Tuesday, February 7, 2017

ဓမ္မပဒအဖော်မွန် ၎

ဓမ္မပဒအဖော်မွန် - ၎
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၄။ ပုပ္ဖဝဂ္ဂ၊ ပန်း

ပန်းမှာ အပွင့်၊ လူမှာ အကျင့် ( ဓ- ၄၄ )
ဒီရုပ်ခန္ဓာဆိုတဲ့ မြေဓာတ်ကို ဘယ်သူဟာ စိစစ်သိမြင်နိုင်မလဲ ?
အပါယ်လေးဘုံ၊ နတ်ဗြဟ္မာဘုံနဲ့တကွ
ဒီလူ့ဘုံကို ဘယ်သူဟာ စိစစ်သိမြင်နိုင်မလဲ ?
ကျွမ်းကျင်သူ (ပန်းသီသမား) ဟာ
ပန်းပွင့်ကို သိမြင်နားလည် စိစစ်ရွေးချယ်သလို….
ကောင်းကောင်းမွန်မွန် ဟောထားတဲ့ တရားအစု ဓမ္မပဒကို
ဘယ်သူဟာ စိစစ်ဆင်ခြင် သိမြင်နားလည်နိုင်မလဲ ?

၄၄. ပထဝိကထာပသုတပဉ္စသတဘိက္ခု (၄၄၊ ၄၅)
ကော ဣမံ  ပထဝိံ ဝိစေဿတိ ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကောဓမ္မပဒံသုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ ။

4. Pupphavagga: Flowers 44. Who shall overcome this earth, this realm of Yama and this sphere of men and gods? Who shall bring to perfection the well-taught path of wisdom as an expert garland-maker would his floral design?

သိက္ခာရှိသူ သိမှာပါ ( ဓ- ၄၅ )
သီလ၊သမာဓိ၊ပညာ သိက္ခာသုံးပါး တရားမြတ်ကို ကျင့်ကြံအားထုတ်နေသူဟာ
ဒီရုပ်ခန္ဓာဆိုတဲ့ မြေဓာတ်ကို စိစစ်သိမြင်နိုင်မှာပါ။
အပါယ်လေးဘုံ၊ နတ်ဗြဟ္မာဘုံနဲ့တကွ ဒီလူ့ဘုံကို
တရားကျင့်ကြံနေသူဟာ စိစစ်သိမြင်မှာပါ။
ကျွမ်းကျင်သူ(ပန်းသီသမား) ဟာ
ပန်းပွင့်ကို သိမြင်နားလည် စိစစ်ရွေးချယ်သလို….
ကောင်းကောင်းမွန်မွန် ဟောထားတဲ့ တရားအစု ဓမ္မပဒကို
မြတ်တရားကျင့်ကြံနေသူ ဟာ စိစစ်ဆင်ခြင် သိမြင်နားလည်မှာပါ။

၄၅. သေခေါ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

45. A striver-on-the path shall overcome this earth, this realm of Yama and this sphere of men and gods. The striver-on-the-path shall bring to perfection the well-taught path of wisdom,
as an expert garland-maker would his floral design.
a

ရေမြှုပ်-တံလျှပ်-မျက်လှည့်ပမာ ဤခန္ဓာ ( ဓ- ၄၆ )
( အနှစ်မရှိ၊ ဖြစ်ပျက်နေပြီး အထင်မှားစေတတ်လို့)
ဒီရုပ်နာမ်ခန္ဓာကို ရေမြှုပ်လို၊ တံလျှပ်လို သဘောရှိတယ် လို့
ဉာဏ်နဲ့ဆင်ခြင် ကောင်းကောင်းသိမြင်သူဟာ
ကိလေသာမာရ် ကိုယ်တွင်းရန်ရဲ့ သေပန်းပွင့် ဝဋ်ဆင်းရဲတွေကို
ခြွေဖြတ်ပြီး သေမင်းမမြင်ရာကို ရောက်မှာပါ။
(( သေမင်းရဲ့ အဆိပ်လူးပန်းပွင့်တွေကို သတိထားပါလေ))

၄၆. မရီစိကမ္မဋ္ဌာနိကဘိက္ခုဝတ္ထု(၄၆)
ဖေဏူပမံ  ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ  ပပုပ္ဖကာနိ ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

46. Realizing that this body is like froth, penetrating its mirage-like nature, and plucking out Mara’s flower-tipped arrows of sensuality,
go beyond sight of the King of Death!

ငရဲပန်းကို ရွှေပန်းထင် ( ဓ- ၄၇ )
ပန်းပွင့်တွေကို (လောဘတကြီး) ခူးယူနေသူလို…
(ကာမဂုဏ်အာရုံတွေမှာ) စွဲလမ်းတကြီး တောင့်တတွယ်တာစိတ်ရှိသူကို
သေမင်းဟာ မျှောယူခေါ်ဆောင်သွားပါတယ်။
ပြင်းထန်တဲ့ ရေစီးကြောင်းကြီးဟာ အိပ်မောကျနေတဲ့ (လူမိုက်)ရွာ ကို
တိုက်မျှောယူချသွားသလိုပေါ့။
၄၇. ဝိဋဋူဘဝတ္ထု(၄၇)
ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ  နရံ။
သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

47. As a mighty flood sweeps away the sleeping village,
so death carries away the person of distracted mind
who only plucks the flowers (of pleasure).

