Saturday, April 29, 2017

ဓမ္မပဒအဖော်မွန် ၁၈

ဓမ္မပဒအဖော်မွန် - ၁၈
၁၈။ မလဝဂ္ဂ၊ အညစ်အကြေး

သံသရာခရီးသည်ကြီး ( ဓ - ၂၃၅၊ ၂၃၆ )
အို--- ဒါယကာ ! ဒီအချိန်မှာ သင်ဟာ (ကြွေလုလု)ဖက်ရွက်ရော်လို ဖြစ်နေပြီ။
သေမင်းတမန်တွေဟာ သင့်အနီးမှာ တည်နေကြပြီ။
သင်ဟာ ဆုတ်ယုတ်ခြင်းလမ်းဝမှာ တည်ရှိနေပြီ။
(ကောင်းရာမွန်ရာဘဝမှာ ဖြစ်ဖို့ရာ ကုသိုလ်) ရိက္ခာထုပ်လည်း မရှိ။

သင်ဟာ ကိုယ့်ရဲ့ (ထောက်တည်ရာ)
ရေလယ်ကျွန်း(လိုဖြစ်တဲ့ကောင်းမှုကုသိုလ်) ကို ပြုပါတော့။
ခပ်မြန်မြန်ပဲ ကြိုးစားအားထုတ်ပါတော့။ ပညာရှိဖြစ်ပါစေ။
စိတ်အညစ်အကြေးတွေကို ထုတ်ပယ်ပစ်ပြီး
(အနာဂါမ်အဆင့်)ကိလေသာကင်းစင်ရင် သုဒ္ဓါဝါသဗြဟ္မာ့ဘုံဆီကို ရောက်ရမှာပါ။

ဤခရီးနီးသလား ? ( ဓ - ၂၃၇၊ ၂၃၈ )
အို--- ဒါယကာ ! ဒီအချိန်မှာ သင်ဟာ အရွယ်လွန်ပြီ။
သေမင်းဆီကို သွားချိန်ရောက်ပြီ။
လမ်းခရီးကြားရပ်နားဖို့ရာ အခွင့်မရှိတော့ပါဘူး။
(ကောင်းရာမွန်ရာဘဝမှာ ဖြစ်ဖို့ရာ ကုသိုလ်) ရိက္ခာထုပ်လည်း မရှိ။

သင်ဟာ ကိုယ့်ရဲ့ (ထောက်တည်ရာ) ရေလယ်ကျွန်း(လိုဖြစ်တဲ့ ကောင်းမှုကုသိုလ်) ကို ပြုပါတော့။ ခပ်မြန်မြန်ပဲ ကြိုးစားအားထုတ်ပါတော့။
ပညာရှိဖြစ်ပါစေ။
စိတ်အညစ်အကြေးတွေကို ထုတ်ပယ်ပစ်ပြီး
ကိလေသာ(လုံးဝ)ကင်းစင်ရင် နောက်တဖန် မွေးရတာ၊ အိုရတာ
(နာရတာ သေရတာ) ကို ပြန်ရောက်မှာ မဟုတ်တော့ပါဘူး။

၂၃၅. ဂေါဃာတကပုတ္တဝတ္ထု (၂၃၅၊ ၂၃၆၊ ၂၃၇၊ ၂၃၈)
ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၆. သော  ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ ။
၂၃၇. ဥပနီတဝယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော  တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ဝိဇ္ဇတိ။
၂၃၈. သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ဝါယမ ပဏ္ဍိတော ဘဝ။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ  ဥပေဟိသိ။

18. Malavagga: Impurity
235. Like a withered leaf are you now; death’s messengers await you.
You stand on the eve of your departure, yet you have made no provision
for your journey!
236. Make an island for yourself! Strive hard and become wise!
Rid of impurities and cleansed of stain,
you shall enter the celestial abode of the Noble Ones.
237. Your life has come to an end now; You are setting forth into the presence of Yama,
the king of death. No resting place is there for you on the way,
yet you have made no provision for the journey!
238. Make an island unto yourself! Strive hard and become wise!
Rid of impurities and cleansed of stain,
you shall not come again to birth and decay.


ရွှေမှုန်လိုစု ကုသိုလ်ပြု၊ ရွှေသန့်ရင် အဖိုးတန်၊ စိတ်သန့်ရင် မြတ်နိဗ္ဗာန်( ဓ - ၂၃၉
ပန်းထိမ်ဆရာဟာ ရွှေ ငွေ ရဲ့အညစ်အကြေးကို
(တဖြည်းဖြည်းချင်း) ထုတ်ပယ်သလို -
ပညာရှိဟာ
အစဉ်သဖြင့် အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
စိတ်အညစ်အကြေးကို အနည်းငယ် အနည်းငယ်စီ ထုတ်ပယ်ပါတယ်။

((အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
ကုသိုလ်အနည်းငယ် အနည်းငယ်ကို ပြုလုပ်စုဆောင်းရင်းနဲ့ပေါ့))

၂၃၉. အညတရဗြာဟ္မဏဝတ္ထု (၂၃၉)
အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

239. One by one, little by little, moment by moment, a wise man should remove his own impurities,
as a smith removes his dross from silver.

