အို၊ နာ၊
သေ သို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား
စောင့်ရှောက်သူမဲ့
ကိုးရာမဲ့ အားနွဲ့လှချည်ပါတကား
ကိုယ်ပိုင်ဥစ္စာမရှိပါ
စွန့်ကာသွားရမှာပါတကား
လိုမပြည့်ဝ
အားမရ တဏှာ့ကျွန်ချည်းပါတကား။
(မဟာစည်ဆရာတော်ကြီး)
ငါဟာ တစ်နေ့ကျရင်သေရမှာပဲ။
ငါချစ်တဲ့သူတွေလည်း
တစ်နေ့ကျရင် သေရမှာပဲ။
ငါမချစ်တဲ့သူတွေလည်း
တစ်နေ့ကျရင် သေရမှာပဲ။
ဘယ်သူမဆို
တစ်နေ့ကျရင် သေရမှာပဲ။
ငါဟာ အချိန်မရွေးသေသွားနိုင်တယ်။
ငါချစ်တဲ့သူတွေလည်း
အချိန်မရွေးသေသွားနိုင်တယ်။
ငါမချစ်တဲ့သူတွေလည်း
အချိန်မရွေးသေသွားနိုင်တယ်။
ဘယ်သူမဆို
အချိန်မရွေးသေသွားနိုင်တယ်။
(ညွှန်း - အရှင်ဆန္ဒာဓိက - မသေခင်ဘာလုပ်ကြမလဲ)
ရနံ့စုံစွာ
ပန်းမာလာလည်း မြေမှာကြွရ အနိစ္စ
နံ့သာစုံစွာ
ချယ်သပါလည်း ရှည်ကြာမရ အနိစ္စ
လှမျိုးစုံစွာပျိုကညာလည်း
အိုမှာခဏ အနိစ္စ
ပစ္စည်းစုံစွာ
လူချမ်းသာလည်း ခန္ဓာကြွေရ အနိစ္စ
မိသားစုံစွာ
မျိုးဆွေညာလည်း ကွဲကွာကြရ အနိစ္စ
ကြယ်လစုံစွာ
သူရိယာလည်း ရောင်ဝါကွယ်ပ အနိစ္စ
ဘုံနန်းစုံနေ
နတ်များတွေလည်း စုတေကြရ အနိစ္စ
အနိစ္စပင်
စိတ်မှာမြင်လျက် အစဉ်မပျက် သတိချပ်လော့။
အိုခြင်းဒုက္ခ
ဆင်းရဲလှ လုံးဝမလွတ်နိုင်
နာခြင်းဒုက္ခ
ဆင်းရဲလှ လုံးဝမလွတ်နိုင်
သေခြင်းဒုက္ခ
ဆင်းရဲလှ လုံးဝမလွတ်နိုင်
ချစ်သူတွေနဲ့
ကွဲကွာရ လုံးဝမလွတ်နိုင်
ကံပြုသမျှလိုက်နာရ
လုံးဝသူကြိုးကိုင်။
(သာမဏေကျော်)၏ရွှေလား၊
အမှိုက်လား ? စာအုပ်မှ-
မရဏာနုဿတိ
၁။ သေမယ့်အရေး၊ နေ့တိုင်းတွေး၊
ထိုတွေးကြွယ်သင့်သည်။
၂။ ငါသေရမည်၊ ငါသေမည်၊ လီလီတွေးသင့်သည်။
၃။ မသေသူက၊ ဒီလောက၊ ဘယ်မှမရှိပြီ။
၎။ လူတိုင်းပင်လျှင်၊ တစ်နေ့တွင်၊
မှန်ပင်သေရမည်။
၅။ တစ်နေ့ထက်တစ်နေ့၊ သေမယ့်နေ့၊
နီး၍လာနေပြီ။
၆။ မသေခင်လေး၊ ကုသိုလ်ရေး၊
မနှေးပြုသင့်သည်။
၇။ သေပြီးနောက်ခါ၊ ကိုယ့်နောက်မှာ၊
ဘယ်ဟာမပါပြီ။
၈။ သံသရာမှာ၊ ကိုယ့်ကံသာ၊
ကပ်ကာလိုက်ပါသည်။
၉။ မသေသေးခင်၊ ချင်းချင်းတွင်၊
ကြင်ကြင်နာနာရှိရသည်။
၁၀။ မသေသေးခင်၊ ချင်းချင်းတွင်၊
ခင်ခင်မင်မင်ရှိရသည်။
၁၁။ မသေသေးခင်၊ ချင်းချင်းတွင်၊
ကူချင်စိတ်လေး မွေးရသည်။
၁၂။ သတ္တ၀ါတိုင်းပင်၊ ထာဝစဉ်၊
သက်ရှည်ချင်ကြသည်။
၁၃။ သက်ရှည်ချင်ကြ၊ ဘယ်သူမှ၊
ဆန္ဒမပြည့်ပြီ။
၁၄။ မသေချင်ဘဲသာ၊ လူတိုင်းဟာ၊
သေကာသွားရသည်။
၁၅။ သစ်ရွက်တွေက၊ ကြွေချိန်ကျ၊
ကြွေကြရပါသည်။
၁၆။ သစ်သီးတွေက၊ ကြွေချိန်ကျ၊
ကြွေကြရပါသည်။
၁၇။ နေမင်းသော်မှ၊ ဝင်ချိန်ကျ၊
ဝင်ရပါပေသည်။
၁၈။ သတ္တဝါမှန်သမျှ၊ သေချိန်ကျ၊
သေကြရပါမည်။
၁၉။ ကုသိုလ်လီလီ၊ မသေမီ၊
သင်သည်ပြုသင့်သည်။
၂၀။ သံသရာမှာ၊ ကုသိုလ်သာ၊ ကိုယ့်မှာ
ကူညီမည်။
အသုဘ ဘာဝနာ
၁။
သေပြီးနောက်တွင်၊ မကြာခင်၊ ကိုယ်တွင်ပုပ်လာသည်။
၂။
သွေးပုပ်တွေယို၊ ပြည်တွေယို၊ ဒီကိုယ်ရွံကြပြီ။
၃။
ပုပ်နံ့ထွက်ရင်၊ မိဘပင်၊ နားတွင်မကပ်ပြီ။
၎။
ပုပ်နံ့ထွက်ရင်၊ ဇနီးပင်၊ နားတွင်မကပ်ပြီ။
၅။
ပုပ်နံ့ထွက်ရင်၊ သမီးပင်၊ နားတွင်မကပ်ပြီ။
၆။
ပုပ်နံ့ထွက်ရင်၊ ချစ်သားပင်၊ နားတွင်မကပ်ပြီ။
၇။
ပုပ်နံ့ထွက်ရင်၊ ချစ်လင်ပင်၊ နားတွင်မကပ်ပြီ။
၈။
ပုပ်နံ့ထွက်က၊ လူတိုင်းက၊ ဝေးမှ ရှောင်ကြပြီ။
၉။
သေသွားသောခါ၊ ဒီလိုသာ၊ မှန်စွာဖြစ်လာမည်။
၁၀။
မသေသေးခင်၊ နေ့စဉ်တွင်၊ မစင်ယိုထွက်သည်။
၁၁။
မသေခင်ပင်၊ ဒီကိုယ်တွင်၊ နေ့စဉ် ဆီးထွက်သည်။
၁၂။
မျက်ချေး၊ နှပ်ချေး၊ သွားချေး၊ နဖာချေး၊ ညစ်ကြေးချွေးထွက်သည်။
၁၃။
မသေသေးခင်၊ ရွံဖွယ်ပင်၊ နေ့စဉ်ယိုထွက်သည်။
၁၄။
ရွံဖွယ်တွေထွက်၊ ထိုအချက်၊ ရှုကွက်ဖြစ်ပါသည်။
၁၅။
ထိုရှုကွက်ရှု၊ နေ့စဉ်ပြု၊ အသုဘ ဘာဝနာဖြစ်ပါသည်။
၁၆။
ကိုယ့်ကိုယ်ကိုယ်ဝယ်၊ သူ့ကိုယ်ဝယ်၊ အတွယ်ကင်းလာမည်။
၁၇။
အမှန်မမြင်၊ ကိုယ်ပေါ်တွင်၊ ခုံမင်နေတော့သည်။
၁၈။
အရှိတိုင်းသာ၊ ရှုမြင်ကာ၊ ခါခါသိသင့်သည်။
၁၉။
အရှိတိုင်းသာ သိမြင်လာ တဏှာကင်းကွာသည်။
၂၀။
တဏှာကင်းမှ၊ ဒုက္ခက လွတ်ရပါပေမည်။
(သာမဏေကျော်)
thanks
ReplyDelete