ဓမ္မပဒအဖော်မွန် - ၂၁
၂၁။ ပကိဏ္ဏကဝဂ္ဂ၊ အထွေထွေ
ချမ်းသာကြီးရဖို့ ချမ်းသာလေးကိုစွန့် ( ဓ - ၂၉၀)
ချမ်းသာနည်းနည်းပါးပါးကို စွန့်လွှတ်တဲ့အတွက်
ချမ်သာကြီးကြီးမားမားကို တွေ့မြင်မယ်ဆိုရင် -
ကြီးမားများပြားတဲ့ချမ်းသာကို ကောင်းကောင်းသိမြင်တဲ့ ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ချမ်းသာကို စွန့်လွှတ်ပါတယ်။
၂၉၀. အတ္တနောပုဗ္ဗကမ္မဝတ္ထု (၂၉၀)
မတ္တာသုခပရိစ္စာဂါ ၊ ပေဿ စေ ဝိပုလံ သုခံ။
စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။
21. Pakiṇṇakavagga: Miscellaneous
290. If by renouncing a lesser happiness one may realize a greater happiness,
let the wise man renounce the lesser, having regard for the greater.
သူတစ်ပါးကို ဒုက္ခရောက်စေသူ ရန်ထူပူ ( ဓ - ၂၉၁ )
သူတစ်ပါးကို ဆင်းရဲပေးပြီး ကိုယ့်ချမ်းသာကို လိုချင်သူဟာ
အပြန်အလှန် ရန်ရန်ချင်း ရောနှောရှုပ်ထွေးနေတာဖြစ်လို့
ဘေးရန်က မလွတ်မြောက်နိုင်ပါဘူး။
၂၉၁. ကုက္ကုဋဏ္ဍခါဒိကာဝတ္ထု (၂၉၁)
ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။
291. Entangled by the bonds of hate, he who seeks his own happiness
by inflicting pain on others, is never delivered from hatred.
မလုပ်သင့်တာ မလုပ်ပါနဲ့။ လုပ်သင့်တာလုပ်ပါ။ ( ဓ- ၂၉၂ )
ပြုသင့်ပြုထိုက်တဲ့ အမှုကိစ္စကို စွန့်ပစ်ပြီး
မပြုသင့် မပြုထိုက်တဲ့ အမှုကိစ္စကို ပြုလုပ်သူ၊
မာနထောင်လွှားပြီး မေ့လျော့ပေါ့ဆသူတွေမှာ
ကိလေသာအာသဝေါတရားတွေ တိုးပွားနေကြပါတယ်။
အသိ - သတိ ရှိ၊ ကိလေသာကင်း၏ ( ဓ - ၂၉၃ )
ကာယဂတာသတိ (ကာယာနုပဿနာ)ကို အမြဲမကွာ ကောင်းစွာအားထုတ်ပြီး
မပြုသင့် မပြုထိုက်တဲ့ အမှုကိစ္စကို မမှီဝဲ မပြုလုပ်ဘဲ၊
ပြုသင့်ပြုထိုက်တဲ့ အမှုကိစ္စကို မပြတ်မလပ် ပြုလုပ်သူတွေ၊
သတိ သမ္ပဇဉ် အသိဉာဏ်ယှဉ်သူတွေမှာ
ကိလေသာအာသဝေါတရားတွေဟာ ချုပ်ငြိမ်းသွားကြပါတယ်။
၂၉၂. ဘဒ္ဒိယာနံဘိက္ခူနံဝတ္ထု (၂၉၂၊ ၂၉၃)
ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ ၊ အကိစ္စံ ပန ကရီယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
၂၉၃. ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာ သတိ။
အကိစ္စံ တေ န သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။
292. The cankers only increase for those who are arrogant and heedless,
who leave undone what should be done and do what should not be done.
293. The cankers cease for those mindful and clearly comprehending ones
who always earnestly practice mindfulness of the body,
who do not resort to what should not be done, and
steadfastly pursue what should be done.
ကိလေသာတွေကို အသေသတ်ပစ်ပါ ( ဓ - ၂၉၄ )
(တဏှာဆိုတဲ့) အမေ၊ (မာနဆိုတဲ့) အဖေ ကိုသတ်ပြီး၊
(သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့) ရေမြေ့အရှင် ဘုရင်နှစ်ပါး၊
(အာယတနဆယ့်နှစ်ပါးဆိုတဲ့) တိုင်းပြည်၊
(နန္ဒီရာဂဆိုတဲ့) အခွန်သိမ်းအမတ် တို့ကို သတ်ပြီး၊
ကိလေသာတွေ၊ မကောင်းမှုတွေကို ပထုတ်စွန့်ထားသူ (ရဟန္တာအရှင်မြတ်) ဟာ
ဆင်းရဲကင်းကွာ (နိဗ္ဗာန်) သွားရပါတယ်။
မကောင်းတဲ့စိတ်ဓာတ်တွေကို အသေသတ်ပစ်ပါ ( ဓ - ၂၉၅ )
(တဏှာဆိုတဲ့) အမေ၊ (မာနဆိုတဲ့) အဖေ ကိုသတ်ပြီး၊
(သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့) မင်း ပုဏ္ဏားနှစ်ပါး ကို သတ်ပြီး၊
ကျားရဲရှိရာ ခရီးခဲနဲ့တူတဲ့ ဝိစိကိစ္ဆာအပါအဝင်
ငါးခုမြောက် နီဝရဏအတားအဆီးကို ပယ်ဖျက်ပြီး၊
ကိလေသာတွေ မကောင်းမှုတွေကို ပထုတ်စွန့်ထားသူ (ရဟန္တာအရှင်မြတ်) ဟာ
ဆင်းရဲကင်းကွာ (နိဗ္ဗာန်) သွားရပါတယ်။
၂၉၄. လကုဏ္ဍကဘဒ္ဒိယဝတ္ထု (၂၉၄၊ ၂၉၅)
မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
၂၉၅. မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ သောတ္ထိယေ။
ဝေယဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
294. Having slain mother (craving), father (self-conceit),
two warrior-kings (eternalism and nihilism), and destroyed a country (sense organs and sense objects) together with its treasurer (attachment and lust),
ungrieving goes the holy man.
295. Having slain mother, father, two brāhmaṇ kings (two extreme views),
and a tiger as the fifth (the five mental hindrances),
ungrieving goes the holy man.
ကောင်းစွာသိမြင် နိုးကြားရှင်သန်သူ
( ဓ - ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉၊ ၃၀၀၊ ၃၀၁ )
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်ဗုဒ္ဓဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်ဓမ္မဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်သံဃာဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း (ကာယာနုပဿနာ) ကာယဂတာသတိ ရှိနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်
အမြဲတမ်း ညှဉ်းဆဲကင်းကွာ (မေတ္တာ)ကရုဏာဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း သမထ ဝိပဿနာ ကမ္မဌာန်းဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။
(( ဘုရားဂုဏ်တော် ပွားများတာ၊
တရားဂုဏ်တော် ပွားများတာ၊ သံဃာဂုဏ်တော် ပွားများတာ၊
ကာယာနုပဿနာသတိပဌာန် ပွားများတာ၊
ကရုဏာဘာဝနာ ပွားများတာ၊ မေတ္တာဘာဝနာ ပွားများတာ၊
ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။ ဓမ္မကိုယ်ရံတော်တွေပါ။))
၂၉၆.ဒါရုသာကဋိကပုတ္တ (၂၉၆ - ၃၀၁)
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။
၂၉၇. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။
၂၉၈. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။
၂၉၉. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။
၃၀၀. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။
၃၀၁. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။
296. Those disciples of Gotama ever awaken happily who day and night constantly practice
the Recollection of the Qualities of the Buddha.
297. Those disciples of Gotama ever awaken happily who day and night constantly practice
the Recollection of the Qualities of the Dhamma.
298. Those disciples of Gotama ever awakenhappily who day and night constantly practice
the Recollection of the Qualities of the Saṅgha.
299. Those disciples of Gotama ever awaken happily who day and night constantly practice
Mindfulness of the Body.
300. Those disciples of Gotama ever awaken happily whose minds by day and night delight in
the practice of non-violence.
301. Those disciples of Gotama ever awaken happily whose minds by day and night delight in
the practice of meditation.
