ကင်ဆာရောဂါနှင့်
သင်္ဘောရွက်
- (ဆရာကြီးမင်းယုဝေသည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလထုတ် မြတ်မင်္ဂလာ စာစောင်၊ စာမျက်နှာ ၅၉ တွင် ရေးသားခဲ့ပါသည်။)
- လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။
- “ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက