Friday, April 11, 2014

ဓမ္မပဒ (သို့မဟုတ်) မြတ်စွာဘုရား၏ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ဟောကြားချက်များ (၃)/(၄) Dhammapada (3)(4)

ဓမ္မပဒ(၃) စိတ် The Mild 

(၃၃)ကာမဂုံအာရုံ၌တုန်လှုပ်တတ်သော၊ အာရုံတစ်ခုတည်း၌ မတည်တံ့နိုင်သဖြင့်
လျှပ်ပေါ့သော၊ ကာမဂုဏ်အာရုံသို့မသွားအောင် စောင့်စည်းနိုင်ခဲ၊ တားဆီးနိုင်ခဲသော
စိတ်ကို (လေးသမားသည် မြားကောက်ကို တဖြည်းဖြည်းဖြောင့်သကဲ့သို့) ပညာရှိသည်
သမထ၊ ၀ိပဿနာဉာဏ်ဖြင့် တဖြည်းဖြည်း ဖြောင့်လေ၏။

(33) Just as a fletcher straightens an arrow shaft, even so the discerning
man straightens his mind- so fickle and unsteady, so difficult to guard and control.

(၃၅) နှိမ်နင်းရန်ခဲယဉ်း၊ အဖြစ်အပျက်အလွန်မြန်ဆန်၊ မျိုးနွယ်နိမ့်မြင့် သင့်မသင့်ကိုချင့်တွက်မရှိ တွေ့မိတွေ့ရာ ကာမဂုဏ်၌ကျရောက်လေ့ရှိသော စိတ်ကို ဆုံးမခြင်းသည်အလွန်ကောင်းမြတ်၏၊
ဆုံးမ၍ ယဉ်ကျေးသော စိတ်သည် ချမ်းသာကို ဆောင်တတ်၏။
(35) Wonderful, indeed, it is to subdue the mind, so difficult to subdue, ever swift, and seizing whatever it desires. A tamed mind brings happiness.

(၃၆) မြင်နိုင်ရန်အလွန်ခဲယဉ်း၊ အလွန်သိမ်မွေ့၍၊ မျိုးနွယ်နိမ့်မြင့်သင့်မသင့်ကို
ချင့်တွက်မရှိ တွေ့မိတွေ့ရာကာမဂုဏ်၌ ကျရောက်လေ့ရှိသောစိတ်ကို ပညာရှိသည်
စောင့်ရှောက်ရာ၏၊ လုံခြုံစွာစောင့်ရှောက်အပ်သော စိတ်သည် ချမ်းသာကိုဆောင်တတ်၏။
(36) Let the discerning man guard the mind, so difficult to detect and extremely subtle, seizing whatever it desires. A guarded mind brings happiness.

(၄၂) ခိုးသူတစ်ယောက်သည် မိမိကိုပြစ်မှားလွန်ကျူးဖူးသော ခိုးသူတစ်ယောက်ကို မြင်သည်ရှိသော်
သို့မဟုတ် ရန်သူတစ်ယောက်သည် ရန်ဘက်တစ်ဦးကို မြင်သည်ရှိသော် အကျိုးမဲ့ဖျက်ဆီးခြင်းကို ပြုရာ၏၊ (သို့ရာတွင် ဤတစ်ဘ၀တွင်သာပြုနိုင်၏၊)
ယုတ်မာသဖြင့် ရန်ငြိုးထားသောစိတ်သည်ကား (ခုဘ၀၊ နောင်ဘ၀တို့၌ အကျိုးပေးတတ်သဖြင့်) သာ၍ပင် အကျိုးမဲ့ဖျက်ဆီးခြင်းကိုပြုနိုင်၏။
(42) Whatever harm an enemy may do to an enemy may do to an enemy, or a hater to a hater, an ill-directed mind inflicts on oneself a greater harm.

(၄၃) နတ်ချမ်းသာ၊ ဈာန်သမာပတ်ချမ်းသာ  နိဗ္ဗာန်ချမ်းသာကို မိခင်သည်လည်း
မပေးနိုင်၊ ဖခင်သည်လည်းမပေးနိုင်၊ ဆွေမျိုးတို့သည်လည်းမပေးနိုင်၊ ကောင်းစွာ
စောင့်ရှောက်ဆောက်တည်အပ်သော စိတ်သည်သာလျှင် မိဘဆွေမျိုးထက်ပိုလွန်၍
လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာကို ပေးနိုင်၏။
(43) Neither mother, father nor any other relative can do one greater good than one’s own well-directed mind.



ဓမ္မပဒ (၄) ပန်းတရားတော် Flowers

(၄၉) ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်အနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာစုပ်ယူ၍ ပျံသွားလေလေသကဲ့သို့၊ ရဟန်းသည် မြို့ရွာ၌ လူတို့၏သဒ္ဓါတရားတည်းဟူသော ပန်း၊ ဥစ္စာတည်းဟူသော အဆင်းအနံ့ကို မထိခိုက်မပျက်စီးစေဘဲ ပစ္စည်းလေးပါးတည်းဟူသော အရသာကိုခံယူ၍ ကျင့်ရာ၏။
(49) As a bee gathers honey from the flower without injuring its color or fragrance, even so the sage goes on his alms-round in the village.12

(၅၁) လှပတင့်တယ်၍ အဆင်းသာရှိလျက်အနံ့မရှိသောပန်းသည် အနံ့မကြိုင်မလှိုင်မလှိုင်သကဲ့သို့၊ ကောင်းစွာဟောအပ်တော်မူသည့် ပိဋကတ်သုံးပုံတည်းဟူသော ဘူရားစကားတော်သည် ရိုသေစွာနာခြင်း၊ သင်ယူခြင်း၊ ကျင့်ခြင်းမရှိသောသူအတွက် အကျိုးမရှိ။
(51) Like a beautiful flower full of color but without fragrance, even so, fruitless are the fair words of one who does not practice them.

(၅၂) လှပတင့်တယ်၍ အဆင်းလည်းရှိလျက် အနံ့လည်းရှိသောပန်းသည် အနံ့ကြိုင်၍လှိုင်သကဲ့သို့၊ ကောင်းစွာဟောအပ်တော်မူသည့် ပိဋကတ်သုံးပုံတည်းဟူသော ဘူရားစကားတော်သည် ရိုသေစွာနာခြင်း၊ သင်ယူခြင်း၊ ကျင့်ခြင်းရှိသောသူအတွက် အကျိုးများစွာရှိ၏။
(52) Like a beautiful flower of color and also fragrance, even so, fruitful are the fair words of one who practices them.

(၅၃) လိမ္မာသောပန်းသည် သည်အထူးထူးအပြားပြား များစွာသောပန်းပွင့်အပေါင်းမှ
ပန်းကုံးများစွာတို့ကိုပြုရသကဲ့သို့ (လိမ္မာသော)သူသည် ဥစ္စာတည်းဟူသောပန်း၊ သဒ္ဓါတရားတည်းဟူသော ပန်းအစုမှ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး စသောများစွာသော ကုသိုလ်ကောင်းမှု တည်းဟူသော ပန်းကုံးတို့ကို ပြုရာ၏။
(53) As from a great heap of flowers many garlands can be made, even so should many good deeds be done by one born a mortal.

(၅၄)စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြက်ရုံးပန်း စသောပန်းတို့၏ အနံ့သည် လေထက်၊ လေညာသို့ မပျံ့မလှိုင်၊ သူတော်ကောင်းတို့၏ သီလတည်းဟူသော ဂုဏ်သတင်းရနံ့သည် လေညာသို့ပျံ့နှံ့ကြိုင်လှိုင်၏။ သူတော်ကောင်းတို့၏သတင်းသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့ကြိုင်လှိုင်၏။
(54) Not the sweet smell of flowers, not even the fragrance of sandal, tagara or jasmine blows against the wind. Truly, the virtuous man pervades all directions with the fragrance of his virtue.13

(၅၅) စန္ဒကူးပန်း၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်းစသော ပန်းနံ့သာတို့ထက် သီလလည်းဟူသောအနံ့သည် အတုမရှိ ထူးကဲလွန်မြတ်၏။
(55) Of all the fragrances- sandal, tagara, blue lotus and jasmine-the fragrance of virtue is by far the sweetest.

(၅၆) တောင်ဇလပ်ပန်း၊ စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာဖြစ်၏၊ သီလရှိသောသူတို့၏ သတင်းအနံ့သည် ထူးကဲလွန်မြတ်၍ နတ်ပြည်ဗြဟ္ဗာပြည်တို့၌ လည်း ပျံ့နှံ့ကြိုင်လှိုင်၏။
(56) Faint is the fragrance of tagara and  sandal, but excellent is the fragrance of the virtuous, wafting even amongst the gods.

(၅၈)ခရီးလမ်းမတွင် စွန့်ပစ်ထားသော အမှိုက်ပုံ၌ အနံ့မွှေးကြိုင်၍နှစ်သက်ဖွယ်ရှိသော
ကြာပန်းသည် တင့်တယ်စွာပေါက်ရောက်နေသကဲ့သို့
(၅၉)ထို့အတူ အမှိုက်ပုံသဖွယ်ဖြစ်သူတို့၏အလယ်၌ ဘုရားတပည့်ဖြစ်သူသည် ပညာမျက်စိမရှိသော အကန်းသဖွယ်ဖြစ်သည့် လူသာမန်တို့ကို သီလ၊သမာဓိ၊ပညာဖြင့် လွှမ်းမိုး၍တင့်တယ်၏။

(58)-(59) Upon a heap of rubbish in the road-side ditch blooms a lotus, fragrant and pleasing. Even so, on the rubbish heap of blinded mortals the disciple of the Supremely Enlightened One shines resplendent in wisdom.

No comments:

Post a Comment