Saturday, September 3, 2016

ကျန်းမာရေး သက်စောင့်ဓာတ်စာ                                      မိချောင်းမြှီးဆေးပင်(ခေါ်)ရှားစောင်းလက်ပတ်

ကျန်းမာရေးသက်စောင့်ဓာတ်စာ
                                     မိချောင်းမြှီးဆေးပင်(ခေါ်) ရှားစောင်းလက်ပတ်''

      ရှားစောင်းလက်ပပ်ကို အိန္ဒိယနိုင်ငံမှာဆိုရင်  ကုမ္မာရီ(Kumari)လို့ခေါ်ပါတယ်။
အမျိုးသမီးတွေရဲ့ရောဂါမျိုးစုံကိုပျောက်ကင်းစေလို့ရှေးပညာရှိကြီးတွေကအဲဒီဆေးပင်ကိုအမျိုးသမီး လို့ခေါ်တဲ့  ကုမ္မာရီ  လို့ပဲတင်စားခေါ်ဝေါ်ထားတာဖြစ်ပါတယ်။
      အချို့နိုင်ငံတွေမှာတော့သူ့ကို''မိကျောင်းမြှီးဆေးပင်''လို့ခေါ်ပါတယ်။သူ့အပင်တစ်ပင်လုံးဟာမိကျောင်းမြှီးနဲ့သဏ္ဌာန်တူတဲ့အရွက်တွေပဲထူးထူးဆန်းဆန်းရှိနေတာကြောင့်ဒီလိုအမည်ပေးထားတာပါ။
အမည်နှင့်အသွင်သာထူးဆန်းတာမဟုတ်ဘဲဆေးစွမ်းလည်းထူးဆန်းလှတဲ့ဆေးပင်ဖြစ်ကြောင်းသုတေသီတွေဆေးပညာရှိတွေရဲ့တွေ့ရှိချက်တွေကထောက်ခံထားပါတယ်။
     ရှားစောင်းလက်ပပ်ဟာအမှန်တော့နှင်းပန်းနွယ်ဝင်ဖြစ်ပြီးထူးထူးဆန်းဆန်းအညာဒေသလိုပူပြင်းတဲ့ဒေသမှာပိုပြးဖြစ်ထွန်းပါတယ်။မိုးခေါင်ရေရှားရပ်ဝန်းမှာဖြစ်ထွန်းပေမယ့်အရည်ရွမ်းပြီး   'ဟိမ''လို့ခေါ်တဲ့အေးတဲ့ဂုဏ်ရှိပြီးထူးဆန်းတဲ့သဘာဝတွေလည်းရှိနေပါတယ်။ဒီအတွက်ရှားစောင်းလက်ပပ်ဟာကမ္ဘာတစ်ဝန်းမှာ ကျား  မ  ကလေး   လူကြီးမရွေးဆေးအဖြစ်မှီဝဲနေကြပါတယ်။
      အီဂျစ်နိုင်ငံနှင့်ရုရှားနိုင်ငံမှာတော့ဆီးဝမ်းမှန်ပြီးသွေးသားမှန်ကန်အောင်ရှားစောင်းလက်ပပ်ကိုဂျယ်လီဖျော်ရည်သဖွယ်ပြုလုပ်ပြီးသောက်ကြပါတယ်။မြန်မာနိုင်ငံမှာတော့ရှေးသမားတော်အဆက်ဆက်
ရှားစောင်းလက်ပပ်ကိုချက်ဆေးသဖွယ်စီမံပြီးမီးယပ်ရောဂါအမျိုးမျိုးတို့အတွက်ပေးကုသခဲ့ပါတယ်။အနောက်ကမ္ဘာနှင့်စင်္ကာပူ ထိုင်ဝမ်ဟောင်ကောင်တို့လိုနိုင်ငံတွေမှာတော့အသားချောလှပပြီး
ဆံပင်သန်အောင်အသားချောလိမ်းဆေး အလှဆီတွေ ခေါင်းလျော်ရည်တွေအဖြစ် စီမံရောင်းချပါတယ်။
      ရှားစောင်းလက်ပပ်ကချက်လုပ်ရရှိတဲ့မုတ်ခါးဆိုရင်လည်းဝမ်းနုတ်ဆေးတစ်လက်အဖြစ်သာမကအခြားသောအိမ်သုံးပစ္စည်းအမျိုးမျိုးဖော်စပ်ရာအသုံးဝင်တဲ့ဓာတုဆေးပစ္စည်းအဖြစ်သုံးပါတယ်။    ယခုအခါမှာတော့ မင်္ဂလာဆေးဝါးထုတ်လုပ်ရေးကနေ အညာဒေသကအကောင်းဆုံး လက်ရွေးစင်ရှားစောင်းလက်ပပ်တွေကို ကိုယ်တိုင်ကိုယ်ကျစုဆောင်းပြီး ကျား မ လူကြီး လူငယ်မရွေး စွယ်စုံရ အစွမ်းထက်မြက်တဲ့  သဘာဝရှားစောင်းလက်ပတ်ယိုကို စီမံဖော်စပ် ထုတ်လုပ်လိုက်ပါပြီ။  သဘာဝရှားစောင်းလက်ပတ်ပင်ရဲ့ အကျိုးအာနိသင်တွေကတော့

(1)အရှင်နာဂသိန် ရဲ့ပုံပြဆေးအဘိဓာန် တတိယတွဲမှာ ရှားစောင်းလက်ပတ်ဟာ အေးချိုခါးသက် အရသာရှိ၏ လေကိုနိုင်စေပြီး အားဖြစ်စေ၏။သုက်ဓာတ်ကိုပွါးစေ၏ လို့ဖော်ပြထားပါတယ်။

(2)ရှားစောင်းလက်ပတ်ဟာ အမျိုးသမီးများ ရောဂါအမျိုးမျိုးမဖြစ်ရအောင် ကာကွယ်ပေးပါတယ်။ဖြစ်ပွါးနေရင်လည်း သက်သာပျောက်ကင်းစေပါတယ်။အရွယ်မရောက်သေးတဲ့
အမျိုးသမီးငယ်များ သောက်ရင်အားဖြစ်စေပါတယ်။အပျိုဖော်ဝင်စမှာဖြစ်တတ်တဲ့ ပင်လယ်ကူးမီးယပ်နဲ့မီးယပ်ရောဂါအမျိုးမျိုးကို ကာကွယ်ပေးပြီး သွေးသားသန့်စင် မှန်ကန်စေပါတယ်။အမျိုးသမီးများ မီးယပ်သွေး စင်ကြယ်စွာ ဆင်းသက်စေပါတယ်။သွေးချုပ်သူကို သွေးပေါ်စေပြီး သွေးလွန်သူကိုသွေးထိန်းစေပါတယ်။သွေးဆုံးမီးယပ်ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အရွယ်လွန် မီးယပ်ရောဂါကို ပျောက်စေပါတယ်။

(3)ရှားစောင်းလက်ပတ်ဟာ အနာစိမ်းတွေကို ကျက်စေပါတယ်။ ရေဖျဉ်းစွဲရောဂါ(Ascites ),အသည်းရောဂါ(Hepatitis),အသည်းခြောက်ရောဂါ(Cirrhosis),အရေပြားရောဂါ,အဖျားရောဂါ
တွေကိုပျောက်စေပါတယ်။မီးလောင်နာ, အပူလောင်နာ, နှင်းခူ,ဂျွတ်ပွေး(Psoriasis),ရင်ကြပ်ပန်းနာ (asthma),ကိုယ်ရေဝါရောဂါ(Jaundice )တွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။
ဆီးကျောက်တည် (uronlithiasis ),ရောဂါများကို အလွန်နိုင်နင်းစွာ သက်သာစေတယ်လို့ဆိုပါတယ်။ဆီးပူဆီးအောင့် ဆီးထိုးခြင်းလည်း ပျောက်စေပါတယ်။

