Wednesday, August 22, 2012

နနွင်းအစွမ်းအံ့မခန်း (သားအိမ်ကင်ဆာ ပျောက်စေရာ)


နနွင်းအစွမ်းအံ့မခန်း (သားအိမ်ကင်ဆာ ပျောက်စေရာ)

          ပြောပြရင်တော့ ယုံနိုင်ဖွယ်မရှိ။
          ကြက်ကန်း ဆန်အိုးတိုးသည် ဟု ဆိုချင်ဆိုပါ။ ကျွန်တော်သည် ဆေးရုံမှ လက်လျှော့ခဲ့ရသည့် “သားအိမ်ကင်ဆာ ရောဂါသည်”  မိန်းကလေးတစ်ယောက်ကို ကုဖူးပါသည်။ အံ့ဖွယ်ပျောက်ကင်းချမ်းသာသွားပါသတည်း။ သူ့အကြောင်းကို ပြောပြရသော သူ့အမည်က “မခင်သီ” တဲ့။
          မခင်သီ။
          မခင်သီ အသက် ၂၅ နှစ်လောက် ရှိပါပြီ။ မခင်သီနှင့်တွေ့ရပုံက ဒီလိုပါ။
တစ်နေ့သောအခါ စာရေးသူသည် မန္တလေးသို့ ရောက်သွား၏။ ထုံးစံအတိုင်း ကာတွန်းမောင်ကံချွန်နှင့် ဗိုလ်မောင်တို့ အိမ်မှာ တည်းပါသည်။ ညတိုင်း ကာတွန်းမောင်ကံချွန်က ရုပ်ပြတွေဆွဲ၏။ ကျွန်တော်က အနီးအနားမှ လူငယ်တစ်သိုက်နှင့် ရယ်စရာ၊ မောစရာ၊ စာအကြောင်း၊ ပေအကြောင်း သောင်းပြောင်းထွေလာ ပြောမိ၏။ ထိုလူငယ်များထံမှ မောင်ကျော်ဝေ မည်သော လူငယ်လေးတစ်ယောက်က -
          “ အစ်ကို--- အစ်ကိုက ခရီးသွားဆေးသမား ဆိုတော့ အစ်ကို့ကို လူနာတစ်ယောက်လောက် လိုက်ပြချင်လို့”
“ဘာရောဂါလဲ”
“သားအိမ်ကင်ဆာအစ်ကို”

“ဘယ်မလဲ သူက”
“အမရပူရမှာနေတယ်အစ်ကို၊ မနက်ကို တစ်ဆိတ်လောက် လိုက်ကြည့်ပေးပါလား”
“အေး--- လိုက်တာပေါ့ကွာ”
သို့နှင့် နောက်တစ်နေ့ မောင်ကျော်ဝေနှင့်အတူ မခင်သီအိမ်သို့ ဘတ်စ်ကားနှင့် ထွက်ခဲ့ကြပါသည်။
          မောင်ကျော်ဝေသည် အသက် ၁၈ နှစ်လောက်ရှိပါပြီ။ ၁၂ ရာသီပွဲတော်လိုက်ပြီး ကပ်ကြေး၊ ကွမ်းညှပ်၊ ကြေးကုန်သံကုန်လိုက်ရောင်းနေသော လူငယ်လေးဖြစ်၏။ ဈေးသည်ပီပီ စကားချို၏။ တစ်ပါးသူကို ကူညီလိုစိတ်ရှိသူဖြစ်၏။
“အဲဒီသားအိမ်ကင်ဆာဖြစ်နေတဲ့ မခင်သီဟာ ကလေးတစ်ယောက်မျက်နှာမြင်ပြီး တရှောင်ရှောင်နဲ့ ဖြစ်သွားတာပဲ အစ်ကို”
“အေးပေါ့ကွာ။ အမျိုးသမီးဆိုတာမျိုးက ထွေပြားသကွ။ ပြီးသော သားသမီးဝေးချင်လို့ မိန်းမတွေသားအိမ်ထဲ ကွိုင်ထည့်ရင်လည်း သားအိမ်ကင်ဆာ ဖြစ်တတ်တာပဲကွ။ အခုခေတ်ပေါ်နေတဲ့ တားဆေးတွေစားပြီး ဟိုလုပ်ဒီလုပ် လုပ်ရင်လည်း ဖြစ်တတ်တာပဲ”
“အင်း--- ဒုက္ခပါပဲ အစ်ကိုရာ၊ သူလဲ ကျွန်တော်တို့လိုပဲ ၁၂ ရာသီပွဲတော်လိုက်ဈေးထွက်တာ။ ခုတော့ မကျန်းမာတော့ စီးပွားရေးအဆင်မပြေဘူးအစ်ကို”
မောင်ကျော်ဝေက လိမ္မာပါးနပ်စွာ ကျွန်တော့်ကို စကားဆို၏။ ကျွန်တော်နားလည်လိုက်ပသည်။ ဆေးဖိုးဝါးခ သိပ်မတောင်းပါနှင့်အစ်ကိုဟု ဆိုလိုက်သည့်စကားပါ။
“ဟေ့ - မောင်ကျော်ဝေရ၊ ငါဆေးကုတာ ငွေမလိုချင်ဘူးကွ၊ အတွေ့အကြုံလိုချင်တာပါ။ ငါကုလို့ ပျောက်သွားရင် သူလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာမယ်။ ကိုယ်လည်း ကုသိုလ်ရတာပေါ့ကွာ။”
မောင်ကျော်ဝေက ပြုံ၍ နားထောင်နေပါသည်။
ဘတ်စ်ကားမှတ်တိုင်မှ ဆင်းပြီး မောင်ကျော်ဝေခေါ်ရာနောက်သို့ လိုက်ပါခဲ့သည်။ ၃- ပင်၊ ၂- ခန်း မြေစိုက်တဲလေး ရှေ့ရောက်သောအခါ -
“မခင်သီ--- ဗျို့--- မခင်သီ”
မောင်ကျော်ဝေက အိမ်ရှေ့မှ အသံပြုရင်း ၀င်ခဲ့ကြသည်။ မခင်သီသည် အိပ်ရာထဲလှဲနေရာမှ ထလာ၏။
“ခင်ဗျားယောက်ျားရော မခင်သီ၊ ဟောဒါ ကျွန်တော်ပြောပြောနေတဲ့ မကွေးဝင်းမြင့် ပဲ”
“သြော်- ဟုတ်လား။ ထိုင်ပါဆရာ၊ ကျွန်မလက်ဖက်ရည် ၀ယ်လိုက်ဦးမယ်”
“နေ နေ မခင်သီ၊ ဘာမှ ဒုက္ခမရှာနဲ့”
“ဘယ်ဟုတ်မလဲ ဆရာရယ်၊ ဒါဖြင့် ဆေးလိပ်ဖြစ်ဖြစ် လုပ်ဦးမှပေါ့”
“ကျွန်တော်ဆေးလိပ်မသောက်တတ်ဘူး မခင်သီ။ မခင်သီရောဂါအကြောင်းပြောပါ။ ဘယ်လိုစဖြစ်တာတုန်း”
ကျွန်တော်တို့ စကားပြောနေတုန်း မခင်သီယောက်ျား ကိုတင်ဖေဆိုသူ ရောက်လာသည်။ အိမ်နှင့် တပြလောက်ဝေးသည့် ရေတွင်းသို့ ကလေးနှင့်ရေချိုးသွားသည်ဆို၏။
မခင်သီက-
“ကျွန်မ ကလေးမီးဖွားပြီး ခြောက်လအကြာမှာ ဖြစ်တာပဲဆရာ၊ ဆေးရုံတက်ပါတယ်။ ဆရာသိတဲ့အတိုင်းပဲ ကျွန်မတို့ ဘ၀က စားစားသောက်သောက်နေရတဲ့ဘ၀ဆိုတော့ သက်သာလို့ ဆေးရုံက ဆင်းလိုက်၊ တစ်ခါပြန်ဖြစ်၊ ဆေးရုံဆက်လိုက်နဲ့ ဒီလိုနဲ့ ရက်တွေကြာလာတာပဲ”
          မခင်သီသည် ယဲ့ယဲ့လေး ပြုံးနေရှာ၏။
“ကျွန်မလည်း သားအိမ်ကင်ဆာဆိုတော့ စိတ်လည်း အကြီးအကျယ်ညစ်သွားတာပဲ ဆရာ”
“စိတ်မညစ်ပါနဲ့ဗျာ၊ ဒီလိုပါပဲ။ လူ့ဘ၀ဆိုတာ ရေရာတာမဟုတ်ပါဘူး”
          ကျွန်တော်က နှစ်သိမ့်လိုက်ရပါသည်။
“ငွေလည်း ကုန်လှပြီဆရာ၊ ဟိုတစ်နေ့က မောင်ကျော်ဝေက မြန်မာဆေးနဲ့ ကုကြည့်ပါဦးဆိုလို့၊ ဆရာ့နာမည်ကိုတော့ ကျွန်တော်ကြားဖူးပါတယ်။ လူချင်းမသိတော့-
“ကဲပါလေ- ဘာမှအားမငယ်ပါနဲ့။ မခင်သီရောဂါအခုပျောက်စေရမယ်ဗျာ”
          ကျွန်တော်က ထိုသို့အားပေးစကားပြောလိုက်သောအခါ မခင်သီ၏ မျက်နှာလေးဝင်းလက်သွားပါသည်။
သို့သော်လည်း မခင်သီ၏ ခင်ပွန်းမျက်နှာကတော့ မယုံမရဲ ဖြစ်နေဟန်တူသည်။
          ဟုတ်ပါလိမ့်မည်။ ဆေးရုံမျာလနှင့်ချီ၍ တက်လိုက်၊ ဆင်းလိုက် ကုသနေတာတောင် မပျောက်နိုင်သောရောဂါကို မြန်မာဆေးဆရာက ပျောက်စေ့ရမယ်ဆိုသောစကားကို ယုံနိုင်ဖွယ်မရှိပါ။
“ကဲ - မခင်သီ ကျွန်တော်ဆေးကုပေးခဲ့မယ်။ ရော- ဒါပဲ- အဲဒီဆေးသာ မှန်မှန်စား”
          ကျွန်တော်က ပလပ်စတစ်ထုပ်နှင့် ကျကျနနထုပ်ယူလာသော နနွင်းမှုန့်ကို မခင်သီလက်ထဲ ထည့်ပေးလိုက်၏။
“အဲဒါကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်စား၊ တစ်ကြိမ်စားရင် ကွမ်းသီးတစ်ခြမ်းသာသာ စားဗျ”
“ဟုတ်ကဲ့ဆရာ၊ ဘယ်လောက်ကြာကြာစားရမလဲဆရာ”
“တစ်လစားဗျာ”
        မခင်သီသည် ကျွန်တော်ပေးသော ပလပ်စတစ်ထုပ်ကို ဖြေ၍ ကြည့်၏။
“ဟင်- နနွင်းမှုန့်တွေပဲ”
“ဘာလဲ မခင်သီ၊ နနွင်းမှုန့်ကို ဘာမှန်လို့လဲ။ ဆေးဗျ---ဆေး- ဆေး ”
          မခင်သီက သူ့ခင်ပွန်းကိုတင်ဖေကို လှမ်းကြည့်၏။ ကိုတင်ဖေက ဘာမှမပြော။
“ဘာလဲ မခင်သီ မစားချင်ဘူးလား။”
“ဆရာက စားဆို စားမှာပေါ့ ဆရာ”
“ဒီလိုမှပေါ့ စားစမ်းပါ။ ယုံယုံကြည်ကြည်စားစမ်းပါ။ ပျောက်နိုင်ပါတယ်”
“ဟုတ်သားပဲ” မောင်ကျော်ဝေကပင် ထောက်ခံအားပေး၏။
          မခင်သီကို ရှောင်ရမယ့်အစားအစာများကို ပြောခဲံ၊ စားသောက်ရမယ့်အစားအစာများကို ပြောပြီး ထပြန်မည် လုပ်သောအခါ မခင်သီက သူ့ခင်ပွန်းကို အဓိပ္ပါယ်ပါသော မျက်စိဖြင့် လှမ်းကြည့်လိုက်၏
          အကင်းပါးလှသော မောင်ကျော်ဝေက -
“မလိုဘူး ကိုတင်ဖေ၊ ခင်ဗျာအမျိုးသမီးရောဂါပျောက်မှ စေတနာရှိရင်ကန်တော့။ ဒီကအစ်ကို ဆေးဖိုးဝါးခ ခြေကြွခ မယူပါဘူး။
“ဟုတ်ပါတယ်ဗျာ၊ ဘာမှ မလိုပါဘူး။ ကျွန်တော်က မတတ်နိုင်လို့၊ တတ်နိုင်ရင်ငွေတောင်ပေးခဲ့ချင်သေး”
          သည်လိုပြောတော့ သူတို့ဇနီးမောင်နှံ နှစ်ယောက်သားပြုံကြသည်။
          မန္တလေးမှ မကွေးသို့ရောက်၍ တစ်လခန့်ကြာသောအခါ မောင်ကျော်ဝေထံမှ စာလေးတစ်စောင် ရောက်လာ၏။
        အစ်ကိုဝင်းမြင့်
        မခင်သီရဲ့သားအိမ်ကင်ဆာ
        ရှင်းရှင်းပျောက်ပါပြီအစ်ကို
        အစ်ကိုပြောတဲ့အတိုင်း နနွင်းမှုန့်ကို တစ်လတိတိစားတာပဲ။ ခုတော့ စိုစိုပြေပြေ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ကျန်းမာနေပြီအစ်ကို။ အစ်ကို့ကို ကန်တော့ချင်လို့ မန္တလေးခေါ်လာပါဦး ဆိုလို့ အခုလို စာရေးလိုက်တာပဲ။
          ကျွန်တော်လည်း မနက်ဖြန်ကစပြီး ကျောက်တော်ကြီးဘုရားပွဲတော် ဈေးထွက်ရလိမ့်မယ်အစ်ကို။ ဒါပါပဲခင်ဗျား-----။                                                                                                                                                                                                                   မောင်ကျော်ဝေ
                                                                                                          အမရပူရ
မောင်ကျော်ဝေထံမှ စာဖတ်ရပြီး ကျွန်တော့်ရင်ထဲ ကတုန်ကယင်ကြီးခံစားရပါသည်။ ၀မ်းသာပီတိလှိုင်းထနေခြင်း ဖြစ်ပါသည်။
“မခင်သီရဲ့ သားအိမ်ကင်ဆာဆိုတာကို နနွင်းမှုန့်တစ်မျိုးတည်းနဲ့ကုတာဗျ၊ ရှင်းရှင်းပျောက်တယ်ဗျို့”
ကျွန်တောက ဘ၀တူဆေးဆရာများကို အားရပါးရ ဖောက်သည်ချပြောပြမိပါသည်။ ကျွန်တော့်ထက် ၀ါရင့်သမားတော်ကြီးတစ်ဦးဖြစ်သူ ဦးသိန်းမြင့်က-
          “၀င်းမြင့်က တို့ထက်သာတဲ့အချက်တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် ဒီကောင်က ဘာရောဂါဆိုးကြီးကိုပဲ ကုရကုရ၊ တုန်တုန်လှုပ်လှုပ်မရှိဘူး။ ခုကြည့်ပါလား။ တခြားဆေးသမားဆိုရင် “သားအိမ်ကင်ဆာ”လို့ ကြားတာနဲ့ တပြိုင်နက် ဟိုဆေးထုတ်၊ ဒီဆေးထုတ်၊ ဆေးကောင်းတွေချည်း ဖော်စပ်တိုက်မိမှာပဲ။ ဆေးဆိုတာမျိုးဟာ တန်ဖိုးများများ ပေးဝယ်ရတဲ့ဆေးမှ ကောင်းတယ်ထင်နေကြတာကိုး။ မီးဖိုချောင်ထဲမှာ ရှိနေတဲ့ နနွင်းမှုန့်ဟာလည်း သူ့နေရာနဲ့သူ သုံးတတ်ရင် တန်ဖိုးရှိတာပါပဲ။ အေး- ၀င်းမြင့်က သွေးအေးအေးနဲ့ စိတ်ငြိမ်ငြိမ်ထားပြီး တစ်လက်ကောင်းနဲ့ ချက်ကောင်းမိအောင် တွက်တတ်တယ်” ဟု အားပါးတရ မှတ်ချက်ပြုခြင်းခံရ၏။
          မှန်ပါသည်။ တစ်လက်ကောင်းနှင့် ချက်ကောင်းတွယ်သည်ပဲပြောပြော၊ ကြက်ကန်းဆန်အိုးတိုးသည်ဟု ဆိုဆို၊ ကျွန်တော်ကတော့ ရိုးရိုးတွေး၍ ရိုးရိုးပဲဆေးကုပါသည်။ ကျွန်တော့်ကို အထင်ကြီးချင်ကြီး မကြီးချင်နေ-  မမှားနိုင်သည့်ဆေးကိုသာ ပေး၏။ “ရှေ့နေဆိုပျိုမှ၊ သမားဆိုအိုမှ” ဟူသော ဆိုရိုးစကားရှိပါသည်။ ကျွန်တော့်ကို ငယ်သည်ကြောင့် အချို့က မလေးစားချင်။ ထားပါတော့။ အရေးကြီးတာက သားအိမ်ကင်ဆာကို ဘာကြောင့် နနွင်း မှုန့်နှင့် ကုသလဲ ဟု မေးခွန်းထုတ်ရန် ရှိပါသည်။
          နနွင်းမှုန့်သည် နေရာတကာတိုင်း ဈေးပေါပေါနှင့် အလွယ်တကူရ၏။ ထို့အပြင် သူ့ဂုဏ်သတ္တိကိုလည်း ရှုကြပါဘိ။
        နနွင်း မှုန့်သည် သွေးငုပ်၊ သည်းခြေငုပ်ကောင်း၊ အနာကျက်စေ၏။ သွေးပုပ်၊ သည်းခြေပုပ် အပုပ်ကိုနိုင်၏။ သွေးကို ညှိပေး၏။ အလှတိုးစေ၏။ သွေးဒေါသ၊ နူနာ၊ အရေပြားနာကို နိုင်၏။ နနွင်းသည် ပူသောဂုဏ်ရှိ၏။ စားသောအခါ အေးသော အခိုးဂုဏ် ရောက်၏။ နနွင်းသည် သွေးသားစင်ကြယ်စေ၏။
        ကဲ - နနွင်းသည် သွေးသားနှင့်ပတ်သက်၍ ကောင်းလှပါဘိ၊ ကျွန်တော်တို့အမေများ ကလေးမီးဖွားပြီးတိုင်း နနွင်းတစ်ပိဿာ ကုန်အောင်စား၏။ နနွင်းများများစားလေ ရောဂါကင်းလေး ဖြစ်၏။
အိန္ဒိယနိုင်ငံတွင် ကော်ဖီသောက်သောအခါ နနွင်းမှုန့် ထည့်သောက်ကြသည်။ နနွင်း၏ ဂုဏ်သတ္တိကို သိကြသောကြောင့်ဖြစ်၏။ လိုရင်းကို အတိုချုပ်ရသော် နနွင်းမှုန့်ကို မီးဖိုချောင်၌ အမြဲတွေ့နေရ၍ အထင်မသေးပါနှင့်။ သားအိမ်ကင်ဆာပင် ပျောက်စေပါသည်။
          အကယ်၍ ကျွန်တော်သာ စီးပွားရှာတတ်ပါက နနွင်းမှုန့်ကို ဘားပလက်ဆေးပြားကလေးများကဲ့သို့ ဆေးပြားကလေးများရိုက်၍ သားအိမ်ကင်ဆာပျောက်ဆေးဟု အမည်တပ်ကာ တံဆိပ်လှလှလေးနှင့် ရောင်းချလိုက်ရရင်ဖြင့်-

နနွင်းအစွမ်းအံ့မခန်း (သားအိမ်ကင်ဆာ ပျောက်စေရာ)
မကွေးဝင်းမြင့်




  • နနွင်းဆေးဟာ ကျန်းမာရေးကောင်းအာင်၊ အသက်ရှည်အောင် လုပ်ပေးနိုင်ပုံကို ဆရာစန္ဒြမျက်မြင်ကိုယ်တွေ့ နှစ်ကြိမ်ကြုံခဲ့ ရတယ်။ ပထမအကြိမ်က ဒုတိယကမ္ဘာစစ်အတွင်း စစ်ဘေးရှောင်ရင်းနဲ့ ဆရာစန္ဒြတို့မိသားစုဟာ ပြင်ဦးလွင်နယ်ထဲက ရွာလေးတစ်ရွာကို ရောက်သွားကြတယ်။ သူတို့တည်းတဲ့အိမ်က အမျိုးသမီးကြီးတစ်ယောက်ဟာ မီးဖွားပြီးသုံးရက်ရသေးတယ်။ ထမီရင်ရှားကြီးနဲ့ ချောင်းထဲမှာ ရေဆင်းချိုးရအောင်ဆိုပြီး ထွက်လာတယ်။ 

  •           ဒီလို မီးတွင်းပြီးမှာ ဘယ်အမျိုးသမီးမှ ရေမချိုးဘူး။ ချိုးရင်လည်း ဒုက္ခရောက်ကြတာပဲ။ ဒါကြောင့် ဆရာက ရေမချိုးသင့်သေးကြောင်း တားတယ်။ အမျိုးသမီးက သူမီးဖွားတိုင်း ဒီလိုရက်မှာ ချိုးနေကျပါလို့ ပြောပြီးချောင်းထဲမှာ ရေဆင်းကူးတယ်။ “လှံဖျား ပုဇဉ်းနား၊ ကျီးကန်းက ကြောက်ချေးပါ” ဆိုတဲ့ စကားပုံလိုပဲ။ အမျိုးသမီးက သူ့ကိုယ်ကွေ့အား သူယုံကြည့်လို့ အေးအေးဆေးဆေး ရေကူးနေတာကို ကမ်းပေါ်က ဆရာစန္ဒြက တအားစိုးရိမ်နေတယ်။ ဒီအမျိုးသမီးတော့ တစ်ခုခုဖြစ်တော့မှာပဲပေါ့။ ရေချိုးပြီး သုံးရက်လောက်ကြာတဲ့အထိ ဘာမှမဖြစ်တာတွေ့ရမှ ဆရာစန္ဒြ သိပ်အံ့သြသွားပြီး အမျိုးသမီးကြီးကို ကိုယ်ခံအင်အားကောင်းအောင် ဘာဆေးတွေအမြဲစားသလဲလို့ မေးယူရတယ်။
  •           ဒီတော့မှ အမျိုးသမီးကြီးက နနွင်းလုံးကြီးတစ်လုံးကို လက်ညျှိးထိုးပြလိုက်တယ်။ မနက်တိုင်း နနွင်းလုံးကို လောက်စာလုံးအသေးစားတစ်လုံးစားပြီး ရေသောက်တာပဲတဲ့။ နနွင်းစာ အပူဓါတ်ပါတော့ တေဇောကို အားပေးတယ်။ တေဇောအားကောင်းတဲ့သူတွေစာ အအေးကို မကြောက်ဘူး။ လူတစ်ယောက် အသက်ရှည်မရှည်ကို အအေး ကြောက်၊ မကြောက်ဆိုတာနဲ့ တိုင်းတာလို့ ရတယ်။ အအေးကို ကြောက်ရင် တေဇောဓါတ်နည်းနေပြီ။ တေဇောဓါတ်နည်းတာနဲ့ သေဖို့ရာနီးနေပြီ။ အသက်သိပ်မရှည်တတော့ဘူးလို့ ပြောနိုင်တယ်။
  •           တေဇောဓါတ်အားကောင်းနေတယ်။ တေဇောဓါတ်အားကောင်းနေရင် သေဖို့ရာ အဝေးကြီးလိုသေးတယ်။ အသက်ရှည်ဦးမယ်လို့ ပြောနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ဆေးကိုချင့်ချိန်ပြီး စားတတ်ဖို့ပါ။ နနွင်းက အပူဓါတ်ဆိုဆော့ မျက်စီကို အပူငွေ့အနည်းငယ် ရိုက်နိုင်ပါတယ်။ ဒါကြောင့် ဆေးစားပြီးတဲ့အခေါ မျက်စိအပေါ် အကျိုးသက်အေရာက်မှု ဘယ်လိုဆိုတာကိုလည်း သတိထားသင့်ပါတယ်။ မျက်စိမှုန်တာ၊ ၀ါးတာတစ်ခုခုဖြစ်တယ်လို့ထက်ရင် ဆေးကိုလျှော့စားဖို့ပါ။
  •           ဒီနနွင်းဆေးကြောင့် အသက်ရှည်ကျန်းမာနေတာကို တွေဲရတာက ထန်းတစ်ပင်မြို့နယ်ထဲက ဆရာတော်ကြီး တစ်ပါးပါ။ ဒီဆရတော်ပြီးဟာ သက်တော်စာ (၈၀)ကျော်လာတယ်။ ဆံပင်တစ်ချောင်းမှ မဖြူဘူး။ ကျန်းမာရေးကလည်း ကောင်းလိုက်တာ မပြောနဲ့တော့။ ဘာရောဂါမှ မဖြစ်ဘူး။ တစ်နေ့ကျောင်းအမကြီးတစ်ယောက် ကျောင်းကိုရောက်လာပြီး ဆရာတော်ကြီးလို အသက်ရှည်ကျန်းမာအောင် ဆေးနည်းတောင်းတယ်။ ကျောင်းအမက အသက်လေးဆယ်ကျော်ရှိသေးတယ်။ ခေါင်းကဖြူနေပြီး ချူချာလိုက်တာလည်း လွန်ရောတဲ့။ ဒီတော့မှ ဆ၇ာတော်ကြီးက “တို့စားတဲ့ဆေးက အဖိုးမန်တော့ အထင်သေးပြီး စားမှာမစုတ်ပါဘူး။ ဒါကြောင့် မပေးပါရစေနဲ့” လို့ ပြောသတဲ့။
  • ကျောင်းအမကလည်း ပေးသာပေးပါ။ တကယ်စားမှာပါလို့ ၀န်ခံတော့မှ ကျက်သရေခန်းထဲက နနွင်းလုံးတစ်ဆုပ်ကို ယူပေးလိုက်သတဲ့။
  • (မှတ်ချက်။       ။ ဆရာစန္ဒြသည် နာမည်ကျော်လက္ခဏာဆရာကြီးဖြစ်ပါသည်။ အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း၏ အတ္ထုပ္ပတိစာအုပ်တွင် ဆရာစန္ဒြအကြောင်းပါသည်။ ၀န်ကြီးချုပ်ဦးနု ၊ ဂျာနယ်ကျော်မမလေး စသောပုဂ္ဂိုလ်များကိုယ်တိုင် ထောက်ခံစာရေးပေးခဲ့ရသူဖြစ်ပါသည်။ ဆရာမကွေးဝင်းမြင့်၏ ကျန်းမာရေးစာအုပ်တစ်အုပ်တွင်လည်း ဆရာန္ဒြပေးပို့သော ဆေးနည်းများပါရှိခဲ့ပါသည်။ ဆရာစန္ဒြသည် နနွင်းသောက်သုံးမှုကြောင့် အသက်ကိုးဆယ်နီးပါးနေခဲ့ရကြောင်း “ဘ၀ခရီးနှင့် အတွေ့အကြုံများ” စာအုပ်တွင် ရေးသားခဲ့ပါသည်။)

  • ညွှန်း-            မေတ္တာရှင်(ရွှေပြည်သာ) ၏ ဆရာကောင်းကိုရှာဖွေခြင်း ၊ နှာ -182


ကင်ဆာပျောက်ဖို့ လမ်းစတစ်ခုဖြစ်လာနိုင်မလား။

          တစ်ခါတစ်လေမှာ ၀က်ခြံဖုအကြီးကြီးတွေ၊ အပူဖုတွေ၊ အကျိတ်လိုဟာတွေ ပေါက်တတ်ပါတယ်။ အညော်ဝင်ရင် ပိုဆိုးပါတယ်။ အဲဒီအခါမှာ မောရိယမန်းဆေးကို သောက်ပေး၊ လိမ်းပေးရင် သိသိသာသာပျောက်သွားပါတယ်။ မောရိယမန်းဆေးရဲ့ အစွမ်းထက်ပုံကို လေး၊ ငါးခါလောက်တွေ့မြင်ရတဲ့အခါ စိတ်ဝင်စားလာပါတယ်။ ပါဝင်တဲ့ဆေးပစ္စည်း(၅)မျိုးကတော့ ဆေးတမာ၊ နုနွင်း၊ ရှိန်းခို၊ ပန်းနု၊ လင်းနေ တဲ့။ အနာပေါက်ဝိဇ္ဇာ ဆရာခိုင်ကြီးရဲ့ ဆေးနည်း တဲ့။ ကျွန်တော်စဉ်းစားမိတာက မောရိယမန်ဆေးက အနာတွေ၊ အကျိတ်၊ အဖုတွေကို သက်သာပျောက်ကင်းစေတဲ့အစွမ်းရှိတော့ ကင်ဆာအကျိတ်တွေ ဆိုရင်ရော ***
ဆေးတမာ၊ နုနွင်း၊ ရှိန်းခို၊ ပန်းနု၊ လင်းနေ ဆိုတဲ့ဆေးပစ္စည်း(၅)မျိုးကို အခြေခံပြီး အခြားအစွမ်းထက်တိုင်းရင်ဆေးဝါးတွေနဲ့ ပေါင်းစပ်လိုက်ရင် *** ကျွန်တော်က တိုင်းရင်းဆေးကို ၀ါသနာပါရုံသက်သက်ပါ။ ပညာရှင်တွေ ဆက်လက်သုတေသနပြုနိုင်အောင်၊ လေ့လာစမ်းသပ်နိုင်အောင် တင်ပြလိုက်ရပါတယ်။
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)


No comments:

Post a Comment