သံသရာခရီး ပြီးဆုံးပါစေ ( ဓ - ၃၀၂ )
ရဟန်းပြုနိုင်ဖို့ ခက်ခဲပါတယ်။
(ရဟန်းတရား) သူတော်ကောင်းတရားမှာ ပျော်မွေ့နိုင်ဖို့ ခက်ခဲပါတယ်။
အိမ်မှာ ခက်ခက်ခဲခဲနေရတာ ဆင်းရဲပါတယ်။
သဘောထားမတူ မညီညွတ်သူတွေနှင့် အတူနေရတာ ဆင်းရဲပါတယ်။
သံသရာခရီးသွားရတာက ဆင်းရဲဒုက္ခဆီကို
ထပ်ခါ ထပ်ခါ ကျရောက်စေတာပါ။
ဒါကြောင့် သံသရာခရီးသွား မဖြစ်ပါစေနဲ့။
(ဒုက္ခနောက်လိုက်သူ) ဒုက္ခအခါခါ ကျရောက်သူ မဖြစ်ပါစေနဲ့။
၃၀၂. ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု (၃၀၂)
ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခောသမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။
302. Difficult is life as a monk; difficult is it to delight therein.
Also difficult and sorrowful is the household life.
Suffering comes from association with unequals;
suffering comes from wandering in saṁsāra. Therefore, be not an
aimless wanderer, be not a pursuer of suffering.
သဒ္ဓါ သီလ အစပြု၍ - - - ( ဓ - ၃၀၃ )
သဒ္ဓါ၊ သီလ ပြည့်စုံသူ၊
အခြံရံအကျော်စော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသူဟာ
ရောက်လေရာရာ အရပ်ရပ်တိုင်းမှာ အပူဇော်ခံရပါတယ်။
၃၀၃. စိတ္တဂဟပတိဝတ္ထု (၃၀၃)
သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသောဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။
303. He who is full of faith and virtue, and possesses good repute and wealth—
he is respected everywhere, in whatever land he travels.
ဘုရားရှင်ရဲ့ ဉာဏ်တော်မှာ ထင်ရှားသူ ( ဓ - ၃၀၄ )
ဟိမဝန္တာတောင်ဟာ အဝေးမှာရှိပေမယ့် ထင်ရှားသလို -
သူတော်ကောင်းဟာ အဝေးမှာရှိပေမယ့် ထင်ရှားပါတယ်။
ညအခါ ပစ်လွှတ်လိုက်တဲ့ မြားဟာ မထင်ရှားသလို -
သူတော်မဟုတ် သူယုတ်မာတွေဟာ
(ငါဘုရားရှင်ရဲ့) အနီးမှာရှိနေကြပေမယ့် မထင်ရှားပါဘူး။
304. The good shine from afar, like the Himalaya mountains.
But the wicked are unseen, like arrows shot in the night.
၃၀၄. စူဠသုဘဒ္ဒါဝတ္ထု (၃၀၄)
ဒူရေ သန္တော ပကာသေန္တိ၊ ဟိမဝန္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။
တစ်ကိုယ်တော်ဘဝရဲ့ သုခချမ်းသာ ( ဓ - ၃၀၅ )
(တရားအာရုံနှင့်) တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းအိပ်၊
တစ်ယောက်တည်း မပျင်းရိဘဲ ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး၊
ကိုယ့်ကိုယ်ကို ဆုံးမပြီး၊
တစ်ကိုယ်တော်ပဲ တိတ်ဆိတ်ငြိမ်သက်တဲ့တောမှာ ပျော်မွေ့ပါလေ။
((ကမ္မဌာန်တရား နှလုံးသွင်းပြီးနေရင်၊
ဘာဝနာပွားများတဲ့ တစ်စိတ်တည်းထားနိုင်ရင်
တစ်ကိုယ်တော် ပျော်မွေ့တာပါပဲ))
၃၀၅. ဧကဝိဟာရိတ္ထေရဝတ္ထု (၃၀၅)
ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။
305. He who sits alone, sleeps alone, and walks alone,
who is strenuous and subdues himself alone,
will find delight in the solitude of the forest.
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana
#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။
The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.
The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.
No comments:
Post a Comment