတ်ဟာ
သူတော်ကောင်းစိတ်ဓါတ်၊ မြင့်မြတ်သူတို့ရဲ့စိတ်ဓါတ်၊
ဘုရားရှင်ရဲ့စိတ်ဓါတ်ပါပဲ။

ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
ဘုရားရှင်ဟာ ပြည့်စုံတော်မူပါတယ်။      

ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

ဘုရားအလောင်းတော်မြတ်ဟာ
ကမ္ဘာပေါင်း လေးအင်္သချေနှင့်တစ်သိန်းကာလပတ်လုံး
ပါရမီဖြည့်စဉ်မှာ အခက်အခဲအမျိုးမျိုး၊ ဆင်းရဲဒုက္ခအဖုံဖုံနဲ့
တွေ့ကြုံရပေမယ့် နောက်မဆုတ်ခဲ့ပါဘူး။
ဖြစ်သမျှအခြေအနေကို ရဲရင့်စွာရင်ဆိုင်ပြီး
အကောင်းမြတ်ဆုံး ကျင့်သုံးခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက်မှာလည်း
လောကအကျိုးစီးပွားအတွက်
ရဲရဲရင့်ရင့် မနားမနေ ဆောင်ရွက်တော်မူခဲ့ပါတယ်။

အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား

စံပြပုဂ္ဂိုလ်ဆိုတာ စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးများသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
ဘုရားရှင်ဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။

ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား

စိတ်ကိုထိန်းသိမ်းဆုံးမနိုင်ရင် ဘ၀ချမ်းသာပါတယ်။
အပြင်လူဆယ်သိန်းကို အောင်မြင်ရခြင်းထက်
အတွင်းကိလေသာစိတ်ပုပ်၊ စိတ်ယုတ်ကို အောင်မြင်ရခြင်းက
အဆပေါင်းများစွာသာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင်
ဆောင်ရွက်တော်မူနိုင်တဲ့ ဘုရားရှင်ကတော့
မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရသူပါပဲ။

ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

နိဗ္ဗာန်နဲ့ မပြည့်စုံသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက်
နိဗ္ဗာန်နဲ့ပြည့်စုံသူရဲ့ တစ်ခဏတာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ သာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံ
သူတပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်
ဆောင်ရွက်တော်မူတဲ့ ဘုရားရှင်ဆိုရင်
ဘယ်လောက်များ မြင့်မြတ်လိုက်မလဲ။

ဘဂ၀ါ - များပြားသော အခြံအရံ၊ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘုရားရှင်ဟာ
လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့
အမြတ်တနိုး တန်ဖိုးထားဖွယ်ရာ
အနှိုင်းမဲ့ရတနာပါပဲ။

ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြန်စွာဘုရား

ဘုရားရှင်မှာ သတ္တ၀ါဝေနေယျတို့ကို
သံသရာဝဋ်ဆင်းရဲထဲက ကယ်ဆယ်ချင်တဲ့
ကောင်းမွန်မြင့်မြတ်တဲ့ ဆန္ဒတော်ပဲရှိပါတယ်။
အခက်တကာ့ အခက်ခဲဆုံးဖြစ်တဲ့ ဆန္ဒတော်ကြီး ပြည့်ဝတော်မူခဲ့ပါတယ်။

ဘဂ၀ါ -  ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်ပြည့်စုံတော်မူသော မြန်စွာဘုရား


အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ ဘုရားရှင်ဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။

သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား

ဘုရားရှင်ဟာ တစ်လောကလုံးမှာ
ဥာဏ်ပညာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်
လောကရဲ့အကျိုးစီးပွားကို
ဘယ်လူ၊ ဘယ်နတ်၊ ဘယ်တန်ခိုးရှင်ကမှ မနှိုင်းယှဉ်နိုင်အောင်
အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။

ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား

တစ်ချို့က သိတော့သိတယ်၊ မကျင့်ဘူး။
တစ်ချို့က ကျင့်တော့ကျင့်တယ်၊ မသိဘူး။
ဘုရားရှင်က အသိ/အကျင့် ဘက်စုံမြင်သူပါ။
အတုမရှိသောအသိဥာဏ်ပညာ၊
 အတုမရှိသော အကျင့်တရားကောင်းတို့နဲ့
ပြည့်စုံတော်မူပါတယ်။

လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

သတ္တ၀ါများအကြောင်း (သတ္တလောက)၊
သတ္တပါတွေနေထိုင်ရာ ဘုံဌာနများ (သြကာသလောက)၊
အမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်/နာမ်ပရမတ် (သင်္ခါရလောက) ဆိုတဲ့
လောကသုံးပါးလုံးကို
ဘုရားရှင်က အကုန်အစင် သိမြင်တော်မူပါတယ်။
အဲဒါကြောင့် လောကကို လမ်းညွှန်ကယ်တင်နိုင်ခဲ့တာပေါ့။



အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား

စံပြပုဂ္ဂိုလ်ဆိုတာ
စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးမားသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
ဘုရားရှင်ဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။


ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်ဟောတော်မူသော မြတ်စွာဘုရား

ရုပ်၊ နာမ် ခန္ဓာဟာ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)၊
တဏှာ(ကိလေသာ)ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
နိဗ္ဗာန်ဟာ ဆင်းရဲအားလုံး ချုပ်ဆုံးရာအမှန် (နိရောဓသစ္စာ)
မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားရာ အကျင့်လမ်းအမှန်  (မဂ္ဂသစ္စာ) ဆိုတဲ့
သစ္စာလေးပါးမြတ်တရားကို
ဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူပါတယ်။


ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
ဘုရားရှင်ဟာ ပြည့်စုံတော်မူပါတယ်။

ဘဂ၀ါ -  ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြန်စွာဘုရား


သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ရဲ့စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာခြင်းကို
ဖြစ်ပေါ်စေတော်မူနိုင်ပါတယ်။
ဘုရားရှင်ရဲ့စကားတော်တွေဟာ
လိုက်နာကျင့်သုံးဖွယ်ရာ၊ ကိုးကွယ်ဆည်းကပ်ဖွယ်ရာ
တရားတော်အဖြစ်
ဘုရားရှင်ရဲ့ကိုယ်စား ကျန်ရစ်ခဲ့ပါတယ်။

ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
ဘုရားရှင်ဟာ ဆုံးမထိုက်သူတို့ကို
ဆုံးမသင့် ဆုံးမထိုက်တဲ့ အခြေအနေ၊ အချိန်အခါမှာ
အလိုက်ဖက်ဆုံးသြ၀ါဒတော်နဲ့ပဲ ဆုံးမတော်မူပါတယ်။
ဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒကို ခံယူရသူတွေကတော့
ကောင်းကျိုးချမ်းသာတွေ
အလျှံအပယ် ရရှိသွားကြပါတယ်။

သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့ကို
လမ်းကောင်း၊ လမ်းမှန်ပေါ်ရောက်အောင်
တိကျသေချာစွာ ညွှန်ပြပေးတော်မူပါတယ်။
ဘုရားရှင်ညွှန်ပြတဲ့လမ်းပေါ်မှာ လျှောက်လှမ်းရင်
လူချမ်းသာ၊ နတ်ချမ်းသာတို့အပြင်
အနှိုင်းမဲ့ချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုတောင် ရောက်နိုင်ပါတယ်။

ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူသော မြတ်စွာဘုရား
ရုပ်၊ နာမ် ခန္ဓာဟာ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)၊
တဏှာ(ကိလေသာ)ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
နိဗ္ဗာန်ဟာ ဆင်းရဲအားလုံး ချုပ်ဆုံးရာအမှန် (နိရောဓသစ္စာ)
မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားရာ အကျင့်လမ်းအမှန် (မဂ္ဂသစ္စာ) ဆိုတဲ့
သစ္စာလေးပါးမြတ်တရားကို
ဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူပါတယ်။

မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူပါတယ်။


ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်ဟာ ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တ၀ါဝေနေယျတို့ကို
ကိလေသာအပူအလောင်တွေ ငြိမ်းအေးအောင်
တရားရေအေး တိုက်ကျွေးတော်မူပါတယ်။
ကိလေသာရောဂါတွေ ပျောက်ကင်းချမ်းသာအောင်
တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
စိတ်အေးချမ်းအောင်၊ စိတ်ကြည်လင်အောင်၊ စိတ်ရွင်လန်းအောင်
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။

ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား
ဘုရားရှင်ရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊
လုပ်သမျှအမှန်၊
ကြံသမျှအကောင်းချည်းပါပဲ။
ဘုရားရှင်ဟာ တစ်လောကလုံမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
ဘုရားရှင်ဟာ ပြည့်စုံတော်မူပါတယ်။



အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
ဘုရားရှင်မှာ စိတ်ပူတွေ ကင်းပါတယ်။ စိတ်ညစ်တွေ စင်ပါတယ်။ စိတ်ပုပ်၊ စိတ်ယုတ်၊ စိတ်ရှုပ်တွေ ကင်းစင်ပါတယ်။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် အငွေ့အသက်ပါမကျန် ကိလေသာကင်းစင်တော်မူပါတယ်။
 
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
စံပြပုဂ္ဂိုလ်ဆိုတာ
စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးများသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
ဘုရားရှင်ဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။

မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူပါတယ်။

ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်ဟာ ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တ၀ါဝေနေယျတို့ကို
ကိလေသာအပူအလောင်တွေ ငြိမ်းအေးအောင်
တရားရေအေး တိုက်ကျွေးတော်မူပါတယ်။
ကိလေသာရောဂါတွေ ပျောက်ကင်းချမ်းသာအောင်
တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
စိတ်အေးချမ်းအောင်၊ စိတ်ကြည်လင်အောင်၊ စိတ်ရွင်လန်းအောင်
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။

ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား
စိတ်ကိုထိန်းသိမ်းဆုံးမနိုင်ရင် ဘ၀ချမ်းသာပါတယ်။
အပြင်လူဆယ်သိန်းကို အောင်မြင်ရခြင်းထက်
အတွင်းကိလေသာစိတ်ပုပ်၊ စိတ်ယုတ်ကို အောင်မြင်ရခြင်းက
အဆပေါင်းများစွာသာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင်
ဆောင်ရွက်တော်မူနိုင်တဲ့ ဘုရားရှင်ကတော့
မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရသူပါပဲ။


ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
နိဗ္ဗာန်နဲ့ မပြည့်စုံသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက်
နိဗ္ဗာန်နဲ့ပြည့်စုံသူရဲ့ တစ်ခဏတာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ သာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံ
သူတပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်
ဆောင်ရွက်တော်မူတဲ့ ဘုရားရှင်ဆိုရင်
ဘယ်လောက်များ မြင့်မြတ်လိုက်မလဲ။

အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )
ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )



စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား

စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား

ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။


သုံးလူ့ထွဋ်ထား       မြတ်ဘုရားကို

အားရပါးရ       ရှိခိုးမယ်။
လူနတ်ဗြဟ္မာ    အကျိုးများဖို့
ငါတို့ဘုရား      ပွင့်ပေါ်တယ်။
အားကိုးကြည်ညို         မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး       ဖြိုးဝေတယ်။
ဖူးမြင်ဦးချ        ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်းဆရွယ်။
ရုပ်ပုံလည်းထင်  ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း        ချမ်းမြတယ်။
မှန်းဆရွယ်       ဖူးမယ်။


          အဆင့်အတန်းမြင့်မားမှုကိုလိုလားတဲ့ လူသားတွေအနေနဲ့ ရုပ်ဝတ္ထုပစ္စည်းဘက်မှာ မော်ဒယ်လ် သစ်နိုင်သမျှသစ်အောင် ကြိုးစား နေကြသလို ကိုယ့်နှလုံးသားထဲက စိတ်ကိုလည်း မော်ဒလ်သစ်နိုင်သမျှသစ်အောင် ကြိုးစားဖို့ အထူးလိုအပ်ပါတယ်။ တကယ်ဆို ရုပ်မော်ဒယ်လ် သစ်ဖို့ထက် စိတ်မော်ဒယ်လ်သစ်ဖို့က ပိုပြီးတော့ တောင် အရေးကြီးပါသေးတယ်။
          မနေ့ကစိတ်နဲ့ ဒီနေ့စိတ် အရည် အသွေးတူနေရင် စိတ်မော်ဒယ်လ်ဟောင်းနေတာပါပဲ။ မနေ့ကစိတ်ထက် ဒီနေ့စိတ်က အရည်အသွေး ပိုကောင်းရင်တော့ ကိုယ့်စိတ်ဟာ ဒီနေ့အတွက်တော့ မော်ဒယ်လ်အသစ်ဖြစ်သွားပါပြီ။ မနက်ဖြန်စိတ်ဟာ ဒီနေ့စိတ်ထက် အရည်အသွေးပိုကောင်းသွားရင် မနက်ဖြန်မှာ ကိုယ့်စိတ် မော်ဒယ်လ်ပိုမြင့်သွားတာပေါ့။       နေ့တိုင်းနေ့တိုင်း ကိုယ့်စိတ်ကို မော်ဒယ်လ် သစ်သည်ထက်သစ်၊ မြင့်သည်ထက်မြင့်အောင် ကြိုးစားသွားရမှာပါပဲ။
     အရေးအကြီးဆုံးကတော့ ဒီနေ့ပါ။ လောလေဆယ် ကိုယ်နေနေရတာ ဒီနေ့ဖြစ်လို့ ဒီနေ့ကိုယ့်ရဲ့စိတ် မော်ဒယ်လ်သစ်နေဖို့၊ မော်ဒယ်မြင့်နေဖို့ အဓိကပါပဲ။
စိတ်ဟာ ကိလေသာများလေ မော်ဒယ်လ်နိမ့်လေ၊ ကိလေသာပါးလေ မော်ဒယ်မြင့်လေပါပဲ။ ကိလေသာသွင်းလေ မော်ဒယ်လ်ဟောင်းလေ၊ ကိလေသာရှင်းလေ မော်ဒယ်လ်သစ်လေပါပဲ။
မော်ဒယ်လ်နိမ့်တဲ့စိတ်ဆိုတာ -အရည်အသွေးနိမ့်ကျတဲ့စိတ်ကို ပြောတာပါ။  မော်ဒယ်လ်မြင့်တဲ့စိတ်ဆိုတာ အရည်အသွေး မြင့်မား တဲ့စိတ်ကို ပြောတာပါ။ စိတ်ဟာ ကိလေသာ ထူပြောလေ အရည်အသွေးနိမ့်ကျလေ၊ ကိလေသာ ခေါင်းပါးလေ အရည်အသွေးမြင့်မားလေပါပဲ။
ကောင်းမြတ်တဲ့တိုးတက်မှုတွေနဲ့ စိတ်အသစ်၊ ဘ၀အသစ်ဖြစ်လိုသူတိုင်း ကိုယ့်စိတ်၊ ကိုယ့်ဘ၀ကို မော်ဒယ်လ်သစ်စေတဲ့ တရားဘာဝနာအလုပ်ကို နေ့စဉ်နေ့တိုင်း အချိန်မရ ရအောင်ယူ၊ သတိမရ ရအောင် အလေ့အကျင့်လုပ်ပြီး အားထုတ်သင့်ပါတယ်။
“ တစ်နေ့ထက်တစ်နေ့ ငါ့စိတ် မော်ဒယ်လ်သစ်စေရမည် ” လို့ ဆုံးဖြတ်ပြီး စိတ်ကိုမော်ဒယ်လ်သစ်စေတဲ့ တရားဘာဝနာအလုပ်ကို နေ့စဉ်အားထုတ်သွားမယ်ဆိုရင် စိတ်စွမ်းရည်သာမက အလုပ်အခြေအနေရော၊ ဘ၀အဆင့်အတန်းပါ မော်ဒယ်လ်သစ်သွား၊ မော်ဒယ်လ်မြင့်သွားပါလိမ့်မယ်။
စိတ်မော်လ်ဒယ်နေ့တိုင်းမြင့်နိုင်ကြပါစေ။
အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)
ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏              လိုတရနှလုံးသား/အနှိုင်းမဲ့ဘာဝနာ/နှလုံးသားမိတ္တူ/ အနှိုင်းမဲ့ရနံ့ / နိုးနှစ်လုံးဖိုးလုံးကျေပါတယ်          ဘ၀အဓိဋ္ဌာန်/   နံ့သာဖြင့် ထုံမွှမ်းအပ်သော

No comments:

Post a Comment