(4)ရှားစောင်းလက်ပတ်ဟာ ဝမ်းတွင်းမှာရှိတဲ့သွေးလုံးလေလုံးများကိုလည်း ပျောက်စေပါတယ်။

(5)ရှားစောင်းလက်ပတ်ဟာ မျက်စိနာ မျက်စိကိုက် မျက်စိပူစပ်ခြင်း နားကိုက်နားနာခြင်း တို့အပြင် ခြေလက်တို့မှာပေါက်တဲ့သွေးစုနာတွေကိုပျောက်စေပြီး( Kimose) ကဲ့သို့ငန်းမန်းကျစေပါတယ်။

(6)အမေရိကန်နိုင်ငံSan Diego မြို့ က Dr.Sheldon Saul Hendler ရဲ့အဆိုအရ  ရှားစောင်းလက်ပတ်ဟာ အနာကျက်မြန်စေပါတယ်။ဒါ့အပြင် ရေယုန်(Herpes ),ဝက်သက်( Measles)တွေကိုဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးတွေသာမက AIDS ရောဂါဖြစ်စေတဲ့ HIVဗိုင်းရပ်စ်ကိုလည်း အထူးသက်သာစေတယ် လို့ဆိုပါတယ်။သူ့မှာ (Carrisyn)ဆိုတဲ့ဓာတ်ရှိပြီး ဒီဓာတ်ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တက်စေပါတယ်။သူဟာ ရောဂါပိုးတွေကိုတိုက်ဖျက်တဲ့သွေးဖြူဥ ( T.lymphocytes)တွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ ထို့အတွက် HIV ပိုးရှိနေသူတွေ သောက်သုံးသင့်ပါတယ်။

(7)ရှားစောင်းလက်ပတ်ဟာ ခန္ဓာကိုယ်တွင်မှာရှိတဲံ ( Arachidonate)ဓာတ်ကို RGE2(Major ).THB2,PGD2.PGF2 နဲ့6Keto.PGF ဆိုတဲ့ Prostanoidsတွေအဖြစ်
ပြောင်းလဲပေးတဲ့အတွက် လူတွေမှာဖြစ်တဲ့ ပန်းနာရင်ကြပ်ရောဂါ (Bronchial Asthma)အပေါ် များစွာအကျိုးသက်ရောက်စေတာကို ၁၉၈၇ ခုနှစ်ကရှာဖွေသိရှိခဲ့ကြပါတယ်။

(8)ရှားစောင်းလက်ပတ်ဟာ အစာအိမ်အချဉ်ပေါက်ခြင်း အစာအိမ်ရောင်ခြင်း(Gastritis )နဲ့အူသိမ်ဦးပိုင်း အနာပေါက်ခြင်း (Duodenal ulcer )တို့ကိုလည်း သက်သာပျောက်ကင်း
စေတယ်ဆိုတာကို ၁၉၈၆ ခုထုတ် Parmer NS et.al.Evaluation of Aloe Vera leaf exudate and gel for gastric and deodenal antiulcer activity .Fitotherapia 1986,57:380-1 မှာဖော်ပြထားပါတယ်။

