DHAMMAPADA ဓမ္မပဒ ပါဠိ မြန်မာ အင်္ဂလိပ်
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၂၆။ ဗြာဟ္မဏ၀ဂ္ဂ Chapter 26
၃၈၃။ ဆိန္ဒ သောတံ ပရက္ကမ္မ၊ ကာမေ ပနုဒ ဗြာဟ္မဏ။
သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။
၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဉ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ ကုန်ရာကိုသိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကိုသိလော့၊ ရဟန္တာဖြစ်လေလော့။
383. Cut off the stream of craving, O Bhikkhu, and drive away all sensual pleasures. Knowing the end of Sankharas all that is made and make to know Nibbana, this is not made. Be an Arahant.
၃၈၄။ ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။
အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။
၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ၀ိပဿနာ တရားတို့၌ ကမ်းတစ်ဖက်သို့ရောက်၏၊ ထိုအခါ တရားမှန်ကိုသိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂသံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။
384. With the help of two Dhammas, samatha and vipassana, a Bhikkhu has reached the other shore. With the knowledge he attains, all the attachments he has are broken.
၃၈၅။ ယဿ ပါပံ အပါရံ ၀ါ၊ ပါရာပါရံ န ၀ိဇ္ဇတိ။
ဝီတဒ္ဒရံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၈၅။ အကြင်ပုဂ္ဂိုလ်အား စက္ခုစသော အတွင်းအာယတန ခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည် လည်းကောင်း၊ ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
385. For him, there is neither this side of the shore (internal sense spheres), nor that other end of the shore (external sense objects), nor both do not exist – being lack of all fears and worries, I call him a Brahmana.
၃၈၆။ ဈာယိံ ၀ိရဇမာသီနံ၊ ကတကိစ္စမနာသ၀ံ။
ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၈၆။ အနိစ္စစသော လက္ခဏာကိုရှု၍ ကိလေသာမြူကင်းလျက် တစ်ကိုယ်တည်း နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
386. He who is in contemplation, free from passions, staying by himself, who has done what has to be done and reached the perfection with no intoxicants (Arthawal taya), him – I call a Brahmana.
၃၈၇။ ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏၊ လမင်းသည် ညဥ့်အခါ၌သာ တင့်တယ်၏၊ မင်းသည် မင်းမြောက် တန်ဆာဆင်မှသာလျှင် တင့်တယ်၏၊ ရဟန္တာသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏၊ အမှန်သော်ကား မြတ်စွာဘုရားသည်သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဥ့်ပတ်လုံး တင့်တယ်၏။
387. The sun shines by day, the moon shines by night, the King glows only with his regalia, the Brahman glows only when in meditation, but all day and night, the Buddha shines with His splendor.
၃၈၈။ ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ၀ုစ္စတိ။
ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ ပဗ္ဗဇိတောတိ ၀ုစ္စတိ။
၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏၊ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟုခေါ်ဆိုအပ်၏၊ မိမိ၏ ကိလေသာအညစ်အကြေးကို ထုပ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။
388. One who has already abandoned evil is called Brahmana, one who stays quietly is called Samana, and one who tries to get rid of all sins is called a Pabbajita, a recluse.
၃၈၉။ န ျဗာဟၼဏႆ ပဟေရယ်၊ နာႆ မုေဥၥထ ျဗာဟၼေဏာ။
ဓီ ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။
၃၉၀။ န ဗြာဟ္မနေဿ တဒကိဉ္စိ သေယျော၊ ယဒါ နိသေဓော မနသော ပိယေဟိ။
ယတော ယတော ဟိံသမနော နိဝတ္တတိ၊ တတော တတော သမ္မတိမေ၀ ဒုက္ခံ။
၃၈၉။ သူတော်ကောင်း ဗြာဟ္မဏကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏၊ ပုတ်ခတ်သူအား အမျက်ထွက်သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ်ဖြစ်၏။
၃၉၀။ ချစ်နှစ်သက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင်မမြတ်၊ အကြင်အကြင်ဝတ္ထုမှ ညှဉ်းဆဲလိုသောစိတ်သည် ဆုတ်နစ်၏၊ ထိုထို ၀တ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။
389. One should not hurt a Brahmana, but the Brahmana should not return a blow to his aggressor, as it is shameful for the person who hurts a Brahmana, but more shameful to him who returns a blow to his aggressor.
390. It is no good that a Brahmana gains if he holds back his mind from the pleasures of life. Whenever the desire to hurt stops a sorrow indeed is ceased.
၃၉၁။ ယဿ ကာယေန ၀ါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ်နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။
391. If a person does not offend with his body, with his mind and with his words, and he guards them well, that one I call a Brahmana.
၃၉၂။ ယမှာ ဓမ္မံ ၀ိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။
သက္ကစ္စံ တံ နမေဿယျ၊ အဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။
၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သော တရားကိုသိရာ၏၊ ပုဏ္ဏားသည် မီးကိုပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။
392. For the man who has learned Dhamma taught by Enlightened Buddha, from a person, then he should worship that person just as a Brahmana does to the fire of sacrifice.
၃၉၃။ န ဇဋာဟိ န ဂေါတ္တေန၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။
ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော စ ဗြာဟ္မဏော။
၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့်လည်းကောင်း၊ ဗြာဟ္မဏမဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရားရှိသူသည်သာ စင်ကြယ်သူလည်းဖြစ်၏၊ ဗြာဟ္မဏလည်း ဖြစ်၏။
393. One does not simply become a Brahmana by his matted hair, or by his family or by birth; one in whom there is righteousness and Dhamma, he is thought to be pure and he is the Brahmana.
၃၉၄။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိဏသာဋိယာ။
အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။
၃၉၄။ ပညာရှိသောရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သစ်နက်ရေ၀တ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ သင်၏ကိုယ်တွင်း၌ ကိလေသာတောရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။
394. What a fool you are! Of what use is your matted hair, and what use is your animal hide, if there is craving within your body, but you make the outside clean.
၃၉၅။ ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္ထတံ။
ဧကံ ၀နသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၅။ ပံ့သကူသင်္ကန်းကိုဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော တစ်ဦးတည်း တောထဲ၌ ဈာန်ဝင်စားလေ့ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟုငါဘုရားဟော၏။
395. One who wears used rags, so lean that his veins can be seen on his skin, meditating alone in the forest, that person I call Brahmana.
၃၉၆။ န စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘ၀ံ။
ဘောဝါဒိ နာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၆။ ပုဏ္ဏားမျိုး၌ဖြစ်သော ပုဏ္ဏေးမမှဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရားမဟော၊ ထိုပုဏ္ဏား သည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏၊ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
396. I do not call a man a Brahmana because merely he was born from a family or from a Brahmana mother. If he possesses desires and things, he is just a bho-sayer. The one who has nothing and attached with nothing, that person I call a Brahmana.
၃၉၇။ သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ န ပရိတဿတိ။
သင်္ဂါတိဂံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ သံယောဇဉ်အားလုံးကိုဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကိုလွန်သော ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
397. The person does not worry and tremble as he has already cut off all fetters, who has gone beyond attachments and is detached, that person I call a Brahmana.
၃၉၈။ ဆေတွာ နဒ္ဓိံ ၀ရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၈။ ဒေါသတည်းဟူသော နှောင်ကြိုးကိုလည်းကောင်း၊ တဏှာတည်းဟူသော လွန်ကြိုးကို လည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုး ကိုလည်းကောင်းဖြတ်၍ အ၀ိဇ္ဇာ တံခါးကျည်မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
398. The one who has cut off the strap and thong, the rope and all fastenings, has also raised the bolt of the door, who is awakened, that one I call Brahmana.
၃၉၉။ အက္ကောသံ ၀ဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။
ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက်မထွက်ဘဲ သည်းခံ၏၊ သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
399. The person who does not anger while being insulted, assaulted, and bound by strips and ropes, who has endured and has an army's strength of tolerance, is the one I call Brahmana.
၄၀၀။ အက္ကောဓနံ ၀တ၀န္တံ၊ သီလ၀န္တံ အနုဿဒံ။
ဒန္တံ အန္တိမသာရီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၀။ အမျက်မထွက် ဓုတင်အကျင့်လည်းရှိ သီလနှင့်လည်းပြည့်စုံသော တဏှာပြန့်ပြောခြင်းလည်းမရှိ ယဉ်ကျေး၍ အဆုံးစွန်သောကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
400. He who has no anger, who is dutiful in his religious vows, virtuous and who has no stream of craving, one who is attentive and controlled, with his final body, that one I call a Brahmana.
၄၀၁။ ၀ါရိ ပေါက္ခရပတ္တေ၀၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ ပွတ် ဆောက် စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံမကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
401. Like water does not stay on a lotus leaf, like a mustard seed can not stand on the point of a needle, the one who does not attach with all sensual pleasures – that one I call Brahmana.
၄၀၂။ ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေ၀ ခယမတ္တနော။
ပန္နဘာရံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘ၀၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကိုသိ၏၊ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
402. I call him a Brahmana who comes to realize the end of sufferings even here in this world, who also has no attachment with craving, though he still needs to lay down his body as a burden.
၄၀၃။ ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။
ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၃။ နက်နဲသောပညာရှိသော ထက်မြက်သောပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
403. I call him a Brahmana who has profound insight, who has wisdom, who understands which the right path to follow is and which is not, who has already gained the highest perfection.
၄၀၄။ အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။
အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၄။ လူတို့နှင့်လည်းကောင်း ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သော တဏှာကင်း ကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
404. The one who flocks with neither ordinary human beings, nor monks, nor both, and who follows the path to get rid of craving, though has desire but little, that one I call Brahmana.
၄၀၅။ နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။
ယော န ဟန္တိ န ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၅။ အကြင်ပုဂ္ဂိုလ်သည် ထိပ်လန့်တတ်သော ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၌ လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်းမသတ် သူတစ်ပါးကိုလည်းမသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
405. The one who has laid down the rod and already surrendered both to persons who are prone to fear and to persons who are fearless, who does not kill and does not want others to kill – that one I call a Brahmana.
၄၀၆။ အ၀ိရုဒ္ဓံ ၀ိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။
သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
406. The one who is not opposing among those opposing, who has just laid down the weapon among people who have taken weapons, who is free from attachments when among attractions – that one I call a Brahmana.
၄၀၇။ ယဿ ရာဂေါ စ ဒေါသော စ၊ မာနော မက္ခော စ ပါတိတော။
သာသပေါရိဝ အာရဂ္ဂါ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၇။ မုန်ညင်းစေ့သည် ပွတ်ဆောက် စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှုရာဂ အမျက်ထွက်မှုဒေါသ ထောင်လွှားမှုမာန သူတစ်ပါး၏ဂုဏ်ကို ဖျက်စီးမှုမက္ခတို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
407. Just as a mustard seed falls down from the tip of a needle, the person whose passion, anger, pride and jealousy have already fallen away – that person I call a Brahmana.
၄၀၈။ အကက္ကသံ ၀ိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။
ယာယ နာဘိသဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသော မှန်သောစကားကို ပြောဆိုရာ၏၊ မည်သည့် တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
408. One who would speak what is true and easily comprehensible, by which no one would be offended – that one I call Brahmana.
၄၀၉။ ယောဓ ဒီဃံ ၀ ရဿံ ၀ါ၊ အဏုံ ထူလံ သုဘာသုဘံ။
လောကေ အဒိန္နံ နာဒိယတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၀၉။ လောက၌ ပိုင်ရှင်မပေးသောဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
409. The person who, here in this world, does not take anything that is not given by the owner whether it is long or short, small or large, good or bad, who does not steal – that person I call Brahmana.
၄၁၀။ အာသာ ယဿ န ၀ိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။
နိရာသာသံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှု တဏှာမရှိကုန်၊ မက်မောမှု အာသာကင်း၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
410. The person who has no longing in the world and for the beyond, who is free from desires and no inclination for them – that person I call a Brahmana.
၄၁၁။ ယဿာလယာ န ၀ိဇ္ဇန္တိ၊ အညာယ အကထံကထီ။
အမတောဂဓမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့မရှိကုန်၊ တရားမှန်ကိုသိ၍ သို့လော သို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
411. The person who is free from attachments, who has no doubts on Dhamma through his wisdom, and has reached the Nibbana – that person I call a Brahmana.
၄၁၂။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ၀ိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သော တဏှာကိုလည်းကောင်း လွန်မြောက်၏၊ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူ ကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
412. The person who has already passed beyond both merits (good kamma) and sins (bad kamma), who is free from sorrow, is pure from craving – that person I call Brahmana.
၄၁၃။ စန္ဒံဝ ၀ိမလံ သုဒ္ဓံ၊ ၀ိပ္ပသန္နမနာဝိလံ။
နန္ဒီဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှကင်းလျက် ဘ၀တို့၌နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ ဟုငါဘုရားဟော၏။
413. The person who is pure like a spotless moon, bright and serene, who has no more craving for all worldly lives – that one I call a Brahmana.
၄၁၄။ ယောမံ ပလိပထံ ဒုဂ္ဂံ၊ သံသာရံ မောဟမစ္စဂါ။
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း ကိလေသာတည်းဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီး၊ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ရောက်၏၊ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏၊ တဏှာကင်း၍ သို့လော သို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
414. The person who has already passed the danger of sensual pleasures, hard to go over the path of craving, difficult to cross over the ocean which is Samsara, the pitch-black delusion and reached the other side of the shore, who has already burned desires, without doubts, clean with impurities and attachments – that person I call a Brahmana.
၄၁၅။ ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
ကာမဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၅။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် ကာမတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
415. One who, here in this world, has abandoned lusts embracing a homeless state, in whom there is no more lust– that one I call a Brahmana.
၄၁၆။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၆။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
416. One who, here in this world, has abandoned craving embracing a homeless state, in whom there is no more craving – that one I call a Brahmana.
၄၁၇။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။
တဏှာဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၇။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
417. One who, here in this world, has abandoned the bondage embracing the homeless state, in whom there is no more craving and attachments – that person I call a Brahmana.
၄၁၈။ ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ဖြစ်သော အစီးအပွားကိုပယ်စွန့်၍ နတ်၌ဖြစ်သော အစီးအပွားကို လွန်မြောက်၏၊ အလုံးစုံအစီးအပွားနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
418. The person who has abandoned human bondages, also from the bondages of the gods, who is free from all things – that person I call a Brahmana.
၄၁၉။ ဟိတွာ ရတိံ စ အရတိံ စ၊ သီတိဘူတံ နိရူပဓိံ။
သဗ္ဗလောကာဘိဘုံ ၀ီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၁၉။ ကာမဂုဏ်၌ မွေ့လျော်ခြင်း ဆိတ်ငြိမ်ရာ၌ မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိမရှိသော အလုံးစုံ သောလောကကို လွှမ်းမိုး၍တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
419. One who has abandoned pleasure and hardship, who is calm, and free from germs, who is brave enough to overcome the whole world – that person I call a Brahmana.
၄၂၀။ စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။
အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၁။ ယဿ ဂတိံ န ဇာနန္တိ၊ ဒေ၀ါ ဂန္ဓဗ္ဗမာနုသာ။
ခီဏာသ၀ံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၀။ အကြင်ပုဂ္ဂိုလ်သည် သတ္တ၀ါတို့၏ သေခြင်းကို လည်းကောင်း ပဋိသန္ဓေနေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့်သိ၏၊ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်၍ သစ္စာ လေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။
၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာဂတိကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည်မသိကုန်၊ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
420. One who knows well about the death and birth of beings, who has no attachments, who has earnestly followed the path of the wise and who knows the ultimate truth – that person I call a Brahmana.
421. One whose next existence gods, gandhabbas gods and human beings do not know, who has vomited evil and all impurities, who becomes an Arahant – that person I call a Brahmana.
၄၂၂။ ယဿ ပုရေ စ ပစ္ဆာ စ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌ လည်းကောင်း၊ အနာဂတ်ခန္ဓာ၌ လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌ လည်းကောင်း ကြောင့်ကြမှုမရှိ၊ ကြောင့်ကြမှုမရှိသော စွဲလမ်းမှုကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
422. The person who has no belongings in the past, present and future, who has nothing to worry about and has no attachments – that person I call a Brahmana.
၄၂၃။ ဥသဘံ ပ၀ရံ ၀ီရံ၊ မဟေသိံ ၀ိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကိုအောင်သော တဏှာကင်းသော ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါး ကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
423. The one who is the great leader, who is diligent and industrious, the moral and victorious one, the passionless and purified one, who knows four noble truths – that one I call a Brahmana.
၄၂၄။ ပုဗ္ဗေနိဝါသံ ယော ဝေဒိ၊ သဂ္ဂါပါယဉ္စ ပဿတိ။
အထော ဇာတိက္ခယံ ပတ္တော၊ အဘိညာဝေါသိတော မုနိ။
သဗ္ဗဝေါသိတဝေါသာနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကိုသိ၏၊ နတ်ပြည် ငရဲပြည်ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထူးသောဉာဏ်ဖြင့်သိ၍ နိဗ္ဗာန်သို့ရောက်ပြီးသော ရဟန်းဖြစ်၏၊ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။
424. The one who knows the past lives, who sees celestial abodes and hell, who has gained the insight knowledge and reached the end of rebirths, who has already perfected in eradicating passions and desires – that one I call a Brahmana.
Buddha Dhamma U Lawkanartha at 7:48 AM
Labels: Chapter 26, Dhammapada Chapter
Home
Subscribe to: Posts (Atom)
ရှာရလွယ်အောင်...
Followers
Dhammapada List
Chapter 01 (1)
Chapter 02 (1)
Chapter 03 (1)
Chapter 04 (1)
Chapter 05 (1)
Chapter 06 (1)
Chapter 07 (1)
Chapter 08 (1)
Chapter 09 (1)
Chapter 10 (1)
Chapter 11 (1)
Chapter 12 (1)
Chapter 13 (1)
Chapter 14 (1)
Chapter 15 (1)
Chapter 16 (1)
Chapter 17 (1)
Chapter 18 (1)
Chapter 19 (1)
Chapter 20 (1)
Chapter 21 (1)
Chapter 22 (1)
Chapter 23 (1)
Chapter 24 (1)
Chapter 25 (1)
Chapter 26 (1)
Dhammapada Chapter (26)
Links
ဓမ္မပဒ ဝတ္ထုဇာတ်လမ်းများ... pscasa
ဓမ္မပဒ ဝတ္ထုဇာတ်လမ်းများ... pdf
Blog Archive
▼ 2008 (26)
▼ April (26)
၁။ ယမက၀ဂ္ဂ
၂။ အပ္ပမာဒ၀ဂ္ဂ
၃။ စိတ္တ၀ဂ္ဂ
၎။ ပုပ္ဖ၀ဂ္ဂ
၅။ ဗာလ၀ဂ္ဂ
၆။ ပဏ္ဍိတ၀ဂ္ဂ
၇။ အရဟန္တ၀ဂ္ဂ
၈။ သဟဿဝဂ္ဂ
၉။ ပါပ၀ဂ္ဂ
၁၀။ ဒဏ္ဍ၀ဂ္ဂ
၁၁။ ဇရာဝဂ္ဂ
၁၂။ အတ္တ၀ဂ္ဂ
၁၃။ လောက၀ဂ္ဂ
၁၄။ ဗုဒ္ဓ၀ဂ္ဂ
၁၅။ သုခ၀ဂ္ဂ
၁၆။ ပိယ၀ဂ္ဂ
၁၇။ ကောဓ၀ဂ္ဂ
၁၈။ မလ၀ဂ္ဂ
၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ
၂၀။ မဂ္ဂ၀ဂ္ဂ
၂၁။ ပကိဏ္ဏက၀ဂ္ဂ
၂၂။ နိရယ၀ဂ္ဂ
၂၃။ နာဂ၀ဂ္ဂ
၂၄။ တဏှာဝဂ္ဂ
၂၅။ ဘိက္ခုဝဂ္ဂ
၂၆။ ဗြာဟ္မဏ၀ဂ္ဂ
Monday, July 6, 2015
ဓမ္မပဒ ၂၆
Subscribe to:
Post Comments (Atom)
No comments:
Post a Comment