Sunday, August 26, 2012

ရှားစောင်းလက်ပတ်အစွမ်းအံ့မခန်း



    ရှားစောင်းလက်ပတ်ရည် သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက  အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ်္တိများ ကြွယ်ဝ ပါသည်။(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

လေ့လာချက်များအရ
● ဆီး ၊ ၀မ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊
● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊
● အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။
ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမ၀င်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ၀င်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ၀င်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။
 ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။
နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။
အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။
 မျက်နှာပေါ်မှအမဲစက်များအတွက်
 ပျိုမေများရာသီမမှန်လို့  မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင်  ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။ 
မှတ်စုစာအုပ်ဘလော့ဂ်မှ ကူးယူတင်ပြပါသည်။

ရှားစောင်းလက်ပတ် နှင့်ကျန်းမာရေးအပိုင်း-(၁) (HERBAL MEDICINE)

  • Posted by Ye latt on July 3, 2012 at 6:41pm
အလွန်အစွမ်းထက်သောအပင်ဖြစ်ပါသည်။မြန်မာပြည်တွင်ပေါများပါသည်။
ကျွန်ုပ်၏မိတ်ဆွေတဦးဖြစ်သူ တပ်မတော်အရာရှိတစ်ဦးမှာ မိုင်းဒါဏ်ရာရသဖြင့်
ရှေ့တန်းမှစစ်ဆေးရုံ(မင်္ဂလာဒုံ)သို့ ပို့ဆောင်စဉ် လမ်းတွင် တိုက်ပွဲများဆက်ဖြစ်နေသဖြင့်

(၃၈)ဖြာ မင်္ဂလာကဗျာများ (ဒဂုန်ဦးထွန်းမြင့်)


ယံမင်္ဂလံ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်းဘယ်ဟာ မင်္ဂလာစစ်ဟု
သေချာဇာစ်မြစ်မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား ၀ါဒများ ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။

ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး ကပ်ရန်


ဆွမ်းတော်ကပ်ရန်


ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ
စကြ၀ဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား
ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို
ဖြူစင်သဒ္ဓါ စေတနာဖြင့်
ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။

ဆုတောင်း
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို
ပေးလှူပါရ ဤပုညကြောင့်
ဘ၀တိုင်းဝယ် ပညာကြွယ်လျှက်
မြနှယ်ရွှေနှင့် အနေတင့်
အဆင့်ဆင့်မြင့်ရလို ***

Wednesday, August 22, 2012

နနွင်းအစွမ်းအံ့မခန်း (သားအိမ်ကင်ဆာ ပျောက်စေရာ)


နနွင်းအစွမ်းအံ့မခန်း (သားအိမ်ကင်ဆာ ပျောက်စေရာ)

          ပြောပြရင်တော့ ယုံနိုင်ဖွယ်မရှိ။
          ကြက်ကန်း ဆန်အိုးတိုးသည် ဟု ဆိုချင်ဆိုပါ။ ကျွန်တော်သည် ဆေးရုံမှ လက်လျှော့ခဲ့ရသည့် “သားအိမ်ကင်ဆာ ရောဂါသည်”  မိန်းကလေးတစ်ယောက်ကို ကုဖူးပါသည်။ အံ့ဖွယ်ပျောက်ကင်းချမ်းသာသွားပါသတည်း။ သူ့အကြောင်းကို ပြောပြရသော သူ့အမည်က “မခင်သီ” တဲ့။
          မခင်သီ။
          မခင်သီ အသက် ၂၅ နှစ်လောက် ရှိပါပြီ။ မခင်သီနှင့်တွေ့ရပုံက ဒီလိုပါ။
တစ်နေ့သောအခါ စာရေးသူသည် မန္တလေးသို့ ရောက်သွား၏။ ထုံးစံအတိုင်း ကာတွန်းမောင်ကံချွန်နှင့် ဗိုလ်မောင်တို့ အိမ်မှာ တည်းပါသည်။ ညတိုင်း ကာတွန်းမောင်ကံချွန်က ရုပ်ပြတွေဆွဲ၏။ ကျွန်တော်က အနီးအနားမှ လူငယ်တစ်သိုက်နှင့် ရယ်စရာ၊ မောစရာ၊ စာအကြောင်း၊ ပေအကြောင်း သောင်းပြောင်းထွေလာ ပြောမိ၏။ ထိုလူငယ်များထံမှ မောင်ကျော်ဝေ မည်သော လူငယ်လေးတစ်ယောက်က -
          “ အစ်ကို--- အစ်ကိုက ခရီးသွားဆေးသမား ဆိုတော့ အစ်ကို့ကို လူနာတစ်ယောက်လောက် လိုက်ပြချင်လို့”
“ဘာရောဂါလဲ”
“သားအိမ်ကင်ဆာအစ်ကို”

ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေး


ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေး
          ကွယ်လွန်သူ သမားတော်ကြီး ဒေါက်တာဘသန်းက ကျွန်တော့်ကို ပြောဖူးသည်။
          “ ခေတ်ပေါ်ဆေးတွေက အစွမ်းထက်လှပါတယ်။ သိုပေမယ့် မလိုလားအပ်တဲ့ အာနိသင်အပိုတွေ ပါလာတတ်တယ်။ ဆရာကိုယ်တိုင် ကိုက်ခဲလို့ ဒယ်လဘင် ဗူဒါဇိုဒင်း ကို သောက်တယ်။ အကိုက်အခဲ ချက်ချင်းပျောက်တယ်။ သို့ပေမယ့် ဗိုက်နာဗိုက်အောင့် ဖြစ်ကျန်ရစ်ခဲ့တယ်။
          ဗိန္ဓောဆေးနှင့် အင်္ဂလိပ်ဆေးကို နှိုင်းယှဉ်ကြည့်သောအခါ နွားချေးဟူသော သဘာဝမြေသြဇာနှင့် ဓါတုဗေဒဓါတ်မြေသြဇာ ခြားနားပုံကို ကျွန်တော်သတိ၇မိပါသည်။ နွားချေးတွင် သစ်ပင်က အလိုရှိသော မြေသြဇာအာဟာရ အစုံပါသည်။ သုံး၍ လွယ်ကူသည်။ ဟိုဟာပိုသွားသည်။ ဒီဟာလိုသွားသည်ဟု မရှိလှ။ နွားချေးလိုသလောက်ရလျှင် နွားချေးကိုသာ ကျွန်တော်သုံးပေလိမ့်မည်။ ထို့ကြောင့်  အဓိကအားဖြင့် ဆေးဘက်ဝင်ရုက္ခသတ္တုပစ္စည်းများဖြင့် ဖော်စပ်ထားသော ဗိန္ဓောဆေးကို အားကိုးအားထားပြု၍ မှီဝဲရန် ကျွန်တော်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။
( ဆရာဦးသိန်းဖေမြင့် ၏ “သူတို့လင်မယား ၃၄ နှစ်” စာအုပ် မှ)
မကွေးဝင်းမြင့်

အစာအိမ်နှင့်သင်္ဘောရွက်


အစာအိမ်နှင့်သင်္ဘောရွက်
        အီကြာကွေး။             အစာအိမ်ရောဂါပျောက်ဖို့ နည်းလမ်းကောင်းလေးများရော မရှိဘူးလားဗျ။
          မကွေးဝင်းမြင့်။           ရှိသပေါ့ဗျ။ လွယ်လွယ်လေးရယ်၊ သင်္ဘောရွက် အစွမ်းထက်သဗျ။

Tuesday, August 21, 2012

စိတ်အားဖြည့်ဂုဏ်တော်သံစဉ်(လိုတရ နှလုံးသား)


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား

*စိတ်အပူအလောင်အားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အပူအညစ်အကြေးအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အရှုပ်အထွေးအားလုံး ကင်းစင်တော်မူသော မြတ်စွာဘုရား
*စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား
*စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား
*စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား

တစိမ့်စိမ့်တွေးမယ် သိစရာ တွေးစရာ (ဦးဇောတိက)


ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) “တစိမ့်စိမ့်တွေးမယ်”


I have no parents. I make the heavens and earth my parents.
ငါ့မှာ မိဘမရှိပါဘူး။
ငါဟာ ကောင်းကင်နဲ့ မြေကြီးကို (သဘာဝတရားကို) မိဘသဖွယ် လုပ်ထားပါတယ်။

I have no home. I make awareness my home.
ငါ့မှာ အိမ်မရှိပါဘူး။ ငါဟာ သတိကို အိမ်လုပ်ပြီးနေပါတယ်။

I have no life or death. I make the tides of breathing my life & death
ငါ့မှာ မွေးဖွားခြင်း၊ သေဆုံးခြင်းဆိုတာ မရှိပါဘူး။
ဝင်လေ ထွက်လေကိုပဲ မွေးဖွားခြင်း၊ သေဆုံးခြင်းလို့ သဘောထားပါတယ်။

I have no divine power. I make honesty my divine power.
ငါ့မှာ တန်ခိုး မရှိပါဘူး။ ရိုးသားမှုကို င့ါရဲ့ တန်ခိုးအဖြစ် လုပ်ထားပါတယ်။

I have no friend. I make my mind my friend.
င့ါမှာ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်း မရှိပါဘူး။
ငါဟာ ငါ့စိတ်ကို မိတ်ဆွေအဖြစ် လုပ်ထားပါတယ်။

ဓမ္မဒူတ အရှင်ဆေကိန္ဒ “အသိပေးစကားစုများ”

ဓမ္မဒူတ အရှင်ဆေကိန္ဒ   “အသိပေးစကားစုများ”


စိတ်ဆိုးနေတဲ့အခါ
ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ်၊
ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်း လဲ လိုက်ပါ။

ကောင်းတာကို လုပ်ဖို့လွယ်ရင်
ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?