Saturday, September 3, 2016

မြင်းခွာရွက်အသက်ရှည်နုပျိုဆေး

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် ရေးသားသော
" အိုမှုနှင့်ဆိုင်ရာပြဿနာများ "စာအုပ် မှ
မြင်းခွာပင်

မြင်းခွာပင်သည် အမျိုးအားဖြင့် (၄)မျိုးရှိ၏။
(၁) ရေမြင်းခွာ၊
(၂) မြင်းခွာကြီး၊
(၃)ပန်းမြင်းခွာ၊
(၄) ဆေးမြင်းခွာတို့ဖြစ်ကြ၏။
ထိုတွင် ရေမြင်းခွာ၊မြင်းခွာကြီး၊ ပန်း မြင်းခွာတို့ကား ပုံသဏ္ဌာန်တူကြသည်သာများသည်။
ဆေးမြင်းခွာဟူသည်ကား မြင်းခွာပင်မျိုးမဟုတ်၊ မုန်တိုင်းပင်ကဲ့သို့ပင်
ပင်ကြီးမျိုးဖြစ်၏။

ဆိုခဲ့သော မြင်းခွာတို့တွင် မြင်းခွာကြီးသည်အမြတ်ဆုံးဖြစ်၏။
ထိုမြင်းခွာကြီးသည်-
ခါးသက် သော အရသာရှိ၏။ ချို၏။ ေj
အစာကိုကြေညက်စေတတ်၏။
နှုတ်ကို မြိန်စေ၏။
အပူလွန်ကဲသောရောဂါ၊ ပိုးရောဂါ၊
ကိုယ်ရေရောဂါ၊ အဆုတ်ရောင် ဂါ၊ ဖျဉ်းရောဂါ၊ ပန်းနာရောဂါ၊
ကျောက်ကပ်ရောဂါတို့ကို ပျောက်ကင်းစေတတ် ၏။
ခရုသင်းရောဂါ၊ အရေပြားရောဂါ၊
ယောနိတွင်ဖြစ်သော အိုင်းနာ၊ လိင်နိ မိတ်နာတို့ကို ပျောက်ကင်းစေတတ်၏။
အထူးသဖြင့်
အသက်ကြီးတို့အတွက် ခုခံအားစွမ်းရည်ကို တိုးတက်စေ တတ်၏။
အသက်ကိုရှည်စေတတ်၏။
ဆီးဝမ်းတို့ကို မျှတစေ၏။
သွေးအား လေအားနှစ်မျိုးစလုံးကို အားရှိစေတတ်၏။
ထိုမြင်းခွာကို အသုံးပြုလိုသည် ရှိသော်
သဘာဝမြေ၊ သဘာဝရေ၊ သဘာဝ နေရောင်ဖြင့် ရရှိအပ်သော မြင်း ခွာဖြစ်ရန်လို၏။
သို့မှသာ ထိုမြင်းခွာရွက်တွင် အသက်ကို ဆောင်တတ်သော သြဇာဓာတ်သည်
တည်ရှိနေနိုင်မည်ဖြစ်ပေသည်။
ထိုသို့ သဘာဝအတိုင်း ရအပ်သောမြင်းခွာသည်အလွန်ထွားကြိုင်း
သန်မာခြင်းမရှိဘဲ၊ ကျစ်လျစ် မာကျောနေ၏။
ခါးသက်သောအာဟာရရှိ၏။
သင်းပျံ့သောအနံ့ရှိ၏။ နှုတ်ကို မြိန် စေ၏။
ကြာရှည်ထားသော် နွမ်းခြောက်သွားရုံသာ ရှိ၏။ ပုပ်သိုးသွားသည် မရှိချေ။
ထိုမြင်းခွာမျိုးသည်သာ ကျန်းမာသက်ရှည်ရေးအတွက် အသုံးပြုသင့် သော
မြင်းခွာဖြစ်ပေသည်။
ထိုမြင်းခွာရွက်ကို
ကြက်သွန်ဖြူနိုင်နိုင်နှင့်နှမ်းဆီ  ဖြင့် သုပ်စားခြင်း၊
တို့မြှုပ်စားခြင်း၊ ဟင်းချို၊ ဟင်းခါးချက်သောက်ခြင်းတို့ဖြင့်
နှစ်သက်သလို အမျိုးမျိုး ပြုလုပ်စားသောက်နိုင်သည်။

သက်ကြီးများ ဆီးပူခြင်း၊ ဆီးကျင်ခြင်း ဖြစ်လာလျှင်၊ မြင်ခွာရွက်တစ်ဆုပ်၊
ကြက်သွန်နီတစ်ဥ၊ ထောင်းခြေ၊ အရည်ညှစ်ယူပြီး ရေကျက်အေးတစ်ဖန်ခွက် တွင်
ထည့်၍ သကြားသင့်ရုံမျှဖြင့် ရေအစား သောက်ပေးရသည်။

သွေးဝမ်း သွားခြင်း၊ဆီးချုပ်ပြီး၊ နာကျင်ခြင်း၊ ဆီး၌သွေးပါခြင်း၊ ဆီးကျိတ်ရောင်ခြင်းဖြစ်
လျှင် မြင်းခွာရွက်၊ ၆ကျပ်သား သတ္တုရည်တွင် ဇီယာမှုန့် ၄ဲသားထည့်၊ ရေကျက်
အေး ၂၇ကျပ်သားတွင် သကြားသင့်ရုံထည့် ရေအစား သောက်ပေးရသည်။

မြင်းခွာရွက်ဆေးလုံး

(၁)    မြင်းခွာရွက်    -    ၆ကျပ်သား
(၂)    ပိတ်ချင်းသီး    -    ၃ကျပ်သား
(၃)    ငရုတ်ကောင်း    -    ၂ကျပ်သား
(၄)    ချင်းခြောက်    -    ၁ကျပ်သား
၎င်းဆေးလေးပါးကို အမှုန့်ပြုပြီး ပျားရည်နှင့်တေရသည်။
စားတော်ပဲခန့်အလုံးကလေးလုံးထားပြီး၊ တစ်နေ့ ၃-လုံး၊ ၅-လုံး
စသည်ဖြင့်သောက်ရသည်။
ထိုဆေးသည် -
အဖျားဟောင်းများ၊
ဝမ်းအောင့်သောရောဂါ၊
ဆီးအောင့်၊ ဆီးကျင်သောရောဂါ၊
ဆီးရှိလျက် မဆင်းသော ရောဂါ၊
မျက်စိမှုန်စေခြင်းအစရှိ သောမျက်စိအားနည်းသောရောဂါ၊
မှတ်ညာဏ်သတိ အားနည်းသောရောဂါ၊
ခုခံအားကိုယ်ငွေ့အားနည်းသူများအတွက်
အထူးသင့်လျော်သော ဆေးဖြစ် ပါသည်။

ထိုဆေးဖက်တို့တွင် ပါဝင်သော တြိကဋုက်ဟုခေါ်သော အစပ် ၃-ပါးတို့ သည်
စပ်ပင်စပ်ကြသော်လည်း၊ ငရုတ်သီးကဲ့သို့ စပ်သောအကျိုးကိုမပေး၊ စပ်
သောအပြစ်ကို မပြုဘဲ၊ ပူနွေး၍ ၀မ်းကိုထောက်ကူသောအကျိုးနှင့် ၀မ်းမီး ကို
ခြေချက်ပြီးသောအခါ၌ အေးသော အကျိုးကို ပေးတတ်လေသည်။
ထိုသို့ဖြစ်သောကြောင့် ဆီးရောဂါ၊ မျက်စိရောဂါတို့အတွက်
ကောင်းခြင်းဖြစ်သည် ကိုသတိပြုမှတ်ယူအပ်ပေသည်။

No comments:

Post a Comment