ဖူး - ပွင့် - လန်း၊ နွမ်း - ကြွေ - ကျ၊ ပန်းဘဝ ( ဓ- ၄၈ )
ပန်းပွင့်တွေကို (လောဘတကြီး) ခူးယူနေသူလို…
မရသေးတာကို တောင့်တ၊ ရပြီးတာကို တွယ်တာ၊ စွဲလမ်းစိတ်ရှိသူဟာ
ကာမဂုဏ်အာရုံတွေမှာ မတင်းတိမ်၊ မရောင့်ရဲသေးခင်မှာပဲ
သေမင်းနိုင်ငံကို လိုက်ကြရပါတယ်။

၄၈. ပတိပူဇိကကုမာရီဝတ္ထု(၄၈)
ပုပ္ဖါနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တညေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

48. The Destroyer brings under his sway the person of distracted mind who, insatiate in sense desires, only plucks the flowers (of pleasure).
S

ကိုယ့်အကျိုးဆောင်၊ သူ့အကျိုးရွက်၊ နှစ်ဖက်လှပါစေ ( ဓ- ၄၉ )
ပျားပိတုန်းဟာ
ပန်းပွင့်ရဲ့ လှပသင်းပျံ့ ဆင်းရနံ့ကို မပျက်စီးစေဘဲ
ပန်းဝတ်ရည်ကို စုပ်ယူပျံသန်းသလို၊
ပညာရှိသူ (ရဟန်း) ဟာ လူအပေါင်းမှာ
( သဒ္ဓါ၊ ပစ္စည်း မပျက်စီးအောင် ) ကျင့်ဆောင်သင့်ပါတယ်။

၄၉. မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု(၄၉)
ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌယံ ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

49. As a bee gathers honey from the flower without injuring its color or fragrance, even so the sage goes on his alms-round in the village.

ကိုယ့်ပန်း ကိုယ်ပျိုး ( ဓ- ၅၀ )
သူများရဲ့ မကောင်းပြစ်တွေကို နှလုံးမသွင်းပါနဲ့။
သူများရဲ့ ကောင်းမှု၊ မကောင်းမှု - ပြု၊ မပြု ကို
(စိတ်ညစ်၊ စိတ်ရှုပ်ခံပြီး၊ အကုသိုလ်အဖြစ်ခံပြီး) ကြည့်မနေပါနဲ့။
ကိုယ့်ရဲ့ ကောင်းမှု၊ မကောင်းမှု- ပြု၊ မပြု ကိုပဲ
(မပြတ်သတိ အမြဲရှိပြီး) ပညာနှင့် ကြည့်ရှုဆင်ခြင်(စိစစ်)ပါ။

၅၀. ပါဝေယျအာဇီဝကဝတ္ထု (၅ဝ)
န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာဝ အေဝေကၡယ်၊ ကတာနိ အကတာနိ စ။

50. Let none find fault with others; let none see the omissions and commissions of others. But let one see one’s own acts, done and undone.

အဆင်းသာရှိ၊ အချင်းမရှိ ( ဓ- ၅၁ )
အရောင်အဆင်းလှပပြီး မွှေးရနံ့ မရှိတဲ့ ပန်းလိုပါပဲ။
ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော် ဟာလည်း
မလိုက်နာသူအတွက် အကျိုးမဆောင်နိုင်ပါဘူး။

၅၁. ဆတ္တပါဏိဥပါသကဝတ္ထု(၅၁၊ ၅၂)
ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာဝါစာ၊အဖလာဟောတိ အကုဗ္ဗတော။

51. Like a beautiful flower full of color but without fragrance, even so, fruitless are the fair words of one who does not practice them.

အဆင်းလည်းလှ၊ ရနံ့လည်းသင်း၊ ပန်းမင်းရတနာ ( ဓ- ၅၂ )
အရောင်အဆင်း လှပပြီး ရနံ့သင်းပျံ့မွှေးကြိုင်တဲ့ ပန်းလိုပါပဲ။
ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော် ဟာလည်း
လိုက်နာကျင့်သုံးသူ အတွက် အကျိုးများစွာ ဆောင်နိုင်ပါတယ်။

၅၂. ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သုဂန္ဓကံ ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

52. Like a beautiful flower full of color and also fragrant, even so,
fruitful are the fair words of one who practices them.

ကုသိုလ်ပန်းကုံး အလှဆုံး ( ဓ- ၅၃ )
ပန်းမျိုးပေါင်းစုံ ပန်းပုံကြီးထဲက
များပြားလှပတဲ့ ပန်းကုံးတွေကို သီကုံးပြုလုပ်သလို၊
သေဖို့မွေးဖွားလာသူဟာ (မသေခင်မှာ) ကောင်းမှုကုသိုလ်တွေကို
များများစုံစုံ ပြုလုပ်သင့်ပါတယ်။

၅၃. ဝိသာခါဝတ္ထု(၅၃)
ယထာပိ  ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧဝံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

53. As from a great heap of flowers many garlands can be made, even so should many good deeds be done by one born a mortal.

H T E

ရနံ့စံအိမ် ( ဓ- ၅၄ )
စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်… ပန်းရနံ့တွေဟာ
အထက်လေညာအရပ်ကို မသွားရောက်နိုင်ပါဘူး။
သူတော်ကောင်းတွေရဲ့ ဂုဏ်သတင်းရနံ့ကတော့
လေညာအရပ်ကို ဆန်တက်သွားနိုင်ပါတယ်။
သူတော်ကောင်းသတင်းဟာ အရပ်မျက်နှာအားလုံးမှာ
သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေပါတယ်။

၅၄. အာနန္ဒတ္ထေရပဥှာဝတ္ထု(၅၄၊ ၅၅)
န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ န စန္ဒနံ တဂရမလ္လိကာ ဝါ ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။

54. Not the sweet smell of flowers, not even the fragrance of sandal, tagara, or jasmine blows against the wind.
But the fragrance of the virtuous blows against the wind.
Truly the virtuous man pervades all directions
with the fragrance of his virtue.

ရင်အေးစေတဲ့ မွှေးရနံ့ ( ဓ- ၅၅ )
စန္ဒကူးနှစ်၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်း၊ စံပယ်ပန်း ….
ဒီလို မွေးပျံ့သင်းထုံ ပန်းမျိုးစုံရနံ့ထက် သီလရနံ့ဟာ
တုနှိုင်းမဲ့ (သင်းပျံ့မွှေးကြိုင်) ထူးမြတ်လှပါတယ်။

၅၅. စန္ဒနံ တဂရံ ဝါပိ၊ ဥပ္ပလံ အထ ဝဿိကီ။
ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

55. Of all the fragrances—sandal, tagara, blue lotus and jasmine—
the fragrance of virtue is the sweetest.

အမြတ်ဆုံးရနံ့ ( ဓ- ၅၆ )
တောင်ဇလပ်ပန်း၊ စန္ဒကူးနံ့သာ ….. မွှေးရနံ့တွေဟာ နည်းနည်းလေးပါ။
သီလရှိသူတွေရဲ့ သီလရနံ့ဟာ အလွန်ထူးမြတ်ပြီး
နတ်ဗြဟ္မာဘုံတိုင်အောင် သင်းပျံ့မွှေးကြိုင်နေပါတယ်။

၅၆. မဟာကဿပတ္ထေရဝတ္ထု(၅၆)
အပ္ပမတ္တော အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။

56. Faint is the fragrance of tagara and sandal, but excellent is the fragrance of the virtuous, wafting even amongst the gods.

ရင်ငြိမ်းပန်းရဲ့ လမ်းကို မာရ်နတ် မခန့်မှန်းနိုင် ( ဓ- ၅၇ )
သီလပြည့်စုံတဲ့၊ မမေ့မလျော့မပေါ့မဆ နေတဲ့၊
အမှန်ကောင်းကောင်းသိတဲ့၊ ကိလေသာအပူမီးတွေက လွတ်မြောက်ပြီးသူ
(ရဟန္တာသူတော်ကောင်း) တွေရဲ့ သွားရောက်လမ်းကို
မာရ်နတ် မသိမြင်နိုင်ပါဘူး။
၅၇. ဂေါဓိကတ္ထေရဝတ္ထု(၅၇)
တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။

57. Mara never finds the path of the truly virtuous,
who abide in heedfulness and are freed by perfect knowledge.

ကြာပဒုံဟာ အမှိုက်ပုံမှာ ပွင့်ရသည့်တိုင် သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်ဆဲ ၊ လှပမြဲ -
( ဓ- ၅၈ - ၅၉ )
လမ်းမကြီးဘေး၊ စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ
စင်ကြယ်သန့်ရှင်း မွှေးရနံသင်းတဲ့ ပဒုမ္မာကြာပန်းကြီးဟာ
နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက် ပွင့်ထွန်းလာသလို …...

အမှိုက်ပုံကြီးနဲ့တူတဲ့ - ကိလေသာများပြီး ဉာဏ်မျက်စိကန်းသူတွေကြားမှာ၊
(ကြာပန်းနဲ့တူတဲ့ -) ဘုရားတပည့် (ဘုရားစကားလိုက်နာသူ)ဟာ
အသိလိမ္မာဉာဏ်ပညာနဲ့ (ကြည်ညိုမြတ်နိုးစရာ)
အလွန်ထွန်းလင်းတင့်တယ်နေပါတယ်။

(( အမှိုက်လို - ပုထုဇဉ်အကန်းတွေအလယ်မှာ၊ ကြာပန်းလို -  မြတ်ဗုဒ္ဓသာဝကဟာ
ပညာအလင်းနဲ့ တောက်ပတင့်တယ်လိုက်တာ။ ))

၅၈. ဂရဟဒိန္နဝတ္ထု(၅၈၊ ၅၉)
ယထာ သင်္ကာရဓာနသ္မိံ ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
၅၉. ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

58. Upon a heap of rubbish in the road-side ditch blooms a lotus,
fragrant and pleasing. 59. Even so, on the rubbish heap of blinded mortals the disciple of the Supremely Enlightened One shines resplendent in wisdom.

((မှတ်စု ၄။ ။ လှပမွှေးပျံ့တဲ့ ပန်းနဲ့တူတဲ့ မြတ်ဗုဒ္ဓစကားတော်ကို
ပန်ဆင်ထားသူဟာ ဘယ်လောက်များ ကျက်သရေ ရှိလိုက်မလဲလေ။
ရင်ထဲမှာ ကုသိုလ်ပန်းတွေ ပွင့်ပါစေ။ လန်းပါစေ။ မွှေးပါစေ။

သင်းပျံ့သန့်ရှင်းတဲ့ပန်းပွင့်ဟာ ပွတ်ခြေဖျက်ဆီးပစ်သူရဲ့လက်ကိုတောင်
မွှေးရနံ့တွေ ပေးမြဲပါပဲ။ မြတ်စွာဘုရားရှင်စတဲ့ သူတော်ကောင်းတွေဟာလည်း
ကိုယ့်အပေါ် ဒုက္ခပေးနေသူတွေကိုတောင် မေတ္တာမပျက် ကောင်းကျိုးပြုလျှက်ပါပဲ။
နှလုံးသားထဲထိ မွှေးစိမ့်နိုင်စွမ်းရှိတဲ့ သူတော်ကောင်းတွေရဲ့ ဂုဏ်ရနံ့ဟာ
လေညာအရပ်ကို ဆန်တက်တဲ့တက်ရနံ့ -
ဝေလည်း မွှေး၊ ကြွေလည်းမွှေး။ ခြွေလည်းမွှေး နေမှာပါပဲ။

ကြာပန်းဟာ ရွံဗွက်အိုင်ကို အလှဆင်တယ်။
သူတော်ကောင်းဟာ လောကကြီးကို အလှဆင်ပါတယ်။ ))
D D D

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

ဓမ္မပဒအဖော်မွန် ၃

ဓမ္မပဒအဖော်မွန် - ၃
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၃။ စိတ္တဝဂ္ဂ၊ စိတ်

စိတ်ဖြောင့်၊ လမ်းမှန်၊ မြတ်နိဗ္ဗာန် ( ဓ- ၃၃ )
တုန်လှုပ်ဆော့ကစားတတ်တဲ့၊ စောင့်ထိန်းဖို့ခက်တဲ့၊ တားဆီးဖို့ခက်တဲ့
စိတ်ဆိုးစိတ်ကောက်ကို ပညာရှိဟာ (သမထဝိပဿနာနဲ့)
တည်ကြည်ငြိမ်သက် ဖြောင့်မတ်အောင် ပြုပြင်ပါတယ်။
မြားသမားဟာ မြားကောက်ကို ဖြောင့်အောင်လုပ်သလိုပေါ့။

၃၃. မေဃိယတ္ထေရဝတ္ထု (၃၃၊ ၃၄)
ဖန္ဒနံ  စပလံ စိတ္တံ၊ ဒူရက္ခံ  ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

3. Cittavagga: The Mind 33. Just as a fletcher straightens an arrow shaft, even so the discerning man straightens his mind —so fickle and unsteady, so difficult to guard.
A
စိတ်ကို ထိန်းသိမ်း ဒုက္ခငြိမ်း ( ဓ- ၃၄ )
ရေထဲက ထုတ်ယူပြီး ကုန်းပေါ်ပစ်တင်လိုက်တဲ့အခါ
ငါးဟာ တဆွေ့ဆွေ့ခုန် တုန်နေပါတယ်။
ကိလေသာ ကာမဂုဏ် အာရုံတွေထဲက ထုတ်ယူပြီး
သမထဝိပဿနာအာရုံပေါ်ကို တင်လိုက်တဲ့အခါ
စိတ်ဟာ (နေသားတကျမဖြစ်ဘဲ) တုန်လှုပ်တတ်ပါတယ်။
သေမင်းတည်မှီရာ ကိလေသာကို စွန့်ပယ်သင့်ပါတယ်။

၃၄. ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

34. As a fish when pulled out of water and cast on land throbs and quivers, even so is this mind agitated.
Hence should one abandon the realm of Mara.

ကိုယ့်စိတ် ကိုယ်စစ်၊ ကိုယ့်စိတ် ကိုယ်မြှင့် ( ဓ- ၃၅ )
နှိမ်နင်းဆုံးမဖို့ခက်တဲ့၊ သိပ်လျင်မြန်တဲ့၊
တွေ့ကရာ ကာမဂုဏ်အာရုံမှာ ကျရောက်တတ်တဲ့  စိတ်ကို
ထိန်းသိမ်းဆုံးမနိုင်ရင် ကောင်းမြတ်ပါတယ်။
ဆုံးမလို့ ယဉ်ကျေးတဲ့စိတ်ဟာ ချမ်းသာသုခကို ဆောင်နိုင်ပါတယ်။

၃၅. အညတရဘိက္ခုဝတ္ထု (၃၅)
ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ ။

35. Wonderful, indeed, it is to subdue the mind, so difficult to subdue,
ever swift, and seizing whatever it desires.
A tamed mind brings happiness.

စိတ်တစ်ခုနိုင် အားလုံးပိုင် ( ဓ- ၃၆ )
သိမြင်ဖို့ သိပ်ခက်တဲ့၊ သိပ်သိမ်မွေ့တဲ့၊
တွေ့ရာ ကာမဂုဏ်အာရုံမှာ ကျရောက်တတ်တဲ့၊ စိတ်ကို
ပညာရှိဟာ စောင့်ရှောက်ပါတယ်။
စောင့်ရှောက်လို့ လုံခြုံတဲ့စိတ်ဟာ ချမ်းသာသုခကို ဆောင်နိုင်ပါတယ်။

၃၆. ဥက္ကဏ္ဌိတဘိက္ခုဝတ္ထု (၃၆)
သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

36. Let the discerning man guard the mind, so difficult to detect and extremely subtle, seizing whatever it desires.
A guarded mind brings happiness.

စိတ်ကိုစောင့်ရှောက် နိဗ္ဗာန်ရောက် ( ဓ- ၃၇ )
အဝေးက အာရုံကို လှမ်းယူတတ်တဲ့၊ တစ်ချိန်မှာ တစ်ခုပဲဖြစ်တဲ့၊
( တစ်စိတ်ပျက်ပြီးမှ တစ်စိတ်ဖြစ်တဲ့၊
တစ်စိတ်ပြီးတစ်စိတ် ဖြစ်ပျက် အသစ်ဆက်တဲ့ )
ပုံသဏ္ဍာန်ကိုယ်ထည် မရှိတဲ့၊
မဟာဘုတ်လိုဏ်ဂူမှာ တည်မှီဖြစ်ပျက်တဲ့ စိတ်အစဉ်ကို
စောင့်စည်းထိန်းချုပ်နိုင်သူတွေဟာ (ကိလေသာအနှောင်အဖွဲ့) သေမင်းရဲ့အနှောင်အဖွဲ့က လွတ်မြောက်ကြပါလိမ့်မယ်။

၃၇. သံဃရက္ခိတတ္ထေရဝတ္ထု (၃၇)
ဒူရင်္ဂမံ ဧကစရံ ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

37. Dwelling in the cave (of the heart), the mind,
without form, wanders far and alone.
Those who subdue this mind are liberated from the bonds of Mara.

စိတ်မငြိမ်ရင် ပညာမပြည့် ( ဓ- ၃၈ )
တည်တံ့ခိုင်ခံ့တဲ့စိတ်မရှိ၊ သူတော်ကောင်းတရားကိုမသိ၊
လေးနက်ခိုင်မာတဲ့ ယုံကြည်မှုမရှိသူမှာ ပညာမပြည့်စုံနိုင်ပါ။

၃၈. စိတ္တဟတ္ထတ္ထေရဝတ္ထု (၃၈၊ ၃၉)
အနဝဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အဝိဇာနတော။
ပရိပ္လဝပသာဒဿ၊ ပညာ န ပရိပူရတိ။

38. Wisdom never becomes perfect in one whose mind is not steadfast, who knows not the Good Teaching and whose faith wavers.

စိတ်ဆိုးမရှိ ဘေးမရှိ ( ဓ- ၃၉ )
စိုစွတ်စေးကပ်တတ်တဲ့စိတ် (ရာဂ) ကင်းစင်သူ၊
ဖျက်စီးဖိစီးတတ်တဲ့စိတ် (ဒေါသ) ကင်းစင်သူ၊
ကုသိုလ် အကုသိုလ်ကို စွန့်ပယ်ပြီးသူ၊
(မောဟဆိုတဲ့ အိပ်မောကျခြင်းမှ) နိုးထပြီးသူဟာ
ဘေးအန္တရာယ် လုံးဝမရှိတော့ပါဘူး။

၃၉. အနဝဿုတစိတ္တဿ၊ အနနွာဟတစေတသော။
ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

39. There is no fear for an awakened one, whose mind is not sodden
(by lust) nor afflicted (by hate),
and who has gone beyond both merit and demerit.
A

ဝိပဿနာတပ်မတော် ( ဓ- ၄၀ )
ဒီကိုယ်ကာယကို ( အနှစ်မရှိ ကွဲပျက်လွယ်တဲ့ ) မြေအိုးနဲ့တူတယ်လို့ သိပြီး၊
လုံခြုံခိုင်ခံ့တဲ့မြို့ကြီးလို (ဝိပဿနာ)စိတ်ကို ဖြစ်ပေါ်စေပြီး
ဉာဏ်ပညာလက်နက်နဲ့ ကိလေသာမာရ် ရန်သူတွေကို တိုက်ခိုက်သင့်ပါတယ်။
အောင်မြင်တဲ့တရားကို ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်သင့်ပါတယ်။

၄၀. ပဉ္စသတဘိက္ခုဝတ္ထု (၄ဝ)
ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

40. Realizing that this body is as fragile as a clay pot, and fortifying this mind like a well-fortified city, fight out Marawith the sword of wisdom. Then, guarding the conquest, remain unattached.

မသေခင် စိတ်ကောင်းထား ( ဓ- ၄၁ )
ဒီကိုယ်ဟာ သိစိတ်ကင်းမဲ့ (သေ)သွားတဲ့အခါ၊ အသုံးမကျတဲ့ ထင်းတုံးအဆွေးလို စွန့်ပစ်ခံရပြီး၊ မကြာမီ မြေမှာ (တုံးလုံးပက်လက်) အိပ်စက်ရမှာပါတကား။

၄၁. ပူတိဂတ္တတိဿတ္ထေရဝတ္ထု (၄၁)
အစိရံ  ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

41. Ere long, alas! this body will lie upon the earth,
unheeded and lifeless, like a useless log.

စိတ်ဆိုးဟာ အဆိုးဆုံးရန်သူပါ ( ဓ- ၄၂ )
ခိုးသူတစ်ယောက်ဟာ (ပြိုင်ဖက်)ခိုးသူတစ်ယောက်ကို၊
ရန်သူတစ်ယောက်ဟာ (အခြား)ရန်ဖက်တစ်ယောက်ကို၊
ပျက်စီးဆုံးရှုံး နစ်နာအောင် ပြုလုပ်နိုင်တာထက် ပိုပြီး ---
မှားယွင်းတဲ့စိတ်ထားဟာ စိတ်ထားမှားယွင်းသူကို
ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးနစ်နာအောင် ပြုလုပ်နိုင်ပါတယ်။
( မကောင်းတဲ့စိတ်ထားဟာ စိတ်ထားမကောင်းသူကို
ဆိုးဆိုးဝါးဝါး ပျက်စီးဆုံးရှုံးနစ်နာအောင် ပြုလုပ်နိုင်ပါတယ်။ )

၄၂. နန္ဒဂေါပါလကဝတ္ထု (၄၂)
ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော  နံ တတော ကရေ။

42. Whatever harm an enemy may do to an enemy, or a hater to a hater, an ill-directed mind inflicts on oneself a greater harm.

G  h

စိတ်ကောင်းဟာ အကောင်းဆုံးမိတ်ဆွေပါ ( ဓ- ၄၃ )
အမေလည်း မလုပ်ပေးနိုင်၊ အဖေလည်း မလုပ်ပေးနိုင်၊
တခြားဆွေမျိုးတွေလည်း မလုပ်ပေးနိုင်ပါဘူး။
မိဘဆွေမျိုးအားလုံးထက် ပိုလွန်ပြီး …
စိတ်ထားမှန် စိတ်ထားကောင်း ကုသိုလ်စိတ်ကပဲ
ထူးကဲမွန်မြတ်တဲ့ ချမ်းသာသုခရအောင် ပြုလုပ်ဆောင်ရွက်ပေးနိုင်တာပါ။

၄၃. သောရေယျဝတ္ထု (၄၃)
န တံ မာတာ ပိတာ ကယိရာ၊အညေ ဝါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျေသော နံ တတော ကရေ။

43. Neither mother,  father,   nor any other relative can do one greater good than one’s own well-directed mind.

Aအရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။ A

(( မှတ်စု  ၃။ စိတ်ကို ထိန်းသိမ်း ဒုက္ခငြိမ်း၊ စိတ်ကိုစောင့်ရှောက် နိဗ္ဗာန်ရောက်။
စိတ်ကောင်းရှိဖို့ ပထမ၊ စိတ်ထားမှန်မှ ချမ်းသာရ၊
ရွှေလိုစိတ်လား၊ မစင်လိုစိတ်လား ရွေးချယ်ရမှာပါ။
ကိုယ့်စိတ်ဟာ ကိုယ့်မိတ်ဆွေဖြစ်ပါစေ။
စိတ်ထားကောင်းလေးနှင့် စိတ်ကောင်းလေးထားပါ့မယ်။ ))
U U U
#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။

ဓမ္မပဒအဖော်မွန် ၂

မြတ်ဗုဒ္ဓ၏ဓမ္မပဒ ၂။ အပ္ပမာဒဝဂ္ဂ၊ မမေ့လျော့ခြင်း

ကုသိုလ်မမေ့တာ နိဗ္ဗာန်ရကြောင်းပါ ( ဓ- ၂၁ - ၂၂ - ၂၃ )
မမေ့လျော့ မယစ်မူးခြင်းဟာ မသေခြင်းရဲ့ အကြောင်းရင်းပါ။
မေ့လျော့ ပေါ့ဆ ယစ်မူးခြင်းဟာ သေခြင်းရဲ့ အကြောင်းရင်းပါ။
မမေ့သူတွေ မသေပါဘူး။
မေ့သူ သေသူ အတူတူပါပဲ။

၂၁. သာမာဝတီဝတ္ထု (၂၁၊ ၂၂၊ ၂၃)
အပ္ပမာဒေါ အမတပဒံ ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

2. Appamādavagga: Heedfulness 21. Heedfulness is the path to the Deathless. Heedlessness is the path to death. The heedful die not.
The heedless are as if dead already.

U U U

၂၂။ ဒီထူးခြားချက်ကို သိတဲ့ ပညာရှိတွေဟာ
မမေ့မလျော့ မပေါ့မဆ  မယစ်မူးပါဘူး။
မမေ့လျော့ခြင်းကို နှစ်သက်တဲ့ ပညာတွေရှိဟာ
အရိယာသူတော်ကောင်းတွေရဲ့ ကျက်စားရာ
မြင့်မြတ်တဲ့ တရားအာရုံမှာ နှစ်သက်ရွှင်လန်းကြပါတယ်။

၂၂. ဧဝံ  ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

22. Clearly understanding this excellence of heedfulness,
the wise exult therein and enjoy the resort of the Noble Ones.

၂၃။ မမေ့လျော့တဲ့သတိ၊ သမထသမာဓိ၊ ဝိပဿနာသမာဓိ၊
မပြတ်လပ်တဲ့ လုံ့လဝီရိယ နဲ့ စွဲစွဲမြဲမြဲစူးစိုက်အားထုတ်သူ ပညာရှိတွေဟာ
အချုပ်အနှောင်တွေ လွတ်ကင်းရာ၊ ဘေးကင်းရာ
အနှိုင်းမဲ့နိဗ္ဗာန်ကို ရောက်ပါတယ်။

၂၃. တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

23. The wise ones, ever meditative and steadfastly persevering,
alone experience Nibbāna, the incomparable freedom from bondage.

တိုးတက်အောင်မြင် ပျော်ရွှင်ငြိမ်းချမ်း အပ္ပမာဒလမ်း ( ဓ- ၂၄ )
တက်ကြွတဲ့ လုံ့လဝီရိယရှိသူ၊ သတိရှိသူ၊
ဖြူစင်သန့်ရှင်း အပြစ်ကင်းတဲ့ ကံ(၃)ပါးရှိသူ၊
စဉ်းစားဆင်ခြင်တတ်သူ၊ ကိုယ်နှုတ်စိတ်(၃)ပါးကို စောင့်စည်းသူ၊
တရားနဲ့အညီ အသက်မွေးသူ၊ မမေ့လျော့ မပါ့ဆ မယစ်မူး သူမှာ
စည်းစိမ်ချမ်းသာ ကျော်ကြားခြင်းဟာ အလွန်ပဲ တိုးပွားများပြားလာပါတယ်။

၂၄. ကုမ္ဘဃောသကဝတ္ထု (၂၄)
ဥဋ္ဌာနဝတော သတီမတော ၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ  ယသောဘိဝဍ္ဎတိ။

24. Ever grows the glory of him who is energetic,
mindful and pure in conduct,
discerning and self-controlled, righteous and heedful.

ကျွန်းမြတ်မဟာ တည်ဆောက်ပါ ( ဓ- ၂၅ )
ပညာရှိဟာ မမေ့လျော့ဘဲ တက်ကြွတဲ့ လုံလဝီရိယနဲ့
သီလလုံအောင် ကိုယ်နှုတ်စိတ်ကို စောင့်ထိန်းပြီး
ဣနြေ္ဒ(၆)ပါး(မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်) ကို ဆုံးမလို့
အရဟတ္တဖိုလ်ဆိုတဲ့ ကျွန်းကြီးကို တည်ဆောက်ပါတယ်။
အဲဒီကျွန်းမြတ်ကို ကိလေသာရေစီးကြောင်းတွေက
လုံးဝ မလွှမ်းမိုး မဖြိုဖျက်နိုင်တော့ပါဘူး။
၂၅. စူဠပန္ထကဝတ္ထု (၂၅)
ဥဋ္ဌာနေနပ္ပမာဒေန ၊ သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။

25. By effort and heedfulness, discipline and self-mastery,
let the wise one make for himself an island which no flood can overwhelm.

မမေ့ခြင်းဟာ ရတနာ ( ဓ- ၂၆  )
ပညာမရှိတဲ့ လူမိုက်တွေဟာ မေ့လျော့ယစ်မူးစေတတ်တဲ့
မကောင်းမှုအကုသိုလ်တွေကို ထပ်ကာထပ်ကာ ပြုလုပ်ကြပါတယ်။
ပညာရှိကတော့ မမေ့လျော့ခြင်းကိုပဲ
မြင့်မြတ်တဲ့ ဥစ္စာရတနာလို စောင့်ရှောက်ပါတယ်။

၂၆. ဗာလနက္ခတ္တဝတ္ထု (၂၆၊ ၂၇)
ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

26. The foolish and ignorant indulge in heedlessness, but the wise one keeps his heedfulness as his best treasure.

A

မမေ့ရင် ချမ်းသာ ( ဓ- ၂၇ )
မေ့လျော့ယစ်မူးစေတတ်တဲ့ မကောင်းမှုအကုသိုလ်ကို မလုပ်ပါနဲ့။
ကိလေသာအာရုံ ကာမဂုဏ်မှာ ယစ်မူးပျော်ပါးတဲ့ တဏှာကို
မပေါင်းဖော်ပါနဲ့။
(မမေ့မလျော့ စူးစိုက်သူဟာ ကြီးကျယ်တဲ့ချမ်းသာကို ရပါတယ်။)
သမထဝိပဿနာ ဘာဝနာကို မမေ့မလျော့ စူးစိုက်အားထုတ်သူဟာ
ဈာန်မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ရပါတယ်။

၂၇. မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထဝံ ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။

27. Do not give way to heedlessness. Do not indulge in sensual pleasures. Only the heedful and meditative attain great happiness.

