Saturday, April 29, 2017

ဓမ္မပဒအဖော်မွန် ၂၀

ဓမ္မပဒအဖော်မွန် - ၂၀
၂၀။ မဂ္ဂဝဂ္ဂ၊ လမ်း

သေခြင်းကင်းရာ လမ်းမြတ်မဟာ ( ဓ - ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆ )
လမ်းခရီးအားလုံးမှာ -
မဂ္ဂင်ရှစ်ပါးလမ်းခရီးဟာ အမြင့်မြတ်ဆုံးပါ။
သစ္စာအားလုံးမှာ -
သစ္စာလေးပါးဟာ အမြင့်မြတ်ဆုံးပါ။
တရားအားလုံးမှာ -
တဏှာရာဂကင်းရာ နိဗ္ဗာန်ဟာ အမြင့်မြတ်ဆုံးပါ။
ခြေနှစ်ချောင်းရှိသူအားလုံးမှာ -
မျက်စိငါးပါးသခင် ဘုရားရှင်ဟာ အမြင့်မြတ်ဆုံးပါ။

အယူအမြင်စင်ကြယ်သန့်ရှင်းဖို့အတွက်
ဒီမဂ္ဂင်ရှစ်ပါးသာ ခရီးလမ်းမှန်ပါပဲ။
မဂ္ဂင်ရှစ်ပါးမှတစ်ပါး အခြားလမ်းခရီး မရှိပါဘူး။
မာရ်မင်းကို တွေဝေစေတဲ့ (မာရ်မင်း မမြင်နိုင်တဲ့)
ဒီမဂ္ဂင်လမ်းခရီးကို သင်ချစ်သားတို့ သွားကြပါ။ (ကျင့်ကြပါ)

ဒီမဂ္ဂင်ရှစ်ပါးလမ်းခရီးကို သင်ချစ်သားတို့ လျောက်လှမ်းကြရင်-
ဆင်းရဲဒုက္ခအားလုံးကို အဆုံးသတ်နိုင်ကြမှာပါ။
ရာဂ စတဲ့ ဆူးငြောင့်ကင်းစင်ရာ မဂ္ဂင်လမ်းကို
ငါဘုရားဟာ (ကိုင်တိုင်) သိမြင်ပြီးမှ
သင်ချစ်သားတို့ကို ဟောကြားညွှန်ပြတာပါ။
သင်ချစ်သားတို့ ကျင့်ကြံအားထုတ်ကြပါ။
(ကျင့်ကြံအားထုတ်ဖို့ဟာ သင်ချစ်သားတို့ကိစ္စပါ)
လာခြင်းကောင်းတော်မူတဲ့ ငါဘုရားဟာ (လမ်းမှန်ကို) ဟောညွှန်ပြပြီးပြီ။
(ငါဘုရားရှင် ညွှန်ပြတဲ့လမ်းကို လျှောက်လှမ်းရင်) ကျင့်ကြံအားထုတ်ရင်
(လွတ်မြောက်ကြမှာပါ။)
(သမထ ဝိပဿနာ လေ့လာပွားများသူတွေ)
ကိလေသာအနှောင်အဖွဲ့ကို ရှို့မြှိုက်လောင်ကျွမ်းစေသူတွေဟာ
သေမင်းအနှောင်အဖွဲ့က လွတ်မြောက်ကြမှာပါ။

၂၇၃. ပဉ္စသတဘိက္ခုဝတ္ထု (၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆)
မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။
၂၇၄. ဧသေဝ  မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရေဿတံ ပမောဟနံ။
၂၇၅. ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ  မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။
၂၇၆. တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

