Sunday, August 26, 2012

ရှားစောင်းလက်ပတ်အစွမ်းအံ့မခန်း



    ရှားစောင်းလက်ပတ်ရည် သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက  အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

လေ့လာချက်များအရ
● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။
ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမ၀င်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ၀င်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။
 ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။
နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။
 မျက်နှာပေါ်မှအမဲစက်များအတွက်
 ပျိုမေများရာသီမမှန်လို့  မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင်  ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။ 
မှတ်စုစာအုပ်ဘလော့ဂ်မှ ကူးယူတင်ပြပါသည်။

ရှားစောင်းလက်ပတ် နှင့်ကျန်းမာရေးအပိုင်း-(၁) (HERBAL MEDICINE)

  • Posted by Ye latt on July 3, 2012 at 6:41pm
အလွန်အစွမ်းထက်သောအပင်ဖြစ်ပါသည်။မြန်မာပြည်တွင်ပေါများပါသည်။
ကျွန်ုပ်၏မိတ်ဆွေတဦးဖြစ်သူ တပ်မတော်အရာရှိတစ်ဦးမှာ မိုင်းဒါဏ်ရာရသဖြင့်
ရှေ့တန်းမှစစ်ဆေးရုံ(မင်္ဂလာဒုံ)သို့ ပို့ဆောင်စဉ် လမ်းတွင် တိုက်ပွဲများဆက်ဖြစ်နေသဖြင့်


ဆေးရုံသို့ရောက်ရှိချိန်တွင် ပြတ်နေသောခြေထောက်တွင် လောက်များတွယ်နေပါပြီ။
ပုတ်သောအနံ့ကို အခန်းရှေ့ ဖြတ်သွားလျင်ပင် မခံနိုင်လောက်အောင် ဆိုးဝါးလှပါသည်။ယခင်ကျန်းမာရေး ဒုဝန်ကြီး
ဗိုလ်မှုးကြီးသန့်ဇင်မှာ ၄င်းအချိန်က ဒုတိယဗိုလ်မှုးကြီး(ပါရဂူ-အရိုး)တာဝန်ထမ်းဆောင်နေပါသည်။
လူနာကို ညီလို သားလို သဘောထားသူဖြစ်ပြီး မိမိ အိတ်ကပ်မှ ငွေဖြင့်ပင် လူနာများကို ဆေးကုသသည့်
ရှားမှရှားသော ဆရာဝန်ဖြစ်ပါသည်။
၎င်း အရာရှိထက်နောက်ကျမှရောက်လာသူများပင် အနာကျက်ပြီဖြစ်သော်လည်း သူ၏အနာမှာ မကျက်ဘဲ
ပြည်ပုတ်များဖြင့် ပြည့်နှက် နေပါသည်။ဆေးကိုတနေ့တကြိမ်သာထည့်ပေးသော်လည်း ၄င်း အရာရှိကိုမူ
တနေ့နှစ်ကြိမ် ဗိုလ်မှုးကြီးသန့်ဇင် ကိုယ်တိုင်ဦးစီး ဆေးထည့်ပါသည်။ဆေးထည့်ခံရသူရော ဆေးထည့်သူများပါ
မသက်သာပါ။နာလွန်း၍အော်သံမှာ ဘေးအခန်းမှ ကျန်လူနာများပါ နားမခံသာပါ။ဆေးထည့်သူများမှာလည်း
ဝိုင်းချုပ်ရခြင်း အနံ့ဆိုးဒါဏ်ကိုခံစားရခြင်းတို့ကြောင့် ပင်ပန်းလှပါသည်။
နောက်ဆုံးတွင် ပေါင်အား တင်ပါးမှဖြုတ်ရမည့်အခြေအနေသို့ရောက်လာပါသည်။လူနာမှာ သွေးအဆိပ်သင့်ရောဂါဖြင့် မျက်ဖြူလန်နေပါပြီ။ပါရဂူမှလည်း ခြေတုတပ်နိုင်ရန် အတွက် ရှေ့တန်းမှပါလာသော ပေါင်တိုကို တင်ပါးမှ
မဖြုတ်ရရေးအတွက် ထပ်မဖြတ်လိုပါ။
ပေါင်မှဖြတ်ရသူများမှာခြေတုတပ်သော်လည်း မူလခြေထောက်၏ လုပ်ဆောင်နိုင်မှု့ ၇၅% ဆုံးရှုံးနေပါပြီ။
နောက်ဆုံးတွင် ၄င်းခေတ်က အနောက်တိုင်းဆေး ၊ ပိုးသတ်ဆေး အကောင်းဆုံးများကို သုံးပါသော်လည်း မည်သို့မျှ မရသည့်
အခြေအနေတွင် ပါရဂူမှ ရှားစောင်းလက်ပတ် ရအောင်ရှာ၍ ပိုးသတ်ပါသည်။ အတွင်းသားဂျယ်လီ အနှစ်များကို ကော်၍
ဆေးထည့်ပေးပြီး တစ်ပါတ်ခန့်အကြာတွင် အနံ့ပျောက်၍ အသားနုများတက်လာပါပြီ။နှစ်ပါတ်ကျော်သောအခါ ဒါဏ်ရာ
လုံးဝကျက်ပါပြီ။ ကုသသူ ပါရဂူ၏ စေတနာနှင့် မြန်မာဆေးပင်များ၏အကျိုးသက်ရောက်မှု့ကို လေ့လာသိရှိခဲ့မှု့စွမ်းအား
ရှားစောင်းလက်ပတ်အပင်၏ အသုံးဝင်ပုံကို ယနေ့အထိမမေ့နိုင်သေးပါ။



Esther Kying's Note Book



  • ဒီနေ့မြန်မာ့အသံမှာလာတဲ့ယဉ်တကိုယ်မယ် လေးပြောသွားသလိုပဲ ရှားစောင်းလက်ပတ်လေးအကြောင်းကို သူပြောတာထက် အသုံးဝင်ကြောင်းလေးကို သူငယ်ချင်းတို့ကိုပြောပြပေးချင်ပါတယ်။ လူတိုင်းအလှအပကိုမြတ်နိုးကြမယ်လို့ ထင်ပါတယ်။

  • ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့ အသားတုန်တုန်ကလေးတွေကို မျက်နှာမှာအသာလိမ်းပေးမယ်ဆိုရင်မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကိုကာကွယ်ပေးပါတယ်။ အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေါ့။

  • မိန်းကလေးတွေအများစုဟာမိတ်ကပ်ကိုလိမ်းတတ်ကြပါတယ် မနက်ပိုင်းလိမ်းပြီးလို့ မိတ်ကပ်ကြောင့် အသားအရေ မပျက်စီးရအောင် ညနေအိမ်ပြန်ရောက်တဲ့အခါ(သို့)ညအိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လီလေးကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀)လောက်မှာ ရေအေးနဲ့ မျက်နှာပြန်သစ်ပေးမယ် ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ ၀က်ခြံဖုပေါက်တာ၊ နေကြောင့်အသားအရေလောင်တာ ခြောက်တာတို့ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

  • နောက်ပြီး ရေနွေးပူလောင်တာ၊မီးပူလောင်တာတို့ဖြစ်တဲ့အခါမှာလည်း ဖြစ်ဖြစ်ချင်းရှားစောင်းလက်ပတ်ကိုရေနဲ့သန့်သန့်ဆေး၊ နှစ်ခြမ်းခွဲပြီးအပူလောင်တဲ့ဒါဏ်ရာပေါ်ကိုကပ်ပေးပြီး မကြာခဏရှားစောင်းလက်ပတ်လဲလှယ်ပေးမယ်ဆိုရင် ဒါဏ်ရာဟာ အပူဖူ(အရည်ကြည်ဖု) ဖြစ်မလာတော့ပဲခဏအတွင်းသက်သာမှာဖြစ်သလိုနဂိုအသားအရေအတိုင်း ပြန်ရမှာဖြစ်ပါတယ်။

  • ရှားစောင်းလက်ပတ်ယို လို့ပြောရမလား ချက်ဆေး လို့ပြောရမလား လုပ်ပြီး စားလို့လည်းရပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်ရယ်၊ ထန်းလျက်အမဲရယ်၊ မန်ကျည်းသီးမှည့်ရယ်ရောကြိုရတာပါ။ တချို့ကတော့ စမုံမျိုး(၅)ပါးထည့်ကြပါတယ်။ကျွန်မကတော့ အလွယ်ပဲ ကြိုစားဖြစ်တာပါ စမုံမျိုး(၅)ပါး မထည့်ဖြစ်ပါဘူး။ ရှားစောင်းလက်ပတ်ကတစ်ဆ၊ မန်ကျည်းသီးတစ်ဆကိုထန်းလျက်က နှစ်ဆထည့်ရမှာပါ။

  • အရင်ဆုံးအပင်ကခူးလာတဲ့ ရှားစောင်း လက်ပတ်ကို ရေအေးနဲ့သန့်နေအောင်ဆေးရပါမယ် ပြီးတော့ ကျိတ်စက်ကလေးနဲ့တစ်ချောင်းချင်းကျိတ်ပေးရပါတယ်။ ဒါမှမဟုတ်ရင်လည်းဓါးနဲ့ပါးပါးလေးလှီးပေးရင်လည်းရပါတယ် ကျိတ်စက် ဆိုတော့မြန်တာပေါ့နော။ ထန်းလျက်ကိုလည်းရေနည်းနည်းနဲ့ကြိုထားရပါမယ်။ မန်ကျည်းသီးကိုတော့ ရေအေးနည်းနည်းနဲ့ စိမ်ပြီးပွနေအောင်ထားရပါမယ်။
  • ပြီးမှ မျည်ကျည်းသီးကို အနှစ်တွေပဲရအောင် ဇကာကလေးနဲ့တိုက်ချပေးရပါတယ်။ ပွနေတဲ့မန်ကျည်းသီးကို ဒီအတိုင်းထည့်လည်းရပါတယ်။
  • ကျွန်မကတော့ အနှစ်ကလေးတွေပဲရအောင်ဇကာလေးနဲ့ တိုက်ချတာပါ။ကြိုထားတဲ့ ထန်းလျက်ကို အအေးခံပြီး ရေစစ်နဲ့စစ်ပေးရပါမယ်ဘာကြောင့်လဲဆိုတော့ ထန်းလျက်မှာအမှိုက်ကလေးတွေ သဲလေးတွေပါနေတတ်တာကြောင့်ပါ။
  • ပြီးရင်အဲဒီ(၃)မျိုးကို ဒန်အိုးသန့်သန့်ထဲပေါင်းထည့်ပြီး ကြိုလို့ရပါပြီ။ ကြိုနေရင်းနည်းနည်းပြစ်လာပြီဆိုရင်တော့ ဆက်တိုက်မွှေပေးရပါမယ်။ ထန်းလျက်ပါတာကြောင့် မီးတူးတတ်တယ်လေ။ ရေတွေခန်းသွားခါနီးမှာ တော့ ဆားသင့်တော်ရုံ လောက်ထည့်ပြီးမွှေပေးရပါတယ်။
  • ရေလည်းမကျန်၊တအားစေးကပ်သွားတာလဲမဟုတ်ပဲ သင့်တော်တဲ့အနေအထားထိထားပြီး အအေးခံထားလိုက်ပါ။
  • ပြီးရင် ပုလင်း(သို့)ဗူးထဲထည့်ပြီး ညနေစာနဲ့ ဝေးတဲ့ ညအိပ်ခါနီးအချိန်မှာ အဲဒီရှားစောင်းလက်ပတ်ယိုကို စားပေးမယ်ဆိုရင် ဆီး၊၀မ်း၊လေ မှန်ပြီး အသားအရေစိုပြေမှာဖြစ်ပါတယ်။

  • နောက်ပြီး ဆံပင်ကျွတ်ခြင်း ၊ဗေါက်ထခြင်းကိုတော့ မိမိခေါင်းလျော်တဲ့အခါမှာ မိမိအသုံးပြုတဲ့ရှန်ပူ နဲ့အတူရောလျော်ရင် ဗေါက်ထတာဆံပင်ကျွတ်တာကနေကင်းဝေးပြီး ပျော့ပျောင်းလှပတဲ့ဆံပင်ကလေးကို ရရှိမှာဖြစ်ပါတယ်။
  • အဲဒါကတော့ မိမိခေါင်းလျော်ရည်ထည့်မည့် ဖလားဒါမှမဟုတ် ဇလုံကလေးပေါ့ အဲဒီအထဲကို ရှားစောင်းလက်ပတ်ရဲ့ဂျယ်လီကလေးတွေပဲရအောင်အပေါ်ယံကအစိမ်းဖတ်ကလေးကို ဓါးနဲ့ အသာခွာယူပြီး ဂျယ်လီလိုအသားကလေးတွေကို မိမိအသုံးပြုတဲ့ ဘီးကလေးနဲ့ သာသာကလေး ခြစ်ယူပါ။
  • ပြီးရင်မိမိအသုံးပြုမယ့် ခေါင်းလျော်ရည်ထည့်ထားပြီးမိနစ်၃၀ခန့်ထားပေးပါ။ ခေါင်းလျော်တဲ့အခါ ရောမွှေလိုက်ပါ
  • လျော်တဲ့အခါမှာ ဦးရေကိုလက်နဲ့ဖွဖွသာကုတ်ပါ။ ခဏပေါင်းထား သလိုဖြစ်အောင် ဖွဖွကုတ်ပေးပါ။ ၅မိနစ် ၁၀ မိနစ်လောက် ထားပြီး ရေနဲ့လျော်ပေးမယ်ဆိုရင် သင့်ဆံပင်ဟာ နူးညံ့ပြီး ဗေါက်ကင်းတဲ့သူဖြစ်မှာပါ။
  • ဆံပင်သားဟာလည်း နှစ်ခွမဖြစ်တော့ပါဘူး။ နောက်ထပ်အသုံးဝင်တာရှိပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်သတ္တုရည်ကိုသောက်သုံး ခြင်းပါပဲ အဲဒါကတော့ ကိုယ်အတွင်းကကလီစာတွေအတွက် သိပ်ကောင်းတဲ့ဆေးရည်ပါတဲ့။

  • အဲဒါကိုဂျပန်နိုင်ငံကထုတ်လုပ်နေပြီလို့သိရပေမယ့် ဆေးရည်ကြိုနည်းကိုအတိအကျမသိသေးတဲ့အတွက်
  • နောက်မှဆက်လက်ဖော်ပြပေးပါ့မယ်လို့ ..........နော်။

  • အထက်ကဖော်ပြပေးခဲ့တာတွေကတော့ ကျွန်မလက်တွေ့ မို့ပါ။ ကျွန်မ သင်တန်းတခုတက်ရတုန်းက ကျွန်မဆံပင်က တင်ပါးဖုံးခါနီးအထိရှည်ပါတယ်။ သင်တန်းမှာက ဆံထုံး မထုံးမနေရဆိုတော့ ဆံပင်ကို ခေါက်ရပါတယ်။

  • သူများလို တစ်ပတ်လျှိုလည်းမထုံးတတ်ပါဘူး ။အဲဒါကြောင့် ပိုက်အုတ်နဲ့ပဲ မရမက ခေါက်ထုံးရတာဆိုတော့ ခေါက်ထားတဲ့အရာကနေဆံပင်တွေကျိုးကုန်ပါတယ် တော်တော်လည်းပျက်စီးကုန်ပါတယ်။
  • ရေမကောင်းတာလဲပါတာပေါ့နော်။ အဲဒါကြောင့်ဆံပင်ကိုကျော်လည်အထိညှပ်လိုက်ရပါတယ် ။ အဲဒီနောက်မှာမှ ရှားစောင်းလက်ပတ်နဲ့လျော်ရတယ်ဆိုတာကိုသိပြီးလျော်ဖြစ်တာပါ။

  • မှတ်ချက် ၊ ဆရာမောင်မောင်လှိုင်ဘာသာပြန်ဆိုရေးသားတဲ့ အံ့ဖွယ် အစွမ်းထက်တဲ့
  • ရှားစောင်းလက်ပပ်သတ္တုရည်စာအုပ်မှ စုစည်းတင်ပြခြင်းဖြစ်ပါတယ်။
  • သူငယ်ချင်းတွေကိုလည်း သိစေချင်တဲ့အတွက် ရေးတတ်သလိုရေးထားတာကြောင့် စာလုံးအမှားပါရင်ခွင့်လွှတ်ပါနော်။
  • ( ခေါင်းလျော်ရည်နဲ့ ရှားစောင်းလက်ပတ်ရောသုံးနည်းကိုပြောပြပေးခဲ့တဲ့တောင်ကြီးက ညီမငယ် နီလာကိုလည်းအထူးကျေးဇူးတင်ပါတယ်။ အခုလက်တွေ့လည်း လျော်ပြီး ဆံပင်တွေပြန်ရှည်နေပါပြီလို့ .........)

  • ကမ္ဘာသစ်မှကူးယူတင်ပြသည်။

ရှားစောင်းလက်ပတ် (ချယ်ရီမေ မှ ဖြစ်ပါသည်။)

ကျမတို့အိမ်မှာစိုက်ထားမိတဲ့ ရှားစောင်းလက်ပတ်လေးတွေက ဒီလောက်ထိ အသုံးဝင်မယ်ဆိုတာကို ဆေးစာအုပ်နဲ့ ဗဟုသုတ စာအုပ်တွေကို ဖတ်မှဘဲ သိရတော့တယ်။ ကျမလိုဘဲ မသိသေးတဲ့ သူတွေအတွက် ဗဟုသုတရအောင် ပြန်လည် မျှဝေပေးလိုက် တာပါ။
ရှားစောင်းလက်ပတ်ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့အသားတုန်တုန်ကလေးတွေကို မျက်နှာမှာ အသာလိမ်းပေးပြီး မယ်ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကိုကာကွယ်ပေးပါတယ်။
အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေါ့။
ညနေအိမ်ပြန်ရောက်တဲ့အခါ(သို့)ညအိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လီလေးကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀)လောက်မှာ ရေအေးနဲ့ မျက်နှာပြန်သစ်ပေးမယ် ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ ၀က်ခြံဖုပေါက်တာ၊ နေကြောင့်အသားအရေလောင်တာ ခြောက်တာတို့ကို မဖြစ်အောင်ကာကွယ်ပေးပါတယ်။
ရေနွေးပူလောင်တာ ၊မီးပူလောင်တာ တို့ဖြစ်တဲ့အခါမှာလည်း ဖြစ်ဖြစ်ချင်း ရှားစောင်းလက်ပတ်ကိုရေနဲ့သန့်သန့်ဆေး၊ နှစ်ခြမ်းခွဲပြီး အပူလောင်တဲ့ ဒါဏ်ရာပေါ်ကို ကပ်ပေးပြီး မကြာခဏ ရှားစောင်းလက်ပတ် လဲလှယ်ပေးမယ်ဆိုရင် ဒါဏ်ရာဟာ အပူဖူ(အရည်ကြည်ဖု) ဖြစ်မလာတော့ပဲ ခဏအတွင်းသက်သာမှာဖြစ်သလို နဂိုအသားအရေအတိုင်း ပြန်ရမှာဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ပိန်လွန်းပြီး ၀ချင်၊ လှချင်သူများအတွက်ပေါ့။ ချက်ဆေးလို့လဲ ခေါ်ပါတယ်။ ချက်ဆေးကတော့ မိန်းကလေးတွေနှင့် အလွန်မှ အဆင်ပြေလှတဲ့ ဆေးတစ်လက်ပါ။ ဓမ္မတာကြောင့် အသားအရေခြောက်က်ကပ်နေရင်လည်း ချက်ဆေးကို ၀ယ်စားစရာမလိုပါဘဲနဲ့ ကိုယ့်အိမ်မှာ ကိုယ်ဘာသာကိုယ် ပြုလုပ်လို့ရပါတယ်။
ဆံပင်ကျွတ်ခြင်း ၊ဗေါက်ထခြင်းကိုတော့ မိမိခေါင်းလျော်တဲ့အခါမှာ မိမိအသုံးပြုတဲ့ရှန်ပူ နဲ့အတူရောလျော်ရင် ဗေါက်ထတာ ဆံပင်ကျွတ်တာကနေ ကင်းဝေးပြီး ပျော့ပျောင်းလှပတဲ့ဆံပင်ကလေးကို ရရှိမှာဖြစ်ပါတယ်။
kaungmalay



  •  (မှတ်ချက်။      ။ ရှားစောင်းလက်တပ်၏ အစွမ်းကို သိပ္ပံနည်းကျ လေ့လာသိရှိခဲ့ကြသော ဂျပန်နိုင်ငံနှင့် အခြားနိုင်ငံများသည်  ရှားစာင်းလက်ပတ်ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်၍ ဈေးကောင်းကောင်းဖြင့် ရောင်းကြပါသည်။ ရှားစောင်းလက်ပတ် လက်ဖက်ခြောက်၊ ရှားစောင်းလက်ပတ်ပန်းဂျုံခေါက်ဆွဲ၊ ရှားစောင်းလက်ပတ်သကြားလုံး၊ ရှားစောင်းလက်ပတ်နို့ရည် ရှားစောင်းလက်ပတ်ပျားရည် စသည်ဖြင့်၊ ရှားစောင်းလက်ပတ်အသုံးပြုထားသော အလှကုန်ပစ္စည်းများမှာလည်း မမြင်ချင်အဆုံး များပြားလှပါသည်။ သို့ရာတွင် ဂျပန်၊ ကိုးရီးယား စသောနိုင်ငံများတွင် ရာသီဥတုအရ ရှားစောင်းလက်ပတ်ကို သေသေချာချာ ပြုစုစိုက်ပျိုးကြရသဖြင့် ဈေးကြီးမြင့်ပါသည်။ မြန်မာနိုင်ငတွင် မူ ရှားစောင်းလက်ပတ်သည် စိုက်တိုင်းပေါက်၍ ပေါများစွာ အလွယ်ရနိုင်ပါသည်။
  • ရှားစောင်းလက်ပတ် ဂျယ်လီအနှစ်ရည်သန့် ၁၀၀% ပါသော ရှားစောင်းလတ်ပတ်နို့ရည်သည် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ သူ့ချည်းသောက်လို့ရသလို သကြား၊ ပျားရည်တို့ဖြင့် ရောစပ်ကာ သက်ရှည်ကျန်းမာဆေးအဖြစ် သောက်နိုင်သည်။ မျက်နှာကိုလိမ်းကာ ပေါင်းတင်ဆေးအဖြစ်သုံးနိုင်သည်။ ခေါင်းမလျှော်မီ ဆံပင်သန်ဆေးအဖြစ် လိမ်းပြီးမှ ခေါင်းလျှော်နိုင်သည်။ မီးလောင်၊ ဒဏ်ရာ၊ များကို အနာကျက်ဆေးအဖြစ်လိမ်းနိုင်သည်။ စသည်ဖြင့် ဘက်စုံးသုံးနိုင်သော ဆေးရည်ဖြစ်ပါသည်။
  • မြန်မာ့တိုင်းရင်းဆေးတွင် ချက်ဆေးသည် အလွန်နာမည်ကြီးအသုံးများပါသည်။ ချက်ဆေးများတွင် ရှားစောင်းလက်ပတ်၊ ထန်းလျက်၊ မန်ကျည်းမှည့်တို့ အဓိကပါဝင်သည်။ ရှားစောင်းလက်ပတ်ကို တစ်မျိုးတည်းမသုံးဘဲ ထန်းလျက်၊ မန်ချည်းမှည့်နှင့် အခြားသော ဆေးဘက်ဝင်ပစ္စည်းများကို တိုင်းရင်ဆေးပညာရှင်များ၏ ဥာဏ်ပညာနှင့် မွမ်းမံလိုက်သောအခါ ကျန်းမာရေးအတွက် အထူးသင့်လျော်သော ချက်ဆေးကို ရပါသည်။ အမျိုးသား၊ အမျိုးသမီး အားလုံးစားသုံးနိုင်ပါသည်။ အထူးသဖြင့် ရှေးမြန်မာ မိန်းကလေးများသည် အပျိုဖြစ်စမှသည် အဘွားအိုအရွယ်အထိ ချက်ဆေးကို စားသုံးလေ့ရှိခဲ့ကြသည်ဟု မှတ်သားရပါသည်။ ကျွန်တော်ကတော့ ရှားစောင်းလက်ပတ်ကို ဒီအတိုင်းသုံးစွဲသည်ထက် ချက်ဆေးအဖြစ်သုံးစွဲသည်ကို ပိုသဘောကျပါသည်။ ရှားစောင်းလက်ပတ်ကမ္ဘာကျော်သလို မြန်မာ့ချက်ဆေးသည်လည်း ကမ္ဘာကျော်ပါစေဟု )
  • ဥာဏ်ဖြိုးမြင့် စုစည်းတင်ပြပါသည်။
  • aungteikdi.blogspot.com မှ ကြိုဆိုပါသည်။

No comments:

Post a Comment