Tuesday, August 21, 2012

စိတ်အားဖြည့်ဂုဏ်တော်သံစဉ်(လိုတရ နှလုံးသား)


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား

*စိတ်အပူအလောင်အားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အပူအညစ်အကြေးအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အရှုပ်အထွေးအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
*စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
*စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား

အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါ ပြည့်စုံတော်မူသော မြတ်စွာဘုရား
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသော စကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား


အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား

ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါ အပေါင်းတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို *ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူသော မြတ်စွာဘုရား။

*ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
*ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
*ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
*ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊ သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
*မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား
*ကောင်းမှုများကို အကောင်းဆုံး လုပ်ဆောင်တော်မူသော မြတ်စွာဘုရား
 *အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။



*အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြန်စွာဘုရား
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား


*ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြန်စွာဘုရား
*အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊
*ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။





          လိုတရနှလုံးသား ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်နဲ့ ထုံမွမ်းထား တဲ့ နှလုံးသားပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။


          ကိုယ့်စိတ်ဓာတ်နဲ့လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက် ကြောင့်ရော၊ လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ ထိပ်ခေါင်တင် အနှိုင်းမဲ့ဘာဝနာ ဖြစ်ရပါတယ်။


          အကောင်းမှီရင် အမှီကောင်းတယ်        
ဂုဏ်တော်အမြဲပွားသူတဲ့စိတ်ဟာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေ တဲ့အတွက် ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူပါတယ်။ “ရတနာရှိရာ ရတနာလာ” မြဲ ထုံးစံအတိုင်း ဂုဏ်တော် အမြဲပွားသူရဲ့ ထံမှောက်ကို ကောင်းကျိုးမျိုးစုံ ဆိုက်ရောက်လာမှာ အသေအချာမို့ မြတ်စွာဘုရားရှင်က “ဂုဏ်တော်ပွားရင် လိုတရ နိုင်တယ်” လို့ စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။

          ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးတယ်

          ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ စံပယ်ပန်းကို လက်ထဲဆုပ်ထားရင် စံပယ်ပန်းရနံ့ လက်မှာ ကူးစက်သင်းပျံ့လာသလို မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို ထပ်တလဲလဲ အမှတ်ရနေရင် အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သဘာဝသတ္တိကတော့ တုံ့ပြန်မှု ထူးခြားလွန်းပါတယ်။ မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင် အစစ်ပါပဲ။

ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်

“စိတ်ကောင်းမှ ကံကောင်းတယ်။ ကံကောင်းမှ အကျိုးပေးကောင်းတယ်”
ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် လုပ်နေတာပါ။

ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) ၏
လိုတရနှလုံးသား
အနှိုင်းမဲ့ဘာဝနာ
နှလုံးသားမိတ္တူ
အနှိုင်းမဲ့ရနံ့
နိုးနှစ်လုံးဖိုးလုံးကျေပါတယ်
ဘ၀အဓိဋ္ဌာန်
နံ့သာဖြင့်ထုံမွှမ်းအပ်သော
စိတ်အားဖြည့်ဓမ္မသံစဉ်



No comments:

Post a Comment