20. Maggavagga: The Path
273. Of all the paths the Eightfold Path is the best;
of all the truths the Four Noble Truths are the best;
of all things passionlessness is the best:
of men the Seeing One (the Buddha) is the best.
274. This is the only path; there is none other for the purification of insight.
Tread this path, and you will bewilder Mara.
275. Walking upon this path you will make an end of suffering.
Having discovered how to pull out the thorn of lust, I make known the path.
276. You yourselves must strive; the Buddhas only point the way.
Those meditative ones who tread the path, are released from the bonds of Mara.
ခန္ဓာငါးပါး ရုပ်နာမ်တရား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု မြင်အောင်ရှု ပူမှုကင်းလွတ်သည်။
မဂ္ဂင်ခရီး အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာယာဉ်စီး ( ဓ - ၂၇၇၊ ၂၇၈၊ ၂၇၉ )
အနိစ္စလက္ခဏာ
(အကြောင်းတရားတွေ ပြုပြင်စီမံဖန်တီးထားတဲ့
ခန္ဓာငါးပါး ရုပ်နာမ်) သင်္ခါရတရားအားလုံးဟာ
ဖြစ်ပြီးပျက်ရ သဘာဝကြောင့် အမြဲမရှိပါဘူး ---လို့ ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ) သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၇. အနိစ္စလက္ခဏဝတ္ထု (၂၇၇)
‘‘သဗ္ဗေ  သင်္ခါရာ အနိစ္စာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

277. “All conditioned things are impermanent”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

ဒုက္ခလက္ခဏာ
(အကြောင်းတရားတွေ ပြုပြင်စီမံဖန်တီးထားတဲ့
ခန္ဓာငါးပါး ရုပ်နာမ်) သင်္ခါရတရားအားလုံးဟာ
ဆင်းရဲဒုက္ခပါပဲ ---လို့ ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ ဒုက္ခပဲမို့) သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၈. ဒုက္ခလက္ခဏဝတ္ထု (၂၇၈)
‘‘သဗ္ဗေ သင်္ခါရာ ဒုက္ခာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

278. “All conditioned things are unsatisfactory”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

အနတ္တလက္ခဏာ
သဘာဝတရားအာလုံးဟာ အတ္တမဟုတ်။ အတ္တမရှိ ---လို့
ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ ဒုက္ခပဲမို့၊ အနှစ်မရှိ၊
အလိုမလိုက်၊ အကြိုက်မဖြစ်၊ သူ့သဘောသူဆောင်တဲ့ ဓာတ်သဘာဝ)
သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၉. အနတ္တလက္ခဏဝတ္ထု (၂၇၉)
‘‘သဗ္ဗေ ဓမ္မာ အနတ္တာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

279. “All things are not-self ”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

လုံ့လမရှိ ပညာမပြည့် ( ဓ - ၂၈၀ )
ထကြွလုံ့လပြုသင့်တဲ့ကာလမှာ ထကြွလုံ့လ မပြုသူ၊
နုပျိုခွန်အားပြည့်စုံနေတုန်းမှာ ပျင်းရိထိုင်းမှိုင်းနေသူ၊
(အလကား)အတွေးများပြီး (လေးလံ)နစ်မြုပ်နေသူ၊
(အတွေးမှားတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရသူ)
ဝီရိယမရှိ ပျင်းရိသူဟာ -
ပညာနဲ့ သိမြင်အပ်တဲ့ အရိယမဂ်ကို မရနိုင်ပါဘူး။

၂၈၀. ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု (၂၈၀)
ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊ ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊ ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။

280. The idler who does not exert himself when he should,
who though young and strong is full of sloth,  with a mind full of vain thoughts—
such an indolent man does not find the path to wisdom.

စောင့်ရှောက်စောင့်စည်း လမ်းခရီး ( ဓ - ၂၈၁ )
နှုတ်ကို အစဉ်အမြဲစောင့်ရှောက်ပါ။
စိတ်နဲ့ ကောင်းကောင်း စောင့်စည်းပါ။
ကိုယ်နဲ့လည်း မကောင်းမှုအကုသိုလ်ကို မပြုပါနဲ့။
ဒီကံသုံးပါးကို စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ပါလေ။
မြတ်စွာဘုရားရှင်ဟောညွှန်ပြတဲ့ မဂ္ဂင်လမ်းခရီးကို ပြီးပြည့်စုံပါစေ။

၂၈၁. သူကရပေတဝတ္ထု (၂၈၁)
ဝါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန စ နာကုသလံ ကယိရာ ။
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

281. Let a man be watchful of speech, well controlled in mind,
and not commit evil in bodily action.  Let him purify these three courses of action,
and win the path made known by the Great Sage.

