Friday, February 10, 2017

ဓမ္မပဒအဖော်မွန် ၁

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဓမ္မပဒအဖော်မွန် - ၁
မြတ်ဗုဒ္ဓ၏ဓမ္မပဒ ၁။ ယမကဝဂ္ဂ၊  အစုံအစုံ

စိတ်သာရှင်စော ဘုရားဟော ( ဓ- ၁ )
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ)
အစဉ်တစိုက် လိုက်ပါနေပါတယ်။
လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။

၁. စက္ခုပါလတ္ထေရဝတ္ထု (၁)
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

i 1. Yamakavagga: Pairs 1. Mind precedes all mental states. Mind is their chief; they are all mind-wrought. If with an impure mind a person speaks or acts, suffering follows him like the wheel that follows the foot of the ox.

စိတ်ထားတတ်မှ အမြတ်ရ ( ဓ- ၂ )
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ကြည်လင်သန့်ရှင်း အပြစ်ကင်းတဲ့စိတ်၊ ကောင်းမြတ်တဲ့စိတ်နဲ့
(တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့ နောက်ကို ချမ်းသာသုခတွေဟာ
(အခွင့်သာတဲ့အခါ ကောင်းကျိုးပေးဖို့ရာ)
အေးမြတဲ့အရိပ်ပမာ အစဉ်တစိုက် လိုက်ပါနေပါတယ်။

၂. မဋ္ဌကုဏ္ဍလီဝတ္ထု (၂)
မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ ။

2. Mind precedes all mental states. Mind is their chief; they are all mind-wrought. If with a pure mind a person speaks or acts, happiness follows him like his never-departing shadow. A  d A

မာန်ထူ - ရန်ပူ ( ဓ- ၃ )
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။
ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်--
ဒီလို (နှလုံးသွင်းပြီး) ရန်ငြိုးဖွဲ့သူတွေမှာ ရန်မီး မငြိမ်းအေးနိုင်ပါဘူး။

၃. တိဿတ္ထေရဝတ္ထု (၃၊ ၄)
အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ  မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

3. “He abused me, he struck me, he overpowered me, he robbed me.”
Those who harbor such thoughts do not still their hatred.
ရန်ငြိုးကင်းဝေး ငြိမ်းအေးပါစေ ( ဓ- ၄ )
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။
ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်--
ဒီလို (နှလုံးမသွင်း) ရန်ငြိုးမဖွဲ့သူတွေမှာ ရန်ငြိုးကင်းဝေး ငြိမ်းအေးကြပါတယ်။

၎. အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

4. “He abused me, he struck me, he overpowered me, he robbed me.”
Those who do not harbor such thoughts still their hatred.

ရန်တုံ့မမူ ငြိမ်းအေးသူ ( ဓ- ၅ )
ဒီလောကမှာ ရန်ကို ရန်နဲ့ တုံ့ပြန်တဲ့အတွက် ဘယ်တော့မှ မငြိမ်းချမ်းနိုင်ပါဘူး။
ရန်မတုံ့ပြန်မှ ရန်ငြိမ်းအေးရပါတယ်။
ဒီ(ရန်မလို ရန်ပြိုခြင်း) ဟာ
(ဘုရားရှင်အစရှိတဲ့ သူတော်ကောင်းတွေရဲ့)
ရှေးအစဉ်အလာ လောကဓမ္မတာ တရားပါပဲ။

၅. ကာဠယက္ခိနီဝတ္ထု (၅)
န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

5. Hatred is never appeased by hatred in this world.
By non-hatred alone is hatred appeased. This is a law eternal.

t s t
w
a d
မာန်ရှိ - ရန်ပိ ( ဓ- ၆ )
လူမိုက်တွေဟာ ‘ ငါတို့သေရဦးမှာ ’ လို့ မသိမြင် (မဆင်ခြင်)တဲ့အတွက်
ငြင်းခုံ ရန်ဖြစ်နေကြတာ။
ပညာရှိတွေကတော့ သေခြင်းတရားကို သိမြင်တဲ့အတွက် ရန်ငြိမ်းအေးကြပါတယ်။

၆. ကောသမ္ဗကဝတ္ထု (၆)
ပရေ စ န ဝိဇာနန္တိ၊ မယမေတ္ထ ယမာမသေ။
ယေ စ တတ္ထ ဝိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

6. There are those who do not realize that one day we all must die.
But those who do realize this settle their quarrels.

စိတ်အားငယ်သူ ( ဓ- ၇ )
ချောလိုက်တာ၊ လှလိုက်တာ၊
တင့်တယ်လိုက်တာ (ငြိတွယ်မက်မောစရာ) လို့ အထပ်ထပ်ရှုမြင်နေသူ၊
ဣနြေ္ဒ(၆)ပါး (မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်) ကို မစောင့်ထိန်းသူ၊
အစားအသုံးမှာ အတိုင်းအတာမသိသူ၊ ပျင်းရိပြီး ဝီရိယညံ့ဖျင်းသူကို
ကိလေသာမာရ် ကိုယ်တွင်းရန်က လွှမ်းမိုးနှိပ်စက် သတ်ဖြတ်ပစ်ပါတယ်။
လေ(မုန်တိုင်း) ဟာ အားနည်းတဲ့သစ်ပင်ကို လှဲဖြိုလိုက်သလိုပါပဲ။

၇. မဟာကာဠတ္ထေရဝတ္ထု (၇၊ ၈)
သုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု အသံဝုတံ။
ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီနဝီရိယံ။
တံ ဝေ ပသဟတိ မာရော၊ ဝါတော ရုက္ခံဝ ဒုဗ္ဗလံ။

7. Just as a storm throws down a weak tree, so does Mara overpower the man who lives for the pursuit of pleasures, who is uncontrolled in his senses, immoderate in eating, indolent, and dissipated.

စိတ်အားရှိသူ ( ဓ- ၈ )
ပုပ်ဟောင်နံညှီ မသတီစရာ ရွံစရာ မတင့်တယ်ပါလား…လို့အထပ်ထပ်ရှုမြင်နေသူ၊
ဣနြေ္ဒ(၆)ပါး (မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်) ကို စောင့်ထိန်းသူ၊
အစားအသုံးမှာ အတိုင်းအတာသိသူ၊ သဒ္ဓါတရားရှိသူ၊ ဝီရိယ အားရှိသူ ကို
ကိလေသာမာရ် ကိုယ်တွင်းရန်က မလွှမ်းမိုး၊ မနှိပ်စက်နိုင်ပါဘူး။
မသတ်ဖြတ်နိုင်တော့ပါဘူး။
လေ(ပြေညင်း) ဟာ ကျောက်တောင်ကြီးကို မလှဲဖြိုနိုင်သလိုပဲပေါ့။

၈. အသုဘာနုပဿိံ ဝိဟရန္တံ၊ ဣန္ဒြိယေသု သုသံဝုတံ။
ဘောဇနမှိ စ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓဝီရိယံ။
တံ ဝေ နပ္ပသဟတိ မာရော၊ ဝါတော သေလံဝ ပဗ္ဗတံ။

8. Just as a storm cannot prevail against a rocky mountain, so Mara can never overpower the man who lives meditating on the impurities, who is controlled in his senses, moderate in eating, and
filled with faith and earnest effort.

ရဟန္တာအသွင်ဆောင်ရင် ရဟန္တာဖြစ်အောင်ပြင်ဆင် ( ဓ- ၉ )
ဣနြေ္ဒ(၆)ပါး ကို မစောင့်ရှောက်သူ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ကို မထိန်းသိမ်းသူ)၊ စကားမှန်ကို မပြောဆိုသူ၊
ကိလေသာဆိုးဆေးရည်တွေ ညစ်ပေစွန်းထင်းနေသူဟာ
(ရဟန္တာအရှင်မြတ်တွေရဲ့) ဆင်မြန်းဝတ်ရုံစရာ သင်္ကန်းနှင့် မထိုက်တန်ပါ။

၉. ဒေဝဒတ္တဝတ္ထု (၉၊ ၁ဝ)
အနိက္ကသာဝေါ ကာသာဝံ၊ ယော ဝတ္ထံ ပရိဒဟိဿတိ။
အပေတော ဒမသစ္စေန၊ န သော ကာသာဝမရဟတိ။

9. Whoever being depraved, devoid of self-control and truthfulness, should don the monk’s yellow robe, he surely is not worthy of the robe.

အဝတ်မြတ်နဲ့  ထိုက်တန်သူ ( ဓ- ၁၀ )
စိတ်ထားကောင်းပြီးသီလရှိသူ၊ ဣနြေ္ဒ(၆)ပါး ကို စောင့်ရှောက်သူ၊ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ကို ထိန်းသိမ်းသူ)၊ စကားမှန်ကို ပြောဆိုသူ၊
ကိလေသာဆိုးဆေးရည်တွေကို ထွေးအန်စွန့်ပယ်သူဟာ
သင်္ကန်းနှင့် ထိုက်တန်ပါတယ်။

၁၀. ယော စ ဝန္တကသာဝဿ၊ သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန၊ သ ဝေ ကာသာဝမရဟတိ။

10. But whoever is purged of depravity, well established in virtues and filled with self-control and truthfulness, he indeed is worthy of the yellow robe.

မသိ - မရှိ ( ဓ- ၁၁ )
အနှစ်မဲ့တာကို အနှစ်ရှိတယ်လို့ ယူဆပြီး၊
အနှစ်ရှိတာကို အနှစ်မဲ့တယ်လို့ ယူဆသူတွေဟာ
မှားယွင်းတဲ့တွေးကြံမှုမှာ အာရုံပြုနေတာကြောင့် အနှစ်သာရကို မရနိုင်ကြပါဘူး။
(အတွေးမှားမှာ ကျက်စားသွားလာနေလို့ အနှစ်သာရဆီ မရောက်နိုင်ကြပါဘူး)

၁၁. သာရိပုတ္တထ္ထေရဝတ္ထု (၁၁၊ ၁၂)
အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

11. Those who mistake the unessential to be essential and
the essential to be unessential, dwelling in wrong thoughts, never arrive at the essential.

အနှစ်စစ်သိမှ - အနှစ်စစ်ရှိမှာ ( ဓ- ၁၂ )
အနှစ်ရှိတာကို အနှစ်ရှိတယ်၊
အနှစ်မဲ့တာကို အနှစ်မဲ့တယ် လို့ သိမြင်သူတွေဟာ
မှန်ကန်တဲ့ တွေးကြံမှုမှာ အာရုံပြုနေတာကြောင့် အနှစ်သာရကို ရနိုင်ကြပါတယ်။
(အတွေးမှန်မှာ ကျက်စားသွားလာနေလို့ အနှစ်သာရဆီ ရောက်နိုင်ကြပါတယ်)

၁၂. သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

12. Those who know the essential to be essential and
the unessential to be unessential,
dwelling in right thoughts, do arrive at the essential.
မလုံခြုံတဲ့စိတ် ( ဓ- ၁၃ )
ကောင်းကောင်းမမိုးထားတဲ့ အမိုးမလုံ အဆောက်အအုံကို
မိုးရေတွေ ထိုးဖောက်ဝင်ရောက်ပါတယ်။ ဒီလိုပါပဲ။
ဘာဝနာမပွားထုံတဲ့စိတ်ကို ကိလေသာရာဂဟာ ထိုးဖောက်ဝင်ရောက်ပါတယ်။

၁၃. နန္ဒထ္ထေရဝတ္ထု (၁၃၊ ၁၄)
ယထာ အဂါရံ ဒုစ္ဆန္နံ၊ ဝုဋ္ဌီ သမတိဝိဇ္ဈတိ။
ဧဝံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

13. Just as rain breaks through an ill-thatched house,
so passion penetrates an undeveloped mind.

လုံခြုံတဲ့စိတ် ( ဓ- ၁၄ )
ကောင်းကောင်းမိုးထားတဲ့ အမိုးလုံအဆောက်အအုံကို
မိုးရေတွေ မထိုးဖောက်နိုင်ပါဘူး။ ဒီလိုပါပဲ။
ဘာဝနာ ကောင်းကောင်းပွားထုံထားတဲ့စိတ်ကို
ကိလေသာရာဂဟာ မထိုးဖောက်နိုင်ပါဘူး။

၁၄. ယထာ  အဂါရံ သုစ္ဆန္နံ၊ ဝုဋ္ဌီ န သမတိဝိဇ္ဈတိ။
ဧဝံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ န သမတိဝိဇ္ဈတိ။

14. Just as rain does not break through a well-thatched house,
so passion never penetrates a well-developed mind.

ခုရောနောင်ပါ ပင်ပန်းတာ ( ဓ- ၁၅ )
မကောင်းမှုပြုသူဟာ ဒီဘဝမှာလည်း စိုးရိမ်ရပါတယ်။
နောင်ဘဝမှာလည်း စိုးရိမ်ရပါတယ်။
ပစ္စုပ္ပန် တမလွန် နှစ်ခုလုံးမှာ စိုးရိမ်ရပါတယ်။
ကိုယ့်ရဲ့ညစ်နွမ်းမှုကို တွေ့မြင်ရတိုင်း စိုးရိမ်ပူဆွေးရပါတယ်။ ပင်ပန်းလိုက်တာ!!

၁၅. စုန္ဒသူကရိယဝတ္ထု (၁၅)
ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

15. The evil-doer grieves here and hereafter;
He grieves in both the worlds. He laments and is afflicted,
recollecting his own impure deeds.

Search box တွင်ရှာရန် - ဓမ္မပဒအဖော်မွန်
ဓမ္မပဒအတွေးအမြင် ဟု ရိုက်ပြီးဖတ်ရှုနိုင်ပါသည်။

ခုရောနောင်ပါ ရွှင်လန်းတာ ( ဓ- ၁၆ )
ကောင်းမှုပြုသူဟာ ဒီဘဝမှာလည်း ဝမ်းသာရပါတယ်။
နောင်ဘဝမှာလည်း ဝမ်းသာရပါတယ်။
ပစ္စုပ္ပန် တမလွန် နှစ်ခုလုံးမှာ ဝမ်းသာရပါတယ်။
ကိုယ့်ရဲ့ ဖြူစင်သန့်ရှင်းအပြစ်ကင်းမှုကို တွေ့မြင်ရတိုင်း ဝမ်းသာကြည်နူးကျေနပ်ရပါတယ်။ ရွှင်လန်းလိုက်တာ !!

၁၆. ဓမ္မိကဥပါသကဝတ္ထု (၁၆)
ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မဝိသုဒ္ဓိမတ္တနော။

16. The doer of good rejoices here and hereafter;
he rejoices in both the worlds. He rejoices and exults,
recollecting his own pure deeds.

တွေး - ဆွေး ( ဓ- ၁၇ )
မကောင်းမှုပြုသူဟာ ဒီဘဝမှာလည်း ပူပန်ဆင်းရဲပါတယ်။ နောင်ဘဝမှာလည်း ပူပန်ဆင်းရဲပါတယ်။ ခုရော နောင်ပါ ပူပန်ဆင်းရဲပါတယ်။
‘ ငါဟာ မကောင်းမှုကို ပြုမိလေခြင်း ’ လို့ ...
ဒီလို တွေးတွေးပြီး စိုးရိမ်ပူဆွေး ဆင်းရဲပါတယ်။
အပါယ်လေးဘုံကို ရောက်ရတဲ့အခါ အလွန်အင်မတန် ပူပန်ဆင်းရဲရပါတယ်။

၁၇. ဒေဝဒတ္ထဝတ္ထု (၁၇)
ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။
‘‘ပါပံ မေ ကတ’’န္တိ တပ္ပတိ၊ ဘိယျော  တပ္ပတိ ဒုဂ္ဂတိံ ဂတော။

17. The evil-doer suffers here and hereafter; he suffers
in both the worlds. The thought, “Evil have I done,” torments him,
and he suffers even more when gone to realms of woe.

တွေး - ပျော် ( ဓ- ၁၈ )
ကောင်းမှုပြုသူဟာ ဒီဘဝမှာလည်း နှစ်သက်ရွှင်လန်းပါတယ်။
နောင်ဘဝမှာလည်း နှစ်သက်ရွှင်လန်းပါတယ်။
ခုရော နောင်ပါ နှစ်သက်ရွှင်လန်းပါတယ်။
‘ ငါဟာ ကောင်းမှုကို ပြုပြီးပြီ ’ လို့ ....
ဒီလို တွေးတွေးပြီး နှစ်သက်ဝမ်းမြောက် ရွှင်လန်းပါတယ်။
သုဂတိဘုံဘဝမှာ ဖြစ်ရတဲ့အခါ အလွန်အင်မတန် နှစ်သက်ရွှင်လန်းရပါတယ်။

၁၈. သုမနဒေဝီဝတ္ထု (၁၈)
ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။
‘‘ပုညံ မေ ကတ’’န္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

18. The doer of good delights here and hereafter; he delights in both the worlds. The thought, “Good have I done,” delights him, and he delights even more
when gone to realms of bliss.

မကျင့်ရင် မကျန် ( ဓ- ၁၉ )
အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော် တရားဓမ္မတွေကို
များများ သင်ကြားဟောပြောနေပေမယ့်
ယစ်မူးမေ့လျော့ပေါ့ဆပြီး တရားနှလုံးမသွင်းရင်၊ ဘာဝနာအားမထုတ်ရင်၊
တရားမကျင့်ကြံသူဟာ ရဟန်းပြုခြင်းရဲ့ အကျိုးဝေစုဖြစ်တဲ့
မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ပါဘူး။
သူတပါးရဲ့ နွားတွေကို ရေတွက်နေတဲ့ နွားကျောင်းသားလိုပေါ့။
( နွားနို့အရသာ နွားကျောင်းသား မခံစားရသလိုပဲပေါ့။ )

၁၉. ဒွေသဟာယကဘိက္ခုဝတ္ထု (၁၉၊ ၂ဝ)
ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ  ဂါဝေါ ဂဏယံ ပရေသံ၊ န ဘာဂဝါ သာမညဿ ဟောတိ။

19. Much though he recites the sacred texts, but acts not accordingly,
that heedless man is like a cowherd who only counts
the cows of others—
he does not partake of the blessings of the holy life.

Y

သိပြီးကျင့်သုံး အမြတ်ဆုံး ( ဓ- ၂၀ )
အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော်တရားဓမ္မတွေကို
နည်းနည်းပဲ သင်ကြားဟောပြောပေမယ့်လည်း
တရားနဲ့အညီ ကျင့်သုံးအားထုတ်ရင်
ရာဂ၊ ဒေါသ၊ မောဟ ကိလသောတွေ ကို စွန့်ပယ်နိုင်ပါတယ်။
သတိပညာနဲ့ ကောင်းကောင်းသိမြင်ပြီး ကောင်းကောင်း လွတ်မြောက်တဲ့စိတ်ရှိလို့
ဒီလောက ကိုရော၊ အခြားလောက ကိုပါ မငြိတွယ် မစွဲလမ်းဘဲ
မဂ်ဖိုလ်နိဗ္ဗာန်အကျိုးစုနဲ့ ပြည့်စုံပါတယ်။
(( ဒီလောက - ဒီဘဝ၊ အခြားလောက - နောင်ဘဝ။
ဒီလောက - အတွင်း ခန္ဓာ အာယတန ဓာတ်၊ အခြားလောက - အပြင် ခန္ဓာ အာယတန ဓာတ်။))

၂၀. အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ၊ သ ဘာဂဝါ သာမညဿ ဟောတိ။

20. Little though he recites the sacred texts, but puts the Teaching into practice, forsaking lust, hatred, and delusion,
with true wisdom and emancipated mind, clinging to nothing of this or any other world—he indeed partakes of the blessings of a holy life.

((မှတ်စု ၁ ။ ။ ဓမ္မကို အဖော်ပြုမှ ထာဝရ ချမ်းသာမည်။
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် စွမ်းအားတက်၏။))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

No comments:

Post a Comment