Showing posts with label မှတ်သားးမိသမျှ. Show all posts
Showing posts with label မှတ်သားးမိသမျှ. Show all posts

Thursday, May 1, 2014

မှတ်သားမိသမျှ


လူရယ်၊ မူရယ်--

မကောင်းတဲ့လူ ကို မမုန်းနဲ့။
မကောင်းတဲ့စိတ်ဓါတ် ကို မုန်း။
လောဘကြီးသူကို မမုန်းနဲ့၊ လောဘဓာတ် ကို မုန်း။
ဒေါသကြီးသူကို မမုန်းနဲ့။ ဒေါသဓာတ် ကို မုန်း။
မာနကြီးသူကို မမုန်းနဲ့။ မာနဓာတ်ကို မုန်း။
လူကို မကြည့်နဲ့၊ မူကိုကြည့်။
လူကိုကြည့်ရင် အပြစ်မြင်တယ်။
မူကို ကြည့်ရင် အမှန်မြင်တယ်။
အမှန်မြင်တော့ အမြင်မှန်တဲ့အတွက်
ကိုယ့်မှာ အပြစ်ကင်းစင်ပါတယ်။


ဒီနေ့မှာ     ငါဟာ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားမယ်။

               ကုသိုလ်ဖြစ်အောင်တွေးမယ်။
ဒီနေ့မှာ     ငါ့နဲ့တွေ့ကြုံပတ်သက်ရသူအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
ဒီနေ့မှာ     သတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
ဒီနေ့မှာ     ငါဟာ မြတ်စွာဘုရားရှင်အား ကြည်ညိုတဲ့အနေနဲ့ မကောင်းမှုကို ရှောင်ကြည်မယ်။
ဒီနေ့မှာ     ငါဟာ မြတ်စွာဘုရားရှင်အား ပူဇော်တဲ့အနေနဲ့ ကောင်းမှုကို ပြုလုပ်မယ်။
ဒီနေ့မှာ      ငါဟာ မြတ်စွာဘုရားရှင်အား ပူဇော်တဲ့အနေနဲ့ စိတ်ကိုဖြူစင်သန့်ရှင်းအောင်ထားမယ်။
ဗုဒ္ဓဘုရားရှင်သည် လောကကောင်းကျိုးအတွက် ပွင့်ထွန်းခဲ့ပေပြီ။
ဘုရားရှင်အား သတိရခြင်းဖြင့် လောကကို အလှဆင်နိုင်ပါစေ။
သူတပါးရဲ့ ဘ၀ကိုလှပအောင် လုပ်ဆောင်ပေးနိုင်သလောက် ကိုယ့်ဘ၀လည်း လှပပါစေ။
ကိုယ့်ဘ၀ လှပသလောက် သူတပါးရဲ့ဘ၀ကို လှပအောင် စွမ်းဆောင်နိုင်ပါစေ။


မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊စိတ်ကို ဖြူအောင်ထား။

ဒါဟာ ဘုရားရှင်တိုင်းရဲ့ ဆုံးမသြ၀ါဒအနှစ်ချုပ်ပါပဲ။
အနှစ်ချုပ်ချုပ်ကို အမြဲသတိရနေဖို့လိုအပ်ပါတယ။်

***ရည်မှန်းချက်၊ ဦးတည်ချက်၊ ဆုံးဖြတ်ချက်၊ စိတ်ထားကောင်း***
မကောင်းမှုတွေ ရှောင်ကြဉ်မယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
မကောင်းမှုရှောင်ဖို့ ဦးတည်ချက်ထားပါ။
မကောင်းမှုရှောင်ဖို့ ဆုံးဖြတ်ပါ။
မကောင်းမှုရှောင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။

ကောင်းမှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
ကောင်းမှုဆောင်ဖို့ ဦးတည်ချက်ထားပါ။
ကောင်းမှုဆောင်ဖို့ ဆုံးဖြတ်ပါ။
ကောင်းမှုဆောင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။

စိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားမယ်။ အေးချမ်းတည်ကြည်အောင်ထားမယ်။ ကြည်လင်ရွှင်လန်းချမ်းသာအောင်ထားမယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
စိတ်ဖြူစင်ဖို့ ဦးတည်ချက်ထားပါ။
စိတ်ကိုဖြူအောင်ထားဖို့ ဆုံးဖြတ်ပါ။
စိတ်ဖြူစင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။

မမေ့နဲ့ !
မကောင်းမှုတွေကို ရှောင်ကြဉ်ဖို့ မမေ့နဲ့။
ကောင်းမှုတွေကို ဆောင်ရွက်ဖို့ မမေ့နဲ့။
စိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားဖို့ မမေ့နဲ့။


စိတ်ဖြူစင်လေ  အမှန်မြင်လေပဲ။
စိတ်နည်းနည်းဖြူရင် အမှန်နည်းနည်းမြင်တယ်။
မိုးမလင်းသေးခင်မှာ ၀ါးတားတားပဲမြင်ရသလိုပေါ့။
စိတ်များများဖြူရင် အမှန်များများမြင်တယ်။
နေ့လည်ပိုင်းမှာ ကောင်းကောင်းမြင်သလိုပေါ့။
စိတ်ညစ်ကြေးနေရင် ဘာမှမမြင်နိုင်ဘူး။
မှောင်မည်းနေတဲ့ လမိုက်ညသန်းခေါင်ယံမှာ ဘာမှမမြင်နိုင်သလိုပေါ့။

စိတ်ဖြူစင်လို့ အမှန်မြင်----  အမှန်မြင်လို့ စိတ်ဖြူစင်-----  သူ   အမြတ်ဆုံးပင်။
ရဟန္တာအရှင်မြတ်များဟာ စိတ်အဖြူစင်ဆုံး၊ အမှန်အမြင်ဆုံး ပုဂ္ဂိုလ်မြတ်တွေပါ။


တရားမျက်မှန်
မျက်စိမွဲနေတဲ့လူတစ်ယောက် ဘယ်လောက်ပဲပြူးကြည့်ကြည့် မမြင်ရဘူး။