Friday, September 13, 2013

ဓမ္မဒေါင်းလုပ် တရားဓမ္မနဲ့ ပတ်သက်လာရင် အပြည့်စုံဆုံးဝဘ်ဆိုက်ဒ်ကြီးပါ

Dhamma Download


contact: (65) 62537820 

ဓမ္မဒေါင်းလုပ်မူလစာမျက်နှာ

အဘိဓမ္မာ(အင်္ဂလိပ်ဘာသာ)စာအုပ်များ

အဘိဓမ္မာစာအုပ်များ

Mp3တရားတော်များ၊ ဟောတရားများ(အင်္ဂလိပ်)

တရားနာရန် Mp3တရားတော်များ၊ ဟောတရားများ

တရားတော်များ(အင်္ဂလိပ်)ရုပ်သံ ဗီဒီယိုဖိုင်

တရားတော်များ ရုပ်သံ ဗီဒီယိုဖိုင် 

တရားစာအုပ်များ(အင်္ဂလိပ်ဘာသာ)

တရားစာအုပ်များစွာ

တရားဓမ္မနှင့်ပတ်သက်သောဝက်ဆိုဒ်များ

ဓမ္မဒေါင်းလုပ်သို့ဆက်သွယ်ရန် 

ဓမ္မဒေါင်းလုပ်သတင်း

တိုက်ရိုက်လွင့်

 ဓမ္မဒေါင်းလုပ်သို့အကြံပြုချက်များ

ဓမ္မဒေါင်းလုပ်သို့လှူဒါန်းမယ်ဆိုရင်


ဓမ္မဒေါင်းလုပ်မိသားစု၏ ဆောင်ရွက်မှုများ


၁) ဗုဒ္ဓသာသနာတော်ကြီးကို လူနေမှု စနစ်များ၊ Technology များ ပြောင်းလဲလာမှုနှင့် လိုက်လျှောညီထွေ ဖြစ်အောင်၊ လူတွေရဲ့ just a one finger click away မှာ တရားတော်တွေကို နာနိုင်အောင်၊ dhammadownload.com website ကို ထူထောင်ထားရှိခြင်း

၂) website ထူထောင်ရာတွင် audience behaviour ကို analysis လုပ်သောအခါ သံဃာတော်များသည် တရားနာခြင်းထက် စာဖတ်မှုကိုသာ အားသန် ကြကြောင်း တွေ့ရှိရသည်။ ထို့အတွက်ကြောင့် နိုင်ငံရပ်ခြား တွင် ရှိနေကြသော စာသင်သား သံဃာတော်များ thesis လုပ်နိုင်ရန်၊ စာသင်သားမဟုတ်သော
သံဃာတော်များ လဲ အလွယ်တကူ ရှာဖွေလေ့လာနိုင်ရန် သံဃာတော်များ လက်စွဲစာအုပ်များကို ရှာဖွေ၍ Digital eBook များ အဖြစ် scan ဖတ်ပြီး dhammadownload.com website ပေါ်သို့ တင်ပြပေးခြင်း

၃) အခါအားလျှော်စွာ တရားပွဲများ ကျင်းပပေးခြင်း

၎) စင်္ကာပူရှိ ဘာသာရေးအဖွဲ့အစည်းများသည် ငွေကုန်ကြေးကျခံ၍ တရားပွဲများ၊ တရားစခန်းပွဲများကို အားတက်သရော လုပ်ဆောင်နေကြသော်လည်း တရားပွဲသတင်းကို လူတွေလက်ထဲေ၇ာက်အောင် ပို့ဆောင်ပေးနိုင်မှု အင်အားနဲနေသည့်အတွက် တရားနာလိုသော်လဲ မသိလိုက်လို့ လာရောက် မနာယူလိုက်ရခြင်းမဖြစ်အောင်၊ အဖွဲ့အစည်း အသီးသီးက ပြန့်ကြဲနေသည့် သတင်းများကို တနေရာထဲမှာ တစု တစည်းထဲ ဖြစ်သွားအောင်၊ တရားပွဲ သတင်းများကို dhammadownload.com website တွင် ကြော်ငြာပေးခြင်း၊

၎) သာသနာသာတော်ကြီး တည်တန့်ရေးသည် ဗုဒ္ဒဘာသာဝင်များ၏ ဘာသာတရားကို နားလည်သဘောပေါက်မှု အတိမ်အနက်ပေါ်တွင် မူတည်နေသည့်အလျှောက် သဒ္ဒါတရားကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များမှသည် ပညာကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်၊ ခက်ခဲနက်နဲသည့် အဘိဓမ္မာသင်တန်းများကို အဓိကထား၍ ဖွင့်လှစ်ပေးခြင်း

