Showing posts with label (၃၈)ဖြာမင်္ဂလာ. Show all posts
Showing posts with label (၃၈)ဖြာမင်္ဂလာ. Show all posts

Sunday, August 26, 2012

(၃၈)ဖြာ မင်္ဂလာကဗျာများ (ဒဂုန်ဦးထွန်းမြင့်)


ယံမင်္ဂလံ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇာစ်မြစ်မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား ၀ါဒများ ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။