ပညာပွားကြောင်း တရားကောင်းမှာ ကြိုးစားပါ။ ( ဓ - ၂၈၂)
(ကမ္မဋ္ဌာန်းတရား) ကြိုးစားအားထုတ်တာကြောင့် ပညာဖြစ်ပွားပါတယ်။
အားထုတ်လုံ့လမရှိတာကြောင့် ပညာကုန်ခမ်းပါတယ်။
ပညာဖြစ်ပွားတာ၊ ပညာဆုတ်ယုတ်တာ ဒီလမ်းခရီးနှစ်သွယ်ကိုသိပြီး
ပညာကို တိုးပွားပါစေ။
(ပညာပွားလမ်း ကမ္မဋ္ဌာန်းဘာဝနာနဲ့) ကိုယ့်စိတ်ကို သိမ်းသွင်းပါလေ။

၂၈၂. ပေါဋ္ဌိလတ္ထေရဝတ္ထု (၂၈၂)
ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထာတ္တာနံ နိဝေသေယျ၊ ယထာ ဘူရိ ပဝဍ္ဎတိ။

282. Wisdom springs from meditation; without meditation wisdom wanes.
Having known these two paths of progress and decline,
let a man so conduct himself that his wisdom may increase.

တဏှာတောမှာ မောလှပြီ ( ဓ - ၂၈၃၊ ၂၈၄ )
ကိလေသာကို ဖြိုဖျက်သူ၊ သံသရာအပြစ်ဘေးကိုရှုမြင်တတ်သူ ချစ်သားတို့ -
(ကိလေသာ တဏှာ) တောကို (ဝိပဿနာ မဂ်ပညာ နဲ့) ခုတ်ဖြတ်ကြပါ။
သစ်ပင်ကို မခုတ်ဖြတ်ပါနဲ့။
(တဏှာ)တောကြောင့် (မွေး အို နာ သေ ---)ဘေးအန္တရာယ်တွေ ဖြစ်တာပါ။
(တဏှာကြီး တဏှာငယ်) တောကြီး တောငယ်ကို ခုတ်ဖြတ်ပြီး
တဏှာတောက ထွက်မြောက်ကြပါ။

တကယ်တော့- မိန်းမတွေအပေါ်မှာဖြစ်တဲ့ ယောက်ျားရဲ့တဏှာတောဟာ
အဏုမြူလောက်ပဲ သေးငယ်နေစေပါဦး - မဖြတ်တောက်နိုင်ရင်
(သံသရာမှာ) တုပ်နှောင်ကပ်ငြိနေမှာပါပဲ။
နို့မပြတ်သေးတဲ့ နွားလေးဟာ မိခင်နွားမကြီးနားမှာ မခွဲမခွာ ကပ်ပါနေသလိုပေါ့။

၂၈၃. ပဉ္စမဟလ္လကဘိက္ခုဝတ္ထု (၂၈၃၊ ၂၈၄)
ဝနံ  ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။
၂၈၄. ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနောဝ တာဝ သော၊ ဝစ္ဆော ခီရပကောဝ မာတရိ။

283. Cut down the forest (lust), but not the tree;
from the forest springs fear. Having cut down the forest and the underbrush (desire),
be passionless, O monks!
284. For so long as the underbrush of desire,
even the most subtle, of a man towards a woman is not cut down, his mind is in bondage,
like the sucking calf to its mother.

ကြာပန်းထဲမှာ တရားရှာ ( ဓ - ၂၈၅ )
တန်ဆောင်မုန်းလမှာပွင်တဲ့ ကုမုဒြာကြာပန်းကို လက်နဲ့ဖြတ်လိုက်သလို -
ကိုယ့်ရဲ့ချစ်ခြင်းတဏှာကို ဖြတ်ပါတော့။
ကောင်းသောစကားသခင် ဘုရားရှင်ဟာ နိဗ္ဗာန်ကို ဟောညွှန်တော်မူပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးကိုပဲ ပွားများပါတော့။
((ငြိမ်းအေးရာလမ်းကိုသာ တိုးပွားပါစေ))

၂၈၅. သုဝဏ္ဏကာရတ္ထေရဝတ္ထု (၂၈၅)
ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

285. Cut off your affection in the manner of a man plucks with his hand an autumn lotus.
Cultivate only the path to peace, Nibbāna, as made known by the Exalted One.

