တ တစ်
မြန်မာစာမှာ အရေအတွက်ပြ "တစ်"နဲ့ ပုဒ်ပြောင်းပစ္စည်း "တ"ပြဿနာက နည်းနည်းထွေးတယ်နော်။
တစ် နဲ့ တ အသုံးကွဲဖို့ လေ့လာတုန်းက
"တ" အဘိဓာန်
့
တကူးတက အချိန်ယူပြီးတော့များ
တမင်သက်သက် ပြောရတယ်လို့
တမင်တကာကြီးများ
တလွဲတွေ လုပ်နေရော့သလား
တမြန်မနေ့ ကလဲမဟုတ်
တမြန်မနှစ်ကလည်း မဟုတ်
တမေ့တမြောကြီးကို
တနင့်တပိုးစား
တစွတ်စွတ်စားရင်းကြားက
တများများကျနေဆဲ သွားရည်တွေသာ
တမြမြသောက်ရင်း ဇိမ်ယစ်လိုက်တော့။
တရွတ်တိုက်ဆွဲလာတဲ့ သိက္ခာများ
တလိမ့်ခေါက်ကွေးကျတော့ရော ဆန်းလား။
တယောင်တဆောင်ထားရမည့် ကိုယ်ကျင့်တရား
တရှောင်ရှောင်ဖြစ်နေတာလည်း နာတာရှည်
တလှောင်းလှောင်း ယင်တွေအုံလို့
တထောင်းထောင်းထနေတဲ့ အပုပ်နံ့
တဖျစ်တောက်တောက် ပြောမနေတော့ပါဘူး။
တဖျင့်တစ်ပါး ဖြေရှင်းချက်တွေနဲ့
တသီတတန်း ပြဿနာတွေက
တငွေ့ငွေ့လောင်နေတာ မဟုတ်ဘူး
တဟုန်းဟုန်းတောက်နေတာ။
တစိမ့်စိမ့် တွေးကြည့်မှ အမူအကျင့်တွေက
တထေရာတည်းတူတယ်။
တကယ့်။
"တစ် အဘိဓာန်"
့
တစ်ပင်တိုင်မင်းသားကြီးတွေ
တစ်ကိုယ်ကောင်းစိတ်နဲ့
တစ်ကိုယ်တော် တစ်ဇွတ်ထိုးကနေတဲ့
တစ်ခန်းမှမရပ်တဲ့ ပြဇာတ်အမည်
တစ်နပ်စားဉာဏ် တဲ့။
တစ်သက်လုံးပဲပေါ့
တစ်ယူသန်သမားတွေ
တစ်ယောက်တစ်ပေါက်ပြော
တစ်သိုက်တစ်ဝန်းစုစည်း
တစ်ဖက်စီးနင်းလုပ်ပြီး
တစ်ပတ်လိမ့် တစ်ပတ်ရိုက်
တစ်ပုံတစ်ခေါင်းပြဿနာတွေကို
တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖန်တီး
တစ်စတစ်စ တစ်ရှိန်ထိုး
တစ်မဟုတ်ချင်းတိုးလာတဲ့ စိတ်ပျက်စရာတွေ
တစ်စွန်းတစ်စ ကြားနေရတာပဲ။
တစ်ဖက်လှည့်နဲ့ တစ်ရေခံစီမံကိန်းတွေ
တစ်ချက်လွှတ် ဆုံးဖြတ်နေကြတုန်း။
တစ်မျှော်တစ်ခေါ်အဝေးကြီးက ပန်းတိုင်အကြောင်းမပြောဘဲ
တစ်ခါတစ်လေများ
တစ်အောင့်တစ်နား နားတော်မူကြပါဦး။
တနှင့်တစ် အသုံးမမှားဖို့ပါ။
ကိုရင်သန့်
တစ် ကို အရေအတွက်မှာသုံးတယ်
တ ကို ဆက်တိုက်သဘောမှာ သုံးတယ်
တသွားတည်းသွားကြတာ
စကားတပြောပြော
ရေတသွင်သွင်
တစ်ခါတလေ လား တစ်ခါတစ်လေ လား
တစ်ခါတလေ ဆိုတာ တစ်ခါတခါ
မကြာခဏ ပါ
ရှေ့  တစ်ခါ ဆိုတာ လုပ်တဲ့အကြိမ်ကိုအထူးပြုထင်တယ်
နောက် က တလေ က နောက်ထပ်နောက်ထပ်ပြုလုပ်ပုံကိုပြတာ
မြန်မာသတ်ပုံကျမ်းမှာတောင်လွဲနေတာတွေရှိတယ်
ဥပမာ - ကြမ်းတပြေးတည်းကို
ကြမ်းတစ်ပြေးတည်း လို့ ရေးထားတယ်
ဗိုလ်တထောင် ကျတော့ ဗိုလ်တစ်ထောင်မရေးဘူး
တပင်ရွှေထီး ကို တစ်ပင်ရွှေထီးလို့
မရေးပြန်ဘူး
စဉ်းစားကြည့်တော့ မြန်မာစာ " တ" တစ်လုံးတည်းရဲ့ အဓိပ္ပါယ်မှာ
တစ် ဆိုတဲ့ အဓိပ္ပါယ် မထွက်ဘူး
က ဆိုရင် သူအဓိပ္ပါယ် နဲ့သူ
ခ လည်း ခခယယ
င - နာမည်ရှေ့ ထား
စ - လာမစ နဲ့
ဆ.- လက်ဆ ချိန်တဲ့သဘော
တ - တမ်းတမ်းတတ
အမြဲ သတိရ ဆိုတဲ့ အနက်ရှိတယ်
တ - အမြဲ ဆက်တိုက် သဘောပဲ
တစ် နဲ့ သဘောတူကြောင်းမရှိပါ
ရန်လင်းအောင်
No comments:
Post a Comment