မမေ့ရင် အမြင့်ရောက် ( ဓ- ၂၈ )
မေ့လျော့ခြင်းကို မမေ့လျော့ခြင်းနဲ့ ပယ်နှုတ်တဲ့ ပညာရှိဟာ
သောက ကင်းစင်ပါတယ်။
ပညာပြဿာဒ်ထိပ်ကို တက်တဲ့အခါ
သောကငြှောင့် စူးဝင်နေသူတွေကို (အပေါ်စီးက) မြင်ရပါတယ်။
တောင်ထိပ်ရောက်နေသူဟာ မြေပြင်ကသူတွေကို မြင်ရသလို
ပညာရှိဟာ လူမိုက်တွေကို (အပေါ်စီးက) မြင်ရပါတယ်။
၂၈. မဟာကဿပတ္ထေရဝတ္ထု (၂၈)
ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ ၊ ဓီရော ဗာလေ အဝေက္ခတိ။

28. Just as one upon the summit of a mountain beholds the groundlings,
even so when the wise man casts away heedlessness by heedfulness and ascends the high tower of wisdom, this sorrowless sage beholds
the sorrowing and foolish multitude.

မမေ့ရင် အမြန်ရောက် ( ဓ- ၂၉ )
ခွန်းအားကြီးမား လျင်မြန်တဲ့ မြင်းကောင်းဟာ မြင်းပိန်ကို စွန့်ခွာပြီး (လိုရာခရီး)သွားပါတယ်။
မမေ့လျော့သူ၊ သတိတရားနိုးကြားထက်သန်သူ ပညာရှိသူတော်ကောင်းဟာ
မေ့လျော့သူတွေ၊ မေ့မေ့လျော့လျော့ အပျင်းဖက်အိပ်စက်နေသူတွေကို
စွန့်ခွာပြီး (နိဗ္ဗာန်ကို) သွားပါတယ်။

၂၉. ဒွေသဟာယကဘိက္ခုဝတ္ထု (၂၉)
အပ္ပမတ္တော ပမတ္တေသု၊ သုတ္တေသု ဗဟုဇာဂရော။
အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

29. Heedful among the heedless, wide-awake among the sleepy, the wise man advances like a swift horse leaving behind a weak jade.
မမေ့ရင် အထွတ်အထိပ်ရောက် ( ဓ- ၃၀ )
မာဃလုလင်ဟာ ကောင်းမှုကုသိုလ်မှာ မမေ့လျော့တာကြောင့်
စတုမဟာရာဇ်၊ တာဝတိံသာနတ်တွေရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့ပါပြီ။
မမေ့လျော့ခြင်း အပ္ပမာဒတရားကို
(ဘုရားအစရှိတဲ့ သူတော်ကောင်းတွေ) ချီးကျူးပါတယ်။
မေ့လျော့ခြင်းကို ကဲ့ရဲ့ပါတယ်။

၃၀. မဃဝတ္ထု (၃ဝ)
အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

30. By Heedfulness did Indra become the overlord of the gods. Heedfulness is ever praised, and heedlessness ever despised.

မမေ့ရင် သံယောဇဉ်မရှိ ( ဓ- ၃၁ )
မမေ့လျော့ခြင်းကို နှစ်သက်မြတ်နိုးပြီး
မေ့လျော့ခြင်းရဲ့ ဘေးအန္တရာယ်ကို သိမြင်သူ၊
(သံသရာဘေးကို ရှုမြင်ဆင်ခြင်တတ်သူ) ရဟန်းဟာ
ကြီးကြီးသေးသေး သံယောဇဉ်အနှောင်အဖွဲ့အားလုံးကို
ရှို့မြိုက်ပစ်ပြီး နိဗ္ဗာန်ရောက်ပါတယ်။
မီးဟာ ကြီးငယ်မရှောင် လောင်စာအမှိုက်မှန်သမျှကို လောင်ကျွမ်းပစ်သလိုပေါ့။
၃၁. အညတရဘိက္ခုဝတ္ထု (၃၁)
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

31. The monk who delights in heedfulness and looks with fear
at heedlessness advances like fire, burning all fetters, small and large.

နိဗ္ဗာန်ရောက်ချင်ရင် မမေ့နဲ့ ( ဓ- ၃၂ )
(ကောင်းမှုကုသိုလ်) မမေ့လျော့ခြင်းကို နှစ်သက်မြတ်နိုးပြီး
မေ့လျော့ခြင်းရဲ့ ဘေးအန္တရာယ်ကို သိမြင်သူ
(ကိလေသာကို ဖြိုဖျက်တတ်သူ) ရဟန်းဟာ ဆုတ်ယုတ်နိမ့်ကျဖို့ မဖြစ်နိုင်ပါဘူး။
နိဗ္ဗာန်နဲ့ နီးပါတယ်။

၃၂. နိဂမဝါသီတိဿတ္ထေရဝတ္ထု (၃၂)
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

32. The monk who delights in heedfulness and looks with fear
at heedlessness will not fall. He is close to Nibbāna.

(( မှတ်စု ၂ ။ ။ မကောင်းမှု ရှောင်ဖို့ မမေ့ပါနဲ့။
ကောင်းမှု ဆောင်ဖို့ မမေ့ပါနဲ့။
စိတ် ဖြူစင်သန့်ရှင်းအောင်ထားဖို့ မမေ့ပါနဲ့။
တရားမမေ့ရင် ကောင်းမှုမလျော့ပါဘူး။ ))

#Dhammapada Parli Myanmar English
#Teaching of BUDDHA #BUDDHA Vacana

#Dhammapada Translated By #Acharya Buddharakkhita
#မြတ်ဗုဒ္ဓ၏ဓမ္မပဒ #ဓမ္မပဒအဖော်မွန် #အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်။