Showing posts with label လပြည့်နေ့မြတ်အမှတ်တရ. Show all posts
Showing posts with label လပြည့်နေ့မြတ်အမှတ်တရ. Show all posts

Saturday, July 25, 2015

ဝါဆိုလပြည့်


ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့
နှင့် ထူးခြားချက်များ

သန္ဓေ တောထွက် ၊ ဓမ္မစက် ၊ တစ်ချက် ပြာဋိဟာ။
ဝါဆိုလပြည့်၊ ထူးခြားနေ့ ၊ အောက်မေ့ ဤလေးဖြာ။

ဓမ္မစင်္ကြာဟောကြားခြင်း

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို ဟူသောစကားနှင့်အညီ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတို့ဧ။် ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု လာရောက်ကာ တောင်းပန်ကြသောကြောင့် သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက် မယ်တော်မာယာဧ။် ဝမ်းတွင်ဝယ် ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။

ဖွားမြင်မြောက်သောအခါ သိဒ္ဓတ္ထဂေါတမ အမည်ရလေဧ။်။ ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် ထိန်းမြှား လက်ထပ်လေဧ။် ရာဟုလာ အမည်ရသော သားတော်တစ်ပါး မွေးဖွားလေဧ။် ထိုနောက် သူအို, သူနာ, သူသေ, ရဟန်း, ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘော တရားတို့ကိုကြောက်လန့်ကာ အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ရဟန်းတစ်ပါးဧ။် ချမ်းသာတရားကို တွေးသိကာ တောထွက်ရန် ကြံစည်တော်မူပြီး ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖွားဖက်တော် ဆန္ဒအမတ်
ကဏ္ဍကမြင်းတို့ နှင့် ဥရုဝေလ တောသို့ ကိလေသာကုန်ခန်းပြီး ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် တောထွက်တော်မူပါသည်။

မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် (၆)နှစ်တို့ ကာလပတ်လုံး ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့ဧ။် အတ္တကိလမထာ (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) အကျင့်တို့ကို့ ထိုတောဝယ်(၆) နှစ်တိုင်တိုင် ပင်းပန်းစွာ ကျင့်ကြံသော်လည်း တရားထူးကိုမရရှိပေ၊ (၆)နှစ်မျှကျင့်ခဲ့ရတဲ့ ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့ဧ။် အကျင့်များသည် ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း အကျင့်များသာဖြစ်သည်ဟု သိရသောအခါ
မိမိဧ။် ကိုယ်ပိုင်နည်းစနစ်ဖြစ်သော မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊   သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် အားထုတ်ခဲ့သောတရားများနှင့် လောကကို ဆင်ခြင်ကြည့်သော် မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် အလွန်သိမ်မွေ့နက်နဲ ခက်ခဲလွန်းနေဧ။် လောကလူသားတို့ဧ။် အသိဥာဏ်ကား ကိလေသာအမှောင်တို့ဖြင့်သာ ထာဝစဉ်ပိတ်ဖုံးနေဧ။။်
ပုထုဇဉ်တို့ အားဟောကြားရန် မတန်တဆ ခက်ခဲပင်ပန်းလိမ့်ည်ဟ်ုဆင်ခြင်နေစဉ်
သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရ အဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော ပဉ္စဝဂ္ဂီငါးဦး (ပဉ္စ-ငါးခု ငါးယောက်၊၀ဂ္ဂ-အစု အဖွဲ့)တို့ကိုတရားဦးဟောကြားရန် ကြွချီတော်မူလေသည် ။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။ ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစ
တည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား
ပြည့်စုံေ နပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ တရားနာယူကြရန်    လည်း တစ်ဆက်တည်း တိုက်တွန်း၏။ သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။
ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊ (၃) ရက်နေ့၌ အရှင်မဟာနာမ်၊ (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။ ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား   တော်မူခဲ့သည်။ ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။ ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။ ဝါဆိုလပြည့်နေ့ ကိုမူတရားဦးဓမ္မစကြ်ာ ဟော ကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေ သည်။ ။

ဝါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် – ၆၇၊ ၀ါဆိုလပြည့်။(ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် – ၉၇၊ ၀ါဆိုလပြည့်။(တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်။(စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။ (စနေနေ့) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် – ၁၀၃၊ ၀ါဆိုလပြည့်။
၆။ “ ဧဟိ ဘိက္ခု ” ဟူသော စကားကို စတင် ကြားရသောနေ့

၇။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
(၇ ဝါမြောက်တွင်)
ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊
အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။
အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊
ဝါဆိုလ ပုဏ္ဏ ဒိဝသေ။

လယ်တီဆရာတော်ကြီး၏ ကဗျာများ

သန္ဓေယူတော်မူသောနေ့ (ကြာသာပတေးနေ့)

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။
တောထွက်တော်မူသောနေ့

တောထွက်တော်မူသောနေ့
(တနင်္လာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
ဝါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို……။

ဓမ္မစင်္ကြာဟောတော်မူသောနေ့ (စနေနေ့)

ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညီိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

စိတ်ကူးပျော်ရာ
နှင့်
ဓမ္မလက်ဆောင်

ဘလော့ဂ်တို့မှ ပိုစ့်နှစ်ခုကို
ပေါင်းစပ်ကာ ဓမ္မဒါနပြုပါသည်။

အရှင်ဉာဏဝရ

ညွှန်း
မာဂဓိ(သာစည်)၏ အခါတော်နေ့များ

Wednesday, June 3, 2015

မဟာသမယ အခါတော်နေ့ အမှတ်တရ

ဗုဒ္ဓါနုဿတိ အတုမရှိ အနှိုင်းမဲ့ ဂုဏ်တော်

ရှင်ဘုရား၏
ရွှေနှုတ်ဖျားမှ
တရားချ၍
ရေ အား ကြောင်းပြု
မြစ်ကိုလုမည့်
ဆင်သည့် စစ်လည်ဲး
ရပ်စဲ ကုန်ကြ
တရား ရသည့်
ထူးလှ နေ့မြတ်ကြီးပါတကား။

Ven Edo Lynn
(မဟာသမယ အခါတော်နေ့ အမှတ်တရ)
မဟာသမယ အခါတော်နေ့ အမှတ်တရ

Wednesday, May 21, 2014

သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့

မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြင့် ဂေါတမမြတ်စွာဘုရားသည် မဟာသက္က
ရာဇ် (၁ဝ၃) ခုနှစ်၊ ကဆုန်လ ပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရား
အဖြစ် သို့ရောက် ရှိတော် မူခဲ့ပါသည်။ ခုနစ်နှစ်မြောက်သော်
သတ္တမ ဝါကို တာဝတိံသာနတ်ပြည် တွင်ဝါကပ်တော်မူသည်။ အကြောင်းရင်းမှာ မယ်တော်မိနတ်သားအား အဘိဓမ္မာဒေသနာ
တော် ဟောကြားရန်ဖြစ်ပေသည်။ ထို့ကြောင့် တာဝတိံသာနတ်
ပြည်ရှိ ပင်လယ်ကသစ်ပင်အောက် ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ
ထက်၌ထက်ဝယ်ဖွဲ့ခွေနေတော်မူ၏။ ထို့နောက်မယ်တော်ဖြစ်ခဲ့
ဖူးသော သန္တုဿိတနတ် သားကို အမှူးပြု၍ စကြဝဠာတိုက်တစ်
သောင်း မှ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာဒေသနာ ၇ ကျမ်း
ကိုဟောတော်မူလေသည်။ ဝါတွင်း သုံးလပတ်
(ရက်၉ဝ) လုံး
အသံမစဲ ရက်ဆက်တရားပွဲတော်ကြီးဖြစ် ပေသည်။ ထို
() ကျမ်းကား--