သံကိုသံဖျက် သံချေးတက် ( ဓ - ၂၄၀ )
သံမှာဖြစ်တဲ့ သံချေးဟာ သံချေးတက်ပြီး
အဲဒီသံကိုပဲ ပြန်စားပစ်ပါတယ်။
အဲလိုပဲပေါ့။
မကောင်းမှုမှာ လွန်ကျူးကျင့်သူကို
ကိုယ်ပြုခဲ့တဲ့ အကုသိုလ်ကံညစ်တွေကပဲ
အပါယ်ငရဲ မကောင်းတဲ့ဘဝကို ပို့ဆောင်ပစ်ပါတယ်။

၂၄၀. တိဿတ္ထေရဝတ္ထု (၂၄၀)
အယသာဝ မလံ သမဋ္ဌိတံ ၊ တတုဋ္ဌာယ  တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ  နယန္တိ ဒုဂ္ဂတိံ။

240. Just as rust arising from iron eats away the base from which it arises,
even so, their own deeds lead transgressors to states of woe.

မပျက်စီးအောင် သတိဆောင် ( ဓ - ၂၄၁ )
စာပေကျမ်းဂန် အတတ်ပညာတွေဟာ (သင် တွေး) အံ ရွတ် မပြုရင်
အညစ်အကြေးရှိပါတယ်။
အိမ်တွေဟာ မပြုပြင်ရင် အညစ်အကြေးရှိပါတယ်။
အပျင်းထူခြင်းဟာ အဆင်းလှခြင်းရဲ့ အညစ်အကြေးပါပဲ။
(သတိကင်းကွာ) မေ့လျော့တာဟာ
ထိန်းသိမ်းစောင့်ရှောက်သူရဲ့ အညစ်အကြေးပါပဲ။

၂၄၁. လာဠုဒါယီဝတ္ထု (၂၄၁)
အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ဝဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

241. Non-repetition is the bane of scriptures;
neglect is the bane of a home; slovenliness is the
bane of personal appearance, and heedlessness is the bane of a guard.

အညစ်အကြေး အပြစ်ဘေး၊ ကင်းဝေးကြပါစေ ( ဓ - ၂၄၂၊ ၂၄၃ )
လွန်ကျူးဖောက်ပြန် မကောင်းတဲ့အကျင့်ဟာ မိန်းမရဲ့ အညစ်အကြေးပါ။
နှမြောတွန့်တို ဝန်တိုတာဟာ ပေးကမ်းလှူဒါန်းတာရဲ့ အညစ်အကြေးပါ။
ယုတ်မာဆိုးဝါး အကုသိုလ်တရားတွေဟာ
ဒီလောကမှာပဲဖြစ်ဖြစ်၊ တမလွန်ဘဝမှာပဲဖြစ်ဖြစ်
တကယ့် အညစ်အကြေးအစစ်တွေပါပဲ။

ဒီပြောခဲ့တဲ့ အညစ်အကြေးတွေထက်
လွန်ကဲညစ်ပတ်တဲ့ အညစ်အကြေးကို (ဟောပါဦးမယ်)
အမှန်တရားမသိ၊ အသိမမှန် အဝိဇ္ဇာဟာ အလွန်ကဲဆုံး အညစ်အကြေးပါပဲ။
သံသရာအပြစ်ဘေးကို ရှုမြင်တတ်သူ (ချစ်သားတို့) တွေ
ဒီအဝိဇ္ဇာအညစ်အကြေးကို ပယ်သတ်စွန့်ခွာပြီး
အညစ်အကြေးကင်းစင်နိုင်ကြပါစေ။

၂၄၂. အညတရကုလပုတ္တဝတ္ထု (၂၄၂၊ ၂၄၃)
မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိ စ။
၂၄၃. တတော မလာ မလတရံ၊ အဝိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

242. Unchastity is the taint in a woman;
stinginess is the taint in a giver. Taints, indeed,
are all evil things, both in this world and the next.
243. A worse taint than these is ignorance, the worst of all taints.
Destroy this one taint and become taintless, O monks!

အသက် နှင့် အရှက် ( ဓ - ၂၄၄ )
အရှက်တရားမရှိသူ၊ ကျီးရဲလိုလူ၊
ပြေးဝင်ခိုကပ်(အချောင်နှိုက်တတ်)သူ၊ ကြမ်းတမ်းရိုင်းစိုင်းသူဟာ
အသက်မွေးရလွယ်ကူပါတယ်။ ညစ်ညစ်နွမ်းနွမ်းအသက်မွေးဖို့ လွယ်ကူပါတယ်။

အသက်ပင်သေသေ၊ အညစ်တွေ မစား ( ဓ - ၂၄၅ )
အကုသိုလ်ပြုဖို့ရှက်တတ်သူ၊
အမြဲတမ်း သန့်သန့်ရှင်းရှင်း စင်စင်ကြယ်ကြယ်ပဲ ရှာဖွေသူ၊
မကပ်ငြိ မတွန့်တိုသူ၊ မကြမ်းတမ်း ငြိမ်းချမ်းသူ ဟာ အသက်မွေးဖို့ ခက်ပါတယ်။
စင်ကြယ်သန့်ရှင်းအပြစ်ကင်းတဲ့ အသက်မွေးခြင်းရှိသူဟာ
(အဖက်ဖက်ကို) ကြည့်ရှုဆင်ခြင်နေရလို့ အသက်မွေးဖို့ခက်ပါတယ်။

၂၄၄. စူဠသာရိဘိက္ခုဝတ္ထု (၂၄၄၊ ၂၄၅)
သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။
၂၄၅. ဟိရီမတာ  စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

244. Easy is life for the shameless one who is impudent as a crow, is backbiting and forward,
arrogant and corrupt.
245. Difficult is life for the modest one who always seeks purity, is detached and unassuming,
clean in life, and discerning.

သီလအုတ်မြစ်ခိုင်ပါစေ ( ဓ - ၂၄၆၊ ၂၄၇ )
လောကမှာ သူတစ်ပါးအသက်ကို သတ်သူ၊ မုသားစကား ပြောဆိုသူ၊
ပိုင်ရှင်မပေးတာကို ခိုးယူသူ၊
သူတစ်ပါးလင်မယားကို လွန်ကျူးကျင့်ကြံဖောက်ပြန်သူ၊
အရက်သေစာ မူးယစ်ဆေးဝါး သောက်သုံးသူ၊
ဒါတွေကို အားထုတ်ပြုလုပ်သူဟာ ဒီအခုဘဝမှာကိုပဲ
ကိုယ့်ရဲ့အရင်းအမြစ်ကို ဖြိုလှဲဖျက်ဆီးပစ်ပါတယ်။

အကုသိုလ်ညစ်တွေ နှိပ်စက်နေ၊ မဝင်နိုင်အောင် စောင့်စည်းလေ။ ( ဓ - ၂၄၈ )
အို --- ဒါယကာတို့ ၊
ယုတ်မာဆိုးဝါး အကုသိုလ်တရားတွေဟာ မစောင့်စည်းတတ်ပါဘူး။
လောဘ၊ ဒေါသ (-- မောဟ) စတဲ့ အကုသိုလ်တရားတွေဟာ
သင့်ကို ကြာရှည်ဆင်းရဲအောင် မညှဉ်းဆဲကြပါစေနဲ့။

၂၄၆. ပဉ္စဥပါသကဝတ္ထု (၂၄၆၊ ၂၄၇၊ ၂၄၈)
ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။
၂၄၇. သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေဝ မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။
၂၄၈. ဧဝံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မော စ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

246-247. One who destroys life, utters lies, takes what is not given, goes to another man’s wife,
and is addicted to intoxicating drinks—such a man digs up his own root even in this world.
248. Know this, O good man: evil things are difficult to control. Let not greed and wickedness
drag you to protracted misery.

သူတစ်ပါးအလှူမှာ အကုသိုလ် ဝင်မယူပါနဲ့။ ( ဓ - ၂၄၉ )
တကယ်တော့- လူတွေဟာ ကြည်ညိုသလောက်၊ သဒ္ဓါစွမ်းအား ရှိသလောက်
ပေးကမ်းလှူဒါန်းတာပါ။
သူတစ်ပါးတွေရဲ့ စားသောက်စရာ စတဲ့ အလှူမှာ
စိတ်နှလုံးမသာမယာ မကျေမနပ်ဖြစ်သူဟာ - နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်
တည်ကြည်တဲ့စိတ်သမာဓိကို မရရှိနိုင်ပါဘူး။

သာသာကြည်ကြည် သမာဓိတည် ( ဓ - ၂၅၀ )
ဒီ စိတ်နှလုံးမသာမယာ မကျေနပ်တဲ့ အကုသိုလ်သဘောကို
အရင်းအမြစ်ပါမကျန် လုံးဝဖြတ်တောက်နှုတ်ပယ်ပြီးသူကတော့
နေ့ရောညပါ တည်ကြည်တဲ့စိတ်သမာဓိကို ရရှိနိုင်ပါတယ်။

၂၄၉. တိဿဒဟရဝတ္ထု (၂၄၉၊ ၂၅၀)
ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာပသာဒနံ ဇနော။
တတ္ထ ယော မင်္ကု ဘဝတိ ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။
၂၅၀. ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ  သမူဟတံ။
သ ဝေ ဒိဝါ ဝါ ရတ္တိံ ဝါ၊ သမာဓိမဓိဂစ္ဆတိ။

249. People give according to their faith or regard. If one becomes discontented with the
food and drink given by others, one does not attain meditative absorption,
either by day or by night.
250. But he in who this (discontent) is fully destroyed, uprooted and extinct,
he attains absorption, both by day and by night.

သတိ ! ( ဓ - ၂၅၁ )
ရာဂ နှင့်တူတဲ့ မီး မရှိပါဘူး။
ဒေါသ နှင့်တူတဲ့ ဖမ်းယူတတ်တာ မရှိပါဘူး။
မောဟ နှင့်တူတဲ့ ပိုက်ကွန်ယက် ဟာ မရှိပါဘူး။
တဏှာ နှင့်တူတဲ့ မြစ် ဟာ မရှိပါဘူး။

၂၅၁. ပဉ္စဥပါသကဝတ္ထု (၂၅၁)
နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

251. There is no fire like lust; there is no grip like hatred;
there is no net like delusion; there is no river like craving.
ကိုယ့်အညစ် ကိုယ်မမြင်၊ သူတစ်ပါးကို အပြစ်တင် ( ဓ - ၂၅၂ )
သူတစ်ပါးအပြစ်ကိုမြင်ဖို့ လွယ်ပါတယ်။ ကိုယ့်အပြစ်ကိုတော့ မြင်ဖို့ခက်ပါတယ်။
သူတစ်ပါးအပြစ်မြင်ပြီး ကိုယ့်အပြစ်မမြင်သူဟာ
(စပါးလှေ့တဲ့အခါ) ဖွဲကို ထုတ်လွှင့်သလို- သူတစ်ပါးအပြစ်ကို လွှင့်ထုတ်ပါတယ်။
ကောက်ကျစ်တဲ့ငှက်မုဆိုးဟာ အပြစ်ရှိတဲ့ကိုယ်ကို (ငှက်တွေမမြင်အောင်)
သစ်ရွက်သစ်ခက်တွေနဲ့ ဖုံးလွှမ်းသလို -
ကိုယ့်အပြစ်ကိုတော့ ဖုံး ကာ ဝှက်ထားပါတယ်။

၂၅၂. မေဏ္ဍကသေဋ္ဌိဝတ္ထု (၂၅၂)
သုဒဿံ ဝဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ဝဇ္ဇာနိ၊ ဩပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံ ဝ ကိတဝါ သဌော။

252. Easily seen is the fault of others, but one’s own fault is difficult to see.
Like chaff one winnows another’s faults, but hides one’s own,
even as a crafty fowler hides behind sham branches.

ပြစ်မှားရင် အညစ်ပွား ( ဓ - ၂၅၃ )
ကဲ့ရဲ့လိုတဲ့စိတ်ထားနှင့်
အမြဲတမ်း သူတစ်ပါးရဲ့ အပြစ်ကိုပဲ ထပ်ခါထပ်ခါ ကြည့်ရှုသူမှာ
အာသဝေါတရား ကိလေသာအညစ်အကြေးတွေပဲ တိုးပွားနေပါတယ်။
အာသဝေါကုန်ခမ်းရာ(ငြိမ်းအေးရာ) နိဗ္ဗာန်နှင့် ဝေးကွာပါတယ်။

၂၅၃. ဥဇ္ဈာနသညိတ္ထေရဝတ္ထု (၂၅၃)
ပရဝဇ္ဇာနုပဿိဿ ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊ အာရာ သော အာသဝက္ခယာ။

253. He who seeks another’s faults, who is ever censorious—his cankers grow.
He is far from destruction of the cankers.

မဂ္ဂလမ်းအပြင်ဘက်မှာ အရိယာမရှိပါ။ ( ဓ - ၂၅၄ )
ကောင်းကင်မှာ ခြေရာမရှိ၊
သာသနာတော်ပြင်ပမှာ မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
သတ္တဝါတွေဟာ  သံသရာနယ်ချဲ့တရားမှာပဲ ပျော်နေကြတာပါ။
လာခြင်းကောင်းတော်မူ မြတ်ဗုဒ္ဓအဆူဆူဟာ
သံသရာနယ် ချဲ့ထွင်ကြောင်းတရားတွေ သန့်ရှင်းကင်းစင်ပြီးပါပြီ။

သူတော်စင်မှာ စိတ်ပုပ်၊ စိတ်ယုတ် မရှိပါ ( ဓ - ၂၅၅ )
ကောင်းကင်မှာ ခြေရာမရှိ။
သာသနာပြင်ပမှာ မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေမှာ တည်မြဲတာမရှိ။
သစ္စာသိမြင် မြတ်စွာဘုရားရှင်တွေမှာ တုန်လှုပ်တာမရှိ။

၂၅၄. သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု (၂၅၄၊ ၂၅၅)
အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။
၂၅၅. အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

254. There is no track in the sky, and no recluse outside (the Buddha’s dispensation).
Mankind delights in worldliness, but the Buddhas are free from worldliness.
255. There is not track in the sky, and no recluse outside (the Buddha’s dispensation).
There are no conditioned things that are eternal,  and no instability in the Buddhas.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

ဓမ္မပဒအဖော်မွန် ၁၇

ဓမ္မပဒအဖော်မွန် - ၁၇
၁၇။ ကောဓဝဂ္ဂ၊ အမျက်ဒေါသ

ဆင်းရဲဒုက္ခတွေ မလာရအောင် ( ဓ- ၂၂၁ )
စိတ်ဆိုးဒေါသကို စွန့်ပယ်သင့်ပါတယ်။ မာနကို စွန့်လွှတ်သင့်ပါတယ်။
သံယောဇဉ်အားလုံးကို ကျော်လွှားသင့်ပါတယ်။
ခန္ဓာငါးပါး နာမ်ရုပ်တရားမှာ မငြိတွယ်သူ၊ စိုးရိမ်ကြောင့်ကြမရှိသူဆီကို
ဆင်းရဲဒုက္ခတွေ မကျရောက်နိုင်ပါဘူး။

၁၇. ကောဓဝဂ္ဂေါ
၂၂၁. ရောဟိနီခတ္တိယကညာဝတ္ထု (၂၂၁)
ကောဓံ ဇဟေ ဝိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

17. Kodhavagga: Anger
221. One should give up anger, renounce pride,
and overcome all fetters. Suffering never befalls
him who clings not to mind and body and is detached.

မမှောက်စေနဲ့၊ မမှားစေနဲ့ ( ဓ - ၂၂၂ )
ပြေးလွှားနေတဲ့ရထားကို (လမ်းမမှားအောင်) တားမြစ်(ထိန်းချုပ်) သလို -
ဖြစ်ပေါ်လာတဲ့ စိတ်ဆိုးဒေါသကို တားမြစ်(ထိန်းချုပ်)နိုင်သူကို
(ကျွမ်းကျင်လိမ္မာတဲ့) ရထားထိန်းလို့
ငါဘုရားရှင် ဟောတော်မူပါတယ်။
(ဒေါသမတားမြစ်နိုင်တဲ့) တစ်ခြားသူတွေဟာ
(ရထားမထိန်းနိုင်ဘဲ) ရထားကြိုး ကိုင်သူပဲဖြစ်ပါတယ်။

၂၂၂. အညတရဘိက္ခုဝတ္ထု (၂၂၂)
ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ဝါရယေ ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော ။

222. He who checks rising anger as a charioteer checks a rolling chariot,
him I call a true charioteer. Others only hold the reins.

သူတော်ကောင်းတွေရဲ့ မြင့်မြတ်တဲ့အောင်မြင်နည်း ( ဓ - ၂၂၃ )
အမျက်ဒေါသထွက်သူကို
အမျက်မထွက်ခြင်း(မေတ္တာတရား)နှင့် အောင်မြင်နိုင်ပါတယ်။
မကောင်းမှုကို ကောင်းမှုနှင့် အောင်မြင်နိုင်ပါတယ်။
နှမြောဝန်တိုကပ်စေးနဲသူကို ပေးကမ်းစွန့်ကြဲတာနှင့် အောင်မြင်နိုင်ပါတယ်။
မဟုတ်မမှန်ပြောဆိုသူကို မှန်ကန်တဲ့စကားနှင့် အောင်မြင်နိုင်ပါတယ်။

၂၂၃. ဥတ္တရာဥပါသိကာဝတ္ထု (၂၂၃)
အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ ။

223. Overcome the angry by non-anger; overcome the wicked by goodness;
overcome the miser by generosity; overcome the liar by truth.

အမှန်စကား၊ ခန္တီပွား၊ လှူဒါန်းသူများ နတ်ပြည်သွား ( ဓ - ၂၂၄ )
သစ္စာစကား ပြောဆိုတာ၊ အမျက်ဒေါသ မထွက်တာ၊
တောင်းခံလာတဲအခါ နည်းနည်းပဲရှိရှိ
(စွမ်းနိုင်သလောက် ကြည်ကြည်ဖြူဖြူ) ပေးလှူတာ၊
ဒီအကြောင်းသုံးခုကြောင့် နတ်ပြည်ကို ရောက်နိုင်ပါတယ်။

၂၂၄. မဟာမောဂ္ဂလ္လာနပဥှာဝတ္ထု (၂၂၄)
သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ဒဇ္ဇာ အပ္ပသ္မိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေဝါန သန္တိကေ။

224. Speak the truth; yield not to anger; when asked, give even if you only have a little.
By these three means can one reach the presence of the gods.

ကိုယ်၊ နှုတ်၊ စိတ် စောင့်ရှောက် သောကပျောက် ( ဓ - ၂၂၅ )
မညဉ်းဆဲတတ်တဲ့၊
ကိုယ်(နှုတ်၊ စိတ်)ကို ကောင်းကောင်းမွန် အမြဲ စောင့်စည်း၊ စောင့်ရှောက်တဲ့
သူတော်ကောင်း သူတော်မြတ်တွေဟာ
စိုးရိမ်ကင်းရာ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို ရောက်ကြရပါတယ်။

225. Those sages who are inoffensive and ever restrained in body, go to the Deathless State,
where, having gone, they grieve no more.

၂၂၅. ဗုဒ္ဓပိတုဗြာဟ္မဏဝတ္ထု (၂၂၅)
အဟိံသကာ ယေ မုနယော ၊  နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

နိဗ္ဗာန်သို့ ညွတ်သော စိတ်ဓာတ် ( ဓ - ၂၂၆ )
အခါခပ်သိမ်း (တရားရှုမှတ် သတိကပ်ပြီး မပြတ်ကြိုးစား) နိုးကြားနေကြတဲ့၊
သီလ သမာဓိ ပညာ သိက္ခာသုံးပါး တရားကျင့်နေကြတဲ့၊
ငြိမ်းအေးရာနိဗ္ဗာန်ကို ဦးတည်စိတ်ညွှတ်နေသူအတွက်
ကိလေသာ အာသဝေါ(၄)ပါး (အပြစ်ရှိတဲ့ အညစ်တရားတွေ) ဟာ ချုပ်ငြိမ်းကွယ်ပျောက်ကြပါတယ်။

၂၂၆.  ပုဏ္ဏဒါသီဝတ္ထု (၂၂၆)
သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ ။

226. Those who are ever vigilant, who discipline themselves day and night,
and are ever intent upon Nibbāna — their defilements fade away.

အကဲ့ရဲ့လွတ်သူမရှိ ( ဓ -၂၂၇ )
အတုလ ဒါယကာရေ -
ဒီ(ကဲ့ရဲ့တာ)ဟာက ရှေးရိုးစဉ်လာပါ။ ခုမှ ဖြစ်တာမဟုတ်ပါဘူး။
စကားမပြောသူကိုလည်း ကဲ့ရဲ့ကြပါတယ်။
များများပြောတတ်သူကိုလည်း ကဲ့ရဲ့ကြပါတယ်။
နှိုင်းချိန်ပြောတတ်သူကိုလည်း ကဲ့ရဲ့ကြပါတယ်။
လောကမှာ အကဲ့ရဲ့လွတ်သူ မရှိပါဘူး။

၂၂၇. အတုလဥပါသကာ (၂၂၇၊၂၂၈၊၂၂၉၊၂၃ဝ)
ပေါရာဏမေတံ  အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

227. O Atula! Indeed, this is an ancient practice, not one only of today:
they blame those who remain silent, they blame those who speak much,
they blame those who speak in moderation.
There is none in the world who is not blamed.

