Friday, February 10, 2017

ဓမ္မပဒအဖော်မွန် ၇

ဓမ္မပဒအဖော်မွန် - ၇
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၇။ အရဟန္တဝဂ္ဂ၊ ရဟန္တာ

ကိလေသာမရှိ ငြိမ်းအေး၏ ( ဓ- ၉၀ )
သံသရာခရီးကို လွန်မြောက်ပြီးသူ၊
စိုးရိမ်သောက ကင်းပြီးသူ၊
(ဝဋ်ဒုက္ခ)တရားအားလုံးက လွတ်မြောက်ပြီးသူ၊
အထုံးအနှောင်အဖွဲ့အားလုံးကို စွန့်ပယ်ဖြတ်တောက်ပြီးသူ၊
(ဘုရား၊ ရဟန္တာ) မှာ
ကိလသောအပူအလောင်တွေ လုံးဝမရှိတော့ပါဘူး။

၉၀. ဇီဝကပဥှာဝတ္ထု (၉ဝ)
ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

7. Arahantavagga: The Arahant or Perfected One 90. The fever of passion exists not for him
who has completed the journey, who is sorrowless
and  wholly set free, and has broken all ties.

လမင်းပမာ မငြိတွယ်ပါ ( ဓ- ၉၁ )
သတိရှိသူတွေဟာ (သမထဝိပဿနာတရား) ကြိုးစားအားထုတ်ကြပါတယ်။
တွယ်တာစရာ နေရာအရပ်မှာ မပျော်ပါးကြပါဘူး။
ဟင်္သာငှက်တွေဟာ ရွှံ့နွံဗွက်အိုင်ကို (မစွဲလမ်းဘဲ) စွန့်ပစ်ထွက်ခွာသွားသလို
သတိဝီရိယရှိသူဟာ တွယ်တာနစ်မွန်းစရာကို စွန့်ပယ်ကြပါတယ်။

၉၁. မဟာကဿပတ္ထေရဝတ္ထု (၉၁)
ဥယျုဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။

91. The mindful ones exert themselves. They are not attached to any home; like swans that abandon the lake, they leave home after home behind.
လောကကို လွန်မြောက်ခြင်း ( ဓ- ၉၂ )
ရဟန္တာအရှင်မြတ်တွေမှာ သိုမှီး(သိမ်းပိုက်)ထားတာ မရှိပါဘူး။
ဉာဏ်နဲ့ ပိုင်းခြားသိမြင်ပြီး စားသုံးပါတယ်။
ရာဂ ဒေါသ မောဟ အားလုံး ကင်းစင်တဲ့ နိဗ္ဗာန်၊
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေ ကင်းရှင်းတဲ့ နိဗ္ဗာန်၊
အထည်ပုံဟန်၊ သဏ္ဍာန်အရိပ်၊ နိမိတ်တွေ မရှိ၊ ဖြစ်ခြင်း ပျက်ခြင်း မရှိတဲ့ နိဗ္ဗာန်၊
(တောင့်တ ကြောင့်ကြ ကင်းငြိမ်းတဲ့) လွတ်မြောက်ရာ နိဗ္ဗာန်ဟာ
ရဟန္တာအရှင်မြတ်ရဲ့ ကျက်စားရာ အာရုံဖြစ်ပါတယ်။
ကောင်းကင်ထက်က ငှက်သွားလမ်းကို မတွေ့မြင်နိုင်သလို -
ရဟန္တာတွေရဲ့ သွားရာဂတိကို (မရှိလို့) မသိမြင်နိုင်ပါဘူး။

၉၂. ဗေလဋ္ဌသီသတ္ထေရဝတ္ထု (၉၂)
ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ ၊ ဂတိ တေသံ ဒုရန္နယာ။

92. Those who do not accumulate and are wise regarding food,
whose object is the Void, the Unconditioned Freedom—
their track cannot be traced, like that of birds in the air.

ဂတိငြိမ်းသူ ( ဓ- ၉၃ )
ရဟန္တာအရှင်မြတ်မှာ ကိလေသာအာသဝေါတရားတွေ မရှိတော့ပါဘူး။
အစားအစာပေါ်မှာ မစွဲလမ်း၊ မတွယ်တာပါဘူး။
ရာဂ ဒေါသ မောဟ အားလုံး ကင်းစင်တဲ့ နိဗ္ဗာန်၊
ခန္ဓာငါးပါး။ ရုပ်နာမ်တရားတွေ ကင်းရှင်းတဲ့ နိဗ္ဗာန်၊
အထည်ပုံဟန်၊ သဏ္ဍာန်အရိပ်၊ နိမိတ်တွေ မရှိ၊
ဖြစ်ခြင်း ပျက်ခြင်း မရှိတဲ့ နိဗ္ဗာန်၊
(တောင့်တ ကြောင့်ကြ ကင်းငြိမ်းတဲ့) လွတ်မြောက်ရာ နိဗ္ဗာန်ဟာ
ရဟန္တာအရှင်မြတ်ရဲ့ ကျက်စားရာ အာရုံဖြစ်ပါတယ်။
ကောင်းကင်ထက်က ငှက်ခြေရာကို မတွေ့မြင်နိုင်သလို -
ရဟန္တာရဲ့ ရောက်ရာဂတိကို (မရှိလို့) မသိမြင်နိုင်ပါဘူး။

၉၃. အနုရုဒ္ဓတ္ထေရဝတ္ထု (၉၃)
ယဿာသဝါ  ပရိက္ခီဏာ၊ အာဟာရေ စ အနိဿိတော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေ ဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။

93. He whose cankers are destroyed and who is not attached to food, whose object is the Void, the Unconditioned Freedom—
his path cannot be traced, like that of birds in the air.

ကိလေသာပစ်ပယ် နတ်ချစ်တယ် ( ဓ- ၉၄ )
မြင်းရထားထိန်း ကောင်းကောင်းမွန်မွန်ဆုံးမထားတဲ့
မြင်းလိမ္မာတွေဟာ တည်ကြည်ငြိမ်သက်နေသလို -
ရဟန္တာအရှင်မြတ်ရဲ့ ဣနြေ္ဒတွေဟာ တည်ကြည်ငြိမ်သက်နေပါတယ်။
မာန်မာနကို စွန့်ပယ်ပြီးပါပြီ။ ကိလေသာ အာသဝေါတရားတွေ မရှိတော့ပါဘူး။
ကောင်းဆိုးတွေ့ကြုံ လောကဓံအာရုံကြောင့် မတုန်လှုပ်တဲ့ အဲဒီရဟန္တာအရှင်မြတ်ကို နတ်ဗြဟ္မာတွေ ချစ်မြတ်နိုးကြပါတယ်။

၉၄. မဟာကစ္စာယနတ္ထေရဝတ္ထု (၉၄)
ယဿိန္ဒြိယာနိ သမထင်္ဂတာနိ ၊ အဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ၊ ဒေဝါပိ တဿ ပိဟယန္တိ တာဒိနော။

94. Even the gods hold dear the wise one, whose senses are subdued
like horses well trained by a charioteer, whose pride is destroyed and
who is free from the cankers.

မြေကြီးလိုကျင့်၊ ကန်လိုကျင့်၊ အမြင့်မြတ်ဆုံးဖြစ် ( ဓ - ၉၅ )
ရဟန္တာအရှင်မြတ်ဟာ မြေကြီးလိုပဲ (သည်းခံပါတယ်။ သဘောထား ကြီးကျယ်ပါတယ်။) ဒေါသနှင့် မဆန့်ကျင်ပါဘူး။
မယိမ်းမယိုင် မြို့ရိုးတံခါးတိုင်ကြီးလို ခိုင်ခံ့တည်ကြည်ပါတယ်။
ကောင်းဆိုးတွေ့ကြုံ လောကဓံအာရုံကြောင့် မတုန်လှုပ်ပါဘူး။
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိပါတယ်။
ရွံ့ညွန်ကင်းစင်တဲ့ ရေကန်ကြီးလို
ကြည်လင် သန့်ရှင်း (အေးချမ်း)တဲ့စိတ် ရှိပါတယ်။
(အကောင်းပကတိ) တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ ရဟန္တာအရှင်မြတ်ဟာ
သံသရာဝဋ်ဆင်းရဲမှာ မကျင်လည်ရတော့ပါဘူး။

၉၅. သာရိပုတ္တတ္ထေရဝတ္ထု (၉၅)
ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော  တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။

95. There is no more worldly existence for the wise one who,
like the earth, resents nothing, who is firm as a high pillar and
as pure as a deep pool free from mud.

A A V

ငြိမ်သက်ငြိမ်းအေးသူ ( ဓ - ၉၆ )
ကောင်းကောင်း မှန်မှန် သိတဲ့၊
ကိလေသာတွေက လွတ်မြောက်ပြီးတဲ့၊ ကိလေသာအပူမီးတွေ ငြိမ်းအေးပြီးတဲ့၊
လောကဓံမျိုးစုံ ကြုံတဲ့အခါ မဖောက်ပြန်တဲ့၊
ရဟန္တာရဲ့စိတ်ဟာ ငြိမ်သက်ငြိမ်းအေးပါတယ်။
အပြောအဆို၊ အပြုအမူဟာလည်း ငြိမ်သက်ငြိမ်းအေးပါတယ်။

၉၆. ကောသမ္ဗိဝါသီတိဿတ္ထေရသာမဏေရ (၉၆)
သန္တံ တဿ မနံ ဟောတိ၊ သန္တာ ဝါစာ စ ကမ္မ စ။
သမ္မဒညာ ဝိမုတ္တဿ၊ ဥပသန္တဿ တာဒိနော။

96. Calm is his thought, calm his speech, and calm his deed,
who, truly knowing, is wholly freed, perfectly tranquil and wise.

တဏှာဆိပ်ကို ထွေးအန်ပြီးသူ ( ဓ - ၉၇ )
(သူတပါးရဲ့ ပြောစကားနဲ့သာ မှန်းဆ) ယုံတာ မဟုတ်ပါဘူး။
အကြောင်းတရားတွေရဲ့ ပြုပြင်စီမံတာကို မခံရတဲ့ နိဗ္ဗာန်ကို
ကိုယ်တိုင် သိမြင်တွေ့ရှိသူ၊
သံသရာဝဋ်သုံးပါးရဲ့ အဆက်အစပ်ကို ဖြတ်တောက်ပြီးသူ၊
ကုသိုလ် အကုသိုလ်ကံတွေရဲ့ နောင်ဖြစ်ရာဘဝ ဘုံဌာနတွေမှာ
အကျိုးပေးခွင့်ကို ဖျက်ပယ်ပြီးသူ၊ တဏှာရာဂကို တစမကျန် ထွေးအန်ပြီးသူ၊
အဲဒီသူဟာ တကယ့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် စစ်စစ်ပါပဲ။

၉၇. သာရိပုတ္တတ္ထေရဝတ္ထု (၉၇)
အဿဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊သဝေ ဥတ္တမပေါရိသော။

97. The man who is without blind faith, who knows the Uncreated,
who has severed all links, destroyed all causes (for karma, good and evil), and thrown out all desires—he, truly, is the most excellent of men.

စိတ်ငြိမ်းအေးသူတွေ နေရာအရပ်ဟာ အငြိမ်းချမ်းဆုံးဒေသပါ ( ဓ- ၉၈ )
မြို့ရွာမှာပဲ ဖြစ်ဖြစ်၊ တော(တောင်)မှာပဲ ဖြစ်ဖြစ်၊
ချိုင့်ဝှမ်းမှာပဲ ဖြစ်ဖြစ်၊ ကုန်းမြင့်မှာပဲ ဖြစ်ဖြစ် ---
(စိတ်ငြိမ်းအေးသူတွေ) ရဟန္တာ
(သူတော်စင် သူတော်ကောင်း သူတော်မြတ်) တွေ နေရာအရပ်ဟာ
ပျော်မွေ့စရာ (ငြိမ်းချမ်းလိုက်တာ) !!!

၉၈. ခဒိရရေဝတတ္ထေရဝတ္ထု (၉၈)
ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတၳ အရဟေႏၲာ ဝိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။

98. Inspiring, indeed, is that place where Arahants dwell, be it a village, a forest, a vale, or a hill.

တိတ်ဆိတ်ရာမှာ ငြိမ်သက်စွာ - ငြိမ်အေးရာမှာ ပျော်မွေ့စွာ -- ( ဓ- ၉၉ )
(တိတ်ဆိတ်တဲ့) တောတွေဟာ ပျော်မွေ့စရာပါ။
လူအများစုဟာ တောတွေမှာ မပျော်မွေ့ကြပါဘူး။
ရာဂကင်းစင်သူ ရဟန္တာအရှင်မြတ်တွေပဲ (တောမှာ တရားနဲ့) ပျော်မွေ့ကြပါတယ်။
ရဟန္တာအရှင်မြတ်တွေဟာ ကာမဂုဏ်ကို မရှာမှီးကြတော့ဘူးလေ။

၉၉. အညတရဣတ္ထိဝတ္ထု (၉၉)
ရမဏီယာနိ  အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။

99. Inspiring are the forests in which worldlings find no pleasure.
There the passionless will rejoice, for they seek no sensual pleasures.

((မှတ်စု ၇ ။ ။ရဟန္တာအရှင်မြတ်ဟာ - စိုးရိမ်သောက လုံးဝ ကင်းစင်သူ၊
လွတ်မြောက်ပြီးသူ၊ အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ပြီးသူ၊
သံသရာလှောင်အိမ်ကြီးကို ဖြိုဖျက်ပြီးသူ၊
ကိလေသာအပူမီးတွေ ငြိမ်းအေးပြီးသူ၊
ကိလေသာအာသဝေါ ကင်းဝေးစင်ကြယ်သူ၊
သတိဝီရိယရှိသူ၊ တည်ကြည်ငြိမ်သက် ငြိမ်းအေးသူ၊
ရွံ့ညွန်ကင်းတဲ့ ရေကန်ကြီးလို ကြည်လင်သန့်ရှင်း အေးမြတဲ့စိတ်သူ၊
မာန်မာနတွေ မရှိသူ၊  ကောင်းဆိုးလောကဓံကြောင့် မတုန်လှုပ်သူ၊
တဏှာရာဂ ကို တစမကျန် ထွေးအန်ပြီးသူ၊
ကာမဂုဏ်ကို မဆာလောင် မတောင့်တဘဲ တရားအာရုံနဲ့ပဲ ပျော်မွေ့သူ၊
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိသူ၊ နိဗ္ဗာန်ကို ကိုယ်တွေ့သိမြင်သူ ---
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်၊ သူတော်စင် သူတော်မြတ် သူတော်ကောင်း စစ်စစ်ပါပဲ။))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

Wednesday, February 8, 2017

ဓမ္မပဒအဖော်မွန် ၆

ဓမ္မပဒအဖော်မွန် - ၆
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၆။ ပဏ္ဍိတဝဂ္ဂ၊ ပညာရှိသူတော်ကောင်း

ရွှေလမ်းညွှန် ( ဓ- ၇၆ )
အပြစ်မှန်ညွှန်ပြ ဆိုဆုံးမတတ်တဲ့ ပညာရှိသူတော်ကောင်းကို
မြေမြှုပ်ရွှေအိုး ညွှန်ပြသူလို ရှုမြင်ပြီး မှီဝဲဆည်းကပ်သင့်ပါတယ်။
ဒီလို ပညာရှိကို မှီဝဲဆည်းကပ်ရင် တိုးတက်မြင့်မြတ်လာပါတယ်။
ဆုတ်ယုတ်နိမ့်ကျဖို့ မဖြစ်နိုင်ပါဘူး။

၇၆. ရာဓတ္ထေရဝတ္ထု (၇၆)
နိဓီနံဝ ပဝတ္တာရံ၊ ယံ ပေဿ ဝဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

6. Paṇḍitavagga: The Wise 76. Should one find a man who points out faults and who reproves,
let him follow such a wise and sagacious person as one would
a guide to hidden treasure. It is always better, and never worse,
to cultivate such an association.

A

ကုသိုလ်ယူတတ် သူတော်မြတ် ( ဓ- ၇၇ )
(အပြစ်ဖြစ်လာတဲ့အခါ) ဆုံးမသြဝါဒပေးသင့်ပါတယ်။
(အပြစ်မဖြစ်ခင်) ကြိုတင်သွန်သင်ထားသင့်ပါတယ်။
မကောင်းတဲ့အပြုအမူတွေကိုလည်း (ကြောင်းကျိုးညွှန်ပြပြီး) တားမြစ်သင့်ပါတယ်။
မကောင်းမှုတွေ မပြုဖြစ်အောင် တားမြစ်တတ်သူကို
သူတော်ကောင်းတွေ နှစ်သက်မြတ်နိုးကြပါတယ်။
(စိတ်ထားလွဲချော်) မသူတော်တွေကတော့ အမုန်းပွားကြပါတယ်။

၇၇. အဿဇိပုနဗ္ဗသုကဝတ္ထု (၇၇)
ဩဝဒေယျာနုသာသေယျ၊ အသဗ္ဘာ စ နိဝါရယေ။
သတံ ဟိ သော ပိယော ဟောတိ၊ အသတံ ဟောတိ အပ္ပိယော။

77. Let him admonish, instruct and shield one from wrong; he, indeed,
is dear to the good and detestable to the evil.

မိတ်ဆွေကောင်းကို ပေါင်းပါလေ။ စိတ်ကောင်းရှိအောင်နေ။ ( ဓ- ၇၈ )
(အကုသိုလ် ဒုစရိုက်ပြုဖို့ တိုက်တွန်းတဲ့) မိတ်ဆွေယုတ်တွေကို မမှီဝဲ၊ မဆည်းကပ်ပါနဲ့။ လူယုတ်လူမိုက်တွေကို မမှီဝဲ မဆည်းကပ်ပါနဲ့။
(ကုသိုလ် သုစရိုက်ပြုဖို့ တိုက်တွန်းတဲ့) မိတ်ဆွေကောင်းတွေကို မှီဝဲဆည်းကပ်ပါ။
လူတော်လူကောင်းတွေကို မှီဝဲဆည်းကပ်ပါ။

၇၈. ဆန္နတ္ထေရဝတ္ထု (၇၈)
န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။

78. Do not associate with evil companions; do not seek the fellowship of the vile. Associate with the good friends; seek the fellowship of noble men.

ချမ်းသာလိုက်တာ ! ( ဓ- ၇၉ )
တရားရေအေး အမြိုက်ဆေးကို သောက်သုံးသူဟာ
အထူးကြည်လင်သန့်ရှင်းတဲ့စိတ်နဲ့ ချမ်းချမ်းသာသာနေရပါတယ်။
ပညာရှိဟာ
ဘုရားရှင်အစရှိတဲ့ အရိယာသူတော်စင်တွေ ဟောကြားထားတဲ့ ဗောဓိဉာဏ်ဖြစ်ကြောင်း တရားကောင်းမှာ
နေ့ရောညပါ အခါခပ်သိမ်း မွေ့လျော်ပျော်ရွှင်ပါတယ်။

၇၉. မဟာကပ္ပိနတ္ထေရဝတ္ထု (၇၉)
ဓမ္မပီတိ သုခံ သေတိ၊ ဝိပ္ပသန္နေန စေတသာ။
အရိယပ္ပဝေဒိတေ ဓမ္မေ၊ သဒါ ရမတိ ပဏ္ဍိတော။

79. He who drinks deep the Dhamma lives happily with a tranquil mind. The wise man ever delights in the Dhamma made known by the Noble One (the Buddha).

စိတ်ကိုပြုပြင် သူတော်စင် ( ဓ- ၈၀ )
လယ်သမားတွေဟာ ရေကို သွယ်ဆောင်ယူပါတယ်။
လေးသမားတွေဟာ မြားကို ဖြောင့်အောင်လုပ်ပါတယ်။
လက်သမားတွေဟာ သစ်သားကို (လိုရာ)ခုတ်ရွှေထုဆစ်ပါတယ်။
ဉာဏ်သမားတွေဟာ စိတ်ကို (ပြုပြင်)ဆုံးမပါတယ်။
( ပညာရှိတွေဟာ ကိုယ့်ကိုယ်ကို ယဉ်ကျေးလိမ္မာစေပါတယ်။ )

၈၀. ပဏ္ဍိတသာမဏေရဝတ္ထု (၈ဝ)
ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ  တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။

80. Irrigators regulate the rivers; fletchers straighten the arrow shaft; carpenters shape the wood; the wise control themselves.

တည်တံ့ခန့်ညား စိတ်စွမ်းအား ( ဓ- ၈၁ )
(အခေါင်းပေါက်မရှိဘဲ) တလုံးတခဲတည်းဖြစ်တဲ့ ကျောက်တောင်ကြီးဟာ
လေကြောင့် မတုန်လှုပ်ပါဘူး။ ဒီလိုပါပဲ။
ပညာရှိသူတော်ကောင်းတွေဟာ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊
(လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံအကျော်အစောရှိခြင်း၊ မရှိခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း လောကဓံတရား) ကြောင့်
မတုန်လှုပ်ကြပါဘူး။

၈၁. လကုဏ္ဍကဘဒ္ဒိယဝတ္ထု (၈၁)
သေလော ယထာ ဧကဃနော ၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။

81. Just as a solid rock is not shaken by the storm,
even so the wise are not affected by praise or blame.

တရားနာရင် စိတ်သန့်စင် ( ဓ- ၈၂ )
သိပ်နက်ရှိုင်းတဲ့ ရေကန်ကြီးဟာ
မနောက်ကျူဘဲ အထူးကြည်လင်သန့်စင်နေပါတယ်။
ဒီလိုပါပဲ -
ပညာရှိသူတော်ကောင်းတွေဟာ
မြတ်စွာဘုရားရှင်ဟောကြားတဲ့ တရားတော်ကို နာယူပြီး
စိတ်ညစ်ကင်းစင် အထူးကြည်လင်သန့်ရှင်းကြပါတယ်။

၈၂. ကာဏမာတာဝတ္ထု (၈၂)
ယထာပိ ရဟဒေါ ဂမ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။

82. On hearing the Teachings, the wise become perfectly purified,
like a lake deep, clear and still.

တည်ကြည်ငြိမ်သက် သူတော်မြတ် ( ဓ- ၈၃ )
သူတော်ကောင်းတွေဟာ
(ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး စတဲ့) သဘာဝတရားအားလုံးမှာ (တွယ်တာတပ်မက်ခြင်းကို) တကယ် စွန့်လွှတ်နိုင်ကြပါတယ်။
ငြိမ်သက်ငြိမ်းအေးသူတွေဟာ
ကာမဂုဏ်ကို လိုချင်တောင့်တစိတ်နဲ့ မပြောဆိုကြပါဘူး။
ပညာရှိဟာ ချမ်းသာဆင်းရဲနဲ့ တွေ့ကြုံရပေမယ့်
(ဝမ်းသာ ဝမ်းနည်း မဖြစ်ကြပါဘူး)
မာန်တက်တာ၊ စိတ်ကျတာတွေကို မပြကြပါဘူး။

၈၃. ပဉ္စသတဘိက္ခုဝတ္ထု (၈၃)
သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿယန္တိ။

83. The good renounce (attachment for) everything.
The virtuous do not prattle with a yearning for pleasures.
The wise show no elation or depression
when touched by happiness or sorrow.

B

တရားရှင် ( ဓ- ၈၄ )
(ပညာရှိသူတော်ကောင်းဟာ)
ကိုယ့်အတွက်ကြောင့် မကောင်းမှုကို မပြုပါဘူး။
သူတပါးအတွက်ကြောင့် မကောင်းမှုကိုမပြုပါဘူး။
သားသမီး ပစ္စည်းဥစ္စာ တိုင်းနိုင်ငံကို လိုချင်တာကြောင့်လည်း
မကောင်းမှုကို မပြုပါဘူး။
ကိုယ့်ရဲ့ ကြီးပွားပြည့်စုံမှုကို
မတရားနည်းလမ်းနဲ့ မလိုချင်သင့်ပါဘူး။
သီလရှိသူ၊ ပညာရှိသူ၊ တရားရှိသူ ဖြစ်သင့်ပါတယ်။

၈၄. ဓမ္မိကတ္ထေရဝတ္ထု (၈၄)
န အတ္တဟေတု န ပရဿ ဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ  အဓမ္မေန သမိဒ္ဓိမတ္တနော၊ သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။

84. He is indeed virtuous, wise, and righteous who neither
for his own sake nor for the sake of another (does any wrong),
who does not crave for sons, wealth, or kingdom,
and does not desire success by unjust means.

G

ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် ( ဓ- ၈၅ )
လူတွေမှာ (ငြိမ်းချမ်းရာနိဗ္ဗာန်ဆိုတဲ့) ဟိုဘက်ကမ်းကို သွားရောက်နိုင်သူတွေ သိပ်နည်းပါးပါတယ်။
(နိဗ္ဗာန်ရောက်သူ) မှတပါး အခြားသူတွေဟာ
ဒီဘက်ကမ်းမှာပဲ အစဉ်အမြဲ ပြေးလွှားနေကြရပါတယ်။

၈၅. ဓမ္မဿဝနတ္ထေရဝတ္ထု (၈၅၊ ၈၆)
အပ္ပကာ တေ မနုေဿသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။

85. Few among men are those who cross to the farther shore. The rest, the bulk of men, only run up and down the hither bank.
တစ်ဖက်ကမ်းမှာ ငြိမ်းချမ်းစွာ ( ဓ- ၈၆ )
မြတ်စွာဘုရားရှင် ကောင်းကောင်းဟောထားတဲ့ တရားတော်ကို (နာကြားသင်ယူပြီး)
တရားနဲ့အညီ တကယ် ကျင့်ကြံအားထုတ်သူတွေဟာ
ကူးမြောက်ဖို့သိပ်ခက်တဲ့ သေမင်းနေရာ (သံသရာဆိုတဲ့ သမုဒ္ဒရာ) ကို
ကူးခပ်လွန်မြောက်ပြီး (နိဗ္ဗာန်ဆိုတဲ့) ကမ်းတစ်ဖက်ကို ရောက်ကြပါတယ်။

၈၆. ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

86. But those who act according to the perfectly taught Dhamma
will cross the realm of Death, so difficult to cross.

စိတ်ထားကြည်ဖြူ ငြိမ်းအေးသူ ( ဓ-  ၈၇ - ၈၈ - ၈၉ )
ပညာရှိဟာ မည်းညစ်တဲ့ အကုသိုလ်ကို စွန့်ပယ်ပြီး
ဖြူစင်တဲ့ ကုသိုလ်ကို ပွားများပါတယ်။
တွယ်တာရာ က ထွက်ခွာပြီး
အတွယ်အတာ တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြုပါတယ်။
တိတ်ဆိတ် ငြိမ်သက် ငြိမ်းအေးတဲ့ ဝိဝေကတရား(၃)ပါးမှာ
ပျော်မွေ့နိုင်ဖို့ ခက်ခဲပါတယ်။(ဒါပေမယ့်-)

ပညာရှိဟာ ကာမကို စွန့်ပယ်ပြီး တဏှာရာဂ စိုးရိမ်သောကမရှိဘဲ
တိတ်ဆိတ် ငြိမ်သက် ငြိမ်းအေးရာ ဝိဝေကတရားမှာ အထူးပျော်မွေ့ဖို့ အလိုရှိပါတယ်။
ပညာရှိဟာ ကိုယ့်ကိုယ်ကို
ညစ်ပေဆိုးဝါး နီဝရဏတရားတွေကနေ သန့်ရှင်းဖြူစင်စေပါတယ်။

ဗောဇ္ဈင်(၇)ပါး မြတ်တရားမှာ စိတ်ကို ကောင်းကောင်းမှန်မှန် ပွားများထားသူတွေဟာ
လောကမှာ ဘာကိုမှ မစွဲလမ်းတော့ပါဘူး။
စွဲလမ်းမှုအားလုံးကို စွန့်လွှတ်ရာ နိဗ္ဗာန်မှာပဲ ပျော်မွေ့ကြပါတယ်။
ကိလေသာ အာသဝေါကုန်ပြီးလို့ ဉာဏ်အလင်းရှိတဲ့ အဲဒီ (ရဟန္တာ)ပုဂ္ဂိုလ်တွေဟာ
လုံးဝ ငြိမ်းအေးပါတယ်။

၈၇. ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု (၈ရ၊ ၈၈၊ ၈၉)
ကဏှံ  ဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
ဩကာ အနောကမာဂမ္မ၊ ဝိဝေကေ ယတ္ထ ဒူရမံ။
၈၈. တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။
၈၉. ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

87-88. Abandoning the dark way, let the wise man cultivate
the bright path. Having gone from home to homelessness,
let him yearn for that delight in detachment, so difficult to enjoy. Giving up sensual pleasures, with no attachment, let the wise man cleanse himself of defilements of the mind. 89. Those whose minds have reached full excellence in the factors of enlightenment, who, having renounced acquisitiveness,
rejoice in not clinging to things—rid of cankers, glowing with wisdom, they have attained Nibbāna in this very life.

((မှတ်စု ၆။ ။ #တရားရေအေး အမြိုက်ဆေးကို သောက်သုံးသူဟာ ချမ်းချမ်းသာသာနေရပါတယ်။
ပညာရှိဟာ ဓမ္မပီတိနဲ့ ချမ်းသာပါတယ်။ တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော်ပါတယ်။

ပညာရှိသူတော်ကောင်းရဲ့ စိတ်ဟာ လောကဓံကြောင့် မတုန်လှုပ်ပါဘူး။
ကျောက်တောင်ကြီးလို တည်ကြည်ငြိမ်သက် ခန့်ညားပါတယ်။
ရေကန်ကြီးလို နက်ရှိုင်း ကြည်လင် သန့်စင် အေးချမ်းပါတယ်။
ပညာရှိသူတော်ကောင်းမှာ မြင့်မြတ်တဲ့ စိတ်စွမ်းအင်ရှိပါတယ်။

မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့
တုနှိုင်းမဲ့ ပညာရှိသူတော်ကောင်းပါ။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

ဓမ္မပဒအဖော်မွန် ၅

ဓမ္မပဒအဖော်မွန် - ၅
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၅။ ဗာလဝဂ္ဂ၊ လူမိုက်

အကန်းလမ်းမှား စမ်းတဝါး ( ဓ- ၆၀ )
အိပ်မပျော်သူအတွက် ညတာရှည်ပါတယ်။
ခရီးပန်းနွမ်းနယ်သူအတွက် တစ်ယူဇနာဟာ ရှည်လျားပါတယ်။
သူတော်ကောင်းတရားမသိတဲ့ လူမိုက်အတွက် သံသရာဟာ ရှည်လျားလိုက်တာ !!

၆၀. အညတရပုရိသဝတ္ထု (၆ဝ)
ဒီဃာ  ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာနံ သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

5. Bālavagga: The Fool 60. Long is the night to the sleepless; long is the league to the weary. Long is worldly existence to fools who know not the Sublime Truth.

ကိုယ့်စိတ်ဟာ ကိုယ့်မိတ်ဆွေ ( ဓ- ၆၁ )
တရားကျင့်သူ (မိတ်ဆွေရှာဖွေသူ) ဟာ ကိုယ့်ထက် သာလွန်မြင့်မြတ်သူ၊
ကိုယ်နဲ့ ဂုဏ်ရည်တူညီသူ (ပညာရှိသူတော်ကောင်း) ကို မတွေ့နိုင်ခဲ့ရင်...
တစ်ကိုယ်တော်ကျင့်ခြင်းကိုပဲ ခိုင်ခိုင်မြဲမြဲ ပြုသင့်ပါတယ်။
လူမိုက်တွေမှာ မိတ်ဆွေရဲ့ ဂုဏ်အင်္ဂါလက္ခဏာ မရှိပါဘူး။

၆၁. မဟာကဿပသဒ္ဓိဝိဟာရိကဝတ္ထု (၆၁)
စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ  ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

61. Should a seeker not find a companion who is better or equal,
let him resolutely pursue a solitary course;
there is no fellowship with the fool.

ငါမရှိ၊ ငါ့အပူမရှိ ( ဓ- ၆၂ )
‘ ငါ့မှာ သားသမီးတွေ၊ ပစ္စည်းဥစ္စာတွေ ရှိတယ် ’ ဒီလို (စွဲလမ်းတွယ်တာစိတ်နဲ့) လူမိုက်ဟာ သိပ်ပင်ပန်းရပါတယ်။
( ငါ့ကိုယ် ငါတောင် မပိုင်တာပဲ )
တကယ်တော့ ငါ ဆိုတဲ့ အတ္တ လည်း မရှိတာကြောင့်
ငါ့သားသမီး၊ ငါ့ပစ္စည်းဥစ္စာ ဆိုတာ ဘယ်မှာ ရှိနိုင်ပါ့မလဲ။

၆၂. အာနန္ဒသေဋ္ဌိဝတ္ထု (၆၂)
ပုတ္တာ မတ္ထိ ဓနံ မတ္ထိ ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာဟိ  အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

62. The fool worries, thinking, “I have sons, I have wealth.”
Indeed, when he himself is not his own,
whence are sons, whence is wealth?

ကိုယ့်ကိုယ်ကိုသိ ပညာရှိ ( ဓ- ၆၃ )
ကိုယ့်မိုက်ပြစ် ကိုယ်သိတဲ့ လူမိုက်ဟာ ပညာရှိ ဖြစ်လာနိုင်ပါသေးတယ်။
မိုက်နေပေမယ့် ကိုယ့်ကိုယ်ကို ပညာရှိလို့ ထင်မှတ်နေသူကိုတော့
တကယ့်လူမိုက်အစစ် လို့ ဆိုသင့်ပါတယ်။

၆၃. ဂဏ္ဌိဘေဒကစောရဝတ္ထု (၆၃)
ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ ‘‘ဗာလော’’တိ ဝုစ္စတိ။

63. A fool who knows his foolishness is wise at least to that extent,
but a fool who thinks himself wise is a fool indeed.

အသက်မဲ့တဲ့ ဘဝ ( ဓ- ၆၄ )
လူမိုက်ဟာ ပညာရှိနဲ့ တစ်သက်လုံးပဲ နေထိုင်ပေမယ့်
သူတော်ကောင်းတရားကို မသိမြင်ပါဘူး။
ဟင်းမွှေဇွန်းဟာ ဟင်းအရသာကို မသိသလိုပေါ့။

၆၄. ဥဒါယိတ္ထေရဝတ္ထု (၆၄)
ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

64. Though all his life a fool associates with a wise man, he no more comprehends the Truth than a spoon tastes the flavor of the soup.

တရားအရသာသိ ပညာရှိ ( ဓ- ၆၅ )
လူလိမ္မာဟာ ပညာရှိနဲ့ တစ်ခဏလေးပဲ ဆည်းကပ်နေထိုင်ရပေမယ့်
သူတော်ကောင်းတရားကို လျင်လျင်မြန်မြန် သိပါတယ်။
လျှာဟာ ဟင်းအရသာကို သိသလိုပေါ့။

၆၅. တိံသပါဝေယျကဘိက္ခုဝတ္ထု (၆၅)
မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။

65. Though only for a moment a discerning person
associates with  a wise man, quickly he comprehends the Truth,
just as the tongue tastes the flavor of the soup.

ကိုယ့်သေတွင်း ကိုယ်တူးသူ ( ဓ- ၆၆ )
အသိလိမ္မာဉာဏ်ပညာမရှိတဲ့ လူမိုက်တွေဟာ
ကိုယ်တိုင် ကိုယ့်ရဲ့ရန်သူကြီးလိုဖြစ်အောင် ကျင့်ကြံနေကြပါတယ်။
ခါးစပ်ပူလောင် နာကျင်ခံခက် မကောင်းကျိုးပေးတဲ့
မကောင်းမှုအကုသိုလ်ကို ပြုလုပ်နေကြပါတယ်။

၆၆. သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထု (၆၆)
စရန္တိ ဗာလာ ဒုမ္မေဓာ၊ အမိတ္တေနေဝ အတ္တနာ။
ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

66. Fools of little wit are enemies unto themselves as they move about doing evil deeds, the fruits of which are bitter.

အကုသိုလ်လုပ်ရင် နောင်တရ ( ဓ- ၆၇ )
( နောင်တထပ်ခါ ပူပန်စေတဲ့အလုပ်တွေ မလုပ်တာ ကောင်းပါတယ်။ )
နောင်တထပ်ခါ ပူပန်စေတဲ့အလုပ်တွေ လုပ်တာ မကောင်းပါဘူး။
အဲဒီ(မကောင်းမှုကံ) ရဲ့အကျိုးကို
မျက်ရည်နဲ့မျက်ခွက် ငိုယိုပြီး ခံစားသုံးဆောင်ရလို့ပါပဲ။

၆၇. ကဿကဥပါသကဝတ္ထု (၆၇)
န  တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ဝိပါကံ ပဋိသေဝတိ။

67. Ill done is that action of doing which one repents later,
and the fruit of which one, weeping, reaps with tears.

ကုသိုလ်လုပ်ရင် ဝမ်းသာရ ( ဓ- ၆၈ )
နောင်တထပ်ခါ မပူပန်စေတဲ့အလုပ်တွေ လုပ်တာ ကောင်းပါတယ်။
အဲဒီ(ကောင်းမှုကံ) ရဲ့ အကျိုးကို
(ပြုံး)ပီတိဝေဖြာ ဝမ်းသာရွှင်လန်း (ချမ်းချမ်းသာသာ) ခံစားသုံးဆောင်ရလို့ပါပဲ။

၆၈. သုမနမာလာကာရဝတ္ထု (၆၈)
တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ဝိပါကံ ပဋိသေဝတိ။

68. Well done is that action of doing which one repents not later, and
the fruit of which one reaps with delight and happiness.

ဘယ်လောက်ချိုတဲ့အဆိပ်ပဲဖြစ်ဖြစ် မသောက်မျိုသင့် ( ဓ- ၆၉ )
မကောင်းမှုကံ အကျိုးမပေးသေးချိန်မှာ
လူမိုက်ဟာ မကောင်းမှုကို
ပျားလည်လို (ချိုမြိန်လိုက်တာ)လို့ ထင်မှတ်မှားပါတယ်။
အကုသိုလ်ကံ အကျိုးပေးချိန်တန်တော့ လူမိုက် ဒုက္ခရောက်ရပြီ။

၆၉. ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု (၆၉)
မဓုဝါ  မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

69. So long as an evil deed has not ripened, the fool thinks it as sweet as honey. But when the evil deed ripens, the fool comes to grief.

အကျင့်မှားလုပ် အကျိုးယုတ် ( ဓ- ၇၀ )
(အကျင့်မှန်မသိတဲ့) လူမိုက်ဟာ လစဉ်လတိုင်း အစားအစာကို
မြက်ဖျားလေးနဲ့ပဲ   (တို့)စားမယ်ဆိုရင်တောင်-
အဲဒီလူမိုက်ဟာ (အနှစ်တစ်ရာ ခြိုးခြံကျင့်ပေမယ့်)
တရားသိ တရားရှိတဲ့ သူတော်ကောင်းရဲ့
( ၂၅၆ )စိတ် ( ၁ )စိတ်လောက်တောင် အဖိုးမတန်ပါဘူး။

၇၀. ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု (၆၉)
မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ ၊ ကလံ အဂ္ဃတိ သောဠသိံ။

70. Month after month a fool may eat his food with the tip of
a blade of grass, but he still is not worth a sixteenth part of
the those who have comprehended the Truth.

မကောင်းမှုရှောင်၊ မလောင်ခင်တား ( ဓ- ၇၁ )
ခုချက်ချင်း ညှစ်ထားတဲ့ နွားနို့ဟာ မချဉ်မသိုး အခိုးလွှတ်သေးသလို -
ပြုခါစ မကောင်းမှုအကုသိုလ်ကံဟာ
ချက်ချင်း အခိုးမလွှတ် (ဆိုးကျိုးမပေး)သေးပါဘူး။
ပြာဖုံးမီးခဲလိုဖြစ်ပြီး လူမိုက်နောက်ကို ကပ်လိုက်လို့ လောင်ကျွမ်းရှို့မြိုက်ပါတယ်။

၇၁. အဟိပေတဝတ္ထု (၇၁)
န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇု ခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

71. Truly, an evil deed committed does not immediately bear fruit,
like milk that does not turn sour all at once. But smoldering,
it follows the fool like fire covered by ashes.

k
Search box တွင်ရှာရန် - ဓမ္မပဒအဖော်မွန်  ဟု ရိုက်ပြီးဖတ်ရှုနိုင်ပါသည်။

မသုံးတတ်လို့ ဘေးသင့် ( ဓ- ၇၂ )
လူမိုက်ရဲ့ အတတ်ပညာ(ဥစ္စာအာဏာ၊ ကျော်ကြားခြင်း)တွေဟာ
အကျိုးမဲ့ပျက်စီးဖို့ ဖြစ်လာတာပါ။
အဲဒါတွေဟာ လူမိုက်ရဲ့ ကုသိုလ်အစုဖြူစင်မှုကို ဖျက်ဆီးပစ်ပါတယ်။
(ဉာဏ်ပညာ) ဦးခေါင်းထိပ်ကို ပြတ်ကျစေပါတယ်။

၇၂. သဋ္ဌိကူဋပေတဝတ္ထု (၇၂)
ယာဝဒေဝ အနတ္ထာယ၊ ဉတ္တံ  ဗာလဿ ဇာယတိ။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ဝိပါတယံ။

72. To his own ruin the fool gains knowledge, for it cleaves his head and destroys his innate goodness.

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်၊
အဆံချောင်ချောင်၊ အနှံထောင်ထောင် ( ဓ- ၇၃၊ ၇၄ )
ရဟန်းမိုက်ဟာ သိက္ခာဂုဏ်ရည် တကယ်မရှိပါဘဲ ချီးမွမ်းခံချင်ပါတယ်။
ရဟန်းအပေါင်းကို ရှေ့ဆောင်ဦးစီးချင်ပါတယ်။ ကျောင်းတွေကို စိုးမိုးပိုင်ဆိုင်ချင်ပါတယ်။ အခြားဒါယကာတွေရဲ့ ပူဇော်တာကိုလည်း လိုချင်တောင့်တပါတယ်။

‘ ငါ့ကြောင့်ပဲ ကိစ္စကြီးငယ်တွေ ပြီးစီးကြတယ် ’ လို့
လူရော ရဟန်းပါ နှစ်ဖက်လုံး မှတ်ထင်ကြပါစေ။
‘ အမှုကိစ္စတွေမှာ ငါ့အလိုလိုက်၊ ငါ့အကြိုက်ဆောင်ကြပါစေ’ လို့ ရဟန်းမိုက်ဟာ ဒီလိုကြံစည်ပြီး တဏှာ၊ မာနတွေ တိုးပွားများပြားနေပါတယ်။

(( လူများဆင်ခြင်ရန် -
လူမိုက်ဟာ သိက္ခာဂုဏ်ရည် တကယ်မရှိပါဘဲ ချီးမွမ်းခံချင်ပါတယ်။ ခေါင်းဆောင်ဖြစ်ချင်ပါတယ်။ နေရာလိုချင်ပါတယ်။ အပူဇော်ခံချင်ပါတယ်။
‘ ငါ့ကြောင့်ပဲ အားလုံး အရာရာ အဆင်ပြေနေတာ’ လို့ ထင်စေချင်နေပါတယ်။
‘ ငါ့အလိုလိုက်၊ ငါ့အကြိုက်ဆောင်ကြပါစေ ’လို့ လူမိုက်ဟာ ဒီလိုကြံစည်ပြီး
အလိုရမ္မက်တွေတိုးပွား၊ မာနတွေကြီးမားနေပါတယ်။ ))

၇၃. စိတ္တဂဟပတိဝတ္ထု (၇၃၊ ၇၄)
အသန္တံ ဘာဝနမိစ္ဆေယျ ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။
အာဝါသေသု စ ဣဿရိယံ၊ ပူဇာ ပရကုလေသု စ။
၇၄. မမေဝ  ကတ မညန္တု၊ ဂိဟီပဗ္ဗဇိတာ ဥဘော။
မမေဝါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။
ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော စ ဝဍ္ဎတိ။

73. The fool seeks undeserved reputation, precedence among monks, authority over monasteries, and honor among householders. 74. “Let both laymen and monks think that it was done by me.
In every work, great and small, let them follow me”—such is
the ambition  of the fool; thus his desire and pride increase.

ငြိမ်းအေးတဲ့ဘဝ ( ဓ- ၇၅ )
လာဘ်ရကြောင်းအကျင့်က တစ်ခြား၊ နိဗ္ဗာန်ရောက်ကြောင်းအကျင့်က တစ်ခြား၊
ဒီလို အထူးသိတဲ့ မြတ်ဗုဒ္ဓရဲ့ တပည့်သားရဟန်းတော်ဟာ
လာဘ်လာဘ ပူဇော်သက္ကာရတွေကို စွဲလမ်းတွယ်တာ နှစ်သက်မနေပါဘူး။
တိတ်ဆိတ်၊ ငြိမ်သက်၊ ငြိမ်းအေးမှုတွေကိုပဲ အထပ်ထပ်အခါခါ ပွားများစေပါတယ်။

၇၅. ဝနဝါသီတိဿသာမဏေရဝတ္ထု  (၇၅)
အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။
ဧဝမေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။

သက္ကာရံ နာဘိနန္ဒေယျ၊ ဝိဝေကမနုဗြူဟယေ။
75. One is the quest for worldly gain, and quite another is the path to Nibbāna. Clearly understanding this, let not the monk, The disciple of the Buddha, be carried away by worldly acclaim, but develop detachment instead.

((မှတ်စု ၅။ ။ လူမိုက်ဟာ ယခုဘဝအကျိုး၊ နောင်ဘဝအကျိုး၊
လောကီအကျိုး၊ လောကုတ္တရာအကျိုး၊
သူ့အကျိုး၊ ကိုယ့်အကျိုး၊
အကြောင်း အကျိုး၊ အကောင်း အဆိုး၊ အမှား အမှန် ကို မသိမြင်ပါဘူး။
တရားမကြိုက်၊ အမှားလိုက်တဲ့ လူမိုက်ကို မပေါင်းပါနဲ့။
လူမိုက်တွေမှာ မိတ်ဆွေလက္ခဏာ မရှိပါဘူး။
လူမိုက်တွေဟာ ကိုယ့်ကိုယ်ကိုတောင်
ရန်သူကြီးလိုဖြစ်အောင် ကျင့်ဆောင်ပါတယ်။
စိတ်မိုက်ဟာ ရန်သူအစစ်ပါ။
လူမိုက်ဟာ ဓါးသွားထက်က အဆိပ်လူးပျားရည်စက်ကို အားရပါးရ လျက်မြိုပါတယ်။
မိုက်မှန်းသိရင် ကောင်းလာနိုင်ပါသေးတယ်။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။