ဓမ္မပဒအဖော်မွန် - ၂၅
၂၅။ ဘိက္ခုဝဂ္ဂ၊ ရဟန်း
(သံသရာဘေးကိုရှုမြင်သူ၊ ကိလေသာကို ဖြိုဖျက်သူ)
စောင့်စည်း စောင့်ရှောက်၊ နိဗ္ဗာန်ရောက် ( ဓ - ၃၆၀၊ ၃၆၁ )
အကုသိုလ်မဖြစ်ဖို့၊ လောဘ ဒေါသ မောဟတွေ ဝင်မလာဖို့ -
မျက်စိမှာ စောင့်စည်းတာကောင်းပါတယ်။
နားမှာမှာ စောင့်စည်းတာ ကောင်းပါတယ်။
နှာခေါင်းမှာ စောင့်စည်းတာ ကောင်းပါတယ်။
လျှာမှာ စောင့်စည်းတာ ကောင်းပါတယ်။
ကိုယ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
နှုတ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
စိတ်မှာ စောင့်စည်းတာ ကောင်းပါတယ်။
ဒွါရအားလုံးမှာ စောင့်စည်းတာ ကောင်းပါတယ်။
အရာရာမှာ စောင့်စည်းစောင့်ရှောက်လို့
ကိလေသာကို ဖြိုဖို့ကျင့်သူ ရဟန်း၊ ရှင်၊ လူ ဟာ
ဆင်းရဲအားလုံးက လွတ်မြောက်ပါတယ်။
၃၆၀. ပဉ္စဘိက္ခုဝတ္ထု (၃၆၀၊ ၃၆၁)
စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။
ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှာယ သံဝရော။
၃၆၁. ကာယေန သံဝရော သာဓု၊ သာဓု ဝါစာယ သံဝရော။
မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။
သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
25. Bhikkhuvagga: The Monk
360. Good is restraint over the eye; good is restraint over the ear;
good is restraint over the nose; good is restraint over the tongue.
361. Good is restraint in the body; good is restraint in speech;
good is restraint in thought. Restraint everywhere is good.
The monk restrained in every way is freed from all suffering.
ဘိက္ခုဖြစ်ရန် အကျင့်မှန် ( ဓ - ၃၆၂ )
လက်စောင့်စည်း၊ ခြေစောင့်စည်း၊ နှုတ်စောင့်စည်း၊ အရာရာစောင့်စည်း၊
ကမ္မဋ္ဌာန်းပွားများတာမှာ ပျော်မွေ့ပြီး၊
စိတ်ထားကောင်း တည်ကြည်ပြီး
တစ်ယောက်တည်း တရားမြတ်နဲ့ ကျေနပ်ရောင့်ရဲတဲ့ပုဂ္ဂိုလ်ကို
(ကိလေသာကို ဖြိုဖျက်ဆီးသူ) ဘိက္ခုလို့ ခေါ်ဆိုပါတယ်။
၃၆၂. ဟံသဃာတကဘိက္ခုဝတ္ထု (၃၆၂)
ဟတ္ထသံယတော ပါဒသံယတော၊
ဝါစာသံယတော သံယတုတ္တမော။
အဇ္ဈတ္တရတော သမာဟိတော၊
ဧကော သန္တုသိတော တမာဟု ဘိက္ခုံ။
362. He who has control over his hands, feet and tongue; who is fully controlled,
delights in inward development, is absorbed in meditation,
keeps to himself and is contented—him do people call a monk.
ချိုမြတဲ့ အလင်းပြစကားပိုင်ရှင် ( ဓ - ၃၆၃ )
နှုတ်စောင့်စည်းပြီး ပညာနှင့် ဆင်ခြင်ပြောဆိုတတ်တဲ့၊
ပျံ့လွင်ကင်းစင် တည်ကြည်တဲ့စိတ်ရှိပြီး
တရားဓမ္မရဲ့ အနက်အဓိပ္ပါယ် ပါဠိကို အလင်းပြဟောပြောနိုင်တဲ့
ရဟန်းတော်ရဲ့စကားဟာ သာယာချိုမြပါတယ်။
၃၆၃. ကောကာလိကဝတ္ထု (၃၆၃)
ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။
363. That monk who has control over his tongue, is moderate in speech,
unassuming and who explains the Teaching in both letter and spirit—
whatever he says is pleasing.
တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော် ( ဓ - ၃၆၄ )
တရားမှာ နှစ်သက်ပြီး တရားမှာပဲ ပျော်မွေ့တတ်သူ၊
တရားကို မပြတ် ကြံစည်နှလုံးသွင်းသူ၊
တရားကို အထပ်ထပ် မှတ်ရှုဆင်ခြင် နှလုံးသွင်းသူ၊
ကိလေသာကို ဖြိုဖို့ကျင့်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သူတော်ကောင်းတရား(လောကကုတ္တရာတရား)က မဆုတ်ယုတ်နိုင်ပါဘူး။
၃၆၄. ဓမ္မာရာမတ္ထေရဝတ္ထု (၃၆၄)
ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။
ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ န ပရိဟာယတိ။
364. The monk who abides in the Dhamma, delights in the Dhamma,
meditates on the Dhamma, and bears the Dhamma well in mind—
he does not fall away from the sublime Dhamma.
အပိုမလိုချင် စိတ်ကြည်လင် ( ဓ - ၃၆၅၊ ၃၆၆ )
(တရားနဲ့အညီရတဲ့) ကိုယ့်ရဲ့လာဘ်လာဘကို အထင်မသေးပါနဲ့။
သူတစ်ပါးရဲ့ လာဘ်လာဘကို မလိုချင် မတောင့်တပါနဲ့။
သူတစ်ပါးရဲ့ လာဘ်လာဘကို လိုချင်တောင့်တတဲ့
ရဟန်း (ရှင်၊ လူ၊ ဘယ်သူမဆို)ဟာ စိတ်တည်ကြည်မှု သမာဓိကို မရရှိနိုင်ပါဘူး။
လာဘ်လာဘနည်းပေမယ့်
(တရားနဲ့အညီရတဲ့) ကိုယ့်ရဲ့လာဘ်လာဘကို အထင်မသေးရင် -
စင်ကြယ်သန့်ရှင်းတဲ့ အသက်မွေးမှုရှိတဲ့၊ မပျင်းမရိ လုံလရှိတဲ့ ရဟန်းကို
နတ်တွေဟာ အမှန်တကယ် ချီးမွမ်းကြပါတယ်။
၃၆၅. ဝိပေက္ခသေဝကဘိက္ခုဝတ္ထု (၃၆၅၊ ၃၆၆)
သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။
အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။
၃၆၆. အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။
တံ ဝေ ဒေဝါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။
365. One should not despise what one has received, nor envy the gains of others.
The monk who envies the gains of others does not attain to meditative absorption.
366. A monk who does not despise what he has received, even though it be little,
who is pure in livelihood and unremitting in effort—him even the gods praise.
မြတ်ရဟန်းဟာ မစွဲလမ်း၊ မစိုးရိမ်ပါ။ ( ဓ - ၃၆၇ )
နာမ်တရား ရုပ်တရား အားလုံး (သက်ရှိသက်မဲ့ အရာအားလုံး) မှာ
( ငါ ငါ့ဥစ္စာ လို့ ) မြတ်နိုးစွဲလမ်းတာ မရှိသူ၊
နာမ် ရုပ် ပျက်စီးသွားလည်း
( ငါ ငါ့ဥစ္စာ ပျက်စီးသွားပြီ လို့) စိုးရိမ်ပူပန်တာမရှိသူကို
အမှန်တော့ ဘိက္ခုရဟန်းလို့ ခေါ်ဆိုပါတယ်။
၃၆၇. ပဉ္စဂ္ဂဒါယကဗြာဟ္မဏဝတ္ထု (၃၆၇)
သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။
အသတာ စ န သောစတိ၊ သ ဝေ ‘‘ဘိက္ခူ’’တိ ဝုစ္စတိ။
367. He who has no attachment whatsoever for the mind and body,
who does not grieve for what he has not—he is truly called a monk.
ရဟန်းတရားကျင့်ကြံပွား ရဟန်းတော်အလား ( ဓ - ၃၆၈ )
မေတ္တာတရား ပွားများနေတတ်တဲ့၊
မြတ်ဗုဒ္ဓအဆုံးအမတရားတော်မှာ သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
ကိလေသာကို ဖြိုဖျက်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သင်္ခါရတွေငြိမ်းရာ (ပြုပြင်ခြင်း ကင်းငြိမ်းရာ)၊
ငြိမ်သက်ငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရောက်ပါတယ်။
တစ်ဖက်ကမ်းသို့ ကူးကြစို့ ( ဓ - ၃၆၉ )
သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
(သံသရာတစ်ကြော မြုပ်မျောနေတဲ့) ဒီလှေက
(မိစ္ဆာဝိတက် ရေတွေကို) ပက်ထုတ်ပစ်ပါလေ။
ဒီလို (အတွေးဆိုး အကြံမှားတွေကို) ပက်ထုတ်ရင်၊
သင့်လှေဟာ အလျင်အမြန် သွားနိုင်မှာပါ။
(အနှောင်အဖွဲ့)ရာဂ ဒေါသ ဖြတ်တောက်ပြီးနောက်
နိဗ္ဗာန်(ဆိပ်ကမ်း)ကို ရောက်မှာပါ။
( ဓ - ၃၇၀ )
( အယူမှားခြင်း၊ ယုံမှားခြင်း၊ အကျင့်မှားခြင်း၊ ကာမဘုံမှာ တပ်မက်ခြင်း၊ ရန်ငြိုးထားခြင်း ဆိုတဲ့ အောက်ပိုင်းအနှောင်အဖွဲ့ ) ငါးပါးကို ဖြတ်ပါ။
( ရူပ၊ အရူပဗြဟ္မာ့ဘုံမှာ တပ်မက်ခြင်း၊ ထောင်လွှားခြင်း၊ စိတ်ပျံ့လွင့်ခြင်း၊ တရားမှန်မသိခြင်း ဆိုတဲ့
အထက်ပိုင်းအနှောင်အဖွဲ့ ) ငါးပါးကို စွန့်ပယ်ပါ။
( သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ) မြတ်တရားငါးပါးကို လွန်စွာ ပွားများပါ။
( လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ) ငြိတွယ်ခြင်းငါးပါးက လွန်မြောက်တဲ့ရဟန်းကို
သံသရာဝဲသြဃကို ကူးမြောက်ပြီးသူလို့ ဆိုသင့်ပါတယ်။
( ဓ - ၃၇၁ )
သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
သမထဝိပဿနာတရား ရှုမှတ်လေ့လာ ပွားများပါ။
မမေ့လျော့ပါနဲ့။
သင့်စိတ်ကို ကာမဂုဏ်မှာ မပျော်မြူးပါစေနဲ့။
သတိလွတ်ကင်း ယစ်မူးမေ့လျော့ပြီး သံပူခဲကို မမျိုပါနဲ့။
မီးလောင်ခါမှ ဆင်းရဲလိုက်တာ လို့ မငိုကြွေးပါနဲ့။
( ဓ - ၃၇၂ )
ပညာမရှိသူမှာ ကမ္မဋ္ဌာန်းတရားရှုတဲ့သဘောမရှိ၊
ကမ္မဋ္ဌာန်း မရှုသူမှာ ပညာမရှိ။
ကမ္မဋ္ဌာန်းဘာဝနာလည်း ရှု၊ ပညာလည်း ရှိသူပဲ
နိဗ္ဗာန်နှင့် အမှန်တကယ် နီးပါတယ်။
(( သမာဓိနှင့်ပညာ ရှိမှသာ၊ နိဗ္ဗာန်နီးပါ၏ ))
( ဓ - ၃၇၃ )
ဆိတ်ငြိမ်ရာအရပ်မှာ ဝင်ရောက်ပြီး တရားကို ကောင်းစွာ ရှုမှတ်ဆင်ခြင်တဲ့၊
ငြိမ်သက်ငြိမ်းအေးတဲ့စိတ်ရှိတဲ့ ရဟန်းမှာ
သာမန်လူတွေနဲ့ မထိုက်တန်တဲ့
( ဈာန် မဂ် ဖိုလ် နိဗ္ဗာန် ချမ်းသာမှာ ) ပျော်မွေ့ခြင်းဟာ ဖြစ်ပါတယ်။
( ဓ - ၃၇၄ )
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးရဲ့ ဖြစ်ခြင်းပျက်ခြင်းကို
ဆင်ခြင်သုံးသပ်တိုင်း ဆင်ခြင်သုံးသပ်တိုင်း
နှစ်သက်ဝမ်းမြောက်မှု ပီတိပါမောဇ္ဇ ကို ရပါတယ်။
ဒါဟာ တရားမှန်သိ ပညာရှိတွေအတွက် မသေရာ နိဗ္ဗာန်ရောက်ကြောင်းပါပဲ။
( ဓ - ၃၇၅ )
ဣနြေ္ဒစောင့်ထိန်း၊ (ပညာနဲ့ဆင်ခြင်သုံးစွဲ)၊ တင်းတိမ်ရောင့်ရဲ၊
ထူးမြတ်တဲ့သီလမှာ စောင့်စည်းစောင့်ရှောက်၊
ဒီ(စတုပါရိသုဒ္ဓိသီလ)ဟာ ဒီသာသနာတော်မှာ ပညာရှိရဟန်းအတွက်
နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းရဲ့ အဦးအစပဲ ဖြစ်ပါတယ်။
( ဓ - ၃၇၆ )
စင်ကြယ်သန့်ရှင်းတဲ့ အသက်မွေးခြင်းရှိတဲ့၊ မပျင်းရိတဲ့
မိတ်ကောင်းဆွေမွန်ကို မှီဝဲဆည်းကပ်ပါ။
လောကဝတ်၊ ဓမ္မဝတ် မချွတ်ယွင်းဘဲ စေ့စပ်သေချာပြီး
ကျင့်ဝတ်သီလမှာ ကောင်းမွန်လိမ္မာပါ။
ဒီအကြောင်းတွေကြောင့်
တရားနဲ့အညီ ဝမ်းမြောက်ခြင်းများစွာ ဖြစ်ပေါ်လာပြီး
ဝဋ်ဆင်းရဲကို အဆုံးသတ်နိုင်မှာပါ။
၃၆၈. သမ္ဗဟုလဘိက္ခု (၃၆၈ - ၃၇၆)
မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
၃၆၉. သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။
ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။
၃၇၀. ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။
ပဉ္စ သင်္ဂါတိဂေါ ဘိက္ခု၊ ‘‘ဩဃတိဏ္ဏော’’တိ ဝုစ္စတိ။
၃၇၁. ဈာယ ဘိက္ခု မာ ပမာဒေါ ၊ မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။
မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ‘‘ဒုက္ခမိဒ’’န္တိ ဒယှမာနော။
၃၇၂. နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော ။
ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာနသန္တိကေ။
၃၇၃. သုညာဂါရံ ပဝိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။
အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ဝိပဿတော။
၃၇၄. ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။
လဘတီ ပီတိပါမောဇ္ဇံ၊ အမတံ တံ ဝိဇာနတံ။
၃၇၅. တတြာယမာဒိ ဘဝတိ၊ ဣဓ ပညဿ ဘိက္ခုနော။
ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။
၃၇၆. မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။
ပဋိသႏၴာရဝုတ်ႆ ၊ အာစာရကုသေလာ သိယာ။
တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။
368. The monk who abides in universal love and is deeply devoted to the Teaching of the Buddha
attains the peace of Nibbāna, the bliss of the cessation of all conditioned things.
369. Empty this boat, O monk! Emptied, it will sail lightly. Rid of lust and hatred,
you shall reach Nibbāna.
370. Cut off the five, abandon the five, and cultivate the five.
The monk who has overcome the five bonds
is called one who has crossed the flood.
371. Meditate, O monk! Do not be heedless.
Let not your mind whirl on sensual pleasures.
Heedless, do not swallow a red-hot iron ball, lest you cry when burning, “O this is painful!”
372. There is no meditative concentration for him who lacks insight,
and no insight for him who lacks meditative concentration.
He in whom are found both meditative concentration and insight, indeed, is close to Nibbāna.
373. The monk who has retired to a solitary abode and calmed his mind,
who comprehends the Dhamma with insight,
in him there arises a delight that transcends all human delights.
374. Whenever he sees with insight the rise and fall of the aggregates,
he is full of joy and happiness. To the discerning one this reflects the Deathless.
375. Control of the senses, contentment, restraint according to the code of monastic discipline—
these form the basis of holy life here for the wise monk.
376. Let him associate with friends who are noble, energetic, and pure in life,
let him be cordial and refined in conduct. Thus, full of joy,
he will make an end of suffering.
စိတ်ညစ်နွမ်းကို စွန့်ပစ်ပါ။ စိတ်ညှိုးနွမ်းကို ဖယ်ထုတ်ပါ။ ( ဓ - ၃၇၇ )
မြတ်လေးပန်းပင်ဟာ ညှိုးနွမ်းတဲ့ ပန်းပွင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။
ဒီလိုပါပဲ-
ဆင်းရဲကင်းလို မဂ်ဖိုလ်ကိုမှန်း ရဟန်းအများ အို ချစ်သားတို့!
ရာဂ ၊ ဒေါသ (စိတ်ညှိုးနွမ်း)တွေကို စွန့်လွှတ်လိုက်ပါတော့။
၃၇၇. ပဉ္စသတဘိက္ခုဝတ္ထု (၃၇၇)
ဝဿိကာ ဝိယ ပုပ္ဖါနိ၊ မဒ္ဒဝါနိ ပမုဉ္စတိ။
ဧဝံ ရာဂဉ္စ ဒေါသဉ္စ၊ ဝိပ္ပမုဉ္စေထ ဘိက္ခဝေါ။
377. Just as the jasmine creeper sheds its withered flowers,
even so, O monks, should you totally shed lust and hatred!
ကောင်းအောင်ထိန်းလို့ ငြိမ်းအေးသူ ( ဓ - ၃၇၈ )
ငြိမ်သက်တဲ့ကိုယ်၊ ငြိမ်သက်တဲ့နှုတ်၊ ငြိမ်သက်တဲ့စိတ် ရှိတဲ့၊
ကိုယ် နှုတ် စိတ်ကို ကောင်းအောင်ထိန်းလို့ တည်ကြည်တဲ့၊
ကာမဂုဏ်တွေကို ထွေးအန်ပြီးတဲ့ ရဟန်းကို
ငြိမ်သက်ငြိမ်းအေးသူလို့ ဆိုနိုင်ပါတယ်။
၃၇၈. သန္တကာယတ္ထေရဝတ္ထု (၃၇၈)
သန္တကာယော သန္တဝါစော၊ သန္တမနော သုသမာဟိတော ၊
ဝန္တလောကာမိသော ဘိက္ခု၊ ‘‘ဥပသန္တော’’တိ ဝုစ္စတိ။
378. The monk who is calm in body, calm in speech, calm in thought,
well-composed and who has spewn out worldliness—
he, truly, is called serene.
အတွင်းခရီးစဉ်၊ ကိုယ်သာလျှင် ပဲ့ကိုင်ရှင် ( ဓ - ၃၇၉ )
သံသရာဘေး ရှုတွေးဆင်ခြင် ရဟန်း ရှင် လူ ဘယ်သူမဆို -
ကိုယ့်ကိုယ်ကို (မကောင်းပယ်ခွာ၊ ကောင်းရာရည်ညွှန်း) တိုက်တွန်းနှိုးဆော်ပါ။
ကိုယ့်ကိုယ်ကို ကြည့်ရှုစစ်ဆေး သုံးသပ်ဆင်ခြင်ပါ။
သတိရှိလို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံ ကာကွယ်စောင့်ရှောက်သူဟာ
ချမ်းချမ်းသာသာ နေရမှာပါ။
( ဓ - ၃၈၀ )
ကိုယ်သာလျှင် ကိုယ့်ရဲ့ ကိုးကွယ်ရာပါ။
တစ်ခြားသူတွေဟာ ဘယ်မှာကိုးကွယ်ရာ ဖြစ်နိုင်ပါ့မလဲ။
ကိုယ်သာလျှင် ကိုယ့်(ဘဝ)ရဲ့ သွားရာ၊ လားရာ၊ (မှီခိုရာ) ပါပဲ။
ဒါကြောင့်- ကုန်သွယ်လုပ်ငန်းရှင်ဟာ မြင်းကောင်းကို ထိန်းသိမ်းစောင့်ရှောက်သလို
ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
၃၇၉. နင်္ဂလကုလတ္ထေရဝတ္ထု (၃၇၉၊ ၃၈၀)
အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ ။
သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ဝိဟာဟိသိ။
၃၈၀. အတ္တာ ဟိ အတ္တနော နာထော၊ (ကော ဟိ နာထော ပရော သိယာ)
အတ္တာ ဟိ အတ္တနော ဂတိ။ တသ္မာ သံယမမတ္တာနံ၊ အဿံ ဘဒြံဝ ဝါဏိဇော။
379. By oneself one must censure oneself and scrutinize oneself.
The self-guarded and mindful monk will always live in happiness.
380. One is one’s own protector, one is one’s own refuge.
Therefore, one should control oneself, even as a trader controls a noble steed.
ပီတိ မှ နိဗ္ဗာန် သို့ ( ဓ - ၃၈၁ )
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
တရားနှင့်အညီ ဝမ်းမြောက်ခြင်းများစွာရှိတဲ့ ရဟန်းတော်ဟာ
သင်္ခါရတွေငြိမ်းအေးရာ၊
ငြိမ်သက်ချမ်းမြေ့တဲ့ နိဗ္ဗာန်ကို ရပါတယ်။
၃၈၁. ဝက္ကလိတ္ထေရဝတ္ထု (၃၈၁)
ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။
381. Full of joy, full of faith in the Teaching of the Buddha,
the monk attains the Peaceful State, the bliss of cessation of conditioned things.
အမှောင်ညကို အလင်းပြမယ့် ရွှေလမင်း ( ဓ - ၃၈၂ )
ငယ်ရွယ်ပေမယ့်
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
တကယ်အဟုတ် ကြိုးစားအားထုတ်တဲ့ ရဟန်းတော်ဟာ
တိမ်တိုက်က လွတ်ကင်းတဲ့ လမင်းလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။
၃၈၂. သုမနသာမဏေရဝတ္ထု (၃၈၂)
ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
381. Full of joy, full of faith in the Teaching of the Buddha,
the monk attains the Peaceful State, the bliss of cessation of conditioned things.
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana
#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။
The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.
The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.
No comments:
Post a Comment