တပေါင်းလပြည့် ပြည်တော်ပြန်နေ့

ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော် မူနေစဉ်အခါ ဖြစ်ပါသည်။ အင်္ဂတိုင်း နှင့် မဂဓတိုင်းသားများကိုလည်း အမြိုက်တရား ဟောကြားတော်မူလျက် ရှိလေသည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုအကြောင်းကို ကြားသိလေ၏။ ထို့ကြောင့် 
နောက်ပါ အခြံအရံတစ်ထောင်စီဖြင့် အမတ်ဆယ်ဦးကို ဦးဆောင်စေ လျက်ဘုရားပင့်ရန် ရာဇဂြိုဟ်ပြည်သို့စေလွှတ်ခဲ့သည်။ ဆယ်ကြိမ်ခွဲကာ အဖွဲ့ လိုက်သွားရောက်၍ ပင့်ဆောင်ရန်ဖြစ်သည်။

နောက်ဆုံးအဖွဲ့ တွင်မူ ယုံကြည်စိတ်ချရသော အမတ်ကြီး ကာဠုဒါယီ ကိုယ်တိုင်ဦးစီးကာ သွားရောက်ခဲ့ ရသည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာထံ ပင့်ဆောင်ရန် ရောက်သွားကြလေကုန်သော သူများအားလုံး တစ်ယောက်တလေမျှ ကပိလဝတ်နေပြည်တော်သို့  ပြန်လည်ကာရောက် မလာကြပေ။

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့

မည်သည့်နေရာမဆို အကြောင်းကောင်းလျှင် အကျိုးကောင်း စမြဲပင်။ မြတ်ဗုဒ္ဓ၏ တရားတော်များမှာ အကြောင်းကောင်းတွေပြု၍ အကျိုးကောင်းတွေရသည့် သာဓကများစွာရှိသည်။ လူ့လောကတွင် အလို အပ်ဆုံးနှင့် အရေးကြီးဆုံးအရာသည် မည်သည်နည်း။ ဂရုဓမ္မဇာတ်တော် အချုပ်ကို အနှစ်ထုတ်ကြည့်လျှင် အမှန်သိပေမည်။


တစ်ခုသောဘဝဝယ် ဘုရားလောင်းသည် ကုရုတိုင်း၊ ဣန္ဒပတ္တနဂိုရ်ပြည်၌ ဓနဉ္စယ ကောရဗျမင်းဖြစ်၏။ ထိုဘုရင် အုပ်စိုးစဉ် တစ်ပြည်လုံးကို သီလတရားစောင့်ထိန်းစေသည်။ အားလုံးသီလလုံခြုံအောင် စောင့် ကြသဖြင့် ထိုတိုင်းပြည်မှာ မိုးလေဝသမှန်ကန်၏။ ကောက်ပဲသီးနှံ စပါးဆန်ရေပေါများ၏။ ပြည်သူလူ အများလည်း ငြိမ်းချမ်း၍ ရောဂါဘေးဆိုးများမှ ကင်းဝေးကြရသည်။

ထိုအချိန်မှာ ကာလိင်္ဂမင်း စိုးစံသော ဒန္တပူရပြည်သည်ကား မိုးနည်းရေရှား ဖြစ်နေ၏။ ဆန်ရေစပါး ရှားပါးသောကြောင့် လူအများလည်း ဒုက္ခမျိုးစုံ တွေ့ကြုံနေကြရသည်။ ထိုအခါ ဘုရင်သည် ကောရဗျမင်း
၏ တိုင်းပြည်သာယာဝပြောခြင်း၏ အကြောင်းရင်းကို စူးစမ်းလေ့လာ၏။

ဝါဆိုလပြည့် ဓမ္မစကြာနေ့


ဂေါတမဘုရားလောင်းတော်သည် တစ်ကိုယ်တည်း ကျင့်တော်မူခဲ့၏။ ၁၀၃ ခု၊ ကဆုန်လပြည့်၊   သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထားတောင်းပန်ချက်အရအဘယ်သူ့ကိုတရားဦး
ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣန္ဒြိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။ ပထမ ဦးစွာဈာန်လမ်းပြခဲ့ ဖူးသော 
အာဠာရ ရသေ့ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ထိုမှတစ် ဆင့် ဥဒက ရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒက ရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦး ဟောကြားရန် ကြည့်တော်မူပြန်သည်။ ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။ သို့သော်လည်း ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။ ထို့နောက်မှ ဗာရာဏသီအနီးရှိမိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင် တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တော သို့ ရောက်ခဲ့ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။
သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။ ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။ သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့ သည် ခရီးဦးကြိုကြ
ရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။ သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။ ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။

Wednesday, May 14, 2014

ကဆုန်လပြည့် ဗုဒ္ဓနေ့


“ကဆုန်လပြည့် ဗုဒ္ဓနေ့ (သို့) ဝိဆက်ဒေး Vesak Day”
••••••••••••••••••••••••••••••
ကဆုန်လပြည့်ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာ “ဗုဒ္ဓနေ့” ဖြစ်ပါတယ်။
ဒီကဆုန်လပြည့်ဗုဒ္ဓနေ့ဟာဆိုရင် မဟာလူသားမြတ်ဗုဒ္ဓ၊
သစ္စာတရားကို လမ်းညွှန်ဖော်ထုတ်တော်မူတဲ့ မြတ်စွာ
ဘုရားရှင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့
“ကဆုန်လပြည့်ဗုဒ္ဓနေ့”လို့ခေါ်ဆိုပြီး နိုင်ငံတကာသုံးအနေနဲ့တော့
“ကဆုန်လပြည့်နေ့”ကို “ဝိဆက်ဒေး” (Vesak Day) သို့မဟုတ်
“ဝိဆာခါဒေး” (Vesaka Day) လို့ခေါ်ပါတယ် ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေမတူညီသလို
အခေါ်အဝေါ်တွေလည်းကွဲပြားကြပါတယ်။

Friday, May 2, 2014

တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့

တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့
•••••••••••••••••••••••••••••••••••••••••••
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။
ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
၁။ ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂။ သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃။ ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်
၎။ ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။
သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။
ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။
{ သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ}
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။
အကုသိုလ်များ ရှောင်ရှားပယ်လေ
ကုသိုလ်တရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓါတ် ဆွတ်ဆွတ်ဖြူစေ
ဤသုံးပါး ဘုရားဆုံးမပေ ။

Sunday, October 6, 2013

ဝါခေါင်လပြည့်၊ မေတ္တာအခါတော်နေ့


ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။

ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ခေါင်ကျသောလဖြစ်သည်။ မေတ္တာအခါတော်နေ့သည် ဝါခေါင်လပြည့်နေ့ ဖြစ်သည်။ စင်စစ်၊ မေတ္တာအခါတော်နေ့ မှာ ကြာမြင့်လှပြီ ဖြစ်သော ဗုဒ္ဓ
မြတ်စွာဘုရား သက်ရှိထင်ရှားရှိတော်မူခဲ့စဉ်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မရှိရာမှ
ရှိလာခဲ့သော ထိုနေ့၏ မူလအရင်းအမြစ်ကို သိကြပါလျှင် ပိုမို၍ပင် သဒ္ဓါတရားပွါးများ မိကြပါ
လိမ့်မည်။

ရဟန်းသံဃာတော် အပါးငါးရာသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများတောင်းယူကြကာ ဝါမဆိုမီကျောင်းမှထွက်ခွါကြပြီးတောအုပ်ကြီးတစ်ခုတွင် တရားအားထုတ်၍နေတော် မူကြလေ
သည်။ ၀ါကျွတ်အမီ တရားရရှိကြရန် ရည်သန်ချက်ဖြင့်ဖြစ်သည်။ ရဟန်းတော်များ၏ သိက္ခာ ဂုဏ် မြင့်မြတ်မှုကြောင့် နေရင်းစွဲ ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် မိမိတို့၏ ဘုံဗိမာန်အသီးသီးကို
စွန့်လွှတ်ရှောင်တိမ်းသွားကြရတော့သည်။ သို့ သော်၊ အနံ့ဆိုးများနှင့်ကြောက်မက်ဖွယ် အသံ
များ ပေးလျက် ရဟန်းတော်များအား အနှောက်အယှက် ပြု ကြလေသည်။ ငြိမ်းချမ်းစွာတရား
အားထုတ်၍ မရကြသောရဟန်းတော်များသည် မြတ်စွာဘုရားထံပြန်ခဲ့ကြသည်။

အကြောင်းခြင်းရာကို ဆင်ခြင်သုံးသပ်တော်မူအပြီး၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့ အား
မေတ္တာသုတ် ပရိတ်တရားတော်ကို ဟောကြားပို့ ချတော်မူခဲ့သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များသည်ထပ်မံ၍ တောအုပ်ကြီးသို့ ရောက်ရှိခဲ့ကြ ပြန်သည်။  ဤအကြိမ်တွင်မူ
တောအုပ်ကြီးအတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မေတ္တာသုတ်တရားတော်ကို ရွတ်ဆိုပွါးများ သွားကြလေသည်။ မေတ္တာတန်ခိုးကြောင့် ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် ရန်လိုခြင်းမရှိကြတော့
ချေ။ ရဟန်းတော်များအား ဝမ်းပန်းတသာကြိုဆိုကြသည်။ ဝါတွင်းကာလတလျှောက်ဝေယျာ ၀စ္စများ ပြုလုပ်ပေးကြသည်။ စောင့်ရှောက်ကြသည်။ ရဟန်းတော်များသည်လည်း ချမ်းသာ
အေးငြိမ်းစွာဖြင့် တရားအားထုတ်တော်မူနိုင်ကြတော့၏။ ရည်မှန်းတော်မူကြသည့်အတိုင်း
ဝါကျွတ်သည်နှင့် ရဟန်းကိစ္စပြီးပြည့်စုံကြ ပြီ ဖြစ်သော ရဟန္တာအရှင်မြတ်များဖြစ်တော်မူကြ
ကုန်သည်။

သို့ ဖြင့်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဟူ၍ သတ်မှတ်လာခဲ့ကြသည်။ ယင်းနေ့များ တွင် မေတ္တာပွါးများခြင်းကို အခန်းအနားအသွင်ဖြင့် ဆင်ယင်ကျင်းပခဲ့ကြသည်။ ယခုခေတ်အခါ တွင် မေတ္တာဘာဝနာပွါးများခြင်းများကို တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက်ထဲတွင်သာ
မဟုတ် ကြတော့ဘဲ အခါအားလျော်စွာပြုလုပ်လျက်ရှိကြသည်။  ကောင်းလှပါဘိ။ မေတ္တာ၏ သဘောမှာ မိမိအတွက်ကိုယ်ကျိုးမဖက် တစ်ပါးသူ၏အကျိုးကိုသာ လိုလားစွာချမ်းသာစေလိုခြင်း သက်သက် ဖြစ်သည်မဟုတ်ပါလား။ တစ်ဦးချင်း အနေနှင့်သော်မှ အချိန်မရွေး ပွါးများနိုင်သော
ကုသိုလ် အလုပ်ပါတကား။

Posted by အေးဆက်

မေတ္တာအကြောင်း

မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။
အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာဟု ခေါ်ဝေါ်ရပေသည်။
ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍ဟု ဆိုခဲ့သည်။ သို့ဖြစ်၍တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကိုမေတ္တာဟု မှတ်ပါ။

မေတ္တာအတု

ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်ကလိုလားကြ၊ကူ ညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်ဟုလည်း ပြောဆိုကြသည်။
သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ပြခဲ့သော “ဂေဟဿိတ ပေမ =အိမ်၌မှီသောအချစ်တည်း။ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသောအခါမည်သူက စ၍  ပွားများရပါသနည်းဟု ဆရာ့အထံ လျှောက်လေရာ၊ဆရာက “မေတ္တာအရှိဆုံးသူကစ၍ ပွားများရမည်ဟု မိန့်သဖြင့်
ညဥ့်အခါ အိပ်ခန်းအပြင်ဘက်၌ ထိုင်၍ သူ၏ ဇနီးကို ရည်မှန်းလျက်မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင်