Saturday, April 29, 2017

ဓမ္မပဒအဖော်မွန် ၁၇

ဓမ္မပဒအဖော်မွန် - ၁၇
၁၇။ ကောဓဝဂ္ဂ၊ အမျက်ဒေါသ

ဆင်းရဲဒုက္ခတွေ မလာရအောင် ( ဓ- ၂၂၁ )
စိတ်ဆိုးဒေါသကို စွန့်ပယ်သင့်ပါတယ်။ မာနကို စွန့်လွှတ်သင့်ပါတယ်။
သံယောဇဉ်အားလုံးကို ကျော်လွှားသင့်ပါတယ်။
ခန္ဓာငါးပါး နာမ်ရုပ်တရားမှာ မငြိတွယ်သူ၊ စိုးရိမ်ကြောင့်ကြမရှိသူဆီကို
ဆင်းရဲဒုက္ခတွေ မကျရောက်နိုင်ပါဘူး။

၁၇. ကောဓဝဂ္ဂေါ
၂၂၁. ရောဟိနီခတ္တိယကညာဝတ္ထု (၂၂၁)
ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

17. Kodhavagga: Anger
221. One should give up anger, renounce pride,
and overcome all fetters. Suffering never befalls
him who clings not to mind and body and is detached.

မမှောက်စေနဲ့၊ မမှားစေနဲ့ ( ဓ - ၂၂၂ )
ပြေးလွှားနေတဲ့ရထားကို (လမ်းမမှားအောင်) တားမြစ်(ထိန်းချုပ်) သလို -
ဖြစ်ပေါ်လာတဲ့ စိတ်ဆိုးဒေါသကို တားမြစ်(ထိန်းချုပ်)နိုင်သူကို
(ကျွမ်းကျင်လိမ္မာတဲ့) ရထားထိန်းလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။
(ဒေါသမတားမြစ်နိုင်တဲ့) တစ်ခြားသူတွေဟာ
(ရထားမထိန်းနိုင်ဘဲ) ရထားကြိုး ကိုင်သူပဲဖြစ်ပါတယ်။

၂၂၂. အညတရဘိက္ခုဝတ္ထု (၂၂၂)
ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော ။

222. He who checks rising anger as a charioteer checks a rolling chariot,
him I call a true charioteer. Others only hold the reins.

သူတော်ကောင်းတွေရဲ့ မြင့်မြတ်တဲ့အောင်မြင်နည်း ( ဓ - ၂၂၃ )
အမျက်ဒေါသထွက်သူကို
အမျက်မထွက်ခြင်း(မေတ္တာတရား)နှင့် အောင်မြင်နိုင်ပါတယ်။
မကောင်းမှုကို ကောင်းမှုနှင့် အောင်မြင်နိုင်ပါတယ်။
နှမြောဝန်တိုကပ်စေးနဲသူကို ပေးကမ်းစွန့်ကြဲတာနှင့် အောင်မြင်နိုင်ပါတယ်။
မဟုတ်မမှန်ပြောဆိုသူကို မှန်ကန်တဲ့စကားနှင့် အောင်မြင်နိုင်ပါတယ်။

၂၂၃. ဥတ္တရာဥပါသိကာဝတ္ထု (၂၂၃)
အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ ။

223. Overcome the angry by non-anger; overcome the wicked by goodness;
overcome the miser by generosity; overcome the liar by truth.

အမှန်စကား၊ ခန္တီပွား၊ လှူဒါန်းသူများ နတ်ပြည်သွား ( ဓ - ၂၂၄ )
သစ္စာစကား ပြောဆိုတာ၊ အမျက်ဒေါသ မထွက်တာ၊
တောင်းခံလာတဲအခါ နည်းနည်းပဲရှိရှိ
(စွမ်းနိုင်သလောက် ကြည်ကြည်ဖြူဖြူ) ပေးလှူတာ၊
ဒီအကြောင်းသုံးခုကြောင့် နတ်ပြည်ကို ရောက်နိုင်ပါတယ်။

၂၂၄. မဟာမောဂ္ဂလ္လာနပဥှာဝတ္ထု (၂၂၄)
သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ဒဇ္ဇာ အပ္ပသ္မိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

224. Speak the truth; yield not to anger; when asked, give even if you only have a little.
By these three means can one reach the presence of the gods.

ကိုယ်၊ နှုတ်၊ စိတ် စောင့်ရှောက် သောကပျောက် ( ဓ - ၂၂၅ )
မညဉ်းဆဲတတ်တဲ့၊
ကိုယ်(နှုတ်၊ စိတ်)ကို ကောင်းကောင်းမွန် အမြဲ စောင့်စည်း၊ စောင့်ရှောက်တဲ့
သူတော်ကောင်း သူတော်မြတ်တွေဟာ
စိုးရိမ်ကင်းရာ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို ရောက်ကြရပါတယ်။

225. Those sages who are inoffensive and ever restrained in body, go to the Deathless State,
where, having gone, they grieve no more.

၂၂၅. ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု (၂၂၅)
အဟိံသကာ ယေ မုနယော ၊  နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

နိဗ္ဗာန်သို့ ညွတ်သော စိတ်ဓာတ် ( ဓ - ၂၂၆ )
အခါခပ်သိမ်း (တရားရှုမှတ် သတိကပ်ပြီး မပြတ်ကြိုးစား) နိုးကြားနေကြတဲ့၊
သီလ သမာဓိ ပညာ သိက္ခာသုံးပါး တရားကျင့်နေကြတဲ့၊
ငြိမ်းအေးရာနိဗ္ဗာန်ကို ဦးတည်စိတ်ညွှတ်နေသူအတွက်
ကိလေသာ အာသဝေါ(၄)ပါး (အပြစ်ရှိတဲ့ အညစ်တရားတွေ) ဟာ ချုပ်ငြိမ်းကွယ်ပျောက်ကြပါတယ်။

၂၂၆.  ပုဏ္ဏဒါသီဝတ္ထု (၂၂၆)
သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ ။

226. Those who are ever vigilant, who discipline themselves day and night,
and are ever intent upon Nibbāna — their defilements fade away.

အကဲ့ရဲ့လွတ်သူမရှိ ( ဓ -၂၂၇ )
အတုလ ဒါယကာရေ -
ဒီ(ကဲ့ရဲ့တာ)ဟာက ရှေးရိုးစဉ်လာပါ။ ခုမှ ဖြစ်တာမဟုတ်ပါဘူး။
စကားမပြောသူကိုလည်း ကဲ့ရဲ့ကြပါတယ်။
များများပြောတတ်သူကိုလည်း ကဲ့ရဲ့ကြပါတယ်။
နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြပါတယ်။
လောကမှာ အကဲ့ရဲ့လွတ်သူ မရှိပါဘူး။

၂၂၇. အတုလဥပါသကာ (၂၂၇၊၂၂၈၊၂၂၉၊၂၃ဝ)
ပေါရာဏမေတံ  အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

227. O Atula! Indeed, this is an ancient practice, not one only of today:
they blame those who remain silent, they blame those who speak much,
they blame those who speak in moderation.
There is none in the world who is not blamed.

ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး ( ဓ - ၂၂၈ )
လုံးဝအကဲ့ရဲ့ခံရသူ၊ လုံးဝအချီးမွမ်းခံရသူ ဆိုတာ
ရှေးအရင်ကလည်း မရှိခဲ့ပါဘူး။
နောင်အနာဂတ်မှာလည်း ရှိမှာမဟုတ်ပါဘူး။
ယခုပစ္စုပ္ပန်မှာလည်း မရှိပါဘူး။

၂၂၈. န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။

228. There never was, there never will be, nor is there now,
a person who is wholly blamed or wholly praised.

နတ်ဗြဟ္မာတွေ ချီးမွမ်းအပ်သူ ရွှေစင်လူသား ( ဓ - ၂၂၉ - ၂၃၀ )
မကျိုးမပြတ် (ကောင်းမြတ်) အကျင့်ရှိတဲ့၊
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နဲ့ ပြည့်စုံသူကို
ပညာရှိတွေကတော့ ဟုတ်တိုင်းမှန်စွာ သိမြင်ပြီး
နေ့စဉ်နေ့တိုင်း ချီးမွမ်းကြပါတယ်။
သန့်စင်ပြီးသား အကောင်းစား ရွှေလိုဖြစ်နေတဲ့
အဲဒီပညာရှိသူတော်ကောင်းကို ဘယ်သူဟာ ကဲ့ရဲ့ထိုက်ပါ့မလဲ။
နတ်တွေကလည်း ချီးမွှမ်းကြပါတယ်။
ဗြဟ္မာတွေကလည်း ချီးမွှမ်းကြပါတယ်။

၂၂၉. ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒဝုတ္တိံ   မေဓာဝိံ၊ ပညာသီလသမာဟိတံ။
၂၃၀. နိက္ခံ  ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

229. But the man whom the wise praise, after observing him day after day,
is one of flawless character, wise, and endowed with knowledge and virtue.
230. Who can blame such a one, as worthy as a coin of refined gold?
Even the gods praise him; by Brahma, too, is he praised.

ပျက်စီးသူ မဖြစ်ပါစေနဲ့ ( ဓ - ၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄)
(ကိုယ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
ကိုယ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
ကိုယ်နဲ့ (မကောင်းမှုတွေ မပြုမိအောင်) စောင့်စည်းပါ။
ကာယဒုစရိုက်ကို စွန့်ပယ်ပြီး ကာယသုစရိုက်ကို ကျင့်သင့်ပါတယ်။

(နှုတ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
နှုတ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
နှုတ်နှင့် (မကောင်းမှုတွေ မပြောမိအောင်) စောင့်စည်းပါ။
ဝစီဒုစရိုက်ကို စွန့်ပယ်ပြီး ဝစီသုစရိုက်ကို ကျင့်သင့်ပါတယ်။

(စိတ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
စိတ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
စိတ်နှင့် (မကောင်းမှုတွေ မတွေးမိအောင်) စောင့်စည်းပါ။
မနောဒုစရိုက်ကို စွန့်ပယ်ပြီး မနောသုစရိုက်ကို ကျင့်သင့်ပါတယ်။

ပညာရှိတွေဟာ
ကိုယ်နှင့် (အကုသိုလ်ဒုစရိုက် မပြုမိအောင်) စောင့်စည်းတားမြစ်ကြပါတယ်။
နှုတ်နှင့် (အကုသိုလ်ဒုစရိုက် မပြောမိအောင်) စာင့်စည်းတားမြစ်ကြပါတယ်။
စိတ်နှင့် (အကုသိုလ်ဒုစရိုက် မတွေးမိအောင်) စောင့်စည်းတားမြစ်ကြပါတယ်။
အဲဒီပညာရှိတွေဟာ တကယ်စင်စစ် ကောင်းကောင်းလုံခြုံစွာ စောင့်စည်းစောင့်ရှောက်သူတွေပါပဲ၊
၂၃၁. ဆဗ္ဗဂ္ဂိယဝတ္ထု (၂၃၁၊၂၃၂၊၂၃၃၊၂၃၄)
ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။
၂၃၂. ဝစီပကောပံ ရက္ခေယျ၊ ဝါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ဝါစာယ သုစရိတံ စရေ။
၂၃၃. မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။
၂၃၄. ကာယေန သံဝုတာ ဓီရာ၊ အထော ဝါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

231. Let a man guard himself against irritability in bodily action; let him be controlled in deed.
Abandoning bodily misconduct, let him practice good conduct in deed.
232. Let a man guard himself against irritability in speech; let him be controlled in speech.
Abandoning verbal misconduct, let him practice good conduct in speech.
233. Let a man guard himself against irritability in thought; let him be controlled in mind.
Abandoning mental misconduct, let him practice good conduct in thought.
234. The wise are controlled in bodily action, controlled in speech and controlled in thought.
They are truly well-controlled.

ဒုစရိုက် နှင့် သုစရိုက် မှတ်စုအကျဉ်း
ကာယဒုစရိုက်(၃)ပါး
၁။ သူတစ်ပါးအသက်ကို သတ်ခြင်း၊
၂။သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးဝှက်လှည့်ပတ်ယူခြင်း၊
၃။ ကာမဂုဏ်တွင် ဖောက်ပြန်ယုတ်မာစွာ ကျင့်ခြင်း၊

ဝစီဒုစရိုက်(၄)ပါး
၁။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊
၂။ ကုန်းတိုက်ပြောဆိုခြင်း၊
၃။ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုခြင်း၊
၎။ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း၊

မနောဒုစရိုက် (၃)ပါး
၁။သူတစ်ပါးဥစ္စာရရန် အချောင်မတရားကြံစည်ခြင်း
၂။သူတစ်ပါးကို ပျက်စီးအောင် ကြံစည်ခြင်း၊
၃။အယူအမြင် လွဲမှားခြင်း (အထူးသဖြင့် ကံ၊ ကံ၏အကျိုး ကို မယုံကြည်ခြင်း)

လိုချင်တပ်မက်မှု (လောဘ)၊ အမျက်ထွက်မှု (ဒေါသ)၊
အသိဉာဏ်ကင်းမဲ့မှု (မောဟ) တို့သည်
ဒုစရိုက် (အကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
အကုသိုလ် ဒုစရိုက်သည် အပြစ်ရှိ၍ ဆိုးကျိုးပေးသည်။

ဒုစရိုက်(၁၀)ပါး၏ ဆန့်ကျင်ဘက်သည် သုစရိုက်(၁၀)ပါး ဖြစ်သည်။

လိုချင်တပ်မက်မှုမရှိ၊ စွန့်လွှတ်ခြင်း(အလောဘ)၊
အမျက်မထွက် မေတ္တာထားခြင်း (အဒေါသ)၊
အမှန်တရားကို သြိsမင်နားလည်ခြင်း (အမောဟ) တို့သည် သုစရိုက် (ကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
ကုသိုလ် သုစရိုက် သည် အပြစ်ကင်း၍ ကောင်းကျိုးပေးသည်။

၁။ မိမိကိုယ်တိုင်ပြုလုပ်ခြင်း၊ ၂။ သူတစ်ပါးအား တိုက်တွန်းခြင်း၊
၃။ ချီးမွမ်းပြောဆိုခြင်း၊ ၄။ သဘောတူခွင့်ပြုခြင်း၊
ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဟူ၍ တစ်မျိုးလျှင် (၁၀)ပါးစီ ရနိုင်သောကြောင့် ဒုစရိုက်(၄၀) / သုစရိုက်(၄၀) ဖြစ်သွားသည်။

ဒု=မကောင်းသော၊ စရိတ = အလေ့အကျင့်စရိုက်
သု = ကောင်းသော၊ စရိတ = အလေ့အကျင့်စရိုက်
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment