လူရယ်၊ မူရယ်--
မကောင်းတဲ့လူ ကို မမုန်းနဲ့။
မကောင်းတဲ့စိတ်ဓါတ် ကို မုန်း။
လောဘကြီးသူကို မမုန်းနဲ့၊ လောဘဓာတ် ကို
မုန်း။
ဒေါသကြီးသူကို မမုန်းနဲ့။ ဒေါသဓာတ် ကို
မုန်း။
မာနကြီးသူကို မမုန်းနဲ့။ မာနဓာတ်ကို မုန်း။
လူကို မကြည့်နဲ့၊ မူကိုကြည့်။
လူကိုကြည့်ရင် အပြစ်မြင်တယ်။
မူကို ကြည့်ရင် အမှန်မြင်တယ်။
အမှန်မြင်တော့ အမြင်မှန်တဲ့အတွက်
ကိုယ့်မှာ အပြစ်ကင်းစင်ပါတယ်။
ဒီနေ့မှာ ငါဟာ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားမယ်။
ကုသိုလ်ဖြစ်အောင်တွေးမယ်။
ဒီနေ့မှာ ငါ့နဲ့တွေ့ကြုံပတ်သက်ရသူအားလုံး
ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
ဒီနေ့မှာ သတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။
ဒီနေ့မှာ ငါဟာ မြတ်စွာဘုရားရှင်အား ကြည်ညိုတဲ့အနေနဲ့
မကောင်းမှုကို ရှောင်ကြည်မယ်။
ဒီနေ့မှာ ငါဟာ မြတ်စွာဘုရားရှင်အား ပူဇော်တဲ့အနေနဲ့
ကောင်းမှုကို ပြုလုပ်မယ်။
ဒီနေ့မှာ ငါဟာ မြတ်စွာဘုရားရှင်အား ပူဇော်တဲ့အနေနဲ့
စိတ်ကိုဖြူစင်သန့်ရှင်းအောင်ထားမယ်။
ဗုဒ္ဓဘုရားရှင်သည်
လောကကောင်းကျိုးအတွက် ပွင့်ထွန်းခဲ့ပေပြီ။
ဘုရားရှင်အား
သတိရခြင်းဖြင့် လောကကို အလှဆင်နိုင်ပါစေ။
သူတပါးရဲ့
ဘ၀ကိုလှပအောင် လုပ်ဆောင်ပေးနိုင်သလောက် ကိုယ့်ဘ၀လည်း လှပပါစေ။
ကိုယ့်ဘဝ
လှပသလောက် သူတပါးရဲ့ဘ၀ကို လှပအောင် စွမ်းဆောင်နိုင်ပါစေ။
မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊စိတ်ကို ဖြူအောင်ထား။
ဒါဟာ ဘုရားရှင်တိုင်းရဲ့ ဆုံးမသြ၀ါဒအနှစ်ချုပ်ပါပဲ။
အနှစ်ချုပ်ချုပ်ကို အမြဲသတိရနေဖို့လိုအပ်ပါတယ။်
***ရည်မှန်းချက်၊ ဦးတည်ချက်၊ ဆုံးဖြတ်ချက်၊ စိတ်ထားကောင်း***
မကောင်းမှုတွေ ရှောင်ကြဉ်မယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
မကောင်းမှုရှောင်ဖို့ ဦးတည်ချက်ထားပါ။
မကောင်းမှုရှောင်ဖို့ ဆုံးဖြတ်ပါ။
မကောင်းမှုရှောင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။
ကောင်းမှုတွေ ဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
ကောင်းမှုဆောင်ဖို့ ဦးတည်ချက်ထားပါ။
ကောင်းမှုဆောင်ဖို့ ဆုံးဖြတ်ပါ။
ကောင်းမှုဆောင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။
စိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားမယ်။ အေးချမ်းတည်ကြည်အောင်ထားမယ်။ ကြည်လင်ရွှင်လန်းချမ်းသာအောင်ထားမယ်ဆိုတဲ့ ရည်မှန်းချက်ကို မျက်ခြေမပျက်ဖို့ လိုတယ်။
စိတ်ဖြူစင်ဖို့ ဦးတည်ချက်ထားပါ။
စိတ်ကိုဖြူအောင်ထားဖို့ ဆုံးဖြတ်ပါ။
စိတ်ဖြူစင်ဖို့ စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားပါ။
မမေ့နဲ့ !
မကောင်းမှုတွေကို ရှောင်ကြဉ်ဖို့ မမေ့နဲ့။
ကောင်းမှုတွေကို ဆောင်ရွက်ဖို့ မမေ့နဲ့။
စိတ်ကို ဖြူစင်သန့်ရှင်းအောင်ထားဖို့ မမေ့နဲ့။
စိတ်ဖြူစင်လေ အမှန်မြင်လေပဲ။
စိတ်နည်းနည်းဖြူရင် အမှန်နည်းနည်းမြင်တယ်။
မိုးမလင်းသေးခင်မှာ ၀ါးတားတားပဲမြင်ရသလိုပေါ့။
စိတ်များများဖြူရင် အမှန်များများမြင်တယ်။
နေ့လည်ပိုင်းမှာ ကောင်းကောင်းမြင်သလိုပေါ့။
စိတ်ညစ်ကြေးနေရင် ဘာမှမမြင်နိုင်ဘူး။
မှောင်မည်းနေတဲ့ လမိုက်ညသန်းခေါင်ယံမှာ ဘာမှမမြင်နိုင်သလိုပေါ့။
စိတ်ဖြူစင်လို့ အမှန်မြင်---- အမှန်မြင်လို့ စိတ်ဖြူစင်----- သူ အမြတ်ဆုံးပင်။
ရဟန္တာအရှင်မြတ်များဟာ စိတ်အဖြူစင်ဆုံး၊ အမှန်အမြင်ဆုံး ပုဂ္ဂိုလ်မြတ်တွေပါ။
တရားမျက်မှန်
မျက်မှန်ကောင်းကောင်းလေး တပ်လိုက်တော့မှ မြင်ရတယ်။
ဒီလိုပါပဲ--- သာမာန်လူတွေအနေနဲ့ ဘယ်လောက်ပဲအားထုတ်အားထုတ်
ပရိယတ္တိလမ်းညွှန်ချက်မပါရင် အမှန်မမြင်နိုင်ပါဘူး။
မျက်စိနဲ့ မျက်မှန်နဲ့ပေါင်းမှ သဲသဲကွဲကွဲမြင်ရသလို
စာတွေ့နဲ့ လက်တွေ့ အဆင်ပြေသလိုပေါင်းစပ်နိုင်မှ
အမှန်တရားကို ထင်ထင်ရှားရှားမြင်ရမှာပါ။
အသိနဲ့အကျင့် ပေါင်းစပ်နိုင်မှ
ပြီးပြည့်စုံနိုင်မှာပါ။
မပြောင်းလဲတဲ့ ပြောင်းလဲခြင်း
မွေးလိုက်သေလိုက်၊
ဖြစ်လိုက်ပျက်လိုက်
ပြောင်းလဲခြင်းဆိုတဲ့သဘာဝကတော့ မပြောင်းလဲပါဘူး။
ဒါပေမယ့်ဆိုတာ နေရာတိုင်းမှာရှိပါတယ်။
ဒါပေမယ့် ------
အလုပ်ဖြစ်အောင် လုပ်နေတာလား။
ဖြစ်သလို လုပ်နေတာလား။
လုပ်သမျှခံနေရင်တော့ ခံသမျှလုပ်နေဦးမှာပါပဲ။
အချစ်ဝင်နေရင် အပြစ်မမြင်ပါဘူး။
အပြစ်မြင်ရင်လည်း မချစ်ချင်တော့ပါဘူ။
အပြစ်မြင်လျှက်နဲ့ ချစ်ချင်နေတယ်ဆိုရင်တော့----
ဘ၀ထဲမှာ တရားရှာ
စာတွေ့တစ်ခုထဲဆို မမှတ်မိဘူး။ လက်တွေ့နဲ့ပေါင်းစပ်မှ
မှတ်မိတယ်။
စာတွေ့ကို လက်တွေ့ဘ၀ထဲမှာ အဆင်ပြေတဲ့နည်းနဲ့
အသုံးပြုနိုင်ရပါမယ်။
ဘ၀ထဲမှာ တရားရှာနိုင်မှ တကယ့်တရားကိုတွေ့မြင်နိုင်မှာပါ။
လမင်းဟာ ကောင်းကင်မှာ သွားတဲ့အခါ
ကောင်းကင်နဲ့မကပ်ညှိသလိုပဲ
သံယောဇဉ်တွေ၊ တွယ်တာတာတွေ၊ စွဲလမ်းတာတွေကနေ
လွတ်မြောက်နေပါစေ။
ဒါဆို အလင်းဓါတ်နဲ့ အအေးဓါတ်ကို ရပါလိမ့်မယ်။
အလင်းဓါတ်နဲ့ အအေးဓါတ်ကို ရရင်လည်း
လွတ်မြောက်ခြင်းကို ရမှာပါ။
တိမ်ဖြူလို လွင့်မျောပြီး စမ်းရေလို
စီးဆင်းနိုင်ပါစေ။
တိမ်မည်းတွေလို အုံ့ဆိုင်းမနေနဲ့။
စမ်းရေဘေးက ကျေက်တုံးကြီးလို လေးလံမနေပါနဲ့။
ဒါလေးတွေက မှတ်သားထားမိတဲ့၊ ရင်ထဲရောက်သွားတဲ့
စာစုလေးတွေပါ။
ပြန်လည်မျှဝေပါရစေ***
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)
No comments:
Post a Comment