ကြိတ်မှန်ရွက် (သို့)
အမျိုးသမီးများအတွက် နတ်သစ်ရွက်
ကြိတ်မှန်ရွက်ကို ဟင်းချိုချက်သောက်ပါ။ မိန်းမတွေအတွက် အကောင်းဆုံးသော
“နတ်သစ်ရွက်” ဖြစ်ပါ၏။ သွေးဆေးဖော်ပြီးစားနေတာထက် ကြိတ်မှန်ရွက်ကို
မကြာခဏသုတ်စားခြင်း၊ ဟင်းချိုချက် သောက်ခြင်းများ ပြုလုပ်ပါက အမျိုးသမီးရောဂါ
အထွေထွေ ပျောက်ကင်းစေသတည်း ဆိုသလိုဖြစ်ကြောင်းပါခင်ဗျာ။
ကြိတ်မှန်ရွက်သည်
ညောင်းညာကိုက်ခဲခြင်းကို ယူပစ်သလို ကုစားနိုင်သောကြောင့် “အနှိပ်သည်ဆေးပင်” ဟုလည်း
ခေါ်ဆိုနိုင်ပါသည်။
ကြိတ်မှန်ရွက်ပြုတ်ရည်ကို သောက်ပါက
ထိမ်ကျန်နေသော ဓမ္မတာပန်းပွင့်ပါ၏။ သွေးသားသန့်ရှင်းစေပါသည်။
သွေးလမ်းလေလမ်းပွင့်ပြီး အမျိုးသမီးများအတွက် အကောင်းဆုံးဆေးဖြစ်ပါသည်။
ကြိတ်မှန်ရွက်ယို ၊ ကြိတ်မှန်ရွက်ချက်ဆေး
ကျွန်တော့်တူမ မယ်ပပ
ကျွန်တော့်တူမ မယ်ပပ
စာရှုသူအဆွေ၊ ကျွန်တော်သည်
အရုပ်ဆိုးပါသည်။ ထို့ကြောင့် ကျွန်တော့်တူမများသည် အရုပ်ဆိုးကြပါသည်။
တူမတစ်ယောက်သည် ဒေသကောလိပ်ရောက်၏။ အရုပ်ဆိုးသလောက် စာတော်ပါသည်။ စာတော်သလောက်
ကျန်းမာရေးကျတော့ ညံရှာပါသည်။
ထို့ကြောင့် ကျွန်တော့်အိမ်သူစားသော
သွေးဆေးကျွေး၏။ ပြီးတော့ ဆရာသတိုးသောင်းက ကြိတ်မှန်ရွက်ယို ဆေးလုပ်နည်း
ကျွန်တော့်ကိုပြောပါသည်။ ကြိတ်မှန်ရွက်ယိုလုပ်တာ
လွယ်လွယ်လေးရယ်၊
ကြိတ်မှန်ရွက်
ပဉ္စငါးပါး ၂၅ ကျပ်သား။
ထန်းလျက်က
၁၀ သား။
ရှောက်သီးအတွင်းမှ
အသား ၁၀ သား။
ကြက်သွန်နီ ၁၀ သား။
စမုန်မျိုးငါးပါး ၂ ပဲသားစီ။
ဆားသင့်ရုံထည့်ပြီး
အိုးသစ်ကလေးနဲ့ ယိုထိုး။
မီးဖိုပေါ်
မီးအေးအေးလေးပေါ့။ အဲဒါကို ဖန်ဗူးထဲ လေလုံလုံထည့်ပြီး အစာနဲ့ဝေးဝေး နံနက်တစ်ကြိမ်၊
ညအိပ်ရာဝင်တစ်ကြိမ် ဆီးဖြူသီးအရွယ်လောက်စားပေး။ မိန်းမတွေအတွက် သွေးဆုံးရောဂါ၊
နှလုံးခုန်ရောဂါ၊ ကိုယ်ဝန်ပျက်ရောဂါ၊ သွေးငုပ်၊ မီးယပ်ကွက်တာတွေပါပျောက်တယ် ” ဟူ၏။
ဆရာသတိုးသောင်းညွှန့်သည့်
ကြိတ်မှန်ရွက်ယိုကို ကျွန်တော့်တူမကို ယိုထိုးစေပြီး စားစေခဲ့ပါသည်။
ခြောက်လနှင့်
သိသာပါသည်။ ကျွန်တော်တူမ၏ မူလအသား ညိုညစ်ညစ်သည် ဖြူဝင်းအိလာပါသည်။ မျက်ဝန်းလည်း
စိုလာ၏။
အမျိုးသမီးတွေအတွက် အဓိကမှာ
မီးယပ်ဖြစ်ပါသည်။ ဓမ္မတာသွေးသားမှန်ကန်ပြီး သွေးငုပ်၊ ချွေငုပ် မရှိပါက အသားအရေ
ဖြူဝင်းလာမည်မှာ ကိုယ်တွေ့ဖြစ်ပါသည်။ ရှေးခေတ်က သမားတော်ကြီးများသည် အသားညိုသူကို
ဖြူအောင်ကုနိုင်သည်ဆိုခြင်းကို ယုံပါ။ အဘယ့်ကြောင့်ဆိုသော် သွေးသားဓမ္မတာကို
မှန်ကန်ညီညွတ်အေင် စီစဉ်ခြင်းသာဖြစ်ပါသည်။ ညိုသူ မဖြူ ခံနိုင်ရိုးလား။
ယခုလည်း ကျွန်တော်တစ်ယောက်
ကြက်ကန်းဆန်အိုးတိုးသည်ပဲဆိုဆို၊ သွေးသား မမှန်၍ ညိုညိုညစ်ညစ် ဖြစ်နေသော
ကျွန်တော့်တူမကို ကြိတ်မှန်ရွက်ဖြင့် ဖြူစေခဲ့ပါသည်။ ကျွန်တော့်တူမ မယ်ပပသည် ယခု
ရေနံချောင်းဒေသကောလိပ်မှာ အထင်ကရ ရွင်ပျပျနှင့် ယဉ်စစလှပနေပြီ ဖြစ်ပါကြောင်းခင်ဗျား။
မကွေးဝင်းမြင့် ၏
“အသက်ရှည်ရာ အနာမဲ့ကြောင်း” မှ
ချက်ဆေး(၁)
ရှားစောင်းလက်ပတ်အနှစ် ၂၀ သား
ကြိတ်မှန်ရွက်ကို နေရိပ်သာလှန်း
အမှုန့်ကြိတ် လက်ဖက်စားဇွန်း (၁)
ဇွန်းမောက်မောက်
ထန်းလျက်မ ၃၀ သား
ကြက်သွန်နီ ၁၀ သား
မန်ကျည်းမှည့်ကို သင်းရုံထည့်ကြို၊
ကြွက်မြီးတန်းတော့ မီးဖိုကချ၊
ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း (၁)
ဇွန်းမောက်မောက်ထည့်ပြီးမွှေပေး၊
စမုန်မျိုးငါးပါး ၁ိ သား လောက်ထည့်။
ပျားရည်က အကြမ်းပန်းကန် တစ်ဝက်သာထည့်။
ဖန်ပုလင်းထဲ ထည့်ပေါ့။
အပေါ်က နှမ်းဆီတစ်ဇွန်းလောက်
လောင်းထည့်ရဦးမယ်။
ဒါမှ တာရှည်ခံမယ်။ မှိုမတက်တော့ဘူး။
အဲဒါကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်
စားပေး။ တစ်ကြိမ်စားရင် လက်စားဇွန်း နှစ်ဇွန်းစား။
အပူအပုပ်ကင်းပြီး ချွေးနံ့သင်းမယ်။
မကွေးဝင်းမြင့် “အစာလည်းဆေး၊ ဆေးလည်းအစာ”မှ
သွေးကင်ဆာအတွက်
ကြိတ်မှန်ရွက်/ထန်းလျက်
“မှန်တယ် ဒကာလေး၊ (သွေးကင်ဆာက)
အဖြစ်နည်းတယ်။ အဲ ဖြစ်လိုက်ရင်လည်း ဆေးကုလို့ မလွယ်လှဘူး။ ဒါပေမယ့်
ဘုန်းကြီးမှာတော့ ကုသိုလ်ကံကြောင့် ဆေးကောင်း ၀ါးကောင်းလေးနဲ့ လာကြုံတယ်။ ခု
အဲဒီဆေးပေးခဲ့မယ်။ လိုက်မှတ်ကြပေတော့ ”
ကျွန်တော်က မှတ်စုစာအုပ် ဖွင့်လိုက်၏။
“ဒီလို ဒကာလေးရဲ့၊ တစ်နေ့တော့ ကျုပ်
အပြင်းဖျားပါရောလား။ အပြင်းဖျားရာက သွေးကင်ဆာဖြစ်ရော။ သွေးသွင်းပြီးကုရတာပဲ။
သွေးသွင်းလိုက်ရတာ ခဏခဏ၊ မရဘူး။ နောက်ဆုံး သေလုမြောပါးဖြစ်နေတုန်း ကျုံဒိုးက
ကျုပ်ဒကာတစ်ယောက် ရောက်လာတယ်။ သူက ကျုပ်ရောဂါကို ကုတာပဲ။ ဆေးနည်းက လွယ်လွယ်လေးပါ။
ကြိတ်မှန်ရွက်ကို ထောင်း၊ ထောင်းရတဲ့ ကြိတ်မှန်ရွက် သတ္တုရည်က တစ်ပိဿာတိတိ၊
ထန်းလျက် ၂၅ ကျပ်သား ၊ စမုန်မျိုးငါးပါး က
တစ်ပဲသားပေါ့။ အားလုံးပေါင်းပြီး မီးအေးအေးလေးနဲ့
၂၅ သား ကျန်တဲ့အထိ ကျိုချက်ရတယ်။ အဲဒါကို အအေးခံပြီး ကြွေဇွန်းကြီး
တစ်ဇွန်းခန့် နံနက်တစ်ကြိမ်၊ ည တစ်ကြိမ် သောက်ရတယ်။ ကျုပ် တစ်လလောက်သောက်တာ
ပျောက်ရော”
ကျွန်တော် အံ့သြတုန်လှုပ်သွားပါသည်။
ထို့ကြောင့် ၀မ်းသာအားရ တလေးတစား တေးမှတ်ထားလိုက်ပါ၏။
မကွေးဝင်းမြင့်၏ လူထုထဲက ဆေးပညာ စာအုပ်မှ
အမာရွတ်အတွက်
ကြိတ်မှန်ရွက်
ကျွန်တော့်အဖွား လက်မှာဆီပူလောင်သွားတာ
အမာရွတ်ကျန်ခဲ့ပါတယ်။ လက်ဆိုတော့ မြင်လွယ်တဲ့နေရာပဲပေါ့။ အဲဒါနဲ့ နေ့တိုင်း
ကြိတ်မှန်ရွက်တွေကို ခြေပြီး အမာရွတ်ကို ပွတ်ပါတယ်။
သိပ်မကြာပါဘူး။
အမာရွတ်ပျောက်သွားပါတယ်။ မူလအသားအရေအတိုင်း ပြန်ဖြစ်သွားပါတယ်။ မီးပူကြောင့်ဖြစ်တဲ့အမာရွတ်သာမက
အခြားထိခိုက်ရှနာအမာရွတ်တွေ အတွက်လည်း ကြိတ်မှန်ရွက်က အစွမ်းထက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက်တော့
အမာရွတ်အတွက်ဆိုရင် ကြိတ်မှန်ရွက်ဟာ အကောင်းဆုံးပါပဲ။ မယုံပါနဲ့ဦး။ စမ်းကြည့်ပါ။
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)
No comments:
Post a Comment