Saturday, April 29, 2017

ဓမ္မပဒအဖော်မွန် ၂၂

ဓမ္မပဒအဖော်မွန် - ၂၂
၂၂။ နိရယဝဂ္ဂ၊ ငရဲ

ငရဲဘုံမှာ ပြန်ဆုံမယ့်သူတွေ --- ( ဓ - ၃၀၆ )
မဟုတ်မမှန် လုပ်ကြံစွပ်စွဲပြောဆိုသူဟာ ငရဲကို ရောက်ရပါတယ်။
(မကောင်းမှု) ပြုလုပ်ပါလျက် မပြုလုပ်ဘူးလို့ ပြောဆိုသူဟာလည်း
ငရဲကို ရောက်ရပါတယ်။
အဲဒီနှစ်ယောက်ဟာ ယုတ်မာတဲ့အမှု ရှိကြတဲ့အတွက်
နောင်တမလွန်ဘဝမှာ (ငရဲကျတာချင်း) တူကြပါတယ်။

၃၀၆. သုန္ဒရီပရိဗ္ဗာဇိကာဝတ္ထု (၃၀၆)
အဘူတဝါဒီ  နိရယံ ဥပေတိ၊ ယော ဝါပိ ကတွာ န ကရောမိ စာဟ။
ဥဘောပိ တေ ပေစ္စ သမာ ဘဝန္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

22. Nirayavagga: Hell
306. The liar goes to the state of woe; also he who, having done (wrong), says, “I did not do it.”
Men of base actions both, on departing they share the same destiny in the other world.

ယုတ်မာသူ၊ မစောင့်စည်းသူ၊ ငရဲမီးတွေပူ ( ဓ - ၃၀၇ )
သင်္ကန်းလည်ပင်းပတ်ထားပြီး
ယုတ်မာတဲ့သဘောရှိသူတွေ၊ ကိုယ် နှုတ် စိတ်ကို မစောင့်စည်းသူတွေ၊
အဲဒီလူယုတ်မာတွေဟာ
ယုတ်မာတဲ့ အကုသိုလ်မကောင်းမှုကံတွေကြောင့် ငရဲကို ကျရောက်ရပါတယ်။

၃၀၇. ဒုစ္စရိတဖလပီဠိတဝတ္ထု (၃၀၇)
ကာသာဝကဏ္ဌာ ဗဟဝေါ၊ ပါပဓမ္မာ အသညတာ။
ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

307. There are many evil characters and uncontrolled men wearing the saffron robe.
These wicked men will be born in states of woe because of their evil deeds.

မီးခဲတွေကို မျိုမှာလား ? ( ဓ - ၃၀၈ )
တိုင်းသူပြည်သားတွေရဲ့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်တဲ့ဆွမ်းကို
သီလမရှိဘဲ၊ ကိုယ် နှုတ် စိတ်ကို မစောင့်စည်းဘဲ စားရတာထက်
မီးလျှံလို ရဲရဲတောက်ပူလောင်နေတဲ့ သံပူခဲတွေကို မျိုချရတာက ပိုကောင်းမြတ်ပါတယ်။

၃၀၈. ဝဂ္ဂုမုဒါတီရိယဘိက္ခုဝတ္ထု (၃၀၈)
သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။
ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။

308. It would be better to swallow a red-hot iron ball, blazing like fire,
than as an immoral and uncontrolled monk to eat the alms of the people.

ကာမေသုမိစ္ဆာ ရှောင်ကြဉ်ပါ။ ( ဓ - ၃၀၉၊ ၃၁၀ )
သူတစ်ပါးမယားကို မှီဝဲသုံးဆောင်၊ မေ့လျော့ယစ်မူးသူဟာ
အကုသိုလ်ရခြင်း၊ စိတ်တိုင်းကျ ချမ်းချမ်းသာသာ မအိပ်ရခြင်း၊
အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း၊
ဒီဆင်းရဲဖြစ်ကြောင်း လေးပါးကို ရောက်ရပါတယ်။

မကောင်းမှုကိုလည်း ရပါတယ်။ ယုတ်ညံ့တဲ့ လားရာဂတိလည်း ရှိပါတယ်။
စိုးရိမ်ကြောက်လန့်နေရတဲ့မိန်းမနှင့် စိုးရိမ်ကြောက်လန့်နေရတဲ့ယောက်ျားရဲ့
အပျော်အပါးဟာ နည်းနည်းလေးပါ။
အစိုးရမင်းဟာလည်း ကြီးလေးတဲ့ ပြစ်ဒဏ်ကို ထမ်းဆောင်စေပါတယ်။
ဒါ့ကြောင့် ယောက်ျားဟာ သူတစ်ပါးမယားကို မမှီဝဲ မခံစားပါနဲ့။

၃၀၉. ခေမကသေဋ္ဌိပုတ္တဝတ္ထု (၃၀၉၊ ၃၁၀)
စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ၊ နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။
၃၁၀. အပုညလာဘော စ ဂတီ စ ပါပိကာ၊
ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ န သေဝေ။

309. Four misfortunes befall the reckless man
who consorts with another’s wife: acquisition of demerit, disturbed sleep, ill-repute,
and (rebirth in) states of woe.
310. Such a man acquires demerit and an unhappy birth in the future.
Brief is the pleasure of the frightened man and woman,
and the king imposes heavy punishment.
Hence, let no man consort with another’s wife.

မေ့လျော့ပေါ့ဆ ငရဲကျ ( ဓ - ၃၁၁၊ ၃၁၂၊ ၃၁၃ )
သမန်းမြက်ဟာ ကောင်းကောင်းမကိုင်ရင် လက်ကို ခွဲရှသလို -
ရဟန်းအဖြစ်ဟာ ကောင်းကောင်းမကျင့်သုံးရင်
(အဲဒီရဟန်းကို) ငရဲဆီ ဆွဲချတတ်ပါတယ်။

ပေါ့လျော့တဲ့ အပြုအလုပ်၊ ညစ်နွမ်းတဲ့ အကျင့်၊
ယုံမှားသံသယဖြစ်စရာ သူတော်ကောင်းအကျင့်၊
ဒါတွေဟာ အကျိုးပေး မကြီးမြတ်ပါဘူး။

အမှုကိစ္စကို ပြုလုပ်မယ်ဆို (ထိထိရောက်ရောက် စေ့စပ်သေချာ) ပြုလုပ်ပါ။
ခိုင်ခိုင်မြဲမြဲ ကြိုးစားအားထုတ်ပါ။
ပေါ့ပေါ့လျော့လျော့ ရဟန်းဖြစ်ခြင်းဟာ
ကိလေသာမြူဖုန်တွေကို ထပ်လောင်း ကြဲဖြန့်တတ်ပါတယ်။

၃၁၁. ဒုဗ္ဗစဘိက္ခုဝတ္ထု (၃၁၁၊ ၃၁၂၊ ၃၁၃)
ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေဝါနုကန္တတိ။
သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယု,ပကဍ္ဎတိ။
၃၁၂. ယံ  ကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ဝတံ။
သင်္ကဿရံ ဗြဟ္မစရိယံ၊ န တံ ဟောတိ မဟပ္ဖလံ။
၃၁၃. ကယိရာ စေ ကယိရာထေနံ ၊ ဒဠှမေနံ ပရက္ကမေ။
သိထိလော ဟိ ပရိဗ္ဗာဇော၊ ဘိယျော အာကိရတေ ရဇံ။

311. Just as kusa grass wrongly handled cuts the hand, even so,
a recluse’s life wrongly lived drags one to states of woe.
312. Any loose act, any corrupt observance, any life of questionable celibacy—
none of these bear much fruit.
313. If anything is to be done, let one do it with sustained vigor.
A lax monastic life stirs up the dust of passions all the more.

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ မပူလောင် ( ဓ - ၃၁၄ )
မကောင်းမှုကို မပြုတာ မြတ်ပါတယ်။
မကောင်းမှုဟာ နောင်အခါ စိုးရိမ်ပူပန်စေတတ်ပါတယ်။
ကောင်းမှုကို ပြုတာ မြတ်ပါတယ်။
ကောင်းမှုပြုတာကြောင့် နောင်တတစ်ဖန် မပူပန်ရပါဘူး။

၃၁၄. ဣဿာပကတဣတ္ထိဝတ္ထု (၃၁၄)
အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။
ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။
314. An evil deed is better left undone, for such a deed torments one afterwards.
But a good deed is better done, doing which one repents not later.

ခွင့်သာခိုက်မှ မလိုက်ချင်ရင် လူမိုက်၊
ခွင့်သာတုန်းမှ မရုန်းချင်ရင် လူဖြစ်ရှုံးပြီ ။ ( ဓ - ၃၁၅ )
တိုင်းပြည်အစွန်အဖျားမြို့ကို အတွင်းအပြင် လုံခြုံစေသလို -
မိမိကိုယ်ကို စောင့်ရှောက်ပါ။
(ဘုရားပွင့်ခြင်း စတဲ့) အခွင့်အခါကောင်းကို မကျော်လွန်ပါစေနဲ့။
အခွင့်အခါကောင်းကို ချွတ်ချော်ကျော်လွန်သွားသူတွေဟာ
ငရဲ ဆင်းရဲ ကျခံရပြီး စိုးရိမ်ကြရပါတယ်။

၃၁၅. သမ္ဗဟုလဘိက္ခုဝတ္ထု (၃၁၅)
နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။
ဧဝံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။
ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

315. Just as a border city is closely guarded both within and without,
even so, guard yourself. Do not let slip this opportunity (for spiritual growth).
For those who let slip this opportunity grieve indeed when consigned to hell.

အယူမှန်မှ အရှက်မှန် ( ဓ - ၃၁၆ )
ရှက်စရာမဟုတ်တာမှာ ရှက်ပြီး၊ ရှက်စရာမှာတော့ မရှက်တဲ့၊
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

အမြင်မှန်မှ အကြောက်မှန် ( ဓ - ၃၁၇ )
ကြောက်စရာမဟုတ်တာမှာ ကြောက်စရာလို့ ရှုမြင်ပြီး၊
ကြောက်စရာမှာတော့ ကြောက်စရာမဟုတ်ဘူးလို့ ရှုမြင်တဲ့
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

၃၁၆. နိဂဏ္ဌဝတ္ထု (၃၁၆၊ ၃၁၇)
အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ န လဇ္ဇရေ။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၇. အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

316. Those who are ashamed of what they should not be ashamed of,
and are not ashamed of what they should be ashamed of—
upholding false views, they go to states of woe.
317. Those who see something to fear where there is nothing to fear,
and see nothing to fear where there is something to fear—
upholding false views, they go to states of woe.

အယူမှားက အပြစ်များကြ၊ ဆင်းရဲရ ( ဓ - ၃၁၈ )
အပြစ်မဟုတ်တာမှာ အပြစ်လို့ ယူဆပြီး
အပြစ်မှာတော့ အပြစ်မဟုတ်ဘူးလို့ ရှုမြင်တဲ့
အယူအမြင်မှားကို ဆုပ်ကိုင်ထားသူတွေဟာ
ဒုဂ္ဂတိဆင်းရဲဘဝ ရောက်ကြရပါတယ်။

အယူမှန်မှ အပြစ်ကင်းပ ချမ်းသာရ ( ဓ - ၃၁၉ )
အပြစ်ကို အပြစ်၊
အပြစ်မဟုတ်တာကို အပြစ်မဟုတ်လို့ သိမြင်တဲ့
မှန်ကန်ကောင်းမွန်တဲ့ အယူအမြင် စွဲမြဲသူတွေဟာ
သုဂတိချမ်းသာဘဝကို ရောက်ကြရပါတယ်။

၃၁၈. တိတ္ထိယသာဝကဝတ္ထု (၃၁၈၊ ၃၁၉)
အဝဇ္ဇေ ဝဇ္ဇမတိနော၊ ဝဇ္ဇေ စာဝဇ္ဇဒဿိနော။
မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။
၃၁၉. ဝဇ္ဇဉ္စ ဝဇ္ဇတော ဉတွာ၊ အဝဇ္ဇဉ္စ အဝဇ္ဇတော။
သမ္မာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

318. Those who imagine evil where there is none, and do not see evil where it is—
upholding false views, they go to states of woe.
319. Those who discern the wrong as wrong and the right as right—
upholding right views, they go to realms of bliss.

အောင်သိဒ္ဓိ
aungteikdi.blogspot.com
မနောကြာဖြူ
manawkyarphyu969.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com
dhammapada4.blogspot.com
dhammapada26.wordpress.com

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

ဓမ္မပဒအဖော်မွန် ၂၁

ဓမ္မပဒအဖော်မွန် - ၂၁
၂၁။ ပကိဏ္ဏကဝဂ္ဂ၊ အထွေထွေ

ချမ်းသာကြီးရဖို့ ချမ်းသာလေးကိုစွန့် ( ဓ - ၂၉၀)
ချမ်းသာနည်းနည်းပါးပါးကို စွန့်လွှတ်တဲ့အတွက်
ချမ်သာကြီးကြီးမားမားကို တွေ့မြင်မယ်ဆိုရင် -
ကြီးမားများပြားတဲ့ချမ်းသာကို ကောင်းကောင်းသိမြင်တဲ့ ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ချမ်းသာကို စွန့်လွှတ်ပါတယ်။

၂၉၀. အတ္တနောပုဗ္ဗကမ္မဝတ္ထု (၂၉၀)
မတ္တာသုခပရိစ္စာဂါ ၊ ပေဿ စေ ဝိပုလံ သုခံ။
စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။

21. Pakiṇṇakavagga: Miscellaneous
290. If by renouncing a lesser happiness one may realize a greater happiness,
let the wise man renounce the lesser, having regard for the greater.

သူတစ်ပါးကို ဒုက္ခရောက်စေသူ ရန်ထူပူ ( ဓ - ၂၉၁ )
သူတစ်ပါးကို ဆင်းရဲပေးပြီး ကိုယ့်ချမ်းသာကို လိုချင်သူဟာ
အပြန်အလှန် ရန်ရန်ချင်း ရောနှောရှုပ်ထွေးနေတာဖြစ်လို့
ဘေးရန်က မလွတ်မြောက်နိုင်ပါဘူး။

၂၉၁. ကုက္ကုဋဏ္ဍခါဒိကာဝတ္ထု (၂၉၁)
ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။
ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရာ သော န ပရိမုစ္စတိ။

291. Entangled by the bonds of hate, he who seeks his own happiness
by inflicting pain on others, is never delivered from hatred.

မလုပ်သင့်တာ မလုပ်ပါနဲ့။ လုပ်သင့်တာလုပ်ပါ။ ( ဓ- ၂၉၂ )
ပြုသင့်ပြုထိုက်တဲ့ အမှုကိစ္စကို စွန့်ပစ်ပြီး
မပြုသင့် မပြုထိုက်တဲ့ အမှုကိစ္စကို ပြုလုပ်သူ၊
မာနထောင်လွှားပြီး မေ့လျော့ပေါ့ဆသူတွေမှာ
ကိလေသာအာသဝေါတရားတွေ တိုးပွားနေကြပါတယ်။

အသိ - သတိ ရှိ၊ ကိလေသာကင်း၏ ( ဓ - ၂၉၃ )
ကာယဂတာသတိ (ကာယာနုပဿနာ)ကို အမြဲမကွာ ကောင်းစွာအားထုတ်ပြီး
မပြုသင့် မပြုထိုက်တဲ့ အမှုကိစ္စကို မမှီဝဲ မပြုလုပ်ဘဲ၊
ပြုသင့်ပြုထိုက်တဲ့ အမှုကိစ္စကို မပြတ်မလပ် ပြုလုပ်သူတွေ၊
သတိ သမ္ပဇဉ် အသိဉာဏ်ယှဉ်သူတွေမှာ
ကိလေသာအာသဝေါတရားတွေဟာ ချုပ်ငြိမ်းသွားကြပါတယ်။

၂၉၂. ဘဒ္ဒိယာနံဘိက္ခူနံဝတ္ထု (၂၉၂၊ ၂၉၃)
ယံ ဟိ ကိစ္စံ အပဝိဒ္ဓံ ၊ အကိစ္စံ ပန ကရီယတိ။
ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ဝဍ္ဎန္တိ အာသဝါ။
၂၉၃. ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာ သတိ။
အကိစ္စံ တေ န သေဝန္တိ၊ ကိစ္စေ သာတစ္စကာရိနော။
သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသဝါ။

292. The cankers only increase for those who are arrogant and heedless,
who leave undone what should be done and do what should not be done.
293. The cankers cease for those mindful and clearly comprehending ones
who always earnestly practice mindfulness of the body,
who do not resort to what should not be done, and
steadfastly pursue what should be done.

ကိလေသာတွေကို အသေသတ်ပစ်ပါ ( ဓ - ၂၉၄ )
(တဏှာဆိုတဲ့) အမေ၊ (မာနဆိုတဲ့) အဖေ ကိုသတ်ပြီး၊
(သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့) ရေမြေ့အရှင် ဘုရင်နှစ်ပါး၊
(အာယတနဆယ့်နှစ်ပါးဆိုတဲ့) တိုင်းပြည်၊
(နန္ဒီရာဂဆိုတဲ့) အခွန်သိမ်းအမတ် တို့ကို သတ်ပြီး၊
ကိလေသာတွေ၊ မကောင်းမှုတွေကို ပထုတ်စွန့်ထားသူ (ရဟန္တာအရှင်မြတ်) ဟာ
ဆင်းရဲကင်းကွာ (နိဗ္ဗာန်) သွားရပါတယ်။

မကောင်းတဲ့စိတ်ဓာတ်တွေကို အသေသတ်ပစ်ပါ ( ဓ - ၂၉၅ )
(တဏှာဆိုတဲ့) အမေ၊ (မာနဆိုတဲ့) အဖေ ကိုသတ်ပြီး၊
(သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့) မင်း ပုဏ္ဏားနှစ်ပါး ကို သတ်ပြီး၊
ကျားရဲရှိရာ ခရီးခဲနဲ့တူတဲ့ ဝိစိကိစ္ဆာအပါအဝင်
ငါးခုမြောက် နီဝရဏအတားအဆီးကို ပယ်ဖျက်ပြီး၊
ကိလေသာတွေ မကောင်းမှုတွေကို ပထုတ်စွန့်ထားသူ (ရဟန္တာအရှင်မြတ်) ဟာ
ဆင်းရဲကင်းကွာ (နိဗ္ဗာန်) သွားရပါတယ်။

၂၉၄. လကုဏ္ဍကဘဒ္ဒိယဝတ္ထု (၂၉၄၊ ၂၉၅)
မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ ခတ္တိယေ။
ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။
၂၉၅. မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ စ သောတ္ထိယေ။
ဝေယဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

294. Having slain mother (craving), father (self-conceit),
two warrior-kings (eternalism and nihilism), and destroyed a country (sense organs and sense objects) together with its treasurer (attachment and lust),
ungrieving goes the holy man.
295. Having slain mother, father, two brāhmaṇ kings (two extreme views),
and a tiger as the fifth (the five mental hindrances),
ungrieving goes the holy man.

ကောင်းစွာသိမြင် နိုးကြားရှင်သန်သူ
( ဓ - ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉၊ ၃၀၀၊ ၃၀၁ )
နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်ဗုဒ္ဓဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်ဓမ္မဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း မြတ်သံဃာဂုဏ်တော် အာရုံပြု အမှတ်ရနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း (ကာယာနုပဿနာ) ကာယဂတာသတိ ရှိနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်
အမြဲတမ်း ညှဉ်းဆဲကင်းကွာ (မေတ္တာ)ကရုဏာဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊
အမြဲတမ်း သမထ ဝိပဿနာ ကမ္မဌာန်းဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

(( ဘုရားဂုဏ်တော် ပွားများတာ၊
တရားဂုဏ်တော် ပွားများတာ၊ သံဃာဂုဏ်တော် ပွားများတာ၊
ကာယာနုပဿနာသတိပဌာန် ပွားများတာ၊
ကရုဏာဘာဝနာ ပွားများတာ၊ မေတ္တာဘာဝနာ ပွားများတာ၊
ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။ ဓမ္မကိုယ်ရံတော်တွေပါ။))

၂၉၆.ဒါရုသာကဋိကပုတ္တ (၂၉၆ - ၃၀၁)
သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။
၂၉၇. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။
၂၉၈. သုပ္ပဗုဒ္ဓံ  ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။
၂၉၉. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။
၃၀၀. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။
၃၀၁. သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

296. Those disciples of Gotama ever awaken happily who day and night constantly practice
the Recollection of the Qualities of the Buddha.
297. Those disciples of Gotama ever awaken happily who day and night constantly practice
the Recollection of the Qualities of the Dhamma.
298. Those disciples of Gotama ever awakenhappily who day and night constantly practice
the Recollection of the Qualities of the Saṅgha.
299. Those disciples of Gotama ever awaken happily who day and night constantly practice
Mindfulness of the Body.
300. Those disciples of Gotama ever awaken happily whose minds by day and night delight in
the practice of non-violence.
301. Those disciples of Gotama ever awaken happily whose minds by day and night delight in
the practice of meditation.

သံသရာခရီး ပြီးဆုံးပါစေ ( ဓ - ၃၀၂ )
ရဟန်းပြုနိုင်ဖို့ ခက်ခဲပါတယ်။
(ရဟန်းတရား) သူတော်ကောင်းတရားမှာ ပျော်မွေ့နိုင်ဖို့ ခက်ခဲပါတယ်။
အိမ်မှာ ခက်ခက်ခဲခဲနေရတာ ဆင်းရဲပါတယ်။
သဘောထားမတူ မညီညွတ်သူတွေနှင့် အတူနေရတာ ဆင်းရဲပါတယ်။
သံသရာခရီးသွားရတာက ဆင်းရဲဒုက္ခဆီကို
ထပ်ခါ ထပ်ခါ ကျရောက်စေတာပါ။
ဒါကြောင့် သံသရာခရီးသွား မဖြစ်ပါစေနဲ့။
(ဒုက္ခနောက်လိုက်သူ) ဒုက္ခအခါခါ ကျရောက်သူ မဖြစ်ပါစေနဲ့။

၃၀၂.  ဝဇ္ဇိပုတ္တကဘိက္ခုဝတ္ထု (၃၀၂)
ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။
ဒုက္ခောသမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။
တသ္မာ န စဒ္ဓဂူ သိယာ၊ န စ ဒုက္ခာနုပတိတော သိယာ။

302. Difficult is life as a monk; difficult is it to delight therein.
Also difficult and sorrowful is the household life.
Suffering comes from association with unequals;
suffering comes from wandering in saṁsāra. Therefore, be not an
aimless wanderer, be not a pursuer of suffering.

သဒ္ဓါ သီလ အစပြု၍ - - - ( ဓ - ၃၀၃ )
သဒ္ဓါ၊ သီလ ပြည့်စုံသူ၊
အခြံရံအကျော်စော စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသူဟာ
ရောက်လေရာရာ အရပ်ရပ်တိုင်းမှာ အပူဇော်ခံရပါတယ်။

၃၀၃. စိတ္တဂဟပတိဝတ္ထု (၃၀၃)
သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသောဘောဂသမပ္ပိတော။
ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေဝ ပူဇိတော။

303. He who is full of faith and virtue, and possesses good repute and wealth—
he is respected everywhere, in whatever land he travels.

ဘုရားရှင်ရဲ့ ဉာဏ်တော်မှာ ထင်ရှားသူ ( ဓ - ၃၀၄ )
ဟိမဝန္တာတောင်ဟာ အဝေးမှာရှိပေမယ့် ထင်ရှားသလို -
သူတော်ကောင်းဟာ အဝေးမှာရှိပေမယ့် ထင်ရှားပါတယ်။
ညအခါ ပစ်လွှတ်လိုက်တဲ့ မြားဟာ မထင်ရှားသလို -
သူတော်မဟုတ် သူယုတ်မာတွေဟာ
(ငါဘုရားရှင်ရဲ့) အနီးမှာရှိနေကြပေမယ့် မထင်ရှားပါဘူး။

304. The good shine from afar, like the Himalaya mountains.
But the wicked are unseen, like arrows shot in the night.

၃၀၄. စူဠသုဘဒ္ဒါဝတ္ထု (၃၀၄)
ဒူရေ သန္တော ပကာသေန္တိ၊ ဟိမဝန္တောဝ ပဗ္ဗတော။
အသန္တေတ္ထ န ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။

တစ်ကိုယ်တော်ဘဝရဲ့ သုခချမ်းသာ ( ဓ - ၃၀၅ )
(တရားအာရုံနှင့်) တစ်ယောက်တည်းနေ၊ တစ်ယောက်တည်းအိပ်၊
တစ်ယောက်တည်း မပျင်းရိဘဲ ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး၊
ကိုယ့်ကိုယ်ကို ဆုံးမပြီး၊
တစ်ကိုယ်တော်ပဲ တိတ်ဆိတ်ငြိမ်သက်တဲ့တောမှာ ပျော်မွေ့ပါလေ။

((ကမ္မဌာန်တရား နှလုံးသွင်းပြီးနေရင်၊
ဘာဝနာပွားများတဲ့ တစ်စိတ်တည်းထားနိုင်ရင်
တစ်ကိုယ်တော် ပျော်မွေ့တာပါပဲ))

၃၀၅. ဧကဝိဟာရိတ္ထေရဝတ္ထု (၃၀၅)
ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။

305. He who sits alone, sleeps alone, and walks alone,
who is strenuous and subdues himself alone,
will find delight in the solitude of the forest.

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.

ဓမ္မပဒအဖော်မွန် ၂၀

ဓမ္မပဒအဖော်မွန် - ၂၀
၂၀။ မဂ္ဂဝဂ္ဂ၊ လမ်း

သေခြင်းကင်းရာ လမ်းမြတ်မဟာ ( ဓ - ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆ )
လမ်းခရီးအားလုံးမှာ -
မဂ္ဂင်ရှစ်ပါးလမ်းခရီးဟာ အမြင့်မြတ်ဆုံးပါ။
သစ္စာအားလုံးမှာ -
သစ္စာလေးပါးဟာ အမြင့်မြတ်ဆုံးပါ။
တရားအားလုံးမှာ -
တဏှာရာဂကင်းရာ နိဗ္ဗာန်ဟာ အမြင့်မြတ်ဆုံးပါ။
ခြေနှစ်ချောင်းရှိသူအားလုံးမှာ -
မျက်စိငါးပါးသခင် ဘုရားရှင်ဟာ အမြင့်မြတ်ဆုံးပါ။

အယူအမြင်စင်ကြယ်သန့်ရှင်းဖို့အတွက်
ဒီမဂ္ဂင်ရှစ်ပါးသာ ခရီးလမ်းမှန်ပါပဲ။
မဂ္ဂင်ရှစ်ပါးမှတစ်ပါး အခြားလမ်းခရီး မရှိပါဘူး။
မာရ်မင်းကို တွေဝေစေတဲ့ (မာရ်မင်း မမြင်နိုင်တဲ့)
ဒီမဂ္ဂင်လမ်းခရီးကို သင်ချစ်သားတို့ သွားကြပါ။ (ကျင့်ကြပါ)

ဒီမဂ္ဂင်ရှစ်ပါးလမ်းခရီးကို သင်ချစ်သားတို့ လျောက်လှမ်းကြရင်-
ဆင်းရဲဒုက္ခအားလုံးကို အဆုံးသတ်နိုင်ကြမှာပါ။
ရာဂ စတဲ့ ဆူးငြောင့်ကင်းစင်ရာ မဂ္ဂင်လမ်းကို
ငါဘုရားဟာ (ကိုင်တိုင်) သိမြင်ပြီးမှ
သင်ချစ်သားတို့ကို ဟောကြားညွှန်ပြတာပါ။
သင်ချစ်သားတို့ ကျင့်ကြံအားထုတ်ကြပါ။
(ကျင့်ကြံအားထုတ်ဖို့ဟာ သင်ချစ်သားတို့ကိစ္စပါ)
လာခြင်းကောင်းတော်မူတဲ့ ငါဘုရားဟာ (လမ်းမှန်ကို) ဟောညွှန်ပြပြီးပြီ။
(ငါဘုရားရှင် ညွှန်ပြတဲ့လမ်းကို လျှောက်လှမ်းရင်) ကျင့်ကြံအားထုတ်ရင်
(လွတ်မြောက်ကြမှာပါ။)
(သမထ ဝိပဿနာ လေ့လာပွားများသူတွေ)
ကိလေသာအနှောင်အဖွဲ့ကို ရှို့မြှိုက်လောင်ကျွမ်းစေသူတွေဟာ
သေမင်းအနှောင်အဖွဲ့က လွတ်မြောက်ကြမှာပါ။

၂၇၃. ပဉ္စသတဘိက္ခုဝတ္ထု (၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆)
မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။
ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။
၂၇၄. ဧသေဝ  မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ဝိသုဒ္ဓိယာ။
ဧတဉှိ တုမှေ ပဋိပဇ္ဇထ၊ မာရေဿတံ ပမောဟနံ။
၂၇၅. ဧတဉှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။
အက္ခာတော ဝေါ  မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။
၂၇၆. တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။
ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

20. Maggavagga: The Path
273. Of all the paths the Eightfold Path is the best;
of all the truths the Four Noble Truths are the best;
of all things passionlessness is the best:
of men the Seeing One (the Buddha) is the best.
274. This is the only path; there is none other for the purification of insight.
Tread this path, and you will bewilder Mara.
275. Walking upon this path you will make an end of suffering.
Having discovered how to pull out the thorn of lust, I make known the path.
276. You yourselves must strive; the Buddhas only point the way.
Those meditative ones who tread the path, are released from the bonds of Mara.
ခန္ဓာငါးပါး ရုပ်နာမ်တရား အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု မြင်အောင်ရှု ပူမှုကင်းလွတ်သည်။
မဂ္ဂင်ခရီး အနိစ္စ၊ဒုက္ခ၊အနတ္တ လက္ခဏာယာဉ်စီး ( ဓ - ၂၇၇၊ ၂၇၈၊ ၂၇၉ )
အနိစ္စလက္ခဏာ
(အကြောင်းတရားတွေ ပြုပြင်စီမံဖန်တီးထားတဲ့
ခန္ဓာငါးပါး ရုပ်နာမ်) သင်္ခါရတရားအားလုံးဟာ
ဖြစ်ပြီးပျက်ရ သဘာဝကြောင့် အမြဲမရှိပါဘူး ---လို့ ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ) သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၇. အနိစ္စလက္ခဏဝတ္ထု (၂၇၇)
‘‘သဗ္ဗေ  သင်္ခါရာ အနိစ္စာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

277. “All conditioned things are impermanent”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

ဒုက္ခလက္ခဏာ
(အကြောင်းတရားတွေ ပြုပြင်စီမံဖန်တီးထားတဲ့
ခန္ဓာငါးပါး ရုပ်နာမ်) သင်္ခါရတရားအားလုံးဟာ
ဆင်းရဲဒုက္ခပါပဲ ---လို့ ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ ဒုက္ခပဲမို့) သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၈. ဒုက္ခလက္ခဏဝတ္ထု (၂၇၈)
‘‘သဗ္ဗေ သင်္ခါရာ ဒုက္ခာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

278. “All conditioned things are unsatisfactory”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

အနတ္တလက္ခဏာ
သဘာဝတရားအာလုံးဟာ အတ္တမဟုတ်။ အတ္တမရှိ ---လို့
ဝိပဿနာပညာနှင့် ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ ဒုက္ခပဲမို့၊ အနှစ်မရှိ၊
အလိုမလိုက်၊ အကြိုက်မဖြစ်၊ သူ့သဘောသူဆောင်တဲ့ ဓာတ်သဘာဝ)
သံသရာဝဋ်ဆင်းရဲမှာ မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။

၂၇၉. အနတ္တလက္ခဏဝတ္ထု (၂၇၉)
‘‘သဗ္ဗေ ဓမ္မာ အနတ္တာ’’တိ၊ ယဒါ ပညာယ ပဿတိ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။

279. “All things are not-self ”—
when one sees this with wisdom, one turns away from suffering.
This is the path to purification.

လုံ့လမရှိ ပညာမပြည့် ( ဓ - ၂၈၀ )
ထကြွလုံ့လပြုသင့်တဲ့ကာလမှာ ထကြွလုံ့လ မပြုသူ၊
နုပျိုခွန်အားပြည့်စုံနေတုန်းမှာ ပျင်းရိထိုင်းမှိုင်းနေသူ၊
(အလကား)အတွေးများပြီး (လေးလံ)နစ်မြုပ်နေသူ၊
(အတွေးမှားတွေရဲ့ ညှဉ်းပန်းနှိပ်စက်တာ ခံရသူ)
ဝီရိယမရှိ ပျင်းရိသူဟာ -
ပညာနဲ့ သိမြင်အပ်တဲ့ အရိယမဂ်ကို မရနိုင်ပါဘူး။

၂၈၀. ပဓာနကမ္မိကတိဿတ္ထေရဝတ္ထု (၂၈၀)
ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊ ယုဝါ ဗလီ အာလသိယံ ဥပေတော။
သံသန္နသင်္ကပ္ပမနော ကုသီတော၊ ပညာယ မဂ္ဂံ အလသော န ဝိန္ဒတိ။

280. The idler who does not exert himself when he should,
who though young and strong is full of sloth,  with a mind full of vain thoughts—
such an indolent man does not find the path to wisdom.

စောင့်ရှောက်စောင့်စည်း လမ်းခရီး ( ဓ - ၂၈၁ )
နှုတ်ကို အစဉ်အမြဲစောင့်ရှောက်ပါ။
စိတ်နဲ့ ကောင်းကောင်း စောင့်စည်းပါ။
ကိုယ်နဲ့လည်း မကောင်းမှုအကုသိုလ်ကို မပြုပါနဲ့။
ဒီကံသုံးပါးကို စင်ကြယ်သန့်ရှင်းအောင် သုတ်သင်ပါလေ။
မြတ်စွာဘုရားရှင်ဟောညွှန်ပြတဲ့ မဂ္ဂင်လမ်းခရီးကို ပြီးပြည့်စုံပါစေ။

၂၈၁. သူကရပေတဝတ္ထု (၂၈၁)
ဝါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန စ နာကုသလံ ကယိရာ ။
ဧတေ တယော ကမ္မပထေ ဝိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

281. Let a man be watchful of speech, well controlled in mind,
and not commit evil in bodily action.  Let him purify these three courses of action,
and win the path made known by the Great Sage.

ပညာပွားကြောင်း တရားကောင်းမှာ ကြိုးစားပါ။ ( ဓ - ၂၈၂)
(ကမ္မဋ္ဌာန်းတရား) ကြိုးစားအားထုတ်တာကြောင့် ပညာဖြစ်ပွားပါတယ်။
အားထုတ်လုံ့လမရှိတာကြောင့် ပညာကုန်ခမ်းပါတယ်။
ပညာဖြစ်ပွားတာ၊ ပညာဆုတ်ယုတ်တာ ဒီလမ်းခရီးနှစ်သွယ်ကိုသိပြီး
ပညာကို တိုးပွားပါစေ။
(ပညာပွားလမ်း ကမ္မဋ္ဌာန်းဘာဝနာနဲ့) ကိုယ့်စိတ်ကို သိမ်းသွင်းပါလေ။

၂၈၂. ပေါဋ္ဌိလတ္ထေရဝတ္ထု (၂၈၂)
ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။
ဧတံ ဒွေဓာပထံ ဉတွာ၊ ဘဝါယ ဝိဘဝါယ စ။
တထာတ္တာနံ နိဝေသေယျ၊ ယထာ ဘူရိ ပဝဍ္ဎတိ။

282. Wisdom springs from meditation; without meditation wisdom wanes.
Having known these two paths of progress and decline,
let a man so conduct himself that his wisdom may increase.

တဏှာတောမှာ မောလှပြီ ( ဓ - ၂၈၃၊ ၂၈၄ )
ကိလေသာကို ဖြိုဖျက်သူ၊ သံသရာအပြစ်ဘေးကိုရှုမြင်တတ်သူ ချစ်သားတို့ -
(ကိလေသာ တဏှာ) တောကို (ဝိပဿနာ မဂ်ပညာ နဲ့) ခုတ်ဖြတ်ကြပါ။
သစ်ပင်ကို မခုတ်ဖြတ်ပါနဲ့။
(တဏှာ)တောကြောင့် (မွေး အို နာ သေ ---)ဘေးအန္တရာယ်တွေ ဖြစ်တာပါ။
(တဏှာကြီး တဏှာငယ်) တောကြီး တောငယ်ကို ခုတ်ဖြတ်ပြီး
တဏှာတောက ထွက်မြောက်ကြပါ။

တကယ်တော့- မိန်းမတွေအပေါ်မှာဖြစ်တဲ့ ယောက်ျားရဲ့တဏှာတောဟာ
အဏုမြူလောက်ပဲ သေးငယ်နေစေပါဦး - မဖြတ်တောက်နိုင်ရင်
(သံသရာမှာ) တုပ်နှောင်ကပ်ငြိနေမှာပါပဲ။
နို့မပြတ်သေးတဲ့ နွားလေးဟာ မိခင်နွားမကြီးနားမှာ မခွဲမခွာ ကပ်ပါနေသလိုပေါ့။

၂၈၃. ပဉ္စမဟလ္လကဘိက္ခုဝတ္ထု (၂၈၃၊ ၂၈၄)
ဝနံ  ဆိန္ဒထ မာ ရုက္ခံ၊ ဝနတော ဇာယတေ ဘယံ။
ဆေတွာ ဝနဉ္စ ဝနထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။
၂၈၄. ယာဝ ဟိ ဝနထော န ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။
ပဋိဗဒ္ဓမနောဝ တာဝ သော၊ ဝစ္ဆော ခီရပကောဝ မာတရိ။

283. Cut down the forest (lust), but not the tree;
from the forest springs fear. Having cut down the forest and the underbrush (desire),
be passionless, O monks!
284. For so long as the underbrush of desire,
even the most subtle, of a man towards a woman is not cut down, his mind is in bondage,
like the sucking calf to its mother.

ကြာပန်းထဲမှာ တရားရှာ ( ဓ - ၂၈၅ )
တန်ဆောင်မုန်းလမှာပွင်တဲ့ ကုမုဒြာကြာပန်းကို လက်နဲ့ဖြတ်လိုက်သလို -
ကိုယ့်ရဲ့ချစ်ခြင်းတဏှာကို ဖြတ်ပါတော့။
ကောင်းသောစကားသခင် ဘုရားရှင်ဟာ နိဗ္ဗာန်ကို ဟောညွှန်တော်မူပါတယ်။
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါးကိုပဲ ပွားများပါတော့။
((ငြိမ်းအေးရာလမ်းကိုသာ တိုးပွားပါစေ))

၂၈၅. သုဝဏ္ဏကာရတ္ထေရဝတ္ထု (၂၈၅)
ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။
သန္တိမဂ္ဂမေဝ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

285. Cut off your affection in the manner of a man plucks with his hand an autumn lotus.
Cultivate only the path to peace, Nibbāna, as made known by the Exalted One.

မသိကိန်းများစွာ ! ( ဓ - ၂၈၆ )
မိုးတွင်းအခါ ဒီအရပ်မှာ နေမယ်။
ဆောင်း နွေအခါ ဒီအရပ်မှာ နေမယ်။
လူမိုက်ဟာ ဒီလို အထွေထွေအထူးထူး ကြံစည်စိတ်ကူးနေပါတယ်။
(ဘယ်အခါ ဘယ်အရပ်မှာ ဘယ်အရွယ် ဘာရောဂါနှင့် ဘယ်လိုသေရမလဲ?စတဲ့)
အသက်အန္တရာယ်ကိုတော့ မသိရှာပါဘူး။

၂၈၆. မဟာဓနဝါဏိဇဝတ္ထု (၂၈၆)
ဣဓ ဝဿံ ဝသိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။
ဣတိ ဗာလော ဝိစိန္တေတိ၊ အန္တရာယံ န ဗုဇ္ဈတိ။

286. “Here shall I live during the rains, here in winter and summer”—thus thinks the fool.
He does not realize the danger (that death might intervene).

မေ့နေရင် - သေဖို့သာပြင် ( ဓ - ၂၈၇ )
(ပြင်းထန်တဲ့) ရေအလျဉ်ကြီးဟာ
မေ့လျော့ပေါ့ဆ အိပ်မောကျနေတဲ့ရွာကို (လွှမ်းမိုး)သယ်သူသွားသလို -
သားသမီး ကျွဲနွား ပစ္စည်ဥစ္စာတွေနှင့် ယစ်မူးမေ့လျော့ပြီး
မရသေးတာကို တောင့်တ၊ ရပြီးတာကို တွယ်တာ
ကပ်ငြိတပ်မက်စိတ်ရှိသူကို သေမင်းဟာ ခေါ်ယူသွားပါတယ်။

၂၈၇. ကိသာဂေါတမီဝတ္ထု (၂၈၇)
တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

286. “Here shall I live during the rains, here in winter and summer”—thus thinks the fool.
He does not realize the danger (that death might intervene).

တကယ့်အရေး တကယ့်ဘေးမှာ ကိုယ့်တရားသာ အားကိုးစရာ။ ( ဓ - ၂၈၈၊ ၂၈၉
သေခြင်းတရား နှိပ်စက်ခံရသူအတွက်
စောင့်ရှောက်နိုင်တဲ့ သားသမီး မရှိပါဘူး။ မိဘမရှိပါဘူး။ မိတ်ဆွေ မရှိပါဘူး။
သေခြင်းတရား နှိပ်စက်ခံရသူအတွက်
ဆွေမျိုးတွေ မစောင့်ရှောက်နိုင်ပါဘူး။

ဒါကိုသိတဲ့ ပညာရှိဟာ
သီလနှင့် စောင့်ရှောက်စောင့်စည်းပြီး
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်လမ်းခရီးကို
မြန်မြန် သုတ်သင်ရှင်းလင်း သန့်စင်စေပါတယ်။

၂၈၈. ပဋာစာရာဝတ္ထု (၂၈၈၊ ၂၈၉)
န သန္တိ ပုတ္တာ တာဏာယ၊ န ပိတာ နာပိ ဗန္ဓဝါ။
အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။
၂၈၉. ဧတမတ္ထဝသံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။
နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေဝ ဝိသောဓယေ။

288. For him who is assailed by death there is no protection by kinsmen.
None there are to save him—no sons, nor father, nor relatives.
289. Realizing this fact, let the wise man, restrained by morality,
hasten to clear the path leading to Nibbāna.

((မဂ္ဂင်(၈)ပါးရဲ့အနှစ်ချုပ်ဟာ သီလ၊ သမာဓိ၊ ပညာ))

မဂ္ဂ(၈)ပါး (နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်)
ပညာသိက္ခာ
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်ကောင်းမွန်သော  အသိအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်ကောင်းမွန်သော အတွေးအကြံ၊

သီလသိက္ခာ
၃။ သမ္မာဝါစာ = မှန်ကန်ကောင်းမွန်သောစကား၊
၎။ သမ္မာကမ္မန္တ = မှန်ကန်ကောင်းမွန်သောအလုပ်၊
၅။ သမ္မာအာဇီဝ = မှန်ကန်ကောင်းမွန်သော အသက်မွေးမှု၊

သမာဓိသိက္ခာ
၆။ သမ္မာဝါယမ = မှန်ကန်ကောင်းမွန်သော ကြိုးစားအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်ကန်ကောင်းမွန်သောသတိ၊
၈။ သမ္မာသမာဓိ = မှန်ကန်ကောင်းမွန်သော တည်ကြည်မှု၊

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

The Dhammapada - The Buddha's Path of Wisdom.
translated from the Pali by Acharya Buddharakkhita.

The Dhammapada is the best known and most widely esteemed text in the Pali Tipitaka, the sacred scriptures of Theravada Buddhism. The work is included in the Khuddaka Nikaya ("Minor Collection") of the Sutta Pitaka, but its popularity has raised it far above the single niche it occupies in the scriptures to the ranks of a world religious classic. Composed in the ancient Pali language, this slim anthology of verses constitutes a perfect compendium of the Buddha's teaching, comprising between its covers all the essential principles elaborated at length in the forty-odd volumes of the Pali canon.