သစ်ပင်ဟာမလဲမချင်း သစ်ပင်ခုတ်တဲ့လူကိုအရိပ်ပေးသွားတယ်။
အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကိုမကျွမ်းမချင်းအမွှေးနံ့သာပေး
သွားတယ်။ ဘုရားလောင်းစတဲ့ သူတော်ကောင်းတွေဟာ မသေမချင်းကိုယ့်ကိုနိုပ်စက်
တဲ့ရန်သူကိုတောင် အကျိုးဆောင်သွားတယ်။
ဘုရားလောင်းမျောက်မင်းဟာ မုဆိုးတစ်ဦးချောက်ထဲကျနေ
တာ ကယ်ထုတ်ခဲ့တယ်။ သယ်ဆောင်ဖို့နိုင်မနိုင် စမ်းသပ်တဲ့
အနေနဲ့ မုဆိုးရဲ့ကိုယ်အလေးချိန်နဲ့အမျှ ကျောက်တုံးတစ်တုံး
ကိုထမ်းပြီး ခုန်တက်ပြီးမှမုဆိုးကိုမချီပြီး ကယ်တင်တာ။
နှစ်ကြိမ်တောင်ခုန်လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့
ပေါင်ပေါ်မှာခေါင်းမှီပြီးနားနေရတယ်။
အဲဒီမှာမုဆိုးကစဉ်းစားတယ်။ အိမ်ပြန်ရင်ဟင်းစားမပါဘူး။
မျောက်သားဟင်းစားရအောင်ဆိုပြီးမျောက်မင်းရဲ့ဦးခေါင်း
ကိုခဲနဲ့ထုတယ်။ အသက်သခင်ကိုတောင်ယုတ်ယုတ်မာမာ
ကြံစည်ရက်တယ်။ မျောက်မင်းဦးခေါင်းကွဲသွားတယ်။
မျောက်မင်းက စဉ်းစားတယ်။ ဒီမုဆိုး သေတွင်းက
လွတ်ပေမယ့် တောထဲမှာမျက်စိလည်ပြီး ကျားစာဖြစ်
တော့မှာပဲ။ မသေအောင်လမ်းပြဦးမှပဲလို့တွေးပြီး
မုဆိုး ငါသစ်ပင်ပေါ်ကလမ်းပြပေးသွားမယ်။ ငါ့သွေး
စက်ကျတဲ့လမ်းအတိုင်းလိုက်ခဲ့ဆိုပြီး ရွာစပ်နားအထိ
လိုက်ပို့ပေးလိုက်တယ်။
သူတော်ကောင်းဆိုတာ ကိုယ့်ကိုသတ်တဲ့ရန်သူကို
တောင် သွေးနဲ့ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်
ပေးတယ်။ အဲဒီလိုဆောင်ရွက်နိုင်အောင်မသေမချင်း
သူတော်ကောင်းစိတ်မွေးပေးရတယ်။
အများအားဖြင့် သူတော်မှကိုယ်ကကောင်းကြတာ။
သူတော်မှ ကိုယ်ကကောင်းတာ သူတော်ကောင်းမဟုတ်
ဘူး။ သူတော်ကောင်းဆိုတာ သူတော်တော် မတော်တော်
ကိုယ်ကတော်မှ သူတော်ကောင်းဖြစ်တာ။
လူကောင်းစိတ်ကောင်း ဥာဏ်ကောင်းဖြစ်ရအောင်
အားထုတ်ကြရတာ။ ဥာဏ်ကောင်းဖြစ်သွားရင်
ယုတ်ညံ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ လစ်ရင်
လစ်သလို အခွင့်သာရင် သာသလိုထင်တိုင်းကြဲချင်
တဲ့စိတ်မရှိတော့ဘူး။
လောဘ ဒေါသ အယုတ်တမာတွေကို လက်မခံရ
ဘူး။ မွေးမြူရေးမလုပ်ပဲပယ်နိုင်အောင်ကြိုးစားကြ
ရမယ်။ ဘုရားသာသနာနဲ့အခွင့်အခါကြုံတဲ့အခါ
သာသနာနဲ့စပ်တဲ့ကုသိုလ်အထွတ်အမြတ်တွေကို
လေးလေးစားစား တန်ဖိုးထားပြီး လက်လှုပ်တိုင်း
ခေါင်းလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း ကုသိုလ်ရအောင်
တန်ဖိုးထားရမယ်။
လူကောင်းစိတ်ကောင်းဥာဏ်ကောင်းဖြစ်အောင်
အားထုတ်နိုင်ကြပြီး ဥာဏ်ကောင်းကပို့ဆောင်
သည့် နိဗ္ဗာန်သို့ အမြန်ဆုံးမျက်မှောက်ပြုနိုင်ကြပါ
စေ။
ရွှေဥမင်ဆရာတော်ကြီး
ခင်ဧ (စက်မှု)
မြတ်မင်္ဂလာစာစောင်
၂၀၁၃ခုနှစ်၊ ဧပြီလ။
No comments:
Post a Comment