မသိကိန်းများစွာ ! ( ဓ - ၂၈၆ )
မိုးတွင်းအခါ ဒီအရပ်မှာ နေမယ်။
ဆောင်း နွေအခါ ဒီအရပ်မှာ နေမယ်။
လူမိုက်ဟာ ဒီလို အထွေထွေအထူးထူး ကြံစည်စိတ်ကူးနေပါတယ်။
(ဘယ်အခါ ဘယ်အရပ်မှာ ဘယ်အရွယ် ဘာရောဂါနှင့် ဘယ်လိုသေရမလဲ?စတဲ့)
အသက်အန္တရာယ်ကိုတော့ မသိရှာပါဘူး။

၂၈၆. မဟာဓနဝါဏိဇဝတ္ထု (၂၈၆)
ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။
ဣတိ ဗာလော ဝိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။

286. “Here shall I live during the rains, here in winter and summer”—thus thinks the fool.
He does not realize the danger (that death might intervene).

မေ့နေရင် - သေဖို့သာပြင် ( ဓ - ၂၈၇ )
(ပြင်းထန်တဲ့) ရေအလျဉ်ကြီးဟာ
မေ့လျော့ပေါ့ဆ အိပ်မောကျနေတဲ့ရွာကို (လွှမ်းမိုး)သယ်သူသွားသလို -
သားသမီး ကျွဲနွား ပစ္စည်ဥစ္စာတွေနှင့် ယစ်မူးမေ့လျော့ပြီး
မရသေးတာကို တောင့်တ၊ ရပြီးတာကို တွယ်တာ
ကပ်ငြိတပ်မက်စိတ်ရှိသူကို သေမင်းဟာ ခေါ်ယူသွားပါတယ်။

၂၈၇. ကိသာဂေါတမီဝတ္ထု (၂၈၇)
တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

286. “Here shall I live during the rains, here in winter and summer”—thus thinks the fool.
He does not realize the danger (that death might intervene).

တကယ့်အရေး တကယ့်ဘေးမှာ ကိုယ့်တရားသာ အားကိုးစရာ။ ( ဓ - ၂၈၈၊ ၂၈၉
သေခြင်းတရား နှိပ်စက်ခံရသူအတွက်
စောင့်ရှောက်နိုင်တဲ့ သားသမီး မရှိပါဘူး။ မိဘမရှိပါဘူး။ မိတ်ဆွေ မရှိပါဘူး။
သေခြင်းတရား နှိပ်စက်ခံရသူအတွက်
ဆွေမျိုးတွေ မစောင့်ရှောက်နိုင်ပါဘူး။

ဒါကိုသိတဲ့ ပညာရှိဟာ
သီလနှင့် စောင့်ရှောက်စောင့်စည်းပြီး
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်လမ်းခရီးကို
မြန်မြန် သုတ်သင်ရှင်းလင်း သန့်စင်စေပါတယ်။

၂၈၈. ပဋာစာရာဝတ္ထု (၂၈၈၊ ၂၈၉)
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
၂၈၉. ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။

288. For him who is assailed by death there is no protection by kinsmen.
None there are to save him—no sons, nor father, nor relatives.
289. Realizing this fact, let the wise man, restrained by morality,
hasten to clear the path leading to Nibbāna.

((မဂ္ဂင်(၈)ပါးရဲ့အနှစ်ချုပ်ဟာ သီလ၊ သမာဓိ၊ ပညာ))

မဂ္ဂ(၈)ပါး (နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်)
ပညာသိက္ခာ
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်ကောင်းမွန်သော  အသိအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်ကောင်းမွန်သော အတွေးအကြံ၊

သီလသိက္ခာ
၃။ သမ္မာဝါစာ = မှန်ကန်ကောင်းမွန်သောစကား၊
၎။ သမ္မာကမ္မန္တ = မှန်ကန်ကောင်းမွန်သောအလုပ်၊
၅။ သမ္မာအာဇီဝ = မှန်ကန်ကောင်းမွန်သော အသက်မွေးမှု၊

သမာဓိသိက္ခာ
၆။ သမ္မာဝါယမ = မှန်ကန်ကောင်းမွန်သော ကြိုးစားအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်ကန်ကောင်းမွန်သောသတိ၊
၈။ သမ္မာသမာဓိ = မှန်ကန်ကောင်းမွန်သော တည်ကြည်မှု၊

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment