အနန္တငါးပါး ရှိခိုး
ဂုဏ်အနန္တ ရှိလှမှန်စွာ
နိဗ္ဗာန်ခရီး ညွှန်နည်းသေချာ
ကျေးဇူးကြီးမား ဘုရားမြတ်စွာ
လက်အုပ်မိုး ရှိခိုးဝန္ဒနာ။ ။
ဂုဏ်အနန္တ ရှိလှမှန်စွာ
ကျင့်သူတလွှား စောင့်ငြားပါယ်ရွာ
ကျေးဇူးကြီးမား တရားဓမ္မာ
လက်အုပ်မိုး ရှိခိုးဝန္ဒနာ။ ။
ဂုဏ်အနန္တ ရှိလှမှန်စွာ
သာသနာကျိုး သယ်ပိုးဆောင်ရှာ
ကျေးဇူးကြီးမား နှစ်ပါးသံဃာ
လက်အုပ်မိုး ရှိခိုးဝန္ဒနာ။ ။
ဂုဏ်အနန္တ ရှိလှမှန်စွာ
ရှေးဦးနည်းပြ ဆုံးမသေချာ
ကျေးဇူးကြီးမား နှစ်ပါးမိဘာ
လက်အုပ်မိုး ရှိခိုးဝန္ဒနာ။ ။
ဂုဏ်အနန္တ ရှိလှမှန်စွာ
မကောင်းမြစ်တား ညွှန်ကြားကောင်းရာ
ကျေးဇူးကြီးမား သမားဆရာ
လက်အုပ်မိုး ရှိခိုးဝန္ဒနာ။ ။
ဓမ္မဒူတဆရာတော်ကြီး
သုံးလူ့ထွဋ်ထား မြတ်ဘုရားကို
အားရပါးရ ရှိခိုးမယ်။
လူနတ်ဗြဟ္မာ အကျိုးများဖို့
ငါတို့ဘုရား ပွင့်ပေါ်တယ်။
အားကိုးကြည်ညို မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး ဖြိုးဝေတယ်။
ဖူးမြင်ဦးချ ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်းဆရွယ်။
ရုပ်ပုံလည်းထင် ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း ချမ်းမြတယ်။
မှန်းဆရွယ် ဖူးမယ်။
ကောင်းကျိုးပေးတတ် တရားမြတ်ကို
မပြတ်နေ့စဉ် ရှိခိုးမယ်။
လူနတ်ဗြဟ္ဗာ ချမ်းသာရေးမို့
ငါတို့ဘုရား ဟောပေးတယ်။
သင်သိ တွေးသိ သေချာသိဖို့
လေ့လာကြည့်ဖို့ ကောင်းလှတယ်။
ကြောင်းကျိုးဆက်စပ် လောကဓါတ်
မပြတ်သံသရာ ခေါ်ပါတယ်။
မကောင်းတာသိ ကောင်းတာရှိ
တရားရှိဖို့ ကျင့်ပါ့မယ်။
ရှိဖွယ်၊ ကျင့်မယ်။
ဗုဒ္ဓသားရင်း သံဃာများကို
ကြည်ညိုအားထား ရှိခိုးမယ်
ကောင်းကံမျိုးစေ့ စိုက်ပျိုးကြရင်
အကျိုးဖွံ့ဖြိုး ရစေတယ်။
ဘေးရန်အန္တရာယ် ဥာဏ်မြင်ကြောက်လို့
တောက်လျှောက်မနား ကြိုးစားတယ်။
စိတ်ဓါတ်ကောင်းတွေ အင်အားရှိလို့
အများအသိ ညီညွတ်တယ်။
ကြည်ညိုသက်ဝင် အသိယှဉ်
နေ့စဉ်မပြတ်ဦးချမယ်
ဖူးကြကွယ်၊ ထူးတယ်။
ပစ္စည်းဥစ္စာ ပညာများကို
ပျောက်ပျက်မသွား မြဲချင်တယ်။
မိဘတွေကို မျက်ရည်ထွက်အောင်
ဆယ်သက်ဘယ်ခါ မလုပ်ပါကွယ်။
ရာထူးဂုဏ်သိမ် စည်းစိမ်များကို
ဆထက်ထပ်ပွား တိုးချင်တယ။်
မိဘဘိုးဘွား ဆရာများကို
အားရပါးရ ပြုစုကွယ်။
သူများကိုလည်း မေတ္တာမြဲ
စိတ်လည်းချမ်းမြေ့ဖွယ်၊
ကိုယ့်ကိုကိုယ်လည်း သတိဥာဏ်ဇွဲ
အမြဲရှိပါ့မယ်။
သိဖွယ်၊ ကျင့်မယ်။
ဆရာဆိုတာ တပည့်များကို
တိုးတက်ကြီးပွား ကောင်းစေတယ်။
ကောင်းတာလုပ်ပါ၊
ကောင်းတာပြောပေါ့
မနောကလည်း ကောင်းရမယ်။
ကောင်းတယ်ဆိုတာ သေချာသိအောင်
ထိထိမိမိ ပြောပါကွယ်။
မိမိ သူတစ်ပါးနှစ်ဦးသား
အကျိုးများ ရစေဖွယ်၊
မိမိ သူတစ်ပါးနှစ်ဦးသား
စိတ်များ ချမ်းမြေ့ဖွယ်။
မှတ်ဖွယ်၊ ကျင့်မယ်။
မိသားစုတွေ ကောင်းကျိုးဆိုက်ဖို့
မိဘအကြိုက် လိုက်ပါမယ်။
ဥာဏ်ရည်တက်ဖွယ် စာကြိုးစားလို့
ဘိုးဘွားဆရာ ရိုသေမယ်။
ကစားချိန်ကစား စားချိန်စားလို့
အသွားအလာတော့ ဆင်ခြင်မယ်။
ဘိုးဘိုးဘွားဘွား အဖေမေများက
သားသမီးအကြိုက်လည်း လိုက်ပါကွယ်။
သူငါအကြိုက်သာ လိုက်လျောကြရင်
မနောချမ်းမြေ့ ပျော်ရွှင်ဖွယ်။
ကြိုက်တယ်၊ လိုက်မယ်။
ကြိုက်တယ်၊ လိုက်မယ်။
ငါးမာရ်အောင်မြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
အနန္တဂုဏ်အင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
ငြိမ်းအေးသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
သံသရာကယ်တင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
နိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။
ပိုင်းလော့ဆရာတော်ကြီး
နိဗ္ဗာန်နှင့်ယှဉ် မေတ္တာဝင်
တစ်ကမ္ဘာလုံးမှာ(တစ်လောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန်
မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန်
မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
နဝဓုတင်္ဂါစာရဆရာတော်ကြီး(ဟင်္သာတ)
ဆရာကြီးမြသန်းစံ
၏ ဥပေက္ခာအ၀န်းအ၀ိုင်းစာအုပ်မှ
No comments:
Post a Comment