ဘယ်တော့မှ ရှိမှာမဟုတ်ပါဘူး ( ဓ - ၂၂၈ )
လုံးဝအကဲ့ရဲ့ခံရသူ၊ လုံးဝအချီးမွမ်းခံရသူ ဆိုတာ
ရှေးအရင်ကလည်း မရှိခဲ့ပါဘူး။
နောင်အနာဂတ်မှာလည်း ရှိမှာမဟုတ်ပါဘူး။
ယခုပစ္စုပ္ပန်မှာလည်း မရှိပါဘူး။

၂၂၈. န စာဟု န စ ဘဝိဿတိ၊ န စေတရဟိ ဝိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ဝါ ပသံသိတော။

228. There never was, there never will be, nor is there now,
a person who is wholly blamed or wholly praised.

နတ်ဗြဟ္မာတွေ ချီးမွမ်းအပ်သူ ရွှေစင်လူသား ( ဓ - ၂၂၉ - ၂၃၀ )
မကျိုးမပြတ် (ကောင်းမြတ်) အကျင့်ရှိတဲ့၊
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နဲ့ ပြည့်စုံသူကို
ပညာရှိတွေကတော့ ဟုတ်တိုင်းမှန်စွာ သိမြင်ပြီး
နေ့စဉ်နေ့တိုင်း ချီးမွမ်းကြပါတယ်။
သန့်စင်ပြီးသား အကောင်းစား ရွှေလိုဖြစ်နေတဲ့
အဲဒီပညာရှိသူတော်ကောင်းကို ဘယ်သူဟာ ကဲ့ရဲ့ထိုက်ပါ့မလဲ။
နတ်တွေကလည်း ချီးမွှမ်းကြပါတယ်။
ဗြဟ္မာတွေကလည်း ချီးမွှမ်းကြပါတယ်။

၂၂၉. ယံ စေ ဝိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒဝုတ္တိံ   မေဓာဝိံ၊ ပညာသီလသမာဟိတံ။
၂၃၀. နိက္ခံ  ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေဝါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

229. But the man whom the wise praise, after observing him day after day,
is one of flawless character, wise, and endowed with knowledge and virtue.
230. Who can blame such a one, as worthy as a coin of refined gold?
Even the gods praise him; by Brahma, too, is he praised.

ပျက်စီးသူ မဖြစ်ပါစေနဲ့ ( ဓ - ၂၃၁၊ ၂၃၂၊ ၂၃၃၊ ၂၃၄)
(ကိုယ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
ကိုယ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
ကိုယ်နဲ့ (မကောင်းမှုတွေ မပြုမိအောင်) စောင့်စည်းပါ။
ကာယဒုစရိုက်ကို စွန့်ပယ်ပြီး ကာယသုစရိုက်ကို ကျင့်သင့်ပါတယ်။

(နှုတ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
နှုတ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
နှုတ်နှင့် (မကောင်းမှုတွေ မပြောမိအောင်) စောင့်စည်းပါ။
ဝစီဒုစရိုက်ကို စွန့်ပယ်ပြီး ဝစီသုစရိုက်ကို ကျင့်သင့်ပါတယ်။

(စိတ်နှင့်ဆက်စပ် ဖြစ်ပွားတတ်တဲ့ မကောင်းမှုတွေ မဖြစ်ပွားအောင် စောင့်ရှောက်ပါ)
စိတ်ပျက်စီးခြင်းကို စောင့်ရှောက်ပါ။
စိတ်နှင့် (မကောင်းမှုတွေ မတွေးမိအောင်) စောင့်စည်းပါ။
မနောဒုစရိုက်ကို စွန့်ပယ်ပြီး မနောသုစရိုက်ကို ကျင့်သင့်ပါတယ်။

ပညာရှိတွေဟာ
ကိုယ်နှင့် (အကုသိုလ်ဒုစရိုက် မပြုမိအောင်) စောင့်စည်းတားမြစ်ကြပါတယ်။
နှုတ်နှင့် (အကုသိုလ်ဒုစရိုက် မပြောမိအောင်) စာင့်စည်းတားမြစ်ကြပါတယ်။
စိတ်နှင့် (အကုသိုလ်ဒုစရိုက် မတွေးမိအောင်) စောင့်စည်းတားမြစ်ကြပါတယ်။
အဲဒီပညာရှိတွေဟာ တကယ်စင်စစ် ကောင်းကောင်းလုံခြုံစွာ စောင့်စည်းစောင့်ရှောက်သူတွေပါပဲ၊
၂၃၁. ဆဗ္ဗဂ္ဂိယဝတ္ထု (၂၃၁၊၂၃၂၊၂၃၃၊၂၃၄)
ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။
၂၃၂. ဝစီပကောပံ ရက္ခေယျ၊ ဝါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ဝါစာယ သုစရိတံ စရေ။
၂၃၃. မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။
၂၃၄. ကာယေန သံဝုတာ ဓီရာ၊ အထော ဝါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

231. Let a man guard himself against irritability in bodily action; let him be controlled in deed.
Abandoning bodily misconduct, let him practice good conduct in deed.
232. Let a man guard himself against irritability in speech; let him be controlled in speech.
Abandoning verbal misconduct, let him practice good conduct in speech.
233. Let a man guard himself against irritability in thought; let him be controlled in mind.
Abandoning mental misconduct, let him practice good conduct in thought.
234. The wise are controlled in bodily action, controlled in speech and controlled in thought.
They are truly well-controlled.

ဒုစရိုက် နှင့် သုစရိုက် မှတ်စုအကျဉ်း
ကာယဒုစရိုက်(၃)ပါး
၁။ သူတစ်ပါးအသက်ကို သတ်ခြင်း၊
၂။သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးဝှက်လှည့်ပတ်ယူခြင်း၊
၃။ ကာမဂုဏ်တွင် ဖောက်ပြန်ယုတ်မာစွာ ကျင့်ခြင်း၊

ဝစီဒုစရိုက်(၄)ပါး
၁။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊
၂။ ကုန်းတိုက်ပြောဆိုခြင်း၊
၃။ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုခြင်း၊
၎။ အကျိုးမရှိ သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း၊

မနောဒုစရိုက် (၃)ပါး
၁။သူတစ်ပါးဥစ္စာရရန် အချောင်မတရားကြံစည်ခြင်း
၂။သူတစ်ပါးကို ပျက်စီးအောင် ကြံစည်ခြင်း၊
၃။အယူအမြင် လွဲမှားခြင်း (အထူးသဖြင့် ကံ၊ ကံ၏အကျိုး ကို မယုံကြည်ခြင်း)

လိုချင်တပ်မက်မှု (လောဘ)၊ အမျက်ထွက်မှု (ဒေါသ)၊
အသိဉာဏ်ကင်းမဲ့မှု (မောဟ) တို့သည်
ဒုစရိုက် (အကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
အကုသိုလ် ဒုစရိုက်သည် အပြစ်ရှိ၍ ဆိုးကျိုးပေးသည်။

ဒုစရိုက်(၁၀)ပါး၏ ဆန့်ကျင်ဘက်သည် သုစရိုက်(၁၀)ပါး ဖြစ်သည်။

လိုချင်တပ်မက်မှုမရှိ၊ စွန့်လွှတ်ခြင်း(အလောဘ)၊
အမျက်မထွက် မေတ္တာထားခြင်း (အဒေါသ)၊
အမှန်တရားကို သြိsမင်နားလည်ခြင်း (အမောဟ) တို့သည် သုစရိုက် (ကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
ကုသိုလ် သုစရိုက် သည် အပြစ်ကင်း၍ ကောင်းကျိုးပေးသည်။

၁။ မိမိကိုယ်တိုင်ပြုလုပ်ခြင်း၊ ၂။ သူတစ်ပါးအား တိုက်တွန်းခြင်း၊
၃။ ချီးမွမ်းပြောဆိုခြင်း၊ ၄။ သဘောတူခွင့်ပြုခြင်း၊
ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဟူ၍ တစ်မျိုးလျှင် (၁၀)ပါးစီ ရနိုင်သောကြောင့် ဒုစရိုက်(၄၀) / သုစရိုက်(၄၀) ဖြစ်သွားသည်။

ဒု=မကောင်းသော၊ စရိတ = အလေ့အကျင့်စရိုက်
သု = ကောင်းသော၊ စရိတ = အလေ့အကျင့်စရိုက်
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

Wednesday, March 8, 2017

ဓမ္မပဒအဖော်မွန် ၁၆

ဓမ္မပဒအဖော်မွန် - ၁၆
၁၆။ ပီယဝဂ္ဂ၊ အချစ်

လုပ်သင့်တာမလုပ်ရင် လိုအင်ဆန္ဒ မပြည့်ဝနိုင်ပါ။ ( ဓ- ၂၀၉)
မိမိကိုယ်ကို အားမထုတ်သင့်တာမှာ အားထုတ်သူ၊
အားထုတ်သင့်တာမှာ အားမထုတ်သူ၊
ကိုယ်အကျိုးစီးပွားကို ရှောင်ဖယ်စွန့်ခွာပြီး
ကာမဂုဏ်အာရုံမှာ ချစ်ခင်စွဲလမ်းနေသူဟာ
ကိုယ်တိုင်အားထုတ်သူတွေရဲ့ အကျိုးစီးပွားကို
(အချောင်အလကား) လိုလားတောင့်တပါတယ်။

၁၆. ပိယဝဂ္ဂေါ
၂၀၉.  တယောဇနပဗ္ဗဇိတဝတ္ထု (၂၀၉၊ ၂၁ဝ၊ ၂၁၁)
အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

16. Piyavagga: Affection
209. Giving himself to things to be shunned andnot exerting where exertion is needed,
a seeker after pleasures, having given up his true welfare,
envies those intent upon theirs.

တစ်ယောက်ထဲနေ၊ တစ်စိတ်ထဲထား၊ တစ်ဖြောင့်တည်းသွား ( ဓ - ၂၁၀၊ ၂၁၁ )
ချစ်ခင်သူတွေနဲ့လည်း (ကပ်ငြိတွယ်တာ) မပေါင်းဖော်ပါနဲ့။
မချစ်ခင်သူတွေနဲ့လည်း ဘယ်တော့မှ မပေါင်းဖော်ပါနဲ့။
ချစ်ခင်သူတွေကို မမြင်တွေ့ရတာကလည်း ဆင်းရဲပါပဲ။
မချစ်ခင်သူတွေကို မြင်တွေ့ရတာကလည်း ဆင်းရဲပါပဲ။
ဒါ့ကြောင့် (လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာကိုပဲဖြစ်ဖြစ်)
ချစ်ခင်စွဲလမ်းတာ မလုပ်ပါနဲ့။
ချစ်ခင်ရသူနဲ့ ကွဲကွာရတာ မကောင်းပါဘူး။
ချစ်ခြင်း မုန်းခြင်း မရှိသူမှာ ရစ်ပတ်နှောင်ဖွဲ့တာတွေ မရှိပါဘူး။

၂၁၀. မာ ပိယေဟိ သမာဂဉ္ဆိ၊ အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။
၂၁၁. တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ဝိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

210. Seek no intimacy with the beloved and also not with the unloved, for not to see the beloved
and to see the unloved, both are painful.
211. Therefore hold nothing dear, for separation from the dear is painful.
There are no bonds for those who have nothing beloved or unloved.

အချစ်သင့် အပြစ်ဖြစ် ( ဓ - ၂၁၂ )
ချစ်ခင်စွဲလမ်းတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ချစ်ခင်စွဲလမ်းတာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ချစ်ခင်စွဲလမ်းတာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၂. အညတရကုဋမ္ဗိကဝတ္ထု (၂၁၂)
ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

212. From endearment springs grief, from endearment springs fear.
For one who is wholly free from endearment, there is no grief, whence then fear?

အချစ်ဘေးဒုက္ခသည် ( ဓ - ၂၁၃ )
ချစ်မြတ်နိုးတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ချစ်မြတ်နိုးတာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ချစ်မြတ်နိုးတာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၃. ဝိသာခါဝတ္ထု (၂၁၃)
ပေမတော  ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

213. From affection springs grief, from affection springs fear.
For one who is wholly free from affection, there is no grief, whence then fear?

အပျော် - အပျက် ( ဓ - ၂၁၄ )
အပျော်အပါး တပ်မက်နှစ်သက်ခြင်းကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
အပျော်အပါး တပ်မက်နှစ်သက်ခြင်းကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
အပျော်အပါးက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၄. လိစ္ဆဝီဝတ္ထု (၂၁၄)
ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ
ရတိယာ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

214. From attachment springs grief, from attachment springs fear.
For one who is wholly free from attachment, there is no grief, whence then fear?

မတောင့်တ - မကြောင့်ကြ ( ဓ - ၂၁၅ )
ကာမဂုဏ်ကို လိုချင်တောင့်တတာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
ကာမဂုဏ်ကို လိုချင်တောင့်တတာကြောင့်
ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
ကာမဂုဏ်လိုချင်တောင့်တတာက လွတ်မြောက်သူအတွက်
စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၅. အနိတ္ထိဂန္ဓကုမာရဝတ္ထု (၂၁၅)
ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

215. From lust springs grief, from lust springs fear. For one who is wholly free from lust,
there is no grief; whence then fear?

တဏှာမရှိ၊ သောကမရှိ ( ဓ - ၂၁၆ )
တဏှာကြောင့် စိုးရိမ်သောက ဖြစ်ရတာပါ။
တဏှာကြောင့် ကြောက်နေရတာပါ။ (ဘေးဖြစ်နေရတာပါ)
တဏှာက လွတ်မြောက်သူအတွက် စိုးရိမ်သောက မရှိပါဘူး။
ဘယ်မှာ ကြောက်တာ (ဘေးဖြစ်တာ) ရှိနိုင်ပါ့မလဲ။

၂၁၆. အညတရဗြာဟ္မဏဝတ္ထု (၂၁၆)
တဏှာယ ဇာယတီ  သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

216. From craving springs grief, from craving springs fear.
For one who is wholly free from craving, there is no grief; whence then fear?
မြတ်နိုးထိုက်သူ ( ဓ - ၂၁၇ )
သီလ ပညာ ပြည့်စုံသူ၊ တရားမှာတည်သူ၊
အမှန်တရား သိမြင်သူ၊ ကိုယ်လုပ်သင့်တဲ့အလုပ် ကိုယ်လုပ်သူကို
လူအပေါင်းက ချစ်ခင်မြတ်နိုးကြပါတယ်။

၂၁၇. ပဉ္စသတဒါရကဝတ္ထု (၂၁၇)
သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

217. People hold dear him who embodies virtue and insight, who is principled,
has realized the truth, and who himself does what he ought to be doing.

နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ဓာတ် ( ဓ - ၂၁၈ )
နိဗ္ဗာန်ကို လိုလား(အားထုတ်ကြိုးစား)လို့ စိတ်နဲ့ထိတွေ့ပြီး၊
ကာမဂုဏ်တွေမှာ မတွယ်တာ၊ မနှောင်ဖွဲ့၊ မကပ်ငြိ၊ မတပ်မက်တဲ့စိတ်ရှိသူကို
ရေညာဆန်တက်သူလို့ ဆိုနိုင်ပါတယ်။

၂၁၈. ဧကအနာဂါမိတ္ထေရဝတ္ထု (၂၁၈)
ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စ ဖုဋော သိယာ။
ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော ၊ ဥဒ္ဓံသောတော တိ ဝုစ္စတိ။

218. One who is intent upon the Ineffable (Nibbāna), dwells with mind inspired
(by supramundane wisdom), and is no more bound by sense pleasures—
such a man is called “One Bound Upstream.”

ကောင်းကျိုးချမ်းသာတွေရဲ့ ချစ်မြတ်နိုးတာကို ခံထိုက်သူ ( ဓ - ၂၁၉၊ ၂၂၀ )
အချိန်အကြာကြီး ကွဲကွာနေရတဲ့၊
ဟိုအဝေးက ချမ်းချမ်းသာသာ ပြန်ရောက်လာသူကို
ဆွေမျိုးမိတ်ဆွေတွေ၊ ချစ်ခင်ကျွမ်းဝင်သူတွေက
(သူ)ပြန်လာပြီလို့ အလွန်အင်မတန် နှစ်သက်ဝမ်းမြောက်ကြပါတယ်။အဲဒီလိုပါပဲ-
ကောင်းမှုကုသိုလ် ပြုလုပ်ထားသူကိုလည်း
ဒီပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝကို ရောက်သွားရင်
ကောင်းမှုတွေက ကြိုဆိုကြပါတယ်။
ချစ်ခင်တဲ့ဆွေမျိုးရောက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလိုပါပဲ။

၂၁၉. နန္ဒိယဝတ္ထု (၂၁၉၊ ၂၂ဝ)
စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။
၂၂၀. တထေဝ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂဏှန္တိ၊ ပိယံ ဉာတီဝ အာဂတံ။

219. When, after a long absence, a man safely returns from afar, his relatives, friends and well-wishers welcome him home on arrival.
220. As kinsmen welcome a dear one on arrival, even so his own good deeds will welcome the
doer of good who has gone from this world to the next.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.