Friday, April 11, 2014

စိတ်အားဖြည့်ဂုဏ်တော်သံစဉ်(၂)


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော ---
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော ---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား

အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသောမြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော ---
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြန်စွာဘုရား
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ဘဂဝါ - ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊

( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )
ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )

ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)      
လိုတရနှလုံးသား /နှလုံးသားမိတ္တူ/အနှိုင်းမဲ့ဘာဝနာ/
နိုးနှစ်လုံးဖိုးလုံးကျေပါတယ်/ ဘ၀အဓိဋ္ဌာန်
နံ့သာဖြင့် ထုံမွှမ်းအပ်သော/စိတ်အားဖြည့်ဓမ္မသံစဉ်




မြတ်နိုးခြင်း၏ တည်ရာ @@@

စိတ်ပူကင်းစင် ဘုရားရှင်
စိတ်ညစ်ကင်းစင် ဘုရားရှင်
စိတ်ရှုပ်ကင်းစင် ဘုရားရှင်
စိတ်အေးကြည်လင် ဘုရားရှင်
ငြိမ်းအေးသခင် ဘုရားရှင်
လောဘကင်းစင် ဘုရားရှင်
ဒေါသကင်းစင် ဘုရားရှင်
မောဟကင်းစင် ဘုရားရှင်
ကိလေသာကင်းစင် ဘုရားရှင်၊

အလုံးစုံသိမြင် ဘုရားရှင်၊
အသိအကျင့်စုံလင် ဘုရားရှင်၊
ရွှေစကားသခင် ဘုရားရှင်
ရွှေတရားသခင် ဘုရားရှင်
နိဗ္ဗာန်စံဝင် ဘုရားရှင်၊
လောကသိမြင် ဘုရားရှင်၊
ဆုံးမသွန်သင် ဘုရားရှင်၊
လမ်းညွှန်ကယ်တင် ဘုရားရှင်၊
သံသရာကယ်တင် ဘုရားရှင်
သစ္စာသိမြင် ဘုရားရှင်၊


ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
စိတ်ဓာတ်ကောင်းတွေ တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။        ။

ရွှေပါရမီဘုန်းဘုန်း အရှင်ဆန္ဒာဓိက အားဦးတင်လျှက်-
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း) ပူဇော်ပါသည်။


No comments:

Post a Comment