၅) သာသနာတော်၏ အသက်သည် ပရိယတ္တိ သာသနာတော် တည်တန့် ထွန်းကားမှုတွင် ရှိပါသည်။ ယ္ခုခေတ်တွင် သံဃာတော်များသည် နိုင်ငံရေး လုပ်ဆောင်မှု၊ လှုမှုရေး Project များ လုပ်ဆောင်မှုများ များပြားလာပါသည်။ သဒ္ဒါတရားကောင်းသည့် ဗုဒ္ဒဘာသာဝင်များကလည်း ဝိပဿနာ တရားဟောသည့် ဓမ္မကထိက ဆရာတော်များ၊ လူမှုရေး Project လုပ်သည့် ဆရာတော်များကိုသာ အလှုငွေ အလုံးအရင်းနှင့် ပံ့ပိုးနေကြပြီး စာသင်တိုက်များတွင် ဒုက္ခရောက်နေကြသော ပရိယတ္တိ သာသနာတော်ကြီး၏ ခံတပ်ကြီးကို စောင့်ထိန်းနေကြသော သံဃာတော်များကို လှုဒါန်းမှု အားများ အလွန်တရာ လျှော့နဲနေပါသည်။ ထိုကိစ္စကို ဓမ္မဒေါင်းလုပ် မိသာစုများမှ Balance လုပ်သည့် အနေဖြင့် ပရိယတ္တိ စာသင်တိုက်များကို ကူညီသည့် လုပ်ငန်း လုပ်ဆောင်ပေးခြင်း။ 

၆) ဗုဒ္ဓဘာသာဝင်များသည် မိမိကို တရားဟောနိုင်သည့် ဓမ္မကထိကကို ပုံအောပြီး လှုဒါန်းလေ့ရှိပါသည်။ လက်ရှိ စာသင်တိုက်များသည် စာသင်သား သံဃာတွေထံမှ ကျောင်းဝင်ကြေး ကောက်ခံလေ့ မရှိပါ။ စာသင်တိုက်များသည် ပြင်ပမှ အလှုငွေများနှင့်သာ လည်ပတ်နေရပါသည်။ ပရိယတ္တိစာသင်တိုက်များ အလှုများ ရရှိအောင် စာသင်တိုက်မှ စာချ ဆရာတော်ကြီးများ လူတွေကို သဘောကျအောင် ဟောနိုင်မှသာ အလှုငွေ ရနိုင်ပါသည်။ သို့သော် သံဃာတော်များကြားမှာသာ အမြဲနေပြီး ပါဋိလိုဘဲ အမြဲ စာချနေသော ဆရာတော်များသည် တရားဟောရာတွင် စာသံပါနေသည့်အတွက် လူကြိုက် နဲလှပါသည်။ အလှုခံ ရရှိမှုလဲ နဲပါးလှပါသည်။ ထို ဆရာတော်ကြီးများ အလှုခံ ရရှိမှုနဲပါးမှုသည် စာသင်တိုင်ဝင်ငွေ နဲပါမှုနှင့်အတူ အနာဂါတ် သာသနာတော်အတွက် စိုးရိမ်စရာ ဖြစ်ပါသည်။ ဤ Missing Gap ကို ဓမ္မဒေါင်းလုပ် မိသားစုမှ ဝင်ရောက် ဖြည့်စွက်ကာ စာသင်တိုက် ဆရာတော်များကို လူတွေနဲ့ ဝင်ဆန့်အောင် မိတ်ဆက်ပေးသည့် တရားပွဲများ၊ သင်တန်းများ ပြုလုပ်ကာ ဆရာတော်တွေ အလှုငွေ ရရှိအောင် လုပ်ဆောင်ပေးပါသည်။



၈) ဆရာတော်ကြီးများ စင်္ကာပူသို့ ဆေးဝါးလာရောက် ကုသရာတွင် လည်းကောင်း၊ တခြားသော သံဃာတော်များနှင့်ပါတ်သတ်သော၊ သာသနာကိစ္စနှင့် ပါတ်သတ်သော အကြောင်းအရာများကို dhammadownload network မှ တဆင့် အလှုခံ၍ ပါရမီဖြည့်ဆည်းပေးပါသည်။

၉) ပရိယတ္တိ စာပေကို ကျွမ်းကျင် ထိရောက်စွာ ပို့ချနိုင်သော စာချ ဆရာတော်ကြီးများ ရှားပါးလာသည့် အလျှောက် သာသနာတော်၏ ခရီးတဝက်တွင် နာမည်ကြီး စာချဆရာတော်များတိမ်းပါးသွား၍ အကယ်၍များ နောက်ထပ် သာသနာ့ အာဇာနည် စာချဆရာတော် များ မပေါ်ထွက်မီ သာသနာတော်ခါးပျက် မသွားစေရန် နာမည်ကြီး စာချ ဆရာတော်ကြီးများ၏ စာချ သင်တန်း Video များ ရိုက်ကူးထား၍ Archive အဖြစ်ထိန်းသိမ်းထားကာ သာသနာတော်ကြီးကို Time Shift လုပ်နိုင်ရန် ကြိုးပမ်းပါမည်။


We accept dhamma audio CD, MP3, VCD, book donation.
If you like to donate dhamma media, we suggest you to provide the media with proper title and date for each talk, better quality MP3 (128kbps and above), photo of monk or teacher, etc.

We will provide our mailing address upon email request.

No comments:

Post a Comment