Saturday, April 29, 2017

ဓမ္မပဒအဖော်မွန် ၁၉

ဓမ္မပဒအဖော်မွန် - ၁၉
၁၉။ ဓမ္မဋ္ဌဝဂ္ဂ၊ တရားရှိခြင်း

အမှန်တရားဘက်မှာ ရပ်တည်ရဲသူ ( ဓ - ၂၅၆၊ ၂၅၇ )
အဆုံးအဖြတ်ပေးရမယ့် အမှုကိစ္စကို
အဆောတလျင် မဆင်မခြင်၊ အနိုင်အထက် တစ်ဖက်သတ် ဆုံးဖြတ်ရင်
တရားတဲ့ဘက်မှာ ရပ်တည်သူမဟုတ်။ (တရားသူကြီးမဟုတ်)
ပညာရှိဟာ ဟုတ်မှန်တဲ့အကြောင်း၊ မဟုတ်မှန်တဲ့အကြောင်း နှစ်ပါးလုံးကို
(စူးစမ်းလေ့လာ ဆင်ခြင်ပြီးမှ) ဆုံးဖြတ်ပါတယ်။

စူးစမ်းလေ့လာဆင်ခြင်ပြီး အဂတိမလိုက်ဘဲ ဟုတ်မှန်တဲ့အတိုင်း
သူတစ်ပါးတွေကို တရားနှင့်အညီ (ဖြစ်စေ)ရောက်စေသူ
တရားကိုစောင့်ရှောက်တဲ့ ထက်မြက်တဲ့ပညာရှိကို
တရားမှာတည်သူ တရားသူကြီးလို့ ခေါ်ဆိုသင့်ပါတယ်။

၂၅၆. ဝိနိစ္ဆယမဟာမတ္တဝတ္ထု (၂၅၆၊ ၂၅၇)
န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။
၂၅၇. အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ‘‘ဓမ္မဋ္ဌော’’တိ ပဝုစ္စတိ။

19. Dhammatthavagga: The Just
256. Not by passing arbitrary judgments does a man become just;
a wise man is he who investigates both right and wrong.
257. He who does not judge others arbitrarily, but passes judgment impartially according to the truth, that sagacious man is a guardian of law and is called just.

ဘေးမဖြစ်စေတာ ပညာရှိပါ ( ဓ - ၂၅၈ )
စကားအများကြီး ဟောပြောရုံနဲ့ ပညာရှိမဖြစ်ပါဘူး။
ဘေးမပြု (ငြိမ်းအေးသူ)၊ ရန်မလုပ် (အမျက်ဒေါသကင်းစင်သူ)၊
ဘေးအန္တရာယ်မဖြစ်စေသူ (ကြောက်ရွံ့မှုကင်းစေသူ)ကိုပဲ
ပညာရှိလို့ ဆိုသင့်ပါတယ်။

၂၅၈. ဆဗ္ဗဂ္ဂိယဝတ္ထု (၂၅၈)
န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟု ဘာသတိ။
ခေမီ အဝေရီ အဘယော၊ ‘‘ပဏ္ဍိတော’’တိ ပဝုစ္စတိ။

258. One is not wise because one speaks much.
He who is peaceable, friendly and fearless is called wise.

တရားဆောင်သူ ( ဓ - ၂၅၉ )
တရားအများကြီး ဟောပြောရုံနှင့် တရားဆောင်သူ မဟုတ်ပါဘူး။
တရားနည်းနည်းပဲ နာကြားရပေမယ့်လည်း တရားကို မဂ်ဉာဏ်နှင့် ထိုးထွင်းသိမြင်သူ၊
တရားကို မမေ့မလျော့ (ဂရုတစိုက် လိုက်နာကျင့်သုံး)သူဟာ
တရားဆောင်သူအစစ်ပါပဲ။

၂၅၉. ဧကုဒါနခီဏာသဝဝတ္ထု (၂၅၉)
န တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟု ဘာသတိ။
ယော စ အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။
သ ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

259. A man is not versed in Dhamma because he speaks much.
He who, after hearing a little Dhamma, realizes its truth directly
and is not heedless of it, is truly versed in the Dhamma.

ခေါင်းဖြူနေပြီ၊ စိတ်မဖြူသေးဘူးလား ( ဓ - ၂၆၀ )
ခေါင်းဖွေးဖွေးဖြူရုံနှင့်
သိက္ခာဂုဏ်ဝါကြီးမြတ်သူ မဖြစ်နိုင်ပါဘူး။
အသက်အရွယ်ကြီးရင့်ပြီး အချီးအနှီးအိုမင်းသူ လို့ပဲ ဆိုနိုင်ပါတယ်။

သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ ( ဓ - ၂၆၁ )
သစ္စာသိ တရားရှိသူ၊
မညှဉ်းဆဲသူ၊
(သီလ)စောင့်စည်းတတ်သူ၊
မကောင်းတဲ့စိတ်တွေမဖြစ်အောင် ဆုံးမတားမြစ်သူ၊
ကိလေသာအညစ်အကြေးတွေ ထွေးအန်စွန့်ပြီးတဲ့
သမာဓိ ပညာရှိသူကိုပဲ
သိက္ခာဂုဏ်ဝါကြီးမြတ်သူ (မထေရ်)လို့ ခေါ်ဆိုသင့်ပါတယ်။

၂၆၀. လကုဏ္ဍကဘဒ္ဒိယတ္ထေရဝတ္ထု (၂၆၀၊ ၂၆၁)
န  တေန ထေရော သော ဟောတိ ၊ ယေနဿ ပလိတံ သိရော။
ပရိပက္ကော ဝယော တဿ၊‘‘မောဃဇိဏ္ဏော’’တိ ဝုစ္စတိ။
၂၆၁. ယမှိ သစ္စဉ္စ ဓမ္မော စ၊ အဟိံသာ သံယမော ဒမော။
သ ဝေ ဝန္တမလော ဓီရော၊ ‘‘ထေရော’’ ဣတိ ပဝုစ္စတိ။

260. A monk is not an Elder because his head is gray. He is but ripe in age,
and he is called one grown old in vain.
261. One in whom there is truthfulness, virtue, inoffensiveness, restraint and self-mastery,
who is free from defilements and is wise—he is truly called an Elder.

ရုပ်ချော၊ အပြောကောင်းရုံနဲ့ မနောကောင်းသူမဖြစ် ( ဓ - ၂၆၂ )
သူတပါးရဲ့ကြီးပွားချမ်းသာမှုကို မနာလို၊
ကိုယ့်ပစ္စည်းကို ဝန်တို၊
ကောက်ကျစ်လှည့်ဖြား မရိုးသားသူဟာ
စကားပြောကောင်းရုံနှင့်၊ ရုပ်ရည်အဆင်း ချောလှရုံနှင့်
ကောင်းသောသဘောရှိသူ မဟုတ်ပါဘူး။

စိတ်ထားကြည်ဖြူ သဘောကောင်းသူ ( ဓ - ၂၆၃ )
ဒီ(မနာလို ဝန်တို ကောက်ကျစ်တဲ့)သဘောကို
လုံးဝအမြစ်ပြတ် ပယ်နှုတ်ဖြတ်ပြီးသူ၊
အမျက်ဒေါသတွေ မုန်းတီးခြင်းတွေ ထွေးအန်ပြီးတဲ့ ပညာရှိကိုပဲ
သဘောကောင်းသူလို့ ဆိုသင့်ပါတယ်။

၂၆၂.  သမ္ဗဟုလဘိက္ခုဝတ္ထု (၂၆၂၊ ၂၆၃)
န ဝါက္ကရဏမတ္တေန၊ ဝဏ္ဏပေါက္ခရတာယ ဝါ။
သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။
၂၆၃. ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝန္တဒေါသော မေဓာဝီ၊ ‘‘သာဓုရူပေါ’’တိ ဝုစ္စတိ။

262. Not by mere eloquence  nor by beauty of form does a man become accomplished,
if he is jealous, selfish and deceitful.
263. But he in whom these are wholly destroyed, uprooted and extinct,
and who has cast out hatred—that wise man is truly accomplished.

နှလုံးစိတ်ဝမ်း အေးချမ်းသူ ( ဓ - ၂၆၄၊ ၂၆၅ )
ခေါင်းတုံး တုံးရုံနှင့် ကိလေသာကို ငြိမ်းအေးစေသူ မဖြစ်ပါဘူး။
(သီလ၊ ဓုတင်) ကျင့်ဝတ်တရားမရှိသူ၊
ချွတ်ယွင်းတဲ့စကား လိမ်ညာပြောဆိုသူ၊
လိုချင်တောင့်တ လောဘစိတ်တွေ ပြည့်နေသူဟာ
ဘယ်မှာ ကိလေသာငြိမ်းအေးစေသူ ဖြစ်နိုင်ပါ့မလဲ?

သေးငယ်တဲ့ မကောင်းမှုပဲဖြစ်ဖြစ်၊ ကြီးမားတဲ့ မကောင်းမှုပဲဖြစ်ဖြစ်၊
အမြဲတမ်း မကောင်းမှုအကုသိုလ်ဟူသမျှကို ငြိမ်းအေးစေသူကိုပဲ
နှလုံးစိတ်ဝမ်း ငြိမ်းအေးချမ်းမြသူ (သမဏ)လို့ ခေါ်ဆိုသင့်ပါတယ်။

၂၆၄. ဟတ္ထကဝတ္ထု (၂၆၄၊ ၂၆၅)
န မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။
ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘဝိဿတိ။
၂၆၅. ယော စ သမေတိ ပါပါနိ၊ အဏုံ ထူလာနိ သဗ္ဗသော။
သမိတတ္တာ ဟိ ပါပါနံ၊ ‘‘သမဏော’’တိ ပဝုစ္စတိ။

264. Not by shaven head does a man who is undisciplined and untruthful become a monk.
How can he who is full of desire and greed be a monk?
265. He who wholly subdues evil both small and great is called a monk,
because he has overcome all evil.

ကိလေသာထုကြီးကို ဖြိုဖျက်ဆီးသူ ( ဓ - ၂၆၆၊ ၂၆၇ )
သူတစ်ပါးဆီက တောင်းတတ်၊ အလှူခံတတ်ရုံနဲ့
ကိလေသာကို ဖြိုဖျက်ဆီးသူ မဖြစ်နိုင်ပါဘူး။
(တရားနဲ့မညီညွတ်တဲ့အကျင့်) ပုပ်ညှီတဲ့ အဆိပ်သင့်အကျင့်ကို ဆောက်တည်ကျင့်သုံးရင်
ကိလေသာကို ဖြိုဖျက်ဆီးသူ (ဘိက္ခု) မဖြစ်နိုင်ပါဘူး။

ဒီ(မြတ်ဗုဒ္ဓ)သာသနာတော်မှာ
ကုသိုလ် အကုသိုလ်ကို ပယ်နှုတ်ပထုတ်ပြီး မြင့်မြတ်တဲ့အကျင့်ရှိသူ၊
ရုပ်နာမ်တရား ခန္ဓာငါးပါးဆိုတဲ့ လောကကို
ဉာဏ်နဲ့ဆင်ခြင် ပိုင်းခြားသိမြင် ကျင့်သုံးနေသူကိုပဲ
ကိလေသာကို ဖြိုဖျက်ဆီးသူ (ဘိက္ခု)လို့ ခေါ်ဆိုသင့်ပါတယ်။

၂၆၆. အညတရဗြာဟ္မဏဝတ္ထု (၂၆၆၊ ၂၆၇)
န တေန ဘိက္ခု သော ဟောတိ၊ ယာဝတာ ဘိက္ခတေ ပရေ။
ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ န တာဝတာ။
၂၆၇. ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြဟ္မစရိယဝါ ။
သင်္ခါယ လောကေ စရတိ၊ သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။

266. He is not a monk just because he lives on others’ alms.
Not by adopting outward form does one become a true monk.
267. Whoever here (in the Dispensation) lives a holy life, transcending both merit and demerit,
and walks with understanding in this world—he is truly called a monk.

ပညာရှိ တရားရှိ မြတ်မုနိ ( ဓ - ၂၆၈၊ ၂၆၉ )
ပညာမရှိတဲ့၊ တွေဝေသူ အလကားလူဟာ
ဆိတ်ဆိတ်နေရုံနှင့် မုနိမဖြစ်ပါဘူး။
ကြောင်းကျိုးမြင်သိ ပညာရှိဟာ
ချိန်ခွင်ကို ကိုင်မြှောက်ပြီး နှိုင်းချိန်စက်သလို -
ကောင်းမှုကုသိုလ်အမြတ်တရားကို အရယူပြီး၊
မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်ပါတယ်။
ဒါကြောင့် အဲဒီ ပညာရှိဟာ မုနိဖြစ်ပါတယ်။
အတွင်းအပြင် ခန္ဓာငါးပါး ရုပ်နာမ်တရား ဆိုတဲ့ လောကနှစ်ပါးကို ပိုင်းခြားသိမြင်သူကိုလည်း
မုနိလို့ ခေါ်ဆိုသင့်ပါတယ်။

၂၆၈. တိတ္ထိယဝတ္ထု (၂၆၈၊ ၂၆၉)
န မောနေန မုနီ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။
၂၆၉. ပါပါနိ  ပရိဝဇ္ဇေတိ၊ သ မုနီ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊‘‘မုနိ’’ တေန ပဝုစ္စတိ။

268. Not by observing silence does one become a sage, if he be foolish and ignorant.
But that man is wise who, as if holding a balance-scale accepts only the good.
269. The sage (thus) rejecting the evil, is truly a sage.
Since he comprehends both (present and future) worlds, he is called a sage.

စိတ်ကောင်းရှိသူ မြင့်မြတ်သူ ( ဓ - ၂၇၀ )
သတ္တဝါတွေကို ညှဉ်းဆဲနှိပ်စက် (သတ်ဖြတ်)တာကြောင့်
သူတော်ကောင်း သူတော်မြတ် မဖြစ်ပါဘူး။
သတ္တဝါအားလုံးအပေါ်မှာ
(သနားကြင်နာ ကရုဏာပွား မေတ္တာထားပြီး) မညှဉ်းဆဲ မနှိပ်စက် (မသတ်ဖြတ်)တာကြောင့်
သူတော်ကောင်း သူတော်မြတ် (အရိယာ)လို့ ခေါ်ဆိုသင့်ပါတယ်။

၂၇၀. ဗာဠိသိကဝတ္ထု (၂၇၀)
န တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။
အဟိံသာ သဗ္ဗပါဏာနံ၊ ‘‘အရိယော’’တိ ပဝုစ္စတိ။

270. He is not noble who injures living beings.
He is called noble because he is harmless towards all living beings.

ခရီးလမ်းအဆုံး ပန်းတိုင်အထိလျှောက် ( ဓ - ၂၇၁၊ ၂၇၂ )
သီလအကျင့်ရှိရုံနှင့်၊
အကြားအမြင်များရုံနှင့်၊
သမာဓိရရုံနှင့်၊ ဆိတ်ငြိမ်ရာမှာ နေရုံနှင့်၊
ပုထုဇဉ်တွေ မမှီဝဲနိုင်တဲ့ အနာဂါမိဖိုလ်ချမ်းသာကို
တွေ့ထိရောက်ရှိနေရုံနဲ့ ---
ဘိက္ခုရဟန်းဟာ
ရဟန္တာမဖြစ်သေးသမျှ (အာသဝေါကုန်ရာ မရောက်နိုင်သေးသမျှ)
သက်သာရာရသွားပြီဆိုပြီး
ခိုနားရပ်တန့်တာကို မရောက်ပါစေနဲ့ဦး။

၂၇၁. သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခု (၂၇၁၊ ၂၇၂)
န သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ဝါ ပန။
အထ ဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။
၂၇၂. ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။

271-272. Not by rules and observances, not even by much learning, nor by gain of absorption,
nor by a life of seclusion, nor by thinking, “I enjoy the bliss of renunciation, which is not
experienced by the worldling” should you, O monks, rest content,
until the utter destruction of cankers (Arahantship) is reached.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment