Thursday, May 1, 2014

သံဝေဂ



အို၊ နာ၊ သေ သို့ မောင်းနှင်ပို့ လူတို့မမြဲပါတကား
စောင့်ရှောက်သူမဲ့ ကိုးရာမဲ့ အားနွဲ့လှချည်ပါတကား
ကိုယ်ပိုင်ဥစ္စာမရှိပါ စွန့်ကာသွားရမှာပါတကား
လိုမပြည့်ဝ အားမရ တဏှာ့ကျွန်ချည်းပါတကား။
 (မဟာစည်ဆရာတော်ကြီး)

ငါဟာ တစ်နေ့ကျရင်သေရမှာပဲ။
ငါချစ်တဲ့သူတွေလည်း တစ်နေ့ကျရင် သေရမှာပဲ။
ငါမချစ်တဲ့သူတွေလည်း တစ်နေ့ကျရင် သေရမှာပဲ။
ဘယ်သူမဆို တစ်နေ့ကျရင် သေရမှာပဲ။

ငါဟာ အချိန်မရွေးသေသွားနိုင်တယ်။
ငါချစ်တဲ့သူတွေလည်း အချိန်မရွေးသေသွားနိုင်တယ်။
ငါမချစ်တဲ့သူတွေလည်း အချိန်မရွေးသေသွားနိုင်တယ်။
ဘယ်သူမဆို အချိန်မရွေးသေသွားနိုင်တယ်။
                                                                                         (ညွှန်း - အရှင်ဆန္ဒာဓိက - မသေခင်ဘာလုပ်ကြမလဲ)







ရနံ့စုံစွာ ပန်းမာလာလည်း မြေမှာကြွရ အနိစ္စ
နံ့သာစုံစွာ ချယ်သပါလည်း ရှည်ကြာမရ အနိစ္စ
လှမျိုးစုံစွာပျိုကညာလည်း အိုမှာခဏ အနိစ္စ
ပစ္စည်းစုံစွာ လူချမ်းသာလည်း ခန္ဓာကြွေရ အနိစ္စ
မိသားစုံစွာ မျိုးဆွေညာလည်း ကွဲကွာကြရ အနိစ္စ
ကြယ်လစုံစွာ သူရိယာလည်း ရောင်ဝါကွယ်ပ အနိစ္စ
ဘုံနန်းစုံနေ နတ်များတွေလည်း စုတေကြရ အနိစ္စ
အနိစ္စပင် စိတ်မှာမြင်လျက် အစဉ်မပျက် သတိချပ်လော့။

အိုခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
နာခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
သေခြင်းဒုက္ခ ဆင်းရဲလှ လုံးဝမလွတ်နိုင်
ချစ်သူတွေနဲ့ ကွဲကွာရ လုံးဝမလွတ်နိုင်
ကံပြုသမျှလိုက်နာရ လုံးဝသူကြိုးကိုင်။

အနန္တငါးပါး ရှိခိုး


အနန္တငါးပါး ရှိခိုး
 
ဂုဏ်အနန္တ       ရှိလှမှန်စွာ
နိဗ္ဗာန်ခရီး        ညွှန်နည်းသေချာ
ကျေးဇူးကြီးမား  ဘုရားမြတ်စွာ
လက်အုပ်မိုး     ရှိခိုးဝန္ဒနာ။      

ဂုဏ်အနန္တ       ရှိလှမှန်စွာ
ကျင့်သူတလွှား  စောင့်ငြားပါယ်ရွာ
ကျေးဇူးကြီးမား  တရားဓမ္မာ
လက်အုပ်မိုး     ရှိခိုးဝန္ဒနာ။      

ဂုဏ်အနန္တ       ရှိလှမှန်စွာ
သာသနာကျိုး   သယ်ပိုးဆောင်ရှာ
ကျေးဇူးကြီးမား  နှစ်ပါးသံဃာ
လက်အုပ်မိုး     ရှိခိုးဝန္ဒနာ။      

ဂုဏ်အနန္တ       ရှိလှမှန်စွာ
ရှေးဦးနည်းပြ    ဆုံးမသေချာ
ကျေးဇူးကြီးမား  နှစ်ပါးမိဘာ
လက်အုပ်မိုး     ရှိခိုးဝန္ဒနာ။      

ဂုဏ်အနန္တ       ရှိလှမှန်စွာ
မကောင်းမြစ်တား         ညွှန်ကြားကောင်းရာ
ကျေးဇူးကြီးမား  သမားဆရာ
လက်အုပ်မိုး     ရှိခိုးဝန္ဒနာ။      

ဓမ္မဒူတဆရာတော်ကြီး




သုံးလူ့ထွဋ်ထား       မြတ်ဘုရားကို

အားရပါးရ       ရှိခိုးမယ်။
လူနတ်ဗြဟ္မာ    အကျိုးများဖို့
ငါတို့ဘုရား      ပွင့်ပေါ်တယ်။
အားကိုးကြည်ညိ                   မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး       ဖြိုးဝေတယ်။
ဖူးမြင်ဦးချ        ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်းဆရွယ်။
ရုပ်ပုံလည်းထင်  ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း        ချမ်းမြတယ်။
မှန်းဆရွယ်       ဖူးမယ်။

ကောင်းကျိုးပေးတတ် တရားမြတ်ကို
မပြတ်နေ့စဉ်    ရှိခိုးမယ်။
လူနတ်ဗြဟ္ဗာ    ချမ်းသာရေးမို့
ငါတို့ဘုရား      ဟောပေးတယ်။
သင်သိ တွေးသိ သေချာသိဖို့
လေ့လာကြည့်ဖို့                   ကောင်းလှတယ်။
ကြောင်းကျိုးဆက်စပ်     လောကဓါတ်
မပြတ်သံသရာ  ခေါ်ပါတယ်။
မကောင်းတာသိ ကောင်းတာရှိ
တရားရှိဖို့        ကျင့်ပါ့မယ်။
ရှိဖွယ်၊  ကျင့်မယ်။

ဗုဒ္ဓသားရင်း    သံဃာများကို
ကြည်ညိုအားထား        ရှိခိုးမယ်
ကောင်းကံမျိုးစေ့          စိုက်ပျိုးကြရင်
အကျိုးဖွံ့ဖြိုး     ရစေတယ်။
ဘေးရန်အန္တရာယ်        ဥာဏ်မြင်ကြောက်လို့
တောက်လျှောက်မနား   ကြိုးစားတယ်။
စိတ်ဓါတ်ကောင်းတွေ    အင်အားရှိလို့
အများအသိ      ညီညွတ်တယ်။
ကြည်ညိုသက်ဝင်        အသိယှဉ်
နေ့စဉ်မပြတ်ဦးချမယ်
ဖူးကြကွယ်၊      ထူးတယ်။

ပစ္စည်းဥစ္စာ       ပညာများကို
ပျောက်ပျက်မသွား        မြဲချင်တယ်။
မိဘတွေကို      မျက်ရည်ထွက်အောင်
ဆယ်သက်ဘယ်ခါ       မလုပ်ပါကွယ်။
ရာထူးဂုဏ်သိမ်  စည်းစိမ်များကို
ဆထက်ထပ်ပွား တိုးချင်တယ။်
မိဘဘိုးဘွား     ဆရာများကို
အားရပါးရ       ပြုစုကွယ်။
သူများကိုလည်း မေတ္တာမြဲ
စိတ်လည်းချမ်းမြေ့ဖွယ်၊
ကိုယ့်ကိုကိုယ်လည်း      သတိဥာဏ်ဇွဲ
အမြဲရှိပါ့မယ်။
သိဖွယ်၊ ကျင့်မယ်။

ဆရာဆိုတာ    တပည့်များကို
တိုးတက်ကြီးပွား ကောင်းစေတယ်။
ကောင်းတာလုပ်ပါ၊ ကောင်းတာပြောပေါ့
မနောကလည်း  ကောင်းရမယ်။
ကောင်းတယ်ဆိုတာ      သေချာသိအောင်
ထိထိမိမိ         ပြောပါကွယ်။
မိမိ      သူတစ်ပါးနှစ်ဦးသား
အကျိုးများ       ရစေဖွယ်၊
မိမိ      သူတစ်ပါးနှစ်ဦးသား
စိတ်များ          ချမ်းမြေ့ဖွယ်။
မှတ်ဖွယ်၊         ကျင့်မယ်။

မိသားစုတွေ   ကောင်းကျိုးဆိုက်ဖို့
မိဘအကြိုက်    လိုက်ပါမယ်။
ဥာဏ်ရည်တက်ဖွယ်      စာကြိုးစားလို့
ဘိုးဘွားဆရာ   ရိုသေမယ်။
ကစားချိန်ကစား စားချိန်စားလို့
အသွားအလာတော့      ဆင်ခြင်မယ်။
ဘိုးဘိုးဘွားဘွား အဖေမေများက
သားသမီးအကြိုက်လည်း                   လိုက်ပါကွယ်။
သူငါအကြိုက်သာ         လိုက်လျောကြရင်
မနောချမ်းမြေ့   ပျော်ရွှင်ဖွယ်။
ကြိုက်တယ်၊ လိုက်မယ်။


 

ငါးမာရ်အောင်မြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

အနန္တဂုဏ်အင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

ငြိမ်းအေးသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

သံသရာကယ်တင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

နိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ ဘုရား။

ပိုင်းလော့ဆရာတော်ကြီး







နိဗ္ဗာန်နှင့်ယှဉ် မေတ္တာဝင်

တစ်ကမ္ဘာလုံးမှာ(တစ်လောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
နဝဓုတင်္ဂါစာရဆရာတော်ကြီး(ဟင်္သာတ)

ဆရာကြီးမြသန်းစံ ၏ ဥပေက္ခာအ၀န်းအ၀ိုင်းစာအုပ်မှ


          

အနန္တ ထက် အနန္တ !!!


မေတ္တာကရုဏာအနန္တ မြတ်ဗုဒ္ဓ ၊

ပါရမီတော်အနန္တ မြတ်ဗုဒ္ဓ ၊
ကောင်းမှုအနန္တ မြတ်ဗုဒ္ဓ ၊
ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓ ၊
ဘုန်းကံတော်အနန္တ မြတ်ဗုဒ္ဓ ၊
ဉာဏ်တော်အနန္တ မြတ်ဗုဒ္ဓ ၊
စွမ်းအားအနန္တ မြတ်ဗုဒ္ဓ ၊
နိဗ္ဗာန်လမ်းပြ မြတ်ဗုဒ္ဓ ၊
အနှိုင်းမဲ့စံပြ မြတ်ဗုဒ္ဓ ၊
ကျက်သရေအနန္တ မြတ်ဗုဒ္ဓ ---
ဘုရားရှင်ဂုဏ် သတိရ စိတ်ဓာတ်ကောင်းလှပ၊
ချမ်းသာသုခ စုံပြည့်ဝ၊
သံသရာဝဋ်မှ ကင်းလွတ်ကြ
ကောင်းကျိုးအနန္တ ။  




မြတ်နိုးခြင်း၏ တည်ရာ @@@

စိတ်ပူကင်းစင် ဘုရားရှင်
စိတ်ညစ်ကင်းစင် ဘုရားရှင်
စိတ်ရှုပ်ကင်းစင် ဘုရားရှင်
စိတ်အေးကြည်လင် ဘုရားရှင်
ငြိမ်းအေးသခင် ဘုရားရှင်
လောဘကင်းစင် ဘုရားရှင်
ဒေါသကင်းစင် ဘုရားရှင်
မောဟကင်းစင် ဘုရားရှင်
ကိလေသာကင်းစင် ဘုရားရှင်၊

အလုံးစုံသိမြင် ဘုရားရှင်၊
အသိအကျင့်စုံလင် ဘုရားရှင်၊
ရွှေစကားသခင် ဘုရားရှင်
ရွှေတရားသခင် ဘုရားရှင်
နိဗ္ဗာန်စံဝင် ဘုရားရှင်၊
လောကသိမြင် ဘုရားရှင်၊
ဆုံးမသွန်သင် ဘုရားရှင်၊
လမ်းညွှန်ကယ်တင် ဘုရားရှင်၊
သံသရာကယ်တင် ဘုရားရှင်
သစ္စာသိမြင် ဘုရားရှင်၊

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
စိတ်ဓာတ်ကောင်းတွေ တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။       
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)ပူဇော်ပါသည်။


တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် (မဟာစည်ဆရာတော်ဘုရားကြီး)

(မဟာစည်မူ)


ဘဂ၀တော - မြတ်စွာဘုရားရှင် ၊ အက္ခတော - ဟောကြားတော်မူအပ်သော ၊ ဓမ္မာ - တရားတော်မြတ်သည်

သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာဟောအပ်သော တရားတော်
သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်
အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်းအကျိုးပေးတတ်သော တရားတော်
ဧဟိပဿိကော - “ လာပါ၊ ကြည့်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် တိုက်တွန်းထိုက်သော တရားတော်
သြပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်
ပစ္စတ္တံ ဝေဒိတဗ္ဗောဝိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါး အရိယာများသာလျှင် ကိုယ့်တရားနှင့်ကိုယ် အသီးသီး သိမြင်ခံစားရသော တရားတော်



ဘဂ၀တော - မြတ်စွာဘုရားရှင်၏ ၊ သာဝကသံဃော - တပည့်သားဖြစ်သော အရိယာသံဃာတော်များနှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်းသည် -
သုပ္ပဋိပန္နော - လောဘ၊ ဒေါသ၊ မောဟ ကင်းကြောင်းသီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကိုကောင်းစွာကျင့်တော်မူသော သံဃာတော်
ဥဇုပ္ပဋိပ္ပန္နော - ကိုယ်နှုတ်စိတ်ထား အကောက်သုံးပါးကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်
ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာ ကျင့်တော်မူသော သံဃာတော်
သာမိစိပ္ပဋိပန္နော - သူများက ပြုသည့်ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်
အာဟုနေယျော - (ရပ်ဝေးမှပင်) ဆောင်ယူလာ၍ ပေးလှူပူဇော်ထိုက်သော သံဃာတော်
ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များအတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ်ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်
ဒက္ခိနေယျော - နောင်တမလွန်လောက၌ ကောင်းကျိုးရမည့်ဟု ယုံကြည်မျှော်ကိုး၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်
အဉ္ဇလီကရဏီယျော - ကောင်းကျိုးချမ်းသာ မှန်စွာရမည့်ဟု ယုံကြည်မျှော်ကိုးလျှက်လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်
အနုတ္တရံပုညခေတ္တလောကဿ - ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တ၀ါအပေါင်း၏ အကောင်းဆုံး လယ်ယာမြေဖြစ်တော်မူသော သံဃာတော်

အာဝေဏိက ဂုဏ်တော်(၁၈)ပါး နှင့် ဉာဏ်တော်(၁၀)ပါး

ဉာဏ်တော်(၁၀)ပါး

၁။ အကြောင်းတရား ဟုတ်/မဟုတ်ကို သိတော်မူသော မြတ်စွာဘုရား
၂။ ကောင်းကျိုး/မကောင်းကျိုးကို သိတော်မူသော မြတ်စွာဘုရား
၃။ သတ္တ၀ါတို့၏ လားရာ/ရောက်ရာကို သိတော်မူသော မြတ်စွာဘုရား

၎။ အထူးထူးသောဓါတ်သဘောတို့ကို သိတော်မူသော မြတ်စွာဘုရား
၅။ သတ္တ၀ါတို့၏ စရိုက်၊ အကြိုက်၊ နှလုံးသွင်းအားလုံးကို သိတော်မူသော မြတ်စွာဘုရား
၆။ သတ္တ၀ါတို့၏ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာဣနြေ္ဒအနုအရင့်ကို သိတော်မူသော မြတ်စွာဘုရား

၇။ ဈာန်၊ သမာဓိ၊ သမာပတ်တို့၏ တိုးတက်ကြောင်း/ဆုတ်ယုတ်ကြောင်းကို သိတော်မူသော မြတ်စွာဘုရား
၈။ ရှေးဖြစ်ဟောင်းဘ၀ခန္ဓာအစဉ်ကို သိတော်မူသော မြတ်စွာဘုရား
၉။ သုံးဆယ့်တစ်ဘုံလုံးတွင် ဖြစ်ပျက်သမျှသော သတ္တ၀ါအားလုံးကို သိတော်မူသော မြတ်စွာဘုရား
၁၀။ ကိလေသာတို့ကို ငြိမ်းအေးစေသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား