Sunday, March 6, 2016

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနကဗျာ

သံဝေဇနိယလေးဌာနကဗျာ

#လုမ္ဗိနီသာမော အင်ကြင်းတောမှာ....
သတ္တဝါများစွာ ချမ်းသာရကြောင်း
ဗုဒ္ဓလောင်းလျာ ဖွားမြင်ရာ တည့်။

#ဗုဒ္ဓဂယာ ဗောဓိပင်မှာ....
သစ္စာသိကာ ဗုဒ္ဓါဆူဆူ
ပွင့်တော်မူရာ မြေမြတ်မဟာ။

#မိဂဒါဝုန် တောရဂုံမှာ....
ဘုရားမြတ်စွာ ဓမ္မစကြာ
တရားဦးကို စတင်ဟောရာ။

#ကုသိနာရုံ အင်ကြင်းစုံစုံ တောရိပ်မြုံမှာ...
ပရိနိဗ္ဗာန် ဝင်စံခဲ့တာ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။

ဖွား ပွင့် ဟော စံ၊ သံဝေဇနိယ လေးဌာနထူး
ကြည်နူးသဒ္ဓါ စိတ်မှန်စွာဖြင့်
သွားဖူးကြရာ....
သံဝေဉာဏ်များ တိုးပွားမြင့်လာ။
လူနတ်ချမ်းသာ ရမည်သိပါ။
ဒုက္ခခပ်သိမ်း ငြိမ်းအေးရာမှန်
နိဗ္ဗာန်ထိသာ ဦးတည်လှည့်ပါ။

မြတ်စွာဗုဒ္ဓ ဟောခဲ့ဖော်ပြ
ဖူးမြော်ပူဇော်ကြ လေးဌာန။
ပွားကြ ယူကြ
သဒ္ဓါ သံဝေဂ။

အရှင်ဉာဏဝရ
7.2.16

#ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ခရီးစဉ်ကြောင့်
သဒ္ဓါတရားနှင့် သံဝေဂများ အရင်ကထက် ပိုမို တိုးပွားထက်သန်လာခဲ့ပါတယ်။

ထက်သန်လာတဲ့သဒ္ဓါ နှင့် သံဝေဂ ဟာ
သတိ ပညာကို အားကောင်းလာစေပြီး
နိဗ္ဗာန် ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပေါ်လာစေမှာပါ။

အရှင်ဉာဏဝရ
24.2.16

No comments:

Post a Comment