Wednesday, August 22, 2012

ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေး


ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေး
          ကွယ်လွန်သူ သမားတော်ကြီး ဒေါက်တာဘသန်းက ကျွန်တော့်ကို ပြောဖူးသည်။
          “ ခေတ်ပေါ်ဆေးတွေက အစွမ်းထက်လှပါတယ်။ သိုပေမယ့် မလိုလားအပ်တဲ့ အာနိသင်အပိုတွေ ပါလာတတ်တယ်။ ဆရာကိုယ်တိုင် ကိုက်ခဲလို့ ဒယ်လဘင် ဗူဒါဇိုဒင်း ကို သောက်တယ်။ အကိုက်အခဲ ချက်ချင်းပျောက်တယ်။ သို့ပေမယ့် ဗိုက်နာဗိုက်အောင့် ဖြစ်ကျန်ရစ်ခဲ့တယ်။
          ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေးကို နှိုင်းယှဉ်ကြည့်သောအခါ နွားချေးဟူသော သဘာဝမြေသြဇာနှင့် ဓါတုဗေဒဓါတ်မြေသြဇာ ခြားနားပုံကို ကျွန်တော်သတိ၇မိပါသည်။ နွားချေးတွင် သစ်ပင်က အလိုရှိသော မြေသြဇာအာဟာရ အစုံပါသည်။ သုံး၍ လွယ်ကူသည်။ ဟိုဟာပိုသွားသည်။ ဒီဟာလိုသွားသည်ဟု မရှိလှ။ နွားချေးလိုသလောက်ရလျှင် နွားချေးကိုသာ ကျွန်တော်သုံးပေလိမ့်မည်။ ထို့ကြောင့်  အဓိကအားဖြင့် ဆေးဘက်ဝင်ရုက္ခသတ္တုပစ္စည်းများဖြင့် ဖော်စပ်ထားသော ဗိန္ဓောဆေးကို အားကိုးအားထားပြု၍ မှီဝဲရန် ကျွန်တော်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
( ဆရာဦးသိန်းဖေမြင့် ၏ “သူတို့လင်မယား ၃၄ နှစ်” စာအုပ် မှ)
မကွေးဝင်းမြင့်

No comments:

Post a Comment