(9)အင်္ဂလန်နိုင်ငံမှာတော့ ရှားစောင်းလက်ပတ်ဟာ အဆစ်အမြစ်ကိုက်ခဲတဲ့ဝေဒနာကိုလည်း သက်သာပျောက်ကင်းစေပြီး အနာရောင်ခြင်းကိုလည်း လျော့စေတာကို ၁၉၆၆ ကတည်းကလေ့လာ တွေ့ရှိခဲ့ကြပါတယ်။
         မြန်မာနိုင်ငံတိုင်းရင်းဆေးကျမ်းတွေမှာတော့…အေး၏ခါး၏ လေကိုနိုင်၏ အားကိုဖြစ်စေ၏ လို့ဖော်ပြထားပြီး'' ရှားစောင်းဆယ့်တစ်မျိုး… စမုံကိုး…'လို့''ကုသပျို့''မှာပြဆိုထားပါတယ်။ဒါကြောင့်ရှာစောင်းမျိုးဟာ ဆယ်တစ်မျိုးရှိတယ် လို့ဆိုကြပါတယ်။
        တိုင်းရင်းဆေး'အသုံးမှာတော့!…ဒေါသသုံးပါးကိုနိုင်၏အပူငြိမ်းစေ၏ လေသက်ခြင်း ဝမ်းသက်ခြင်း
စမြင်းကြေစေ၏ ဒူလာသွေးဝမ်းတို့ကိုကြေပျောက်စေ၏ အပူနှင့်တကွ လေချုပ်ခြင်းကိုပျောက်စေ၏ သွေးဖျဉ်းလေဖျဉ်းများကိုပျောက်စေ၏ဆီးအောင့်ဆီးပူဆီးကျင် ဆီးဝမ်းသွား၍အားမရခြင်းကိုပျောက်စေ၏ ဝမ်းလေပြည့်နာဖောရောင်နာလေနာတို့ကို ပျောက်စေ၏ သွေးသားကို သန့်ရှင်းကြည်လင်စေ၏ ဓာတ်ပစ္စည်းများ၏ အခိုးများကိုသေစေနိုင်၏…လို့ဖော်ပြထားပါတယ်။
     *ရှားစောင်းလက်ပတ်ကိုအမျိုးသမီးနို့နာရောဂါသားအိမ်နှင့်အင်္ဂါဇာတ်နာကျင်တဲ့ရောဂါဆီးရောဂါတွေမှာ
ရေနွေးဖျောပြီးသုတ်စား၍တမျိုး ဟင်းခါးချက်သောက်ပြီးတစ်ဖုံ ပြုလုပ်စားခြင်းဖြင့် ပျောက်ကင်းစေပါတယ်။
    * အမျိုးသမီးငယ်များ သွေးသားမမှန်တာနဲ့ အမျိုးသမီး မီးယပ်ဝမ်းပျက်ခြင်း,သွေးဆုံးရောဂါ,မီးယပ်ခေါင်းကိုက်ခြင်း တကိုယ်လုံးနာကျင်ခြင်း ယောင်္ကျားဒူလာသွေးဝမ်းရောဂါတွေကို ရှားစောင်းလက်ပတ်ကိုထန်းလျက်,နှမ်းဆီနဲ့
ယိုထိုးပြီး စားပေးရင် ပျောက်စေပါတယ်။
    *အနာစိမ်း ဓားလှံ လက်နက်ထိခိုက်နာတွေ ,ဆီပူ မီးပူလောင်နာတွေနဲ့ ပျောက်ခဲနိုင်သောအနာများကို ရှားစောင်းလက်ပတ်အနည်းငယ် မီးကင်၍ အတွင်းသားကိုခွါပြီး နှမ်းဆီသုတ်လိမ်းကာ အနာကိုကပ်စည်းထားရပါမယ်။အနာဝင်ညော်ဝင်တာတွေကို မစိုးရိမ်ရပဲ ပျောက်စေပါတယ်။
    *ဒါတင်မက ရှားစောင်းလက်ပတ်ကို အရေစစ်ထုတ်ပြီးရတဲ့အနှစ်ရည်ကို အခြားဆေးမယ်များနဲ့ရောစပ်လို့မုတ်ခါး ချက်လုပ်ကြပါတယ်။အဲဒီ မုတ်ခါးဟာတိုင်းရင်းဆေးဖုံတွေထဲမှာ အလွန်အသုံးဝင်
အသုံးတည့်လှပါတယ်။ မုတ်ခါးဆေးပစ္စည်းကို ဝမ်းမှန်ဝမ်းပျော့ဆေး အပူငြိမ်းဆေး မျက်ကွင်းဆေး စသဖြင့် ဖော်စပ်ရာမှာ မရှိမဖြစ်သုံးစွဲကြပါတယ်။
    *ရှားစောင်းလက်ပတ်အတွင်းသားကို မျက်စိကို အုံပေးပါက မျက်စိနာ ခြင်းကိုက်ခြင်း ပူစပ်ခြင်းတို့ပျောက်စေပါတယ်။အတွင်းသားကို အရေညှစ်ပြီး မီးနွေးနွေးဖြင့်အပူပေးပြီး နားတွင်းထည့်ပေးပါက နားကိုက်နားနာများ အမြန်ပျောက်စေပါတယ်။
    *ကိုယ်ရေဝါရောဂါရှိသူများရှားစောင်းလက်ပတ်အရွက်အတွင်းသားစားပေးပါကဆီးဝမ်းသက်ပြီးရောဂါလည်း
ပျောက်စေပါတယ်။မျက်စိနာတာ ကိုက်တာ ပူစပ်တာတွေကို ရှားစောင်းလက်ပတ် အတွင်းသားကို
နနွင်းမှုန့်ဖြူးပြီး ကပ်အုံပေးရင်ပျောက်ကင်းစေပါတယ်။
    *ရေဖျဉ်းရောဂါတွေမှာလည်း ရှားစောင်းလက်ပတ်အတွင်းသားကို လက်ချားမှုန့်ဖြူးပြီးစားပေးရင် သက်သာပျောက်ကင်းစေတယ် လို့ဆိုပါတယ်။ရောဂါပျောက်စေပါတယ်။
    *ရှားစောင်းလက်ပတ်အတွင်းသားကို ဆန်ဆေးရေစိမ်ပြီး နံနက်တွင် ထမင်းစားဇွန်းတစ်ဇွန်း နံနက်တစ်ကြိမ်သောက်ပါက ဆီးချိုရောဂါ.ဆီးပူဆီးအောင့်ဆီးထိုးရောဂါ,မီးယပ်ဖြူဆင်းရောဂါ ပျောက်စေတယ်လို့ဆိုပါတယ်။
    *ခြေလက်တို့မှာပေါက်တတ်တဲ့ အကျိတ်နာသွေးစုနာ ကို ရှားစောင်းလက်ပတ်ကို မီးနွေးနွေးပြပြီး အုံ၍စည်းထားပေးပါက အကျိတ်ကြေ ပြည်ပေါက်မြန်စေပါတယ်။ငန်းမန်းကိုလည်းကျစေပါတယ်။
    *ရှားစောင်းလက်ပတ်ဟာ ဆေးပညာတွင်သာမက  ခေါင်းလိမ်းဆီ  အသားလှ ခရင်မ် စတဲ့အလှကုန်ပစ္စည်းဖော်စပ်ရာမှာ လည်းသုံးစွဲကြပါတယ်။ကိုယ်တိုက်ဆပ်ပြာ ဟင်းရွက်ဆေးရည် မုတ်ဆိတ်ရိတ်ခရင်မ် ခေါင်းလျော်ရည် တွေအတွက်ဖော်စပ်ရာမှာလည်း ထည့်သွင်းအသုံးပြုနေကြပါတယ်။
        အထက်ပါသုတေသနတွေ့ရှိချက်တွေအပြင် အခြားသုတေသန တွေ့ရှိချက်များလည်း အမြောက်အမြား ရှိပါသေးတယ်။ဒါကြောင့် သင့်မိသားစု ကျန်းမာရေးအတွက် အသုံးဝင်လှတဲ့ ရှားစောင်းလက်ပတ်ပင်ကို မိမိတို့အိမ်ဂေဟာတွေမှာ ဆောင်ထားစိုက်ပျိုးထားပြီး သဘာဝကပေးတဲ့လက်ဆောင်ကျန်းမာရေးဓာတ်စာအဖြစ် သုံးစွဲသင့်လှပါကြောင်း တင်ပြလိုက်ရပါတယ်။…
                            ဒေါက်တာအောင်နိုင်(ဆေးသုတေသန)ဒေါက်တာဖြူဖြူဝင်း(ဆေးသုတေသန)၏ဆောင်းပါးမှ ဖြည့်စွက်တင်ပြပါသည်။
                                                                                                ဆရာရဲ( မင်္ဂလာ တိုင်းရင်းဆေး)
       

